Saturday, November 26, 2011

မြန်မာတစ်နိုင်ငံလုံး ဆင်းရဲနွမ်းပါးမှုလျှော့ချရန် စီမံကိန်းခြောက်ခု DFID စတင်

by Zegyo Mandalay on Saturday, November 26, 2011 at 9:04pm
 
ဗြိတိန်နိုင်ငံရှိ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန Department International Development (DFID) က ကူညီထောက်ပံ့ပြီး မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် နိုင်ငံတစ်ဝန်းတွင် စီမံကိန်းကြီးခြောက်ခု စတင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် အခြေစိုက် ဗြိတိန်နိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူ အမျိုးသမီးတစ်ဦးက နိုဝင်ဘာလ ၂၂ ရက်နေ့၌ အတည်ပြုပြောကြားသည်။ အဆိုပါ စီမံကိန်းခြောက်ခုကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအုပ်စုများမှ တစ်ဆင့် စတင်မည်ဖြစ်ကြောင်း ယင်းအမျိုးသမီးက ရှင်းပြသည်။ ကျေးလက်ဒေသနေ ဆင်းရဲမှုတွင် ပါဝင် ပတ်သက်နေပြီး မီးဖွားရန် အခက်အခဲရှိသော မိခင်တစ်သိန်းသုံးသောင်းခန့်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ မီးဖွားနိုင်သည်အထိ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး အင်ဒရူးမစ်ချယ်လ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ဗြိတိန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်နေရသော အမျိုးသမီးပေါင်း တစ်သိန်းခွဲခန့်ကိုလည်း ကြိုတင်ကာကွယ်ပေးသွားနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုလောလောဆယ်တွင် ငှက်ဖျားဆေးနှင့်ပတ်သက်၍ ဆေးယဉ်ပါးမှု ပြဿနာများ ရင်ဆိုင်နေရသော မြန်မာနိုင်ငံကို ငှက်ဖျားဆေးသစ်များ၊ ကုသမှုနည်းသစ်များ ပေးအပ်သွားမည်ဖြစ်ပြီး လူနာပေါင်း တစ်သန်းကျော်ကို လျာထားပြီး ငှက်ဖျားရောဂါ လျှော့ချမှုအနေဖြင့် လူရှစ်သန်းကျော်အတွက် ခြင်ထောင်များ၊ ရောဂါစစ်ဆေးမှုများ၊ ကုသမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မူလတန်း ကျောင်းနေအရွယ် ကျောင်းသားကလေးငယ်ပေါင်း နှစ်သိန်းကျော်ကို ကျောင်းနေစဉ် တစ်လျှောက်တွင် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အမျိုးသမီးပေါင်း တစ်သိန်းကျော်ခန့်ကိုလည်း ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း၊ ကျေးလက်နေ ဆင်းရဲနွမ်းပါးသော အမျိုးသား၊ အမျိုးသမီးပေါင်း တစ်သိန်းနီးပါးခန့်ကိုလည်း ၎င်းတို့၏ လုပ်ငန်းများ ပိုမိုလည်ပတ်သွားရန်အတွက် အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဲဒီအထောက်အပံ့က ဒီက အဆင်းရဲ အနွမ်းပါးဆုံးနဲ့ ဘေးအန္တရာယ် ကျရောက်နိုင်ဖွယ် အရှိဆုံးလူတွေရဲ့ ဘဝတွေမှာ တကယ့် တိုးတက်မှုတွေ ဖြစ်လာအောင် ဆောင်ရွက်ပေးသွားပါလိမ့်မယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ဖွံ့ဖြိုးရေးဌာန အကြီးအကဲ ဝှိုက်ကင်ဟမ်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း ယင်း ဌာန၏ Website တွင် ဖော်ပြထားသည်။ အဆိုပါ ကူညီထောက်ပံ့မှုများအတွက် ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၇၅ သန်းခန့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...