MediaFire ကနေဒေါင်းလုပ် ကို Resume နဲ့ Downlode speed ကောင်းကောင်း ရအောင်ဆွဲကြည့်မယ်
by Aung Lat on Saturday, November 12, 2011 at 8:55pm
ကွန်နရှင်အရမ်းကောင်းတဲ့ နိုင်ငံမှာနေနေရတော့ ဒေါင်းလုပ်လေးမှမဆွဲရရင်နေမတတ်ဘူး ဗျ (ဆန့်ကျင်ဖက်ပြောတာပါ)…ခုလဲဖိုရမ်ထဲကသိလိုက်ရတဲ့နည်းလေးအတိုင်းလုပ် ကြည့်တော့အဆင်ပြေတာနဲ့ ကျွန်တော်လို့ ဘာလာလာဒေါင်းမယ်ဆိုတဲ့သူငယ်ချင်း တွေကိုလည်းသိနိုင်အောင်ပို့စ်လေး တစ်ခုအနေနဲ့တင်ကြည့် တာပါ။ လုပ်ရမယ့်အဆင့်တွေကတော့ များနေတယ် တတ်နိုင်သလောက် တော့ရှင်းအောင်ကြိုးစားပြီးပုံလေးတွေနဲ့ တင်ထားပါတယ်။ Hostname to IP Address Converter ဆိုက်ကနေပြီး ဒေါင်းလုပ်ဆွဲမယ့်ဖိုင်ရဲ့ဒေါင်းလုပ် Link မှာပါတဲ့ Hostname ကို IP Adress အဖြစ်ပြောင်းလဲ ပြီး IDM နဲ့ ဒေါင်းလုပ်ဆွဲမှာပါ။
ဒီကွန်ဗာတာဆိုက် ကို ဖွင့်လိုက်ပါနော်
http://aruljohn.com/hostname2ip.html
အောက်ကပုံလေးအတိုင်းပဲဆိုက်ကလေးကပွင့်လာမှာပါ…
- MediaFire ကနေ ဒေါင်းမယ့်ဖိုင် ရဲ့Link ကို Copy Link Location လုပ်လိုက်ပါ မောက်စ်R ကလစ်လေးနဲ့ လုပ်လိုက်ပေါ့ အားလုံးသိပြီးသားဖြစ်ဖြစ်နေမှာပါ..
Copy ယူလိုက်တဲ့ Link ကို ကြိုတင်ပြီးဖွင့်ထားတဲ့ NotPad ထဲမှာ Paste လုပ်လိုက်မယ် အဲဒီလင့်လေးမှာ အနီရောင်လေး ဆိုးထားတာ ကကျွန်တော်တို့ပြောင်းချင်တဲ့ Hostname ပါ အဲဒီနေရာလေးကိုသီးသန့်ရွေး ပြီး Copy ပြန်ကူးယူ လိုက်ပါဦး ..
Hostname to IP Address Converter ဆိုက်ကို ပြန်ပြေးရမယ် ဗျ Copy ယူလာတာကို အောက်မှာပြထားတဲ့ အနီင်္ရောင်မျှား နေရာလေးမှာ ထည့်လိုက်ပါ ဘေးနားလေးက fine IP address ခလုပ်လေးကိုနိုပ်လိုက်ပြီးခဏလေးစောင့် ပါ ပြီးရင် အစိမ်းရောင်မျှားလေး နေရာ မှာ IP address ပေါ်လာပါပြီကျွန်တော် တို့ လိုချင်တဲ့ ဟာလေး လေး အဲဒါလေးရဖို့ကိုရှုပ်နေ တာပဲနော် …:P အဲဒီ IP address ကိုပြန်ကူးယူလိုက်ဦး နော် Notpad ထဲမှာ အလဲအထပ်လုပ်စရာလေးရှိတယ် ယူလိုက် ယူလိုက်
Notpad လေးကိုပြန်ဖွင့် ပြီး အလဲအထပ်လုပ်မယ် ..တကယ်ကတော့ Hostname နေရာမှာ IP address နဲ့အစားထိုးလဲလှယ် လိုက်မှာပါ….အရင်တုန်းက သီးသန့်လေးရွေးကူးယူတဲ့ နေရာလေးမှာပဲအစားထိုးထည့်လိုက်တာပါပဲ ဒီလိုလေးပေါ့
- ပြောင်းသွားတဲ့ Linklocation URl လေးကို အပြည့်အစုံ slact လုပ်လိုက် ပြီးတော့ Copy ကူးလိုက်ပြီး IDM ဒေါင်းလုပ်မန်နေဂျာကို ဖွင့် ပါ။
- Add URL ဆိုတဲ့နေရာလေးကိုနှိပ် (အပြာရောင်မျှားလေး)လိုက်တာနဲ့ သူ့အလိုလို Adress Bar ထဲမှာ ရောက်နှင့်ပြီးဖြစ်သွား မှာပါ …ဒီလိုလေး ပါ ခင်ဗျာ
- OK လိုက်ရုံပဲ ဒေါင်ဒေါင်မြည်အောင်ကို ဒေါင်းနိုင်ပါပြီ ဒီနေ့မပြီးလဲ နောက်နေ့ အတွက်မပူရတော့ဘူး Resume ရတယ် ….ဟီ။
- အားသာချက်လေးတွေကတော့ Download speed ကောင်းကောင်းရတယ်
- Resume ရနိုင်တယ် ဖိုင်ပမာဏ ကြီးတာတွေကိုဒေါင်းဖို့ အဆင်ပြေနိုင်တယ် လေကျွန်တော်တို့ ဆီကတော့ဒီလိုနည်းလေး နဲ့ ဒေါင်းမှဖိုင်ဆိုက်ကြီးတာတွေကို ဒေါင်းလို့ ဖြစ်နိုင်တယ်…
ဖြည်းဖြည်းလည်း ဆွဲကြပါနော် တော်ကြာ Google ကြီးအမြစ်က ကျွတ်ပါလာမယ် ဗျ ….ဟဲဟဲ
နားလည်သလောက်လေးကိုရေးသားမျှဝေတာပါခင်ဗျာ မှားယွင်းချက်လေးတွေပါရင် သီခံပေးပါလို့ ပြောပါရစေ.. ဘာလာလာဒေါင်းမယ့်သယ်ရင်းအားလုံးအဆင်ပြေကျပါစေ…။
myo min ko
0 comments:
Post a Comment