တရားမျှတသော တရားခွင် ( Fair Trial) အဖွင့်လွှာ
တရားရုံးများကိုအသုံးပြု၍
လူ့အခွင့်အရေးကို တိုးတက်ရရှိအောင်လုပ်ရန်မှာ အဘယ်ကြောင့်အရေးကြီးကြောင်း၊
အခန်း ၁။ တရားမျှတသောတရားခွင်ကို
ရှုမြင်ခြင်း၊
တရားခြင်းနှင့်မျှတခြင်းကို နိုင်ငံတကာစံထားချက်များအရဖြစ်စေ၊
မြန်မာ့လူ့အဖွဲ့အစည်း၏ စံထားချက်များအရ ဖြစ်စေ မည်သို့နားလည်သင့်သနည်း။ တရားမျှတသောဥပဒေကို
မည်သို့နားလည်ခံယူသနည်း။
လွတ်လပ်သောတရားစီရင်ရေး စနစ်ဆိုသည်မှာအဘယ်နည်း။
လွတ်လပ်သောတရားစီရင်ရေးအတွက်
လိုအပ်သည့် အခြေခံမူအချက် (၂၀)
ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၊
စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်တို့တွင်
လွတ်လပ်သောတရားစီရင်ရေး အတွက် လိုအပ်သည့် အခြေခံမူအချက် (၂၀) ကို ထုတ်ဖေါ်ပြဌာန်းသတ်မှတ်ပေးခဲ့သည်။
၁၉၈၅ ကုလသမဂ္ဂ အထွေထွေညီလာခံမှ အတည်ပြုပြဌာန်းသည်။ ခေါင်းစဉ်ငယ် (၅) ခု ခွဲခြားသတ်မှတ်ဖေါ်ပြထားသည်။
(က) လွတ်လပ်သောတရားစီရင်ရေး
(Independence of Judiciary)
၁။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ Constitution တွင် အောက်ပါအတိုင်း အတိအလင်းထည့်သွင်းဖေါ်ပြ၍
အာမခံရမည်။
က၊ အများပြည်သူရှေ့မှောက်တွင် လွတ်လပ်စွာ
စစ်ဆေးစီရင်ရမည်။
ခ၊ အမှုစစ်ဆေးရာတွင် သက်သေအထောက်အထားမခိုင်လုံပဲ
နှောင့်နှေးကြန့်ကြာမှုမရှိစေရ။
ဂ၊ လွတ်လပ်သောတရားရုံးများ ဖွဲ့စည်းတည်ထောင်ရမည်။
၂၊ ဘက်လိုက်မှုကင်းရှင်းရမည်။
၃၊ စစ်ဆေးဆုံးဖြတ်ခွင့်ရှိ၊ မရှိကို တရားသူကြီးကိုယ်တိုင် ဆုံးဖြတ်ရမည်။
၎၊ တရားစီရင်ရေးအဆင့်ဆင့်တွင် ၀င်ရောက်စွက်ဖက်ခြင်းမရှိစေရ။
၅၊ အထူးခုံရုံးဖြင့် စစ်ဆေးစီရင်ခွင့်မြုပရ။
၆၊ မျှတသောတရားခွင် ဖြစ်စေရမည်။
၇၊ လိုအပ်သောအရင်းအမြစ်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးရမည်။
( ခ ) လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်နှင့်
လွတ်လပ်စွာအသင်းအပင်းများ ဖွဲ့စည်းထူထောင်ခွင့်
(Freedom of expression and association)
၁၊ တရားသူကြီးများသည် နိုင်ငံရေးပါတီများနှင့်ပတ်သတ်၍ ထင်မြင်ချက်ပေးသည့်သဘော
သက်ရောက်စေ သည့်စကားမျိုး မပြောဆိုရ။
၂၊ နိုင်ငံရေးနှင့်ဆက်နွယ်သည့်သဘော မသက်ရောက်လျှင် အသင်းအပင်းများလွတ်လပ်စွာ
ဖွဲ့စည်းနိုင်ခွင့်၊ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
( ဂ ) အရည်အချင်းနှင့်
ရွေးချယ်တင်မြောက်ခြင်း (Dondition of Service)
( ဃ
) လုပ်သက်နှင့်
အခြေအနေ (Security of
service)
၁၊ လုပ်ငန်းခွင် လုပ်သက်လုံခြုံမှု
Security of service
၂၊ အငြိမ်းစားယူရမည့်သက်တမ်း Retirement
Age
၃၊ ရာထူးတိုးပေးခြင်း Promotion
၎၊ လုံခြုံမှု Security
၅၊ ကန့်သတ်၊ လျှို့ဝှက်
Confidentiality
၆။ အကာအကွယ်ပေးခြင်း Protection
( င )
စည်းမျဉ်းစည်းကမ်းများ Discipline
၁၊ မျှတသော စုံစမ်းစစ်ဆေးခြင်းနှင့်ပတ်သတ်၍ အောက်ပါသုံးချက်ရှိသည်။
Enquiry fair hearing
- လွတ်လပ်စွာစစ်ဆေးကြားနာရမည်။
- ဥပဒေနှင့်အညီ
ရှေ့နေနှင့် ခုခံချေပခွင့်ြုပရမည်။
- တရားမျှတသော
ဆုံးဖြတ်ချက်ဖြစ်ရမည်။
၂၊ ရာထူးချထားသည့်ကာလသည် အကန့်အသတ်နှင့်ဖြစ်ရမည်။ Suspension
only when unfit
၃၊ ဥပဒေနှင့်အညီ စစ်ဆေးစီရင်ခြင်းဖြစ်ရမည်။ Proceding to be
Judicial
၎၊ ပြန်လည်သုံးသပ်ပေးရန် တင်ပြခွင့်ရှိရမည်။ Independent
review
တရားမျှတသော တရားခွင်ဆိုသည်မှာ
(က) မှုခင်းနှင့်စပ်လျဉ်း၍ နှစ်ဘက်အမှုသည်များကို လုံလောက်သောအချိန်အတိုင်းအတာအတွင်း
ကြိုတင် အကြောင်းကြားရမည်။ နှစ်ဘက်အမှုသည်ကို
အမှုကိစ္စနှင့်ပတ်သတ်၍ ပြည့်စုံစွာအကြောင်း ကြားရမည်။ အမှုအတွက် လုံလောက်သော ပြင်ဆင်ချိန်
ပေးရ မည်။ ထိုသို့ နှစ်ဘက်စလုံးကိုအချိန်ပေးမှ မျှတသော တရားခွင်ဖြစ်မည်။ တဖက်ကို အချိန်ပေးပြီး
တဘက်ကမသိလိုက်ဘဲ အမှုစစ်မည့်နေ့မှ သိမည်ဆိုလျှင် မျှတသောတရားခွင်ဖြစ်မည်မဟုတ်ပေ။
(ခ) ဥပဒေအကျိုးဆောင်ရှေ့နေများဖြင့် တရားစွဲဆိုခွင့်၊ ခုခံချေပခွင့်ရှိရမည်။
လူတယောက်သည် အမှုတွင် ရှေ့နေငှား၍ ခုခံချေပခွင့် သည်။ အခြေခံအခွင့်အရေးဖြစ်သည်။ တရားစွဲဆိုခွင့်သည်
တရားလိုဘက်မှ၊ ခုခံ ချေပခွင့်သည် တရားခံဘက်မှ ဖြစ်သည်။
ကမ္ဘောဒီးယားတွင်
ခမာနီလက်ထက် ၁၉၇၅ မှ ၁၉၇၉ အတွင်းတွင် ခမာနီသတ်လိုက်၍ လူနှစ်သန်းကျော်ခန့်မှာ သေ သွားသည်ဟု
အကြမ်းဖျဉ်းသုံးသပ်ကြသည်။ ထိုခေတ်ကာလတွင် ပညာတတ်များကိုရှင်းပစ်ရာ တပြည်လုံး တွင် ရှေ့နေ
၂၀၀ ကျော် သာကျန်တော့သည်။ တပြည်လုံးတွင် အမှုသည်များ၍ ရှေ့နေနည်းပါးသွားသည်။ ထို့ကြောင့်တိုင်းပြည်တွင်
ဥပဒေစိတ်ပါဝင်စား သူများအား ဥပဒေဘွဲ့မဟုတ်ဘဲ ဥပဒေသင်တန်းများပေးကာ အောင်မြင်သူများအား
ရှေ့နေသဖွယ် အမှု လိုက်ပါဆောင်ရွက်ခွင့်ကို ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် အမှုဖြစ်လာသူများအတွက်
ရှေ့နေနှင့်ခုခံချေပခွင့် အမှန်တကယ်လိုအပ်သည်။ သို့အတွက် ရှေ့နေကဲ့သို့ လိုက်ပါအကျိုးဆောင်နိုင်ရန်
စီစဉ်ရခြင်းဖြစ်ပါသည်။
(ဂ) သက်သေများကို ဆင့်ခေါ်စစ်ဆေးခြင်းနှင့် အပြန်အလှန်စစ်မေးခွင့်ပေးရမည်။
ဆိုလိုသည်မှာ သက်သေများ ကို ရုံးမေးစစ်ဆေး၍ ပြစ်ဒါဏ်စီရင်လိုက်လျှင် ဤအရာသည်မျှတသည့်
တရားခွင်မဟုတ်တော့ပေ။ ထို့ကြောင့် သက်သေခေါ်ရုံသာမက ပြန်လှန်စစ်မေး ခွင့်ပါပေးရမည်။
(ဃ) တရားရုံးရှေ့တွင်တင်ပြရောက်ရှိလာသည့် သက်သေခံအထောက်အထား၊
နှုတ်သက်သေခံခြင်းနှင့် စာတမ်းအမှတ်အသား သက်သေခံခြင်း နှစ်ရပ်လုံးအပေါ်တွင် အခြေပြု၍
စဉ်းစားကာ မှုခင်းကိုစီရင် ဆုံးဖြတ် ရမည်။
အဓိကအချက်မှာ တရားရုံးသည်မှုခင်းကို စီရင်ဆုံးဖြတ်ရာတွင် သက်သေခံအထောက်အထားအပေါ်မူတည်၍
ဆုံးဖြတ်ရမည်။ နောက်သက်သေခံချက်တွင် လူကိုယ်တိုင်လာရမည်။ ထုတ်နှုတ်သက်သေခံချက်၊ စာတမ်း
သက်သေခံချက်အပြင် နှစ်ဘက်ရှေ့နေ များ၏ စစ်ဆေးမှုအပေါ်တွင်မူတည်၍ အမှုကိုကြားနာစစ်ဆေးရမည်။
သို့သော်ထိုကဲ့သို့မဟုတ်ဘဲ တရားရုံးပြင်ပ၌ ပုဂ္ဂိုလ်ရေးအရကြားလာသော သက်သေခံချက်များဖြင့်
အမှုကို စစ်ဆေးစီရင်ဆုံးဖြတ်၍မရပေ။ သို့မှသာမျှတသောတရားခွင်ဖြစ် သည်ဟု ဆိုလိုသည်။
(င) အများပြည်သူ၏ရှေ့မှောက်တွင် စစ်ဆေးစီရင်ခြင်းဖြစ်ရမည်။ သမာသမတ်ကျကျ
မျှတစွာ တရားစီရင် ကြောင်းကို ပြည်သူ အားသိရှိစေရမည်။
ဤအချက်အပေါ်တွင်မူတည်၍ တရားရုံးများသည် ပြည်သူအများသွားလာရန်
လွယ်ကူသောနေရာတွင် တည်ရှိ ရမည်။ ယခု ဦးအေးဇော်ဝင်းအမှုသည် အင်းစိန်ထောင်ထဲတွင်စစ်ဆေး၍
Public Trial မဟုတ်တော့ပေ။ ထို့အပြင်တရားရုံးတွင်းသို့ စည်းကမ်းတစုံတရာနှင့်
လွတ်လပ်စွာသွားလာနိုင်ရန်လိုအပ်ပေသည်။ ထို့အပြင် အများပြည်သူသက်တောင့်သက်သာ ထိုင်နိုင်သောနေရာဖြစ်ရန်
လိုအပ်ပေသည်။
အခန်း၂၊ နိုင်ငံတကာဥပဒေ၊
နိုင်ငံတကာ လူအခွင့်အရေးဥပဒေများ၊ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ရေး။
က၊ နိုင်ငံတကာဥပဒေ၏
သဘောသဘာဝ၊
နိုင်ငံတခုနှင့်တခုအကြား ဖြစ်ပွားသောပြဿနာများအား သက်ဆိုင်ရာနိုင်ငံများ၏အချုပ်အခြာအာဏာကို
မထိပါးစေပဲ မည်ကဲ့သို့ဖြေရှင်းပေးနိုင်မည်နည်းဆိုသော စဉ်းစားချက်အခြေခံမှ နိုင်ငံတကာဥပဒေပေါ်ပေါက်
လာခြင်းဖြစ်သည်။ ထို့အတူ နိုင်ငံ တခုနှင့်တခုအကြား လုပ်ငန်းများပူးတွဲလုပ်ဆောင်ရာ၌
မည်ကဲ့သို့သော ယုံကြည်မှုကို အခြေခံမည်နည်းဆိုသော စဉ်းစားချက်မှနေ၍ နိုင်ငံနှစ်ခုအကြား၊
သို့မဟုတ် ထို့ထက်ပိုသော နိုင်ငံများအကြား စာချုပ်များ ပေါ်ပေါက်လာသည်။
နိုင်ငံတကာဥပဒေ၌ အားနည်းချက်များရှိနေသည်ကိုတွေ့ရသည်။ ၎င်းတို့မှာ
-
နိုင်ငံတကာဥပဒေ၌ (၁)
ဥပဒြေုပ လွှတ်တော် မရှိခြင်း
(၂) ဥပဒေ၏ စည်းနှောင်အား မရှိခြင်း
(၃) တရားရုံးတော် မရှိခြင်း
(၄) နိုင်ငံတကာလုံးဆိုင်ရာ အစိုးရမရှိခြင်း တို့ဖြစ်သည်။
သို့သော် နိုင်ငံများက
နိုင်ငံတကာဥပဒေကိုအခြေခံကာ ကိစ္စရပ်များကို ပြောကြဆိုကြ၊ ဆွေးနွေးကြ သည်။ နိုင်ငံတကာ
ဥပဒေများကို လေးစားလိုက်နာကြောင်း ပြသချင်ကြသည်။ နိုင်ငံတခုနှင့်တခု အငြင်းပွားမှု များဖြစ်ပေါ်လာပါက
မိမိတို့သည် နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြသည်။ ဤမျှ အားနည်းချက်များရှိနေသည့်
နိုင်ငံတကာဥပဒေကို အဘယ်ကြောင့် ကိုးကားပြောဆိုချင်ကြပါသနည်း။ အဓိက မှာ မိမိတို့မှန်ကန်ကြောင်း
သက်သေပြချင်ကြသည်။ နိုင်ငံတကာ၏ယုံ ကြည်မှုကို လိုချင်ကြသည်။ ထို့ကြောင့် မိမိတို့၏ရပ်တည်ချက်ကို
နိုင်ငံတကာဥပဒေနှင့် စံထိုးပြကြသည်။ နိုင်ငံတကာဥပဒေများနှင့် အညီအညွတ်ဖြစ် ပါက နိုင်ငံ၏ဂုဏ်သိက္ခာတိုးတက်သည်။
နိုင်ငံအများက လေးစားသည်။ စီးပွားရေးနှင့်တကွ နယ်ပယ်အရပ်ရပ်၌ ဆက်ဆံမှုများတိုးချဲ့လိုကြသည်။
နိုင်ငံတကာဥပဒေများကို ချိုးဖေါက်သည်ဟုသတ်မှတ်ခံရလျှင် နိုင်ငံ့ဂုဏ်သိက္ခာ ကျသည်။ နိုင်ငံရေးအရ၊
စီးပွားရေးအရ မည်သူကမှ ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြ။ ၀ိုင်းပယ်ခြင်းခံရ တတ်သည်။
ခ၊ နိုင်ငံတကာဥပဒေ၊
နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထား သည့် ဥပဒေများ၊
လူ့အခွင့်အရေးကြေငြာစာတမ်းတွင် လူသားတို့၏ နိုင်ငံသားအခွင့်အရေး၊
နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေး အခွင့်အရေး၊ လူမှုရေးအခွင့်အရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများကို
ထည့်သွင်းဖေါ်ပြထားသည်။ အပိုဒ်ပေါင်း သုံးဆယ်ပါဝင်ပြီး အပိုဒ် (၁) နှင့် (၂) တို့သည်
လူ့အခွင့်အရေး၏ အဓိပါယ်အယူအဆတို့ကို ဖွင့်ဆိုရှင်းပြထား သည်။ အပိုဒ် (၃) မှ (၁၆) နှင့်
အပိုဒ် (၁၈) မှ (၂၁) တို့တွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို ဖေါ်ပြ ထားပြီး
အပိုဒ် (၁၇) နှင့် (၂၂) မှ (၂၇) အထိသည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများ
ကို ဖေါ်ပြထားသည်။ ၂၈ မှ ၃၀ အထိသည် ထိုအခွင့်အရေးများလေးစားရန်နှင့် အခြားသူများ၏ အခွင့်
အရေးများကှိုမချိုးဖေါက်ရန် တာဝန်များကို ဖေါ်ပြရှင်းလင်းထားသည်။
နိုင်ငံသားအခွင့်အရေးဆိုသည်မှာ နိုင်ငံသားတို့၏ အသက်ရှင်ခွင့်နှင့်
လွတ်လပ်ခွင့်တို့ကို အစိုးရက တရား လက်လွတ်ဝင် ရောက်နှောက်ယှက်ခြင်းမှ ကာကွယ်ပေးသော
အခွင့်အရေးများဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။ ဥပမာ အသက်ရှင်ခွင့်၊ လုံòခံခွင့်၊ လွတ်လပ်ခွင့်၊
လွတ်လပ်စွာသွားလာခွင့်၊ တရားရေးအရ အစီရင်ခံပိုင်ခွင့်တို့ ဖြစ်သည်။
နိုင်ငံရေးအခွင့်အရေးဆိုသည်မှာ တိုင်းပြည်အစိုးရ၏ လုပ်ငန်းရေးရာများတွင်
နိုင်ငံသားများက ပါဝင်ပတ်သက် ခွင့်ကို ဆိုလိုသည်။ ဥပမာ မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊
အစိုးရပေါ်လစီများ ချမှတ်ဆောင်ရွက်မှုကို သိရှိပါဝင် လုပ်ဆောင်ပိုင်ခွင့်၊ လွတ်လပ် စွာပြောဆိုခွင့်၊
သတင်းဌာနများ၏ လွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်တို့ဖြစ် သည်။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးဆိုသည်မှာ
လူသားတို့၏ ဘ၀လူနေမှုအဆင့်အတန်းများ တိုးတက်မြင့်မား လာအောင် အဆင့်ဆင့်တောင်းဆိုသော
အခွင့်အရေးများဖြစ်သည်။ ဥပမာ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်၊ ကျန်းမာရေးနှင့် ညီညွတ်သော
အလုပ်ခွင်ရရှိခွင့်၊ တန်းတူလစာနှင့် တန်းတူအလုပ်လုပ်ခွင့်၊ မိမိ ဘာသာစကား ထိန်းသိမ်းအသုံြးုပခွင့်တို့ကို
ဆိုလိုသည်။
လူ့အခွင့်အရေုးဆိုင်ရာစာချုပ်ကြီးနှစ်ခုကို အတည်ြုပပြဌာန်းခဲ့သည့်
၁၉၆၆ ခုနှစ်မှစတင်၍ ထိုစာချုပ်များကို လက်မှတ်ရေး ထိုးရန် နိုင်ငံများကို ဖိတ်ခေါ်ခဲ့သည်။
သို့သော် ၁၀ နှစ်ကျော်ကြာခဲ့ပြီးမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၃၅ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပြီး
စာချုပ်ပါဥပဒေများလည်း သက်ရောက်မှုအားကောင်းလာခဲ့သည်။
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ်
ကုလသမဂ္ဂမှ ၁၉၆၆ ခုနှစ်တွင် အတည်ြုပပြဌာန်းပြီး ၁၉၇၆ ခုနှစ် မတ်လ
၂၃ ရက်နေ့တွင် အသက်ဝင်လာသော နိုင်ငံ သားနှင့် နိုင်ငံရေးအခွင့်အရေး သဘောတူစာချုပ်တွင်
အပိုဒ်ပေါင်း ၅၃ ပိုဒ်ပါဝင်သည်။ အပိုဒ် ၆ မှ ၂၇ တို့တွင် နိုင်ငံသားနှင့် နိုင်ငံ ရေးဆိုင်ရာ
အခွင့်အရေးများကို ဖေါ်ပြထားသည်။
နောက်ဆက်တွဲစာချုပ်
(၁) နှင့် (၂)
နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွင်
နောက်ဆက်တွဲစာချုပ် နှစ်ခုရှိသည်။ နောက် ဆက်တွဲစာချုပ် ၁ ကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၆
ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အသက်ဝင်လာခဲ့သည်။ အဓိကအားဖြင့်
စာချုပ်အဖွဲ့ဝင် နိုင်ငံတနိုင်ငံမှ နိုင်ငံသားတဦးချင်းအနေနှင့် မိမိ၏ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုကို
ကော်မတီထံ တိုင်ကြားခွင့်အား ဖေါ်ပြထားသည်။ ဤနောက်ဆက်တွဲ စာချုပ် ကို လက်မှတ်ရေးထိုးထားသောနိုင်ငံက
မိမိအပေါ် ပင်မစာချုပ်ပါ အခွင့်အရေးများနှင့်ပတ်သတ်၍ ချိုးဖေါက်ခံနေ ရသည်ဟု ခံစားရသူများသည်
နောက်ဆက်တွဲစာချုပ် ၁ ၏ အပိုဒ် ၁ အရ စာချုပ်၏ လူ့အခွင့်အရေး ကော်မတီ ထံ ဆက်သွယ်တိုင်ကြား၍ရသည်။
ထိုအခါမျိုးတွင် ပထမဦးဆုံးအနေဖြင့်ထိုတိုင်ကြားမှုကို ကော်မတီက လက်ခံ သင့်၊ မသင့် ဆုံးဖြတ်သည်။
၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလအထိ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးသဘောတူစာချုပ်၏
နောက်ဆက်တွဲစာချုပ် ၁ ကို အတည်ြုပလက်မှတ်ထိုးထားသောနိုင်ငံပေါင်း ၁၀၁ နိုင်ငံနှင့်
ပဏာမလက်မှတ်ထိုးထားသောနိုင်ငံ ၄ နိုင်ငံ ရှိပြီဖြစ်သည်။ နိုင်ငံသား နှင့် နိုင်ငံရေးအခွင့်အရေးသဘောတူစာချုပ်၏
နောက်ဆက်တွဲစာချုပ် ၂ ကို ၁၉၈၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၁
ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ အဓိကမှာ သေဒါဏ်ချမှတ် မှုကို ဖျက်သိမ်းရန်ရည်ရွယ်သည်။
စီးပွားရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ
အချက်များကို ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာ တမ်းကြီး၏ ဒုတိယပိုင်းတွင် ဖေါ်ပြထားသည်ကို
တွေ့ရသည်။ အထူးသဖြင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ခံစားခွင့်များ
ပါဝင်သည်။ ထိုအချက်အတော်များများကို ၁၉၄၈ ခုနှစ်မတိုင်ခင်ကတည်းက အသိအမှတ်ြုပထားပြီး
ဖြစ်သည်။ ထိုအခွင့် အရေးများ တိုးတက်ကောင်းမွန်လာရေးအတွက် ၁၉၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့်
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်က óကိးပမ်းလုပ်ဆောင်နေခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။
ဤစာချုပ်ကို ကုလသမဂ္ဂ တွင် ၁၉၆၆ ခုနှစ်၌ ပြဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့မှ စတင်၍ အသက်ဝင်လာခဲ့သည်။ ၂၀၀၂
ခုနှစ် ဖေဖေါ်ဝါရီလအထိ ဤစာချုပ်ကို အတည်ြုပ လက်မှတ်ထိုးထားသော နိုင်ငံပေါင်း ၁၄၅ နိုင်ငံရှိပြီး
ပမာဏ လက်မှတ်ထိုးထားသည့်နိုင်ငံပေါင်း ၇ နိုင်ငံရှိသည်။
ယခုစာချုပ်တွင် အပိုဒ်ပေါင်း ၃၁ ပိုဒ် ပါဝင်သည်။ စီးပွားရေး၊
လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ သဘောတူစာ ချုပ်နှင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ်တို့တွင် ပါဝင်သော အပိုဒ် ၁၊ ၃ နှင့် ၅ တို့သည် ထပ်တူနီးပါး ဆင်တူနေသည်။
စာချုပ်၂ ခုစလုံး၏ အပိုဒ် ၁ တွင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဖြစ်သည်ဟုဖေါ်ပြထားသည်။
လူသားတိုင်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သူတို့၏ နိုင်ငံရေးအဆင့်အတန်းကို
လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသလို စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ဆိုထားသည်။ စာချုပ် ၂ ခုစလုံး၏ အပိုဒ်
၃ တွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် လူ့အခွင့်အရေးများအားလုံးကို ခံစားပိုင်ခွင့်ရှိသည်။
ထိုသို့ခံစားနိုင်စေရန်အတွက် အစိုးရက လုပ်ဆောင်ပေးရမည်ဟု ဖေါ်ပြထားသည်။ စာချုပ် ၂ ခုစလုံး၏
အပိုဒ် ၅ တွင် ထိုစာချုပ်များ တွင်ပါဝင်သော အခွင့်အရေး များအပေါ် ဖိနှိပ်ချိုးဖေါက်မှု၊
လွဲမှားစွာအဓိပ္ပါယ်ဖွင့်ဆိုပြီး လုပ်ဆောင်မှု၊ ကန့်သတ်မှုတို့မှ ကာကွယ်ပေးရန် ရေးသားထားသည်။
အပိုဒ် ၆ မှ ၁၅ တို့တွင် ထိုစာချုပ်၌ အထူြးုပထားသော အခွင့်အရေးများကို ဖွင့်ဆိုရှင်းပြထားသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့်
ခွဲခြားထားမှုအားလုံး ဖျက်သိမ်းရေးသဘောတူစာချုပ်
ဤစာချုပ်ကို ၁၉၇၉ ခုနှစ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး
၁၉၈၁ ခုနှစ် စက်တင်ဘာလ ၃ ရက် နေ့တွင် အသက်ဝင်ခဲ့သည်။ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း
၁၆၈ နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုး ထားပြီး နောက်ထပ်သုံးနိုင်ငံက ပဏာမလက်မှတ်ထိုးထားသည့်အတွက်
စာချုပ်အဖွဲ့ဝင်နိုင်ငံအရေအတွက် များပြားသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဤ စာချုပ်ကို
၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်၏အဖွင့်တွင် ယခုလက်ရှိအချိန်အထိ အမျိုးသမီးများအပေါ် ဖိနှိပ်ချိုးနှိမ်မှု
အများအပြားတည်ရှိနေဆဲ ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ထိုသို့ ဖိနှိပ်ချိုးနှိမ်မှုများသည် လူသားတို့၏
ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုအပေါ် တန်ဘိုးထားမှုအား ချိုးဖေါက် ခြင်းဖြစ်သည်ဟု ဤစာချုပ်ကဆိုပါသည်။
စာချုပ်တွင် အဓိကအားဖြင့် အမျိုးသမီး များ၏ နိုင်ငံသားအခွင့်အရေး၊ အမျိုးသမီးများ အတွက်
တရားဥပဒေအရ သတ်မှတ်ပေးထားသည့် အဆင့်အ တန်း စံများအပြင် အမျိုးသမီးများ မျိုးဆက်ပြန့်ပွားရေးအခွင့်အရေး
နှင့် အခိျု့သော ယဉ်ကျေးမှုလက်ခံချက်များ က လိင်အရခွဲခြားမှုကို ဖြစ်စေသည့်ဆိုသည့် အချက်မျာ့းကိုပါ
ထည့်သွင်းရေးသားထား သည့်အတွက် ထူးခြားလှသည်။
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ
သဘောတူစာချုပ်
ဤစာချုပ် မူကြမ်းရေးဆွဲမှုသည် ၁၉၇၉မှ ၁၉၈၉ အထိ ကြာမြင့်ခဲ့သည်။
သို့သော် ၁၉၈၈ ခုနှစ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်က ခန့်အပ်လိုက်သောအလုပ်အဖွဲ့က
စာချုပ်ကို အပြီးသတ်လေ့လာရေးဆွဲသည့် အချိန်မှစ၍ အစိုးရများနှင့် အစိုးရ မဟုတ်သောအဖွဲ့များစွာတို့သည်
ထိုစာချုပ်မူကြမ်းရေးဆွဲရာတွင် စိတ်ဝင် စားလာပြီး အင်တိုက်အားတိုက်ပါဝင်လာကြသည်။ မူလရေးဆွဲထားသောမူကြမ်းကို
အခြေခံ၍ အစိုးရများနှင့် အစိုးရမဟုတ်သောအဖွဲ့များက ထပ်မံဖြည့်စွက် မွမ်းမံမှုများ လုပ်ဆောင်ခဲ့
သည်။ ကမBာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် စသည့်အဖွဲ့များ၏ တင်ပြချက်များကိုလည်း
လက်ခံသုံး သပ်ခဲ့ကြ သည်။ နောက်ဆုံး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ
ကလေးအခွင့် အရေးဆိုင် ရာ သဘောတူစာချုပ်ကို ပြဌာန်းခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် သတ်မှတ်ထားသည့်
နိုင်ငံအရေအတွက် ၂၀ ပြည့်သွားသဖြင့် စာချုပ် အသက်ဝင်လာခဲ့သည်။ မြန်မာနိုင်ငံသည် ဤစာချုပ်ကို
၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက် နေ့တွင် အတည်ြုပလက်မှတ်ရေးထိုးခဲ့သည်။
စာချုပ်တွင် အပိုဒ်ပေါင်း ၅၄ ပိုဒ်ပါဝင်ပြီး နိုင်ငံသားအခွင့်အရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာ ထောက်ထားသော အရေးကိစ္စများအားလုံး
ပါဝင်သည်။ စာချုပ်တွင် အဓိကအားဖြင့် ကလေး သူငယ်များသည်လည်း အရွယ် ရောက်ပြီးသောသူများကဲ့သို့
ညီမျှသောတန်ဘိုးရှိသည်။ ကလေးသူငယ်တိုင်း အခွင့်အရေးရှိသည်။ ကလေးသူငယ်များ၏ အတွေး အမြင်များကို
တန်ဘိုးထားရမည်။ ကလေးသူငယ်များ၏ အကျိုးအတွက် လုပ်ဆောင်မှုများ၊ ကာကွယ်မှုများ လုပ်ရမည်ဟူသော
သဘောများထည့်သွင်းပြဌာန်းထားသည်၊ ကလေးများ၏ ကိုယ်ရေးအကြောင်းအရာများနှင့်ပတ်သတ်၍ အပိုဒ်
ဂ။ြုပစုစောင့်ရှောက် ခွင့်၊ မွေးစားခွင့်တို့နှင့် ပတ်သတ်သော အပိုဒ် ၂၀၊ ၂၁။ လက်နက်ကိုင်တိုက်ပွဲများအတွင်းတွင်
နှိပ်စက်ခံရသောကလေးများအား စိတ် ပိုင်းနှင့်ရုပ်ပိုင်း ပြန်လည်နာလန်ထလာစေရန် လုပ်ဆောင်ပေးရေးနှင့်သက်ဆိုင်သည့်
အပိုဒ် ၃၉ တို့သည် မည်သည့်လူ့အခွင့်အရေးများတွင်မှ မပါဝင်သေးသော အကြောင်းအရာ အသစ်များဖြစ်သည်။
ထိုကလေးစာချုပ်တွင်ပါဝင်သော အခွင့်အရေးများကို
၁၊ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေးများ
၂၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ
၃၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများနှင့် ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများဟူ၍ အကြမ်းအားဖြင့်
လေးမျိုးခွဲခြားနိုင်သည်။
လူမျိုးရေးဖိနှိပ်မှု
နည်းမျိုးစုံအား ဖျက်သိမ်းရေး သဘောတူစာချုပ်
၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် လူမျိုးရေးဖိနှိပ်မှုနည်မျိုးစုံအားဖျက်သိမ်းရေး
သဘောတူစာချုပ်ကို ပြဌာန်းခဲ့ပြီး ၁၉၆၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် အသက်ဝင်လာခဲ့သည်။
သဘောတူစာချုပ်၏ အပိုဒ် ၁ အရ လူမျိုးရေးဖိနှိပ်မှုဆိုသည်မှာ လူမျိုး၊ အသားအရောင်၊ မျိုးရိုး၊
လူမျိုးနှင့် လူမျိုးစုရင်းမြစ်တို့အပေါ်အခြေခံ၍ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊
ယဉ်ကျေးမှုနှင့် အခြားသောလူနေမှုဘ၀တို့အား တန်းတူညီမျှသော လွတ်လပ်ခွင့်ကို အခြေခံလူ့အခွင့်အရေးအသိအမှတ်ြုပမှုတို့အပေါ်
ခွဲခြားခြင်း၊ခွဲထုတ် ခြင်း၊ ကန့်သတ်ခြင်းနှင့် အထူးအခွင့်အရေး ပေးခြင်းတို့ကို ဆိုလိုသည်။
အပိုဒ် ၂ တွင် စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လူမျိုးရေးဖိနှိပ်မှုများ
ချုပ်ငြိမ်းစေရန်နှင့် လူမျိုးများအတွင်း နားလည်မှုများ ပွားများလာစေရေးအတွက် ပေါ်လစီများ
ချမှတ်အကောင်အထည်ဖေါ်ဆောင်ရွက်ရန် တာဝန် ရှိကြောင်း ဖေါ်ပြထားသည်။ အပိုဒ်၃ နှင့် ၄ တွင်
လူမျိုးရေးမုန်းတီးစေမှုများ၊ ထိုသို့ဖြစ်စေရန် လှုံ့ဆော်မှုများ၊ အကြမ်းဖက်မှုများကို
အရေးပေါ် တားဆီးလုပ်ဆောင်သွားရန် ဖေါ်ပြထားသည်။
ညှင်းပမ်းနှိပ်စက်မှုဆိုင်ရာ
သဘောတူစာချုပ်
ညှင်းပမ်းနှိပ်စက်မှုဆိုင်ရာ သဘောတူစာချုပ်ဟု အတိုကောက်ခေါ်သော
ဤစာချုပ်ကို ၁၉၈၄ ခု ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ပြဌာန်းခဲ့ပြီး ၁၉၈၇ ဇွန်လ ၂၆ ရက်နေ့တွင်
အသက်ဝင်လာခဲ့သည်။
အပိုဒ် ၁ တွင် နှိပ်စက်ညှင်း ပမ်းမှုဆိုသည်မှာ လူ တယောက်ထံမှ
ထိုသူ၏အကြောင်း၊ သို့မဟုတ် အခြားသူ တဦးတယောက်အကြောင်း သတင်းများနှင့် ခံဝန်ချက်များ
ရယူစေရန် အတွက် ထိုသူ သို့မဟုတ် အခြားသူတဦးတယောက်က ကျုးလွန်ခဲ့ သော သို့မဟုတ် ကျုးလွန်သည်ဟု
သံသယရှိရသော အြုပအမူ သို့မဟုတ် ခွဲခြားဖိနှိပ်မှု အကြောင်းအရာတခုခု အပေါ် အခြေခံ၍ ဒဏ်ပေးခြင်း၊
အနှောက်အယှက်ပေး ခြင်း၊ အကြပ်ကိုင်ခြင်းကြောင့် စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ
အလွန်အမင်းနာကျင်စေခြင်း၊ ခံစားရစေခြင်း စသော အြုပအမူမှန်သမျှကို ဆိုလိုပြီး ထိုသို့
နာ ကျင်ခံစားစေရခြင်းကို ပြည်သူ့ဝန်ထမ်း၊ ရာထူးအဆင့်အတန်း တာဝန်ယူထားရသူက သိပါလျက်နှင့်
သို့မဟုတ် မသိကျိုးကျြွုံပ လျက် ကျုးလွန်စေခြင်း။ သို့မဟုတ် ကျုးလွန် အောင် အားပေးအားမြေ‡ာက်ြုပခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
အပိုဒ် ၂ တွင်စာချုပ်ပါအချက်များနှင့် ပတ်သတ်၍ ကာကွယ်နိုင်ရန်အတွက်
တရားဥပဒေရေးဆွဲရေး၊ စီရင်ရေး၊ အုပ်ချုပ် ရေးနှင့် အခြားသောကဏ္ဍများတွင် အစိုးရကအရေးယူဆောင်ရွက်ရန်
ဖေါ်ပြထားသည်။ နောက်ပိုင်းအပိုဒ်များတွင် ထိုသို့နှိပ်စက် ည‡င်းပမ်းမှုကို
အစိုးရက ရာဇ၀တ်မှုအဖြစ် အပြစ်ပေးအရေးယူရန် ထိုသို့ကျုးလွန်မှုများကို အပြစ်ပေးစီရင်နိုင်ရန်အတွက်
လိုအပ် သောဆောင်ရွက်ချက်များ လုပ်ဆောင်ပေးရန်၊ ကျုးလွန်ခံရသည်ဟု တိုင်ကြားသူများအား
တိုင်ကြားခွင့်ြုပရန် လုံလောက်သော ကုစားမှုနှင့် လျော်ကြေးများ ပေးရန် စသည်တို့ကို ဖေါ်ပြထားသည်။
ဂ၊ နိုင်ငံတနိုင်ငံ၏
အချုပ်အချာအာဏာ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ၏ အခန်းကဏ္ဍနှင့် တရားစီရင်ရေး၊
အချုပ်အခြာအာဏာ
အချုပ်အခြာအာဏာဆိုသည့်ဝေါဟာရသည် လက်တင်စကား superãnus မှဆင်းသက်လာခြင်းဖြစ်ပြီး၊ ထိပ်ဆုံး၌ ရှိခြင်း၊ သို့မဟုတ် အခြားသူများ၏အထက်
အထွဋ်အထိပ်အရာဟူ၍ အနက်အဓိပ္ပါယ် ဖွင့်ဆိုထား သည်၊၊
နိုင်ငံတနိုင်ငံတွင် အောက်ပါ အခြေခံအချက်လေးချက်နှင့် ပြည့်စုံမှသာ
အချုပ်အခြာအာဏာကို ကျင့်သုံး နိုင်သည်။
(၁) နယ်မြေ
(၂) လူဦးရေ
(၃) အုပ်ချုပ်မှုအာဏာ
(၄) အစိုးရ စသည်တို့ဖြစ်သည်။
ဤအချက်လေးချက်နှင့်ပြည့်စုံပါက နိုင်ငံတော်ဟုခေါ်သည်။ နိုင်ငံတော်တွင်
လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ ရှိသည်။ ထိုသို့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ရှိခြင်းကို
ကိုယ်ပိုင်ပြဌာန်းခွင့်ဟုခေါ်သည်။ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်၊ ကိုယ်ပိုင်
ရပ်တည် စီမံပိုင်ခွင့်တို့ဖြစ်သည်။ လူအများစုဝေးနေထိုင်သော နယ်မြေ တခုတွင် ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်ခွင့် ရှိစေရမည်။ ထိုနယ်မြေ တွင်နေထိုင်သော
ပြည်သူလူထုကို အသိအမှတ်ြုပရမည်။ အုပ်ချုပ်သူအစိုးရက ကာကွယ်စောင့်ရှောက်မှု ပေးရမည်။
ဖွံ့ဖြိုးတိုးတက် ဆောင်ရွက်ပေး ရမည်။ အစိုးရ၏ မည်သည့်လုပ်ဆောင်ချက်ကမှ ပြည်သူလူထု၏
အခြေခံအခွင့်အရေးများကို မထိပါးသင့်ပေ။ ကိုယ်ပိုင်ပြဌာန်းခွင့်၏အခြေခံအရ လူတဦးချင်းစီ၌
သူ့ကြမ္မာသူဖန်တီးခွင့်ရှိသကဲ့သို့ နိုင်ငံတိုင်း၌လည်း ကိုယ့် ကြမ္မာကိုယ်ဖန်တီး ခွင့်ရှိပေသည်။
မိမိနှစ်သက်သောဥပဒေကို
မိမိဖာသာ ပြဌာန်းခွင့်ရှိသည်။ မိမိနှစ်သက်သောအစိုးရကို ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်
ရှိသည်။ မိမိလိုလားသော တရားစီရင်ရေးစနစ်ကို ကျင့်သုံးခွင့်ရှိသည်။ နိုင်ငံအတွင်း ဖြစ်ပေါ်လာသောပြဿနာများကို
မိမိစိတ်တိုင်းကျဖြေရှင်း ခွင့်ရှိသည်။ ဤသည်ပင် နိုင်ငံတခု၏ အချုပ်အခြာအာဏာဖြစ်ပေသည်။
အချုပ်အခြာအာဏာသည် လူထုနှင့်အစိုးရ အပြန်အလှန် အသိအမှတ်ြုပသည့်သဘောကို အခြေခံသည်။ နိုင်ငံတနိုင်ငံ၏
အချုပ်အခြာအာဏာကို အခြားနိုင်ငံများက လေးစားမှုမရှိလျှင် နိုင်ငံ တနိုင်ငံက အခြားတနိုင်ငံ၏
ပြည်တွင်းရေးပြဿနာကို အချိန်မရွေး ၀င်ရောက်စွက်ဖက်နိုင်သည့် အခြေအနေမျိုးသို့ ရောက်သွားပေ
လိမ့်မည်။ နိုင်ငံတိုင်း၌ အချုပ်အခြာအာဏာသည် အဓိကအကျဆုံးဖြစ်သည်ဟူသည့် အချက်ပေါ် အခြေခံ၍
အစဉ်အလာနိုင်ငံ တကာဥပဒေက စဉ်းစားခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကျေညာစာတမ်း၏အပိုဒ်၂၁ အပိုဒ်ခွဲ
၃ တွင် ပြည်သူပြည်သားတို့၏ဆန္ဒသည် အချုပ် အခြာအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျက်
စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရ မည်ဟု အတိအလင်းထည့်သွင်းဖေါ်ပြထားပါသည်။
အခန်း၃၊ နိုင်ငံတကာပြစ်မှုဆိုင်ရာခုံရုံးများနှင့်
နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံး
က၊ တကမ္ဘာလုံးဆိုင်ရာ
တရားစီရင်ပိုင်ခွင့်အာဏာ အယူအဆ၊
မျိုြးုဖတ်သုတ်သင်မှု၊
လူသားဖြစ်မှုကိုဆန့်ကျင်မှုစသည့် ပြစ်မှုများကို ကျုးလွန်ခဲ့သူဖြစ်ပါက ကမ္ဘာ့ မည်သည့်နေရာသို့
ရောက်နေသူဖြစ်စေ ထိုတိုင်းပြည်ရှိတရားရုံးများက ဖမ်းဆီးတရားစွဲဆို စီရင်ပိုင်ခွင့်ရှိသည်။
ဤသည်မှာ တကမ္ဘာလုံးဆိုင် ရာ စဉ်းစားတွေးခေါ်ချက်ကိုအခြေခံသည့် စီရင်ပိုင်ခွင့်အာဏာဖြစ်သည်။
ထိုကြောင့် ကျုးလွန်ခံခဲ့ရသည့် ကာယကံရှင်များ၊ မိသားစုများက အာဏာရှင်များကို ရောက်ရာနိုင်ငံသို့
လိုက်လံ ကာ တရားစွဲဆိုကြသည်။ ထိုနိုင်ငံက စာချုပ်ကို လက်မှတ်ထိုးခြင်း၊ မထိုး ခြင်းနှင့်
မသက်ဆိုင်။ ဥပမာ အေ နိုင်ငံရှိ အာဏာရှင်တဦးသည် လူ့အခွင့်အရေးချိုးဖေါက်မှုများကို အကြီးအကျယ်
ကျုးလွန်ခဲ့သည်။ အပြောင်း အလဲဖြစ်သောအခါ ဘီ
နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ အေးအေးလူလူ နေထိုင်လျှက်ရှိသည်။ တရားမျှတမှု နှင့်
အမှန် တရားရှုထောင့်မှကြည့်လျှင် ထိုကဲ့သို့မျိုးကို ခွင့်မြုပသင့်ပေ။ ဤသည်မှာ လူ့အခွင့်အရေး
ချိုးဖေါက်ခံရ မှုများနှင့်ပတ်သတ်၍ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေးအယူအဆဖြစ်သည်။
ခ၊ လူ့အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်သော နိုင်ငံတကာပြစ်မှုဆိုင်ရာ ခုံရုံးများ၊
ရ၀မ်ဒါနှင့်
ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး အိုင်စီတီအာနှင့် အိုင်စီတီဝိုင်တို့မှာ
AdHoc များ ဖြစ်သည်။ အက်ဒ်ဟော့ ဆိုသည်
အမြဲတမ်း တည်ရှိသောတရားရုံး မဟုတ်ပေ။ ထိုတရားရုံးသုံးခုအား ကုလသမဂ္ဂလုံòခံရေးကောင်စီ
မှ တည်ထောင်ထားခြင်းဖြစ်သည်။ ရ၀မ်ဒါနိုင်ငံတွင် မှုခင်းများကို ၇ နှစ်ကြာ စီရင်ခဲ့သည်။
ထိုကာလအတွင်း အမေရိကန်ဒေါ်လာ သန်းတရာကျော်ကုန်၍ တရားခံ လူတရာခန့်သာ စီရင်ဆုံးဖြတ် အပြစ်ပေးနိုင်ခဲ့သည်။
ထောင်နှင့်ချီသော တရားခံများ ထောင်များအတွင်း ရှိနေ ဆဲဖြစ်သည်။ တခိျု့ ထောင်ထဲ၌ သေဆုံးသွားသည်။
ရ၀မ်ဒါ၏ လုပ်ထုံးလုပ်နည်းများမှာ ရှုတ်ထွေးသည်။ အမှု စီရင်ရာ၌လည်း အချိန်နှင့်ငွေကြေး
အကြီးအကျယ်ကုန်သည်။
ဂ၊ လူ့အခွင့်အရေးဆိုင်ရာမှုခင်းများကို
သက်ဆိုင်ရာနိုင်ငံများ၏ ပြင်ပရှိ အခြားသောနိုင်ငံများတွင် တရားစွဲဆိုခြင်း။
ကမ္ဘာလုံးဆိုင်ရာတရားစီရင်ရေးအယူအဆအရ
ယခုအခါ လူ့အခွင့်အရေး ချိုးဖေါက်ခံရသည့်အမှုများကို အမေရိကန်၊ ဘယ်လဂျီယန်စသည့်နိုင်ငံများ၌
လက်ခံစစ်ဆေး ကြားနာပေးလျှက်ရှိပါသည်။
၁၉၇၈ ခုနှစ်တွင်
ဒေါက်တာ ဂျိုးဖီလာတီဂါဆိုသည့် ပါရာဂွေးနိုင်ငံသားတဦးက မိသားစုများကိုယ်စား အမေရိ ကန်နိုင်ငံတွင်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကိုချိုးဖေါက်မှုအတွက် ပါရာဂွေးအစိုးရဟောင်း
ကို တရားစွဲဆိုခဲ့သည်။ ၎င်းအမေရိကန်နိုင်ငံတွင် နေထိုင်နေစဉ်အတွင်း ပါရာဂွေးနိုင်ငံရှိ
၎င်း၏မိသားစုများကို အာဏာပိုင်အစိုးရက နှိပ်စက် ညှင်းပမ်းခြင်းပြုသည့်အတွက် နစ်နာကြေးပေးရန်
တောင်းဆိုခဲ့သည်။ အမေရိ ကန်တရားရုံးက ဆုံးဖြတ်သည်မှာ နိုင်ငံတနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ
အသိအမှတ်ပြုထား သည့် နိုင်ငံသားများ၏အခွင့်အရေးကို လေးစားလိုက်နာရမည့် တာဝန်ရှိသဖြင့်
ပါရာဂွေး အစိုးရအနေဖြင့် နှိပ်စက်ညှင်းပန်းခြင်းခံခဲ့ရသည့် မိသားစုများအား အမေရိကန်ဒေါ်လာ
၁၀ သန်း နစ်နာကြေးပေးစေရန် ဆုံးဖြတ်ခဲ့သည်။
ဃ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာ
တရားရုံးပေါ်ပေါက်လာခြင်း၊
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး
တရားရုံးများရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖေါက်မှုများအား
ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေး နိုင်ခြင်း မရှိခဲ့ချေ။ အဘယ့်ကြောင့်ဟု ပြန်လည်သုံးသပ်သောအခါ
အမြဲတမ်းတရားရုံး မရှိသောကြောင့်ဖြစ် ကြောင်း တွေ့ရသည်။
နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသည်
နိုင်ငံတခုအတွင်းရှိ အစိုးရနှင့် ပြည်သူလူထုကြား ဖြစ်ပွားနေသော ပြဿနာများကို အဓိကအာရုံစိုက်လုပ်သည်ဟု
ပြောနိုင်သည်။ သို့အတွက် ပြည်တွင်းရေးပြဿနာများကို ၀င်ရောက်ဖြေရှင်းဆောင်ရွက် သောအခါ
သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာကို အနည်းနှင့်အများ ထိပါးစေနိုင်သည်။ ထို့ကြောင့်
အိုင်စီစီ ပေါ်လာသောအခါ သက်ဆိုင်ရာနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ်ပေးသောဘက်မှလည်း
စဉ်းစားပေးခဲ့ကြသည်။ အိုင်စီစီကိုယ်၌သည်လည်း
လုပ်ပိုင်ခွင့် အပြည့်အ၀မရှိပေ။ နုရင်ဘတ်အခြေခံမူကို လက်ခံသော်လည်း သက်ဆိုင်ရာတိုင်းပြည်၏
ပြည်တွင်းရေး ပြဿနာတရပ်ကို ၀င်ရောက်တရားစီရင်ပိုင်ခွင့်အာဏာ မရှိပေ။
င၊ နိုင်ငံတကာပြစ်မှုဆိုင်ရာ
တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာ
အမှန်တကယ်တော့မူ စီရင်ပိုင်ခွင့်အာဏာဆိုသည်မှာ တရားရုံးဟုပြောလိုက်လျှင်
တဆက်တည်း တွဲပါလာ သည် သာဖြစ်သည်။ သို့သော် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး အိုင်စီစီတည်ထောင်ရခြင်း၏
အဓိကရည်ရွယ် ချက်မှာ အပြည်ပြည်ဆိုင် ရာတရားရုံး၊ ရ၀မ်ဒါနှင့် ယူဂိုဆလားဗီးယားဆိုင်ရာ
နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ အထူးရုံးတော်များ၏ အားနည်းချက်ကို ဖြည့်ဆည်း ပေးရန်ဖြစ်သည်။
ရ၀မ်ဒါနှင့် ယူဂိုဆလားဗီးယားဆိုင်ရာ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး အိုင်စီတီအာနှင့် အိုင်စီတီဝိုင်
တို့မှာ ဗိံသခ များဖြစ်သည်။ အက်ဒ်ဟော့ဆိုသည် အမြဲတမ်းတည်ရှိသောတရားရုံး မဟုတ်ပေ။ ထိုတရားရုံးသုံးခုအား
ကုလသမဂ္ဂလုံòခံရေး ကောင်စီမှ တည်ထောင်ထားခြင်းဖြစ်သည်။ ရ၀မ်ဒါနိုင်ငံတွင် မှုခင်းများကို
၇ နှစ်ကြာစီရင်ခဲ့သည်။ ထိုကာလအတွင်း အမေရိကန် ဒေါ်လာသန်းတရာကျော်ကုန်၍ တရားခံလူတရာခန့်သာ
စီရင်ဆုံးဖြတ် အပြစ်ပေးနိုင်ခဲ့သည်။ ထောင်နှင့်ချီသော တရားခံများ ထောင်များအတွင်း ရှိနေဆဲဖြစ်သည်။
တခိျု့ ထောင်ထဲ၌သေဆုံးသွားသည်။ ရ၀မ်ဒါ၏ လုပ်ထုံးလုပ်နည်းများမှာ ရှုတ်ထွေး သည်။ အမှုစီရင်ရာ၌လည်း
အချိန်နှင့်ငွေကြေး အကြီးအကျယ် ကုန်သည်။ ထို့ကြောင့် အမြဲတမ်းတရားရုံးတရုံးရှိသင့်သည်ဟု
ယူဆ ကာ လက်ရှိတရားရုံးများ၏ အားနည်းချက် ကို ပြုပြင်ရန်အတွက် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး
ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ အပိုဒ် (၁) ၌ ပြဌာန်းထားသည့်ရည်ရွယ်ချက်မှာ
ဖြည့်ဆည်းပေးရန်၊ အကူ အညီပေးရန် ဖြစ်သည်။ နိုင်ငံများ၌ရှိသည့် တရားရုံးများ၏ တရားစီရင်ရေးစနစ်များကို
ပံ့ပိုးပေးရန်ဖြစ်သည်။ နိုင်ငံအတွင်းဖြစ်ပေါ်နေသော လူ့ အခွင့်အရေးချိုးဖေါက်မှုများအား
ထိုနိုင်ငံ၏တရားရုံးနှင့် တရားစီရင်ရေးစနစ် များက တိတိကျကျ အရေးယူဆောင်ရွက်ပေးခြင်း
မြုပ နိုင်ပဲ၊ ထိရောက်မှုမရှိ၊ အားနည်းနေသည်ဆိုလျှင် နိုင်ငံ တကာပြစ်မှုဆိုင်ရာတရားရုံးက
ဖြည့်ဆည်းကူညီသွားမည် ဖြစ်သည်။
နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေသည်
နိုင်ငံနှင့်တိုင်းပြည်ကို အခြေမခံ။ လူတဦးချင်းကို အခြေခံသည်။ သို့သော် ရိုးရိုးလူ
သတ်မှု၊ မုဒိန်းမှုများကို မဆိုလို။ နိုင်ငံတကာကစိုးရိမ်လောက်သည့် အဆိုးဝါးဆုံးသော
ရာဇ ၀တ်မှုများအပေါ်တွင် စီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံးသည်။ တချိန်တည်းမှာပင် သက်ဆိုင်ရာတိုင်းပြည်များ၏
ပြစ်မှုဆိုင်ရာစီရင်ပိုင်ခွင့် လုပ်ထုံးလုပ်နည်းကိစ္စရပ် များအတွက် ကူညီဖြည့်ဆည်းပေးသည်။
တတ်နိုင်သမျှ သက်ဆိုင်ရာတိုင်းပြည်၏ အချုပ်အခြာအာဏာကို မထိပါးအောင်၊ အကြီးအကျယ်မဖျက်ဆီးမိအောင်
အခြေခံ စဉ်းစားကြသောအခါ သက်ဆိုင်ရာအမျိုးသားတရားရုံးများ သူ့ဖာသာ ကောင်းမွန်စွာလည်ပတ်နေနိုင်ရန်၊
အနှောင့်အယှက် မဖြစ်စေရန် လိုအပ်သည်။ အစဉ်အလာ နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာကို ထိပါး၍မရသော်လည်း
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးကမူ အတိုင်းအတာတခုအထိ ပြောင်းလဲသွားသည်။ နိုင်ငံသားတဦး၏
အခြေခံအခွင့်အရေးများကို ထိခိုက် နစ်နာခံရပြီဆိုပါက သူ့နိုင်ငံအတွင်းမှာဖြစ်သော်ငြား
သက်ဆိုင်ရာနိုင်ငံကိုကျော်၍ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးသို့ တိုင်ကြား အရေးဆိုခွင့်ရှိသည်။
ဤသည်မှာ နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ ထူးခြားချက်ပင်။ အပိုဒ် ၅ အရ နိုင်ငံတကာ
ပြစ်မှုဆိုင်ရာ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအတွင်းတွင် ဖြစ်ပွားသောပြစ်မှုများအနက်
အောက်ပါအချက်လေးချက်ကို စီရင်ခွင့်ရှိသည်။
(၁) သက်ဆိုင်ရာနိုင်ငံအတွင်းတွင်
မျိုြးုဖတ်သုတ်သင်ရန်ရည်ရွယ်သော ပြစ်မှုများ ကျုးလွန်ခြင်း၊ အပိုဒ် ၆ အရ ရည်ရွယ်ချက်ဖြင့်
အမျိုးသားရေးအရသော်၎င်း၊ လူမျိုးရေးအရသော်၎င်း၊ ဘာသာရေးအရသော်၎င်း၊ လူမျိုး စုတိုင်းရင်းသားများကိုသော်၎င်း
တခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ကြံရွယ်သတ်ဖြတ်ခြင်းကို ဆိုလို သည်။ ဂျာမနီတွင်
ဂျုးများအသတ်ခံရမှု၊ ရ၀မ်ဒါတွင် ဟူတူများက တွတ်စီများကို သတ်ဖြတ်မှုမျိုးဖြစ်သည်။
(၂) တိုင်းရင်းသားများ၊
လူမျိုးကွဲများ၊ ဘာသာကွဲများအား ခန္ဒာကိုယ်ကိုဖြစ်စေ၊ စိတ်ကိုဖြစ်စေ ဆင်းရဲဒုက္ခ ရောက်စေရန်
ကြံရွယ်လုပ်ဆောင်ခြင်းသည် ဖိနှိပ်ည‡င်းဆဲမှုဖြစ်သည်။ ဘာသာရေးကိုးကွယ်မှုကို
စနစ်တကျ ချိုးနှိမ်ဖျက်ဆီးခြင်းသည် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပျက်စီးစေသည်။ ဥပမာ
ခရစ်ယန်ဘုရား ကျောင်းများ ကိုဖျက်ဆီး၍ ဗုဒြွဘာသာဘုန်းကြီးကျောင်းများ ဆောက်လုပ်စေခြင်းသည်
သုတ်သင်ဖျက်ဆီးမှု ဖြစ်သည်။
(၃) လူမျိုး၊ ဘာသာ၊
တိုင်းရင်းသားတို့၏ နေထိုင်စားသောက်မှု နေ့စဉ်ဘ၀အခြေအနေကို ဖျက်ဆီးခြင်းသည် လည်း မျိုြးုဖတ်သုတ်သင်မှုတမျိုးဖြစ်သည်။
ကရင်နီရွာပေါင်း ၈၀ ကျော်ကို ဖျက်ဆီးခြင်းသည် ကရင်နီတိုင်း ရင်းသားများဖြစ်သောကြောင့်ဖြစ်သည်။
လူကိုမသတ်သော်လည်း လူ့အဖွဲ့အစည်းတခု၏ လူမှုဘ၀ကို ဖျက် ဆီးပစ်လိုက်ခြင်းပင် ဖြစ်ပါသည်။
(၄) ရည်ရွယ်ချက်ရှိရှိဖြင့်
ကလေးမွေးဖွားခွင့်ကို စနစ်တကျ ပိတ်ပင်နှောက်ယှက်ခြင်းသည် လူမျိုးမပြန့်ပွား စေရန် ကြံစည်ခြင်းဖြစ်သည်။
ကလေးဖျက်ချစေခြင်း၊ အòမံဖြစ်အောင် ဆေးတိုက်ခြင်းစသည်တို့သည် မျိုြးုပတ်စေ ခြင်းပင်ဖြစ်သည်။
( တရုတ်ပြည်၌ မိသားစုစီမံကိန်းအရ မိသားတစုလျှင် ကလေးတယောက်သာ မွေးဖွား ခွင့်ပေးထားသည်။
တခိျု့နိုင်ငံများ၌လည်း ထိုသို့ မိသားစုစီမံကိန်းများ ရှိကြသည်။ လူဦးရေ အဆမတန် တိုးပွားမှုအား
တားဆီးရန်óကိးစားခြင်းဖြစ်သည်။ မွေးဖွားခွင့်ကို တားဆီးခြင်းမဟုတ်။ ဥပဒေဖြင့် ကန့်သတ်
ခြင်းဖြစ်သည်။ ထို့ကြောင့် လူမျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်၍မရ။ တရုတ်တပြည်လုံးကိုမဟုတ်ပဲ လူမျိုး တမျိုးကိုသာ ရည်ရွယ်ကန့်သတ်သည်ဆိုလျှင်မူ
လူမျိုးတုံးသတ်ဖြတ်မှုဟုပြောနိုင်သည်။ တဖန် ထိုသို့ ကန့် သတ်တားဆီးခံရသည့်အတွက် စိတ်ပိုင်းဆို်င်ရာ
အရကော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အကြီးအကျယ် ထိခိုက်ခံစား ရစေသည်ဆိုလျှင်လည်း လူမျိုးတုံးသတ်ဖြတ်ခြင်း
ဖြစ်သွားနိုင်သည်။
အထက်ပါပြစ်မှုများကို ကျုးလွန်ပါက နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး၏
ဥပဒေလမ်းကြောင်းကိုသုံး၍ တရားစွဲဆိုနိုင်သည်။
မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မူပိုင်
0 comments:
Post a Comment