Tuesday, November 22, 2011

INVICTUS (သို့မဟုတ်) အနိုင်မခံ

by Nyo Nyo Mar on Tuesday, December 14, 2010 at 1:41pm
 
“INVICTUS”ကဗျာဟာ ဗြိတိသျှ အစိုးရလက်ထက်တွင် ဖိနှိပ်မှုအမျိုးမျိုးကိုရင်ဆိုင်နေကြရသည့် မြန်မာမျိုးချစ်တို့၏ ဇွဲသိတ္တိကို အားပေးလှုံ့ဆော်ပေးခဲ့သော ကဗျာတစ်ပုဒ်ဖြစ်ပါတယ် …  မြန်မာမျိုးချစ်တို့ကို အားပေးထောက်ခံ၍ ပြည်သူတို့ကို စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်၍ ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာ လုပ်သော အိုးဝေမဂ္ဂဇင်း၊ ၁၉၃၆၊ အတွဲ-၆၊ အမှတ်-၁ တွင် ထိုကဗျာကို အနိုင်မခံ အမည်ဖြင့် မဂ္ဂဇင်းခေါင်းကြီးပိုင်းတွင် မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြခဲ့တာပါ … အိုးဝေ မဂ္ဂဇင်းမှာ ဘာသာပြန်သူကို မဖော်ပြထားပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်တာဖြစ်နိုင်တယ်လို့ တော်တော်များများက ယူဆထားကြပါတယ်… နောက်ပိုင်းမှာတော့ မင်းသုဝဏ် ကလည်း “အနိုင်မခံ”ဆိုတဲ့ နာမည်နဲ့ပဲ ဘာသာပြန်ထားတာကိုတွေ့ရပါတယ် ….
အခုဒီပို့စ်မှာတော့ မောင်သော်က ဘာသာပြန်ထားတာလေးကိုပဲ တင်လိုက်ပါတယ်။

INVICTUS

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate:
I am the captain of my soul.

William Ernest Henley
(1849-1903)

“အနိုင်မခံ”

ငါ့အားဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင်အမှောင်တွင်းမှ
အသူတရာတစ်မျှနက်လှသော
ချောက်ကမ်းပါးအတွင်းမှ
ငါ့၏မကြောက်တရားကို
ဖန်တီးထားသည့် နတ်သိကြားများကို
ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရား၏
ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်သော်ငြားလည်း
ငါကားမတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ့၏ဦးခေါင်းသည်
သွေးဖြင့် ချင်းချင်းနီ၏
သို့သော် ညွှတ်ကားမညွှတ်။

လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏အခြားမဲ့၌
သေခြင်းတရားသည်
ကြောက်မက်ဖွယ် ငံ့လင့်၏။
သို့သော် ငါ့အား
မတုန်လူပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း
မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွှေ့ရလတ္တံ့။

သုဂတိသို့သွားရာတံခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာငါလျှင် ငါ့ဘ၀၏သခင်
ဖြစ်တော့သည်။

(နှစ်သုံးရာမှပဲ့တင်သံ အသံလိုင်း ကဗျာမှ မောင်သော်က ဘာသာပြန်သည့် “အနိုင်မခံ”)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...