Wednesday, November 23, 2011

တိုက်ပေါ်မှ ခုန်ချ သူ မြန်မာ Juliet - Cyber Bullying တော်တော်ဆိုးသည်။

by Moenge Aung on Thursday, November 24, 2011 at 8:27am
 

 ယမန်နေ့က စင်ကာပူနိုင်ငံတွင် တိုက်ပေါ်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည့် မြန်မာအမျိုးသမီးလေး၏ သတင်းမှာ အင်တာနက်ပေါ်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ရပြီး လူအများအတွက် အံ့သြတုန်လှုပ်သွားစေသည့် သတင်းဖြစ်လာခဲ့သည်။ အင်တာ နက်ပေါ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မြန်မာအသိုင်းအဝိုင်းအတွင်း emotions ပေါင်းစုံဖြင့် ရောယှက်သွား ရသည့် နေ့တစ်နေ့ဖြစ်သွား ခဲ့ရသည်။ ကရုဏာဒေါသဖြင့် ပြောဆိုဝေဖန်သူများရှိသလို အချစ်အတွက် အသက်စွန့်သွားသူ မြန်မာ Juliet ဟု တင်စားခေါ်ဝေါ် သူများလည်း ဒုနှင့်ဒေးပင်။

အခြားတစ်ဖက်တွင်လည်း အဆိုပါ အဖြစ်အပျက်မှတစ်ဆင့် မှတ်သားစရာ၊ သင်ခန်းစာယူစရာများစွာကို ရရှိခဲ့သည်ဟု ဆိုနိုင်သလို မျက်မှောက်ခေတ် လူငယ်များအကြား နေ့စဉ်ရင်ဆိုင် ကြုံတွေ့နေရသည့် အင်တာနက်ပေါ်မှ အနှောက် အယှက်ပေးခြင်းဟု ခေါ် တွင်သည့် cyber-bullying နှင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုဒဏ် ခံစားနေရသူများ၏ အကြောင်းကိုလည်း အများပြည်သူ အနေဖြင့် သိရှိနားလည် သဘောပေါက်ကာ ယမန်နေ့ဖြစ်ရပ်ကဲ့သို့ မိမိ၏မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားခြင်းတို့ မကြုံတွေ့ရလေအောင် ကူညီဖေးမ ကာကွယ်တားဆီးနိုင်ရေးကို ကြိုးပမ်းကြရမည် ဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်ပေသည်။
ယမန်နေ့က အဖြစ်အပျက်သည် cyber-bullying နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ပညာတတ် လူငယ်တစ်ဦးအနေဖြင့် ယခုကဲ့သို့ အဆုံးစီရင်သွားရခြင်းမှာ အချစ်အတွက်ပင်ဖြစ်သည်ဟု အပြည့်အဝ ကောက်ချက်ချရန် မလွယ်ကူလှပေ။ ရွှေလုံး အင်တာနက် စာမျက်နှာ၏ ရှာဖွေတွေ့ရှိချက်အရလည်း အဆိုပါ အမျိုးသမီးငယ်သည် စိတ်ဖိစီးမှုရောဂါကို ခံစားနေရသည်မှာ အချိန်အတန်ပင် ကြာခဲ့ပြီဖြစ်သလို လိုအပ်သည့် ကုသမှုမျိုးကိုလည်း ရယူခဲ့ခြင်းရှိဟန်မတူဘဲ အခြေအနေပိုမို ဆိုးရွားလာကာ နောက်ဆုံးတွင် ယခုကဲ့ သို့ ပြုလုပ်သွားခြင်း ဖြစ်ပေသည်။
၂၀၁၀ ဒီဇင်ဘာလ အတွင်းကလည်း စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာကျောင်းသူတစ်ဦး တိုက်ပေါ်မှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည့် အဖြစ်အပျက် ရှိခဲ့ဖူးပေသည်။ ထိုစဉ်အချိန်က ယမန်နေ့ကကဲ့သို့ လူမှုရေးကွန်ယက်များပေါ် ပျံ့နှံ့သွားခဲ့ခြင်း မရှိသဖြင့် လူအများစုမှ အဆိုပါသတင်းအား မသိရှိလိုက်ရပေ။
အဆိုပါ အဖြစ်အပျက်အား လူအများ လူအများသိရှိစေရန်၊ cyber-bullying နှင့် စိတ်ဖိစီးမှုရောဂါအကြောင်း သိရှိနားလည်စေရန်၊ သင်ခန်းစာယူ မှတ်သားရစေရန်အလို့ငှာ စင်ကာပူနိုင်ငံမှ asiaone.com.sg တွင် ၂၀၁၁ ဧပြီလအတွင်းက ဖော်ပြပါရှိသည့် Elysa Chen ၏ သတင်းဆောင်းပါအား ပြန်လည်တင်ပြ လိုက်ရပါသည်။
---
စင်ကာပူနိုင်ငံ၏ ပထမဦးဆုံးသော အင်တာနက်မှတစ်ဆင့် နှောက်ယှက်မှု (cyber-bullying) နှင့် သက်ဆိုင်သည့်အမှုဟု ဆိုနိုင်သည့် အဖြစ်အပျက်တစ်ခု ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည်။ အဆုံးစီရင်သွားသူမှာ ချစ်သူဖြစ်သူနှင့် ပြတ်သွားပြီးနောက် Facebook မှ တစ်ဆင့် အနှောက်အယှက်ပေးခဲ့ရပြီးနောက် တိုက်ပေါ်မှခုန်ချကာ အဆုံးစီရင်သွားသည့် ၁၆ နှစ်အရွယ် မြန်မာအမျိုး သမီး ကျောင်းသူလေး တစ်ဦးဖြစ်သူ မခိုင်သင်ဇာပင်ဖြစ်သည်။
သူမသည် ၂၀၀၇ ခုနှစ်တွင် စင်ကာပူနိုင်ငံသို့ ပညာသင်ကြားရန် ထွက်ခွာသွားခဲ့ပြီး ၂ နှစ်ကြာသည်အထိ သူမ၏ချစ်သူနှင့် အဆက် အသွယ်ရှိနေခဲ့သည်။ သို့သော် ၂၀၁၀ ခုနှစ် အစောပိုင်းတွင် မခိုင်သင်ဇာသည် သူမ၏ချစ်သူဖြစ်သူအား အဆက်အသွယ် ဖြတ်လိုက် သည်ဟု သိရှိရသည်။ ထိုနောက် ၂၀၁၀ မေလတွင် သူမ၏ချစ်သူသည် စင်ကာပူသို့ လိုက်လာခဲ့ပြီး အဆင်ပြေရန် ပြန်လည်ကြိုးပမ်း ခဲ့သော်လည်း မခိုင်သင်ဇာသည် အတွေ့မခံခဲ့ဘဲ အဒေါ်ဖြစ်သူအား ကိုယ်စားတွေ့ဆုံစေခဲ့သည်။
ထို့နောက်တွင် သူမ၏ချစ်သူသည် ရန်ကုန်သို့ ပြန်သွားခဲ့ပြီးနောက် Facebook ပေါ်တွင် ရုန့်ရင်းကြမ်းတမ်းသော comments များ ရေးသားခဲ့ပြီး သူမအားလည်း "အဆင့်မရှိသော မိန်းမ" ဟု ကင်ပွန်းတပ်ခဲ့သည်။ ထိုဖြစ်ရပ်များအား သူမအနေဖြင့် သူမ၏ အဒေါ်ဖြစ်သူအား ပြောပြခဲ့ပြီး သူမ၏ နေ့စဉ်ဘဝအား အဆိုပါ comments များက မည်မျှထိခိုက်စေကြောင်း ရှင်းပြခဲ့သည်ဟု သိရှိရ သည်။ ထို့နောက် ၂၀၁၀ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် Pionner Secondary School တွင် Secondary 3 အတန်းအား တက်ရောက်နေ သူ မခိုင်သူဇာသည် သူမနေထိုင်ရာ Pasir Ris ရပ်ကွက်ရှိ တိုက်ခန်းပေါ်မှ ခုန်ချသေကြောင်းကြံခဲ့သည်။ သူမအား အရေးပေါ်အဖွဲ့ များက Changi ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သော်လည်း ရရှိခဲ့သော ဒဏ်ရာများကြောင့်ပင် ဆေးရုံသို့ရောက်ရှိပြီး ၇ နာရီ ခန့်အကြာတွင် သေဆုံးသွားခဲ့ရသည်။
မခိုင်သင်ဇာသည် မိမိကိုယ်ကို အဆုံးစီရင်ရန် မကြိုးပမ်းမီ နောက်ဆုံးမှတ်တမ်းတစ်ခုအား သူမ၏စာကြည့်စားပွဲပေါ်၌ ရေးသား ချန် ရစ်ခဲ့ကြောင်းလည်း နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့ရသည်။
အဆိုပါမှတ်တမ်း၏ ပထမပိုင်းသည် သူမ၏ မိဘများအား ရည်စူးကာ မြန်မာဘာသာဖြင့် ရေးသားထားခဲ့ပြီး ဒုတိယပိုင်းမှာမူ သူမ၏ ညီအစ်မဝမ်းကွဲများထံသို့ ရည်စူးပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခဲ့ခြင်းဖြစ်သည်။ စာထဲတွင် သူမ၏ မိဘများအား စိတ်မချမ်း သာအောင် ပြုလုပ်ခဲ့မိသည်များအား တောင်းပန်ခဲ့ပြီး၊ သူမ၏ အိမ်မက်ဖြစ်သော မိဘများအား လုပ်ကျွေးပြုစုရန် မဖြစ်နိုင်တော့ သည်ကိုလည်း စိတ်မကောင်းရကြောင်း ရေးသားထားခဲ့သည်။ သူမ၏ ညီအစ်မဝမ်းကွဲများထံ ရေးသားရာတွင် အားလုံးအတူတစ်ကွ ကိုရီးယား ဇာတ်လမ်းတွဲများကို ပျော်ပျော်ပါးပါး ကြည့်ရှုခဲ့သည်များကို ပြန်ပြောင်းအောက်မေ့မိကြောင်း ကြေကွဲစွာဆိုခဲ့သည်။
သူမ၏ နောက်ဆုံးမှတ်တမ်း၏ နောက်ဆုံးစာကြောင်းမှာမူ "I suicide because of him. Don't let him go." ဟု ရေးသားထား သည် ကို တွေ့ရှိခဲ့ရသည်။ သို့သော်လည်း မည်သူ့အား ရည်ရွယ်ရေးသားခဲ့သည်နှင့် မည်သည့်အတွက်ကြောင့် အဆုံးစီရင်ခဲ့သည်ကိုမူ ရှင်းပြသွားခြင်း မရှိခဲ့ပေ။
စင်ကာပူရဲတပ်ဖွဲ့က သူမ၏ Facebook အား ဝင်ရောက်စစ်ဆေးခဲ့သော်လည်း သူမပြောကြားခဲ့သည့် သူမချစ်သူဟောင်း၏ ကြမ်း တမ်းသည့် comments များအား ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲ၊ သူမ၏ အဒေါ်ဖြစ်သူကလည်း အဆိုပါကိစ္စအား ပြောပြခဲ့ဖူးခြင်း မရှိကြောင်း တရားရုံး၌ ထွက်ဆိုခဲ့သည်။ သို့သော် ရဲအရာရှိများကမူ မခိုင်သင်ဇာအနေဖြင့် အဆိုပါ comments များအား ဖျက်လိုက် ဖွယ်ရှိကြောင်း ဆိုခဲ့သည်။
မခိုင်သင်ဇာ၏ မိခင်နှင့် အဒေါ်ဖြစ်သူတို့အား သတင်းထောက်က သွားရောက်တွေ့ဆုံခဲ့ရာတွင် "သမီးလေးအကြောင်း စဉ်းစားမိတိုင်း အရမ်းကိုကြေကွဲရပါတယ်။" ဟူသည့် စကားမှလွဲ၍ ပြောကြားခဲ့ခြင်းမရှိပေ။
မခိုင်သင်ဇာသည် တစ်ဦးတည်းသော သမီးလည်းဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...