ဆရာ Maung Maung Than ပြောတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအကြောင်း နဲ့ comment များ
Maung
Maung Than =ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို လက်ရှိအခြေအနေမှာ
မလိုသေးပါဘူးလို့  ပြောနေတဲ့ လူကြီးမင်းများ (စီးပွားရေးမှိုင်းမိနေပုံရတယ်)
ဆရာကြီးဦးရွှေအောင်က သိကြားမင်းဖြစ်စဉ်တရားများမှာ
ပတ်ဝန်းကျင်ထိမ်းသိမ်းရေး လုပ်ငန်းဟာ တစ်ခု အပါအ၀င်လို့ ရေးထားပါကြောင်း၊
ဟိုဟာဒီဟာတွေနဲ့  မြစ်ဆုံရပ်ပြီဆိုကထဲက ငြိမ်နေတဲ့ လိုင်းပြောင်းနေတဲ့
ဆရာတွေ ဒိဥပဒေ အမြန် အတည်ပြုရေး လှုံ့ ဆော်ကြပါအုံးလို့ 
James Mmt =မလိုဘူးဆိုတဲ့ အဲ့ပုဂ္ဂိုလ်ကို အဲကွန်း ပန်ကာ မသုံးခိုင်းနဲ့ပေါ့ အာစရိရယ်၊ ခံစားပါစေ သဘာဝက တိုက်ခတ်လာမဲ့ လေပူကြီးတွေ....
Kyaw Swar Myint Thein = ကျွန်တော်သိသလောက်ကတော့ အဲ့ဒိဥပဒေကြမ်းက ကျွန်တော် မာစတာ ကျောင်းသား ၂၀၀၁- ၂၀၀၂ လောက်ကတည်းက ပြီးနေပြီ။ ဥပဒေကတော့ အခုထိထွက်မလာဘူး ။
ဆက်စပ်ကြည့်ရတာကတော့ ဒီဥပဒေ က သစ်ခုတ် ရွှေတူးနေတဲ့ သူတွေကို အဓိက ထိခိုက်စေလိမ့်မယ် ။ သူတို့လုပ်တတ်တဲ့ စီးပွားရေးကလည်း အဲ့ဒါ အကုန်ဘဲထင်ပါ့ ။ အဲဒါကြောင့် ၁၀ နှစ်ကြာသည့်တိုင် activate မလုပ်တာပါ ။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုဝင်လာရင်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ နဲ့ အလုပ်သမားဥပဒေက စာအုပ်ထဲရှိနေယုံတင်မဟုတ်ဘဲ ခိုင်မာနေဖို့လိုပါတယ်။ အခုအချိန်မှာတောင် အဆင့်မရှိတဲ့ ရင်းနှီးမြှုတ်နှံသူတွေကြောင့် ပတ်ဝန်းကျင်လည်း ပျက်တယ်၊ ဗဟုသုတ မရှိတဲ့ တောသူတောင်သား တွေအနေနဲ့ မြေပျောက်၊ ရေပျောက် ၊ စားကျက်ပျောက်တာတွေ မနည်းပါဘူး ။ လုပ်အားခတွေလည်းဆုံးင်္ရှုး၊ အလုပ်သမားအခွင့်ရေးတွေကို ချိုးဖေါက်ခံနေရတာ ကိုလည်း မမြင်ချင်မှအဆုံးပါ ။ ခြိမ်းခြောက်အခိုင်းအစေ ခံရတာလည်း အခုထိရှိနေပါသေးတယ် ။ ၀န်ထမ်းကြီးများကိုယ်တိုင်ပါဝင်ပတ်သက်နေတာပါ ။ ဟုတ်ပါတယ် ... ဆရာပြောတဲ့အတိုင်း ဥပဒေထွက်လာဖို့ အခုကစပြီး campaign လုပ်ကြပါစို့။
Nyein Aye Eain =“ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို လက်ရှိအခြေအနေမှာ မလိုသေးပါဘူး”” လို့ ဘယ်လို ဦးနှောက်မျိုးနဲ့ သူတောင်းစားက ပြောတာလဲ ဆရာသန်း။ သူတို့မွစာကြဲဖျက်ဆီးထား အကျိုးရှာထားးလို့ ကျွန်တော်တို့ပိုင်ဆိုင်ထားသမျှကုန်နေပြီ။ ဒီအချိန်မှာ မထိန်းသိမ်းလို့ ဘယ်အချိန်မှာ ထိန်းသိမ်းမှာလဲ။
Htay Oung =အကိုကြီးသန်း .. သဘာဝပတ်ဝန်းကျင်မှာ မြစ်ချောင်းနဲ့ ပင်လယ်ထဲက ငါးတွေပါ ပါမယ်ထင်ပါတယ်၊ ရှေးဟောင်းပစ္စည်းများလဲ ထိထိရောက်ရောက် ကာကွယ်ဖို့သင့်တယ်ပြောနေတာ အရမ်းတောင်နောက်ကျနေပြီ၊ အဖိုးတန်သစ်နဲ့ ပင်လယ်ငါးက ကုန်သလောက်ဖြစ်နေပြီ။ ကျွန်တော်တို့ဆီမှာ အကျပ်အတည်းတွေ့လေ တစ်ဆင့်ခံရောင်းပေးတဲ့သူတွေ ချမ်းသာလေဘဲ။ ဒီကလူတွေ ရတာ အရိုးအရင်းလောက်ဘဲရှိမယ်။ ဟိုတလောက ဆည်တစ် ခုဆောက်ရင် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းတွေ့နေရ တဲ့နေ ရာ ရေအောက်ရောက်သွားပါလိမ့်မယ်တဲ့၊ ဆောက်ဖြစ်/မဖြစ် မသိပါ။ ပင်လယ်ပြင်နဲ့ပတ်သက်ပြီး အနှိပ်စက်ဆုံးက ယိုးဒယားဘဲ။ ကျွန်တော်တို့ဆီမှာ ကြွတ်ကြွတ်အိတ်ဒုက္ခကို ခုမှ ပြောနေကြတာ ၁၉၇၉ ကတည်းက အဲဒါကြီးနှိပ်စက်တာအပါအ၀င် တခြားကိစ္စတွေကြောင့် ထိုင်းပင်လယ်ကွေ့မှာ ငါးမျိုးစိတ်တစ်ချို့ လုံးဝပျောက်သွားခဲ့ပါပြီ။ ရှေးဟောင်းပစ္စည်းမှာတော့ ဘယ်လိုမှ အစားထိုးပြန်မရနိုင်တော့ပါ
James Mmt= ရှေးဟောင်းပစ္စည်း ထိမ်းသိမ်းတာလဲ စနစ်ကျဖို့လိုတယ်ဗျ.... နောက်မို့ဆို ဘယ်နေရာက ဘုန်းကြီးကျောင်းမှာ ဘာတွေရှိတယ်ဆိုတာနဲ့ အစိုးရမရောက်ခင် သူတို့က စွေ့ခနဲဆို အရင်ရောက်မှာ.... အခုထိရှိတယ်နော် ကမ္ဘာလှည့်ခရီးသည်လိုလို ဘာလိုလိုနဲ့ ခရီးသွားလုပ်ငန်းတွေကနေ တစ်ဆင့် ပစ္စည်းတွေကို နယ်စပ်ကနေ ပင့်ထုတ်သွားတာ တစ်ပုံကြီးဗျ....... အဖြူဆိုတော့ ဟိုဘက်နိုင်ငံ တစ်ရက်ခရီး အလယ်သွားတာ ဘာမှမဖြစ်ဘူးဆို ကပ်စတန်က မစစ် အဲ့ဒါနဲ့ပဲ.... ပြောရရင်တော့ဗျာ..... ကျွန်တော်တို့ အိမ်ခေါင်မိုးက မလုံတာမဟုတ်ဘူးဗျ..... အမိုးကို မရှိတော့တာ.... ပြန်မိုးဖို့ ကျွန်တော်တို့ လုပ်ရမှာပဲဗျ....
Maung Maung Than =မနေ့ က တီဗွီ မကြည့်ကြဘူးလားဗျာ၊ မဖြတ်သန်းနိုင်သေးဘူး၊ မလိုသေးဘူးဆိုပြီး ပြောနေတဲ့ လူတွေကြောင့် ဒီလောက်ဆို သဘောပေါက်ကပါ
James Mmt= အင် ဒါဆို ခုချက်ခြင်း လှန်မယ် သတင်းစာ ပြောပါတယ်.....
Nyein Aye Eain= ဆရာ့တီဗီကြီး မကြည့်အားပါဗျာ။ ကုန်ကြီးကျလွန်းလို့။ မြစ်ဆုံဆည်စာချုပ်တုန်းက မြန်မာမှာမရှိသေးတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို အားနည်းချက်အဖြစ်ယူသုံးခဲ့တာ မမှတ်သေးဘူးထင်ရဲ့။
Maung Maung Than =အတွင်းသတင်းပါ၊ အခု လိုအပ်ကြောင်း အထူးရှင်းလင်းဘို့ ပြင်ဆင်တိုက်ပွဲဆင်နေပါတယ် ခင်ဗျားတို့  voice and campaign လိုအပ်ကြောင်းပါ
Nay Zar Aung= tv မကြည့်ဖြစ်လိုက်ဘူးဗျာ အဲလိုပြောနေတဲ့သူတွေ..ကိုတော့ အံသြတယ်...ဘယ်လိုကောင်စားတွေပါလိမ့်ဗျာ.......
Maung Maung Than= Natural Resources
Natural resources can be defined as;
1) Forest Resources
2) Soil Resources
3) Water Sources
4) Mineral Resources
5) Marine Resources
6) Land itself as a foundation for infrastructure and housing
Maung Maung Than =ကျွန်တော့်စာတမ်းတစ်ခုက သဘာဝ သယံဇာတများပါ၊ ဒါအားလုံးဟာ ထုတ်သုံးရမှာဖြစ်သလို ထိန်းသိမ်းရမှာလဲဖြစ်ပါတယ် ထိန်းသိမ်းရေးကို မလိုသေးပါဘူးလို့  စီးပွားရေး ဖွံ့ ဖြိုးမှု အကြောင်းပြပြီး တားချင်သေးသူများဟာ ဒီ သယံဇာတတွေကို ရေနှည်မသုံးပဲ တနပ်စားဥာဏ်များနဲ့ သုံးခဲ့သူ၊ သုံးနေသူ၊ သုံးချင်သူများပဲ ဖြစ်မှာပါဗျာ
Maung Maung Than= သူတို့ အဖွဲ့ တွေ lobby လုပ်နေပြီလို့  သေသေချာချာ ကြားလို့  ကျွန်တော်လဲ အဖေ့ဘုတ်မှာ စတင် lobby လုပ်ခြင်းဖြစ်ပါကြောင်း စတင် လှုံ့ ဆော်ကြပါစို့ ခင်ဗျာ
James Mmt =Forest Resources ထဲမှာ သားရဲတိရိစ္ဆာန်ပါလား အာစရိ၊ နောက်ပီး နေစွမ်းအင်ကိုကြတော့ ဘယ်အထဲမှာ ထည့်လဲ....
Maung Maung Than= biodiversity က သစ်တော၊ ရေ၊ marine စသည်တို့ မှာ တွဲပါသွားပါတယ်၊ ဒီစာရေးတဲ့ ၂၀၀၀တုန်းက biodiversity သိပ် ခေတ်မစားသေးဘူးဗျ
Nyein Aye Eain =ကျွန်တော်ထင်တာကတော့ စီးပွားရေးမှိုင်းမိတာ မဟုတ်ပါ။ စီးပွားရေးငါးစာဟတ်ထားမိပြီး ချိပ်တန်းလန်းနဲ့ ထွေးမရ မြိုမကျဖြစ်နေတဲ့ အနေအထားကနေ အကြောက်အကန် တုန့်ပြန်နေတာပါ။ လူလိုစဉ်းစားရင် ကိုယ်ပိုင်ဆိုင်တဲ့ရင်းမြစ်တွေကို ထိန်းကို ထိန်းသိမ်းရမယ်ဆိုတာ အရှင်းကြီး မြင်သာလှပါတယ်။
Maung Maung Than =ဒေါ်လာသန်းနဲ့ ချီ ရော်ရမဲ့ လူတွေနေမှာပေါ့၊ ထွက်ပြေးစရာမြေကလဲ အကြွေးရှင်မြေကလွဲလို့ ၊ အဲဒီလူတွေလို့  ရိပ်ဖမ်းသံဖမ်းသိရတာပဲ
Nyein Aye Eain =ကျွန်တော်တို့ကတော့ သမ္မတကြီးရဲ့ မူဝါဒအတိုင်းပဲ ဆက်သွားချင်ပါတယ်ပြောလို့ ဖန်ခွက်နဲ့ အပေါက်ခံရတယ်ဆိုတဲ့ ပုံပြင်သစ်တွေလည်း ကြားရပါသဗျ၊ဆရာသန်းရ။
Maung Maung Than= ပေါက်သူကေ၇းကြီးတာလေ၊ ပြောရဲသူလဲ လက်ခုတ်တီးပေးပါ့မယ်

0 comments:
Post a Comment