Tuesday, November 22, 2011

၎-၁။ တရားဥပဒေစိုးမိုးရေး၏ အဓိပ္ပါယ်ဖေါ်ညွှန်းချက်များ။ (The Definition of Rule of Law)


မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မူပိုင် ...

          ယနေ့မျက်မှောက်ကာလ၏ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်သော ယူဆချက်များသည် တစုံတခု သောအတိုင်းအတာတရပ်အဖြစ် သတ်သတ်မှတ်မှတ် လက်ခံထားသည့်အနေအထားတွင် ရှိနေပြီဖြစ်သည်။ ဥပဒေ၏ပင်ကိုယ်လေးနက်မှု၊ ဥပဒေသဘောတရားများနှင့် ဥပဒေနောက်ခံသမိုင်း ကြောင်းများပေါ်တွင် အခြေခံ၍ ပေါ်ပေါက်လာခဲ့သော တရားဥပဒေစိုးမိုးရေးအား အနက်အဓိပ္ပါယ် ဖေါ်ညွှန်းရာတွင် ဥပဒေနှင့် ထိစပ်မှုရှိသော နိုင်ငံတော်အာဏာကြီးသုံးရပ်ဖြစ်သည့် ဥပဒြေုပရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအစရှိသည့် နယ်ပယ် အသီးသီးနှင့်ပတ်သက်၍ ထွက်ပေါ်လာသော အယူအဆများအဖြစ် လည်း မြင်တွေ့နိုင်ပေသည်။ ၄င်းတို့အားစုစည်းဖေါ်ပြခြင်းအားဖြင့် တရား ဥပဒေစိုးမိုးရေး၏ အနက်အဓိပ္ပါယ်မှာ မည်သို့ဖြစ်သည် ဆိုသည်ကို နားလည်နိုင် မည်ဖြစ်ပေသည်။
          တရားဥပဒေစိုးမိုးရေးအယူအဆ၏ မူလဇစ်မြစ်အခြေခံကို ဂရိနှင့်ရောမဥပဒေများတွင် တွေ့ရှိရပေ သည်။ ထိုအခြေခံယူဆချက်ဆိုသည်မှာ စင်္ကြ၀ဌာတခုလုံးနှင့်သက်ဆိုင်သောဥပဒေသည် နေရာဒေသ မရွေး၊ အချိန်ကာလမရွေး၊ ယောင်္ကျားမိန်းမမရွေး လူသားအားလုံးနှင့်ပတ်သက်အကြုံး ၀င်သည်ဆိုသော အချက်ကို လူသားတို့ပြုလုပ်သောဥပဒေများနှင့် ဆက်စပ်စဉ်းစားခဲ့ခြင်းပင်ဖြစ်ပေသည်။ အဆိုပါစဉ်းစား တွေးခေါ်ချက်မှ ယနေ့ထိတိုင်ဆက်လက်၍တည်ရှိနေသော အဓိကအချက်မှာ ဥပဒေဆိုသည်မှာ အချိန်နှင့် ပတ်ဝန်းကျင်ကို လိုက်၍ပြောင်းလဲနေခြင်းမရှိဘဲ တသမတ်တည်းတည်ရှိ နေသည်ဆိုသည့် ဥပဒေ၏ ပင်မအခြေခံမူပင်ဖြစ် ပေသည်။ 

          အလယ်ခေတ်နှောင်းပိုင်းကာလ အထူးသဖြင့်ဥာဏ်သစ်လောင်း  ကာလ၌ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍- ကျိုးကြောင်းဆင်ခြင်မှုမြုပဘဲ တရားလက်လွတ် စိတ်ထင်ရာပြုလုပ်ခြင်း များကိုဆန့်ကျင်သည့် သဘောတရားများကိုဖေါ်ထုတ်ခဲ့ကြပေသည်။ ထိုကာလ၌ အဆင်ခြင်မဲ့ တရားလက်လွတ်ဆောင်ရွက်ချက်များ၊ ဥပဒေပြုစဉ်အခါကပင်ပါဝင်ခဲ့သော ကြောင်းကျိုးမဲ့ အကျိုးသက်ရောက်စေမှုများကို ဆန့်ကျင်၍၊ အားလုံးသော လုပ်ကိုင်ဆောင်ရွက်မှုများသည် ဥပဒေအရသာလျှင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ရမည့်အပြင်၊ ဥပဒေကိုလည်း ဥပဒြေုပပိုင်ခွင့်ရှိသော အချုပ် အခြာအာဏာပိုင်အဖွဲ့အစည်းက ပြဌာန်းလိုက်သည့်ဥပဒေဖြစ်ရမည်- ဟူ၍၄င်း၊ ဥပဒြေုပပိုင်ခွင့်ရှိ သည့်အဖွဲ့အစည်းဆိုသည်မှာ ပြည်သူလူထုကရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်သည့်ပါလီမန်(ပြည်သူ့ကိုယ်စားလှယ်များအဖွဲ့)ဖြစ်ရမည် –ဟူ၍၄င်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်သော အယူအဆများကိုဖေါ်ထုတ်ခဲ့ကြခြင်းဖြစ်ပေသည်။
          တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံရေးတွေးခေါ် မြော်မြင်မှု များ၌- သက်ဦးဆံပိုင်အာဏာရှင်ဝါဒ  ဖြင့်မတရားအုပ်ချုပ်မှု၊ သို့မဟုတ်၊ မင်းမဲ့စိုးမဲ့ အခြေအနေ နှင့်ဆန့်ကျင် လျှက်၊ (နိုင်ငံအတွင်းရှိ)လူပုဂ္ဂိုလ်များအနေဖြင့်ဖြစ်စေ၊ ထိုသူတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအနေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်များ၏ မတရာြးုပမူဆောင်ရွက်ခြင်းကို မခံထိုက်စေရဟူ၍၄င်း၊ တရားဥပဒေစိုးမိုးရေး ဆိုသည့် အယူအဆအေါက်၌ ဥပဒေနှင့်ညီညွတ် ပြီး၊ အနှောင်အဖွဲ့ကင်းလွတ်သည့်၊ မျက်နှာမလိုက်သော တရားရေးဘက်ဆိုင်ရာပဂ္ဂိုလ်များသည် (ထို) စံနစ်တခု၏ ထူးခြားသောဝိသေသလက္ခဏါအဖြစ်ပါဝင်သည်- ဆိုသောသဘောတရားများကို ဖေါ်ထုတ်လာခဲ့ကြသည်။

          တရားဥပဒေစိုးမိုးရေးသဘောတရားနှင့်ပတ်သက်ပြီး ယနေ့ကာလ တွေးခေါ်မြော်မြင်မှု အယူအဆများ ၌ အထက်ဖေါ်ပြပါအခြေခံကျသောအချက်များနှင့်ဆက်စပ်၍ တစုံတခုသောအတိုင်း အတာတရပ်အထိ သိသာ ထင်ရှားစွာမြင်တွေ့နိုင်သည့်အချက်လက်များကို လက်ခံထားရှိကြသည့်အနက် အောက်ဖေါ်ပြပါအချက်အလက် များလည်း ပါဝင်ပေသည်။ ၄င်းတို့မှာ-

(၁)     ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည် (The Supremacy of the Law)
          နိုင်ငံတခုအတွင်း၌ တရားဥပဒေသည် တန်ခိုးအာဏာအကြီးမြင့်ဆုံးနေရာ၌ရှိရပေမည်။ မည်သူမဆို ဥပဒေကိုကျော်လွန်၍လုပ်ကိုင်ဆောင်ရွက်ခြင်းမှန်သမျှကို မည်သည့်ဥပဒေကမျှ ခွင့်ြုပမည်မဟုတ်ပေ။ သက်ဆိုင်ရာ အာဏာပိုင်များသည် မိမိထင်ရာမြင်ရာကို လုပ်ကိုင်ဆောင်ရွက်ခွင့် အာဏာမရှိဘဲ တရားဝင် အတည်ဖြစ်နေသော ဥပဒေများနှင့်ဆီလျော်ကိုက်ညီသည့် အတိုင်းတာအရသာ လုပ်ကိုင်ဆောင်ရွက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ- မည်သည့်ကိစ္စရပ်ကိုမဆို ဥပဒေမဲ့၊ တရားလက်လွတ်ြုပမူဆောင်ရွက်ခြင်းကို ခွင့်မပြု ဘဲ၊ ပြဌာန်းထားရှိပြီးဖြစ်သော ဥပဒေများနှင့်အညီသာလျှင်၊ မည်သူမဆို လိုက်နာ၊ကျင့်ကြံ၊ ပြုမူဆောင်ရွက်စေ ခြင်းပင်ဖြစ်ပေသည်။
          ထို့အတူ ဥပဒေဆိုရိုးစကားတခုဖြစ်သော “ဥပဒေ၏အထက်၌မည်သူမျှမရှိစေရ။ဟုဆိုသော စကား ရပ်မှာလည်း ဥပဒေသည်သာ အကြီးမြင့်ဆုံးတန်ခိုးအာဏာဖြစ်သည် ဆိုသည်ကို ထပ်တူအဓိပ္ပါယ်ဖေါ်ညွှန်းခြင်း ပင်ဖြစ်သည်။ ဥပဒေတခုကြိုပလုပ်ပြဌာန်းပြီးဖြစ်ပါက အဆိုပါဥပဒေကို ဥပဒြေုပလုပ်သူအပါအ၀င်၊ နိုင်ငံသား အားလုံးက လေးစားလိုက်နာကြရမည်ဖြစ်သည်။ အဆိုပါ ဥပဒေကိုချိုးဖေါက်ပါက ဥပဒေကြိုပသူပင်ဖြစ်စေ၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးသော အစိုးရပင်ဖြစ်စေကာမူ ဥပဒေအရသတ်မှတ်ထားသည့်ပြစ်ဒဏ်ကို ကျခံရ မည်ဖြစ်ပေသည်။ ဤသည်မှာ တရား ဥပဒေစိုးမိုးရေး၏ အဓိကနှင့်အခြေခံအကျဆုံးသော မူတရပ် လည်းဖြစ်ပေသည်။
          တရားဥပဒေစိုးမိုးမှုမရှိသည့်နိုင်ငံများတွင်မူ အုပ်ချုပ်သူအာဏာရှင်များသည် တိုင်းသူပြည်သားများ လိုက်နာရန်အတွက် ဥပဒေအမျိုးမျိုးကိုထုတ်ပြန်၍ ကြီးလေးသောပြစ်ဒဏ်များကိုလည်း သတ်မှတ်ခါ ၄င်းတို့၏ ဥပဒေကိုချိုးဖေါက်သောသူများကို ရက်စက်စွာအပြစ်ပေးလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်ပေသည်။ သို့ရာတွင် ၄င်းတို့ကိုယ်တိုင်၌ကမူ ၄င်းတို့ထုတ်ပြန်ထားသောဥပဒေများကို လေးစားလိုက်နာခြင်းမရှိကြပေ။ ဆိုလိုသည်မှာ ဥပဒေဟူသည် အုပ်ချုပ်ခံတိုင်းသူပြည်သားများက လိုက်နာရန်ရေးဆွဲထားခြင်းသာဖြစ်ပြီး၊ ၄င်းတို့မှာမူအုပ်ချုပ်သူ များဖြစ်၍ ဥပဒေများ၏အထက်တွင်ရှိသဖြင့် ဥပဒေများကိုလိုက်နာရန်မလို- ဆိုသောအဓိပ္ပါယ်ပင်ဖြစ်ပေသည်။ ဥပဒေများကိုလည်း ၄င်းတို့၏အကျိုးစီးပွားကို ထိခိုက်လာနိုင်ရန် အကြောင်းပေါ်ပေါက်လာတိုင်း အချိန်အခါမရွေး အပြောင်းအလဲအမျိုးမျိုးကိုပြုလုပ်လေ့ရှိကြသည်။ မိမိတို့၏ အာဏာဆက်လက်တည်မြဲမှုအတွက် တရားဥပဒေ စိုးမိုးရေးကိုလစ်လျှူရှုပြီး၊ ဥပဒေကိုဖိနှိပ်မှု ယန္တယား တရပ်အဖြစ် အသုံးပြုခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သောအခြေအနေမျိုး ဆိုက်ရောက်နေသောကာလ၊ ဒေသ၊ အခြေအနေမျိုးဖြစ်ပါက  အဆိုပါနိုင်ငံတနိုင် ငံ၌ တရားဥပဒေစိုးမိုးမှုမရှိကြောင်းကို သိသာထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်ပေသည်။

          မြန်မာနိုင်ငံ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ)သည်  နိုင်ငံတော် အာဏာကို သိမ်းယူစဉ်အချိန်ကပင် ကြေညာချက်အမှတ် (၁/၈၈) ဖြင့်၊ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် လူသိ ရှင်ကြား ကတိက၀တ်ပြုထားပြီးဖြစ်သည့်နှင့်အညီ ၁၉၈၉ခုနှစ်၊ မေလတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ကို ပြဌာန်းခဲ့ပါသည်။ အဆိုပါဥပဒေကိုပြဌာန်းရခြင်း၏ မူလရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုက ရေစီ၊ အထွေထွေရွေးကောက်ပွဲများကိုကျင်းပ၍၊ ရွေးကောက်ပွဲများတွင်အနိုင်ရရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား နိုင်ငံတော် အာဏာကိုလွှဲပြောင်းပေးရန်ဖြစ်ပါသည်။ အဆိုပါ ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲဥပဒေ၏ အခန်း(၁) ပုဒ်မ ၂(က)တွင် “လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုသည်ဟု ဖေါ်ပြထားချက်အရ၄င်း၊ အခန်း(၂) ပုဒ်မ ၃ တွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်း ရမည်။ဟုပြဌာန်းထားချက် အရ၄င်း၊ ရွေးကောက်ပွဲများကျင်းပပြီးနောက် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များဖြင့် ပြည်သူ့လွှတ်တော်ကိုခေါ်ယူဖွဲ့စည်းမည်ဖြစ်ကြောင်းမှာ အထူးထင်ရှားပေါ်လွင်ပါသည်။

          မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သော အစဉ်အလာအရ ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ရက်ပေါင်း (၉၀) ပတ်ဝန်းကျင်အတွင်း လွှတ်တော်ကိုဖွဲ့စည်းခဲ့ကြပါသည်။ သို့ရာတွင် ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့ ရွေးကောက်ပွဲများကျင်းပပြီးစီးသည့်အချိန်မှစ၍ ယနေ့ထိတိုင်အောင် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းနိုင်ခြင်း မရှိ သေးသည်ကိုတွေ့ရပါသည်။ ဥပဒေအရဖွဲ့စည်းခွင့်ရှိသော်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စကို ဆန်းစစ်ကြည့်ရာတွင် အုပ်ချုပ်သူစစ်အစိုးရက ၄င်းတို့ထုတ်ပြန်ထားသည့်ဥပဒေကိုပင် မထီလေးစားနှင့် မသိကျိုးကျင်၊ မျက်ကွယ်ြုပနေသည့်ကိစ္စကို အထင်အရှားတွေ့ရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်တို့၏ မတရား ဖိနှိပ်ကြီးစိုးမှုအောက်၌ ဥပဒေ တို့ ပြားပြားဝပ်ကျရောက်နေသည်ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။
          စစ်တပ်အာဏာသိမ်းပြီးနောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရာတွင်ကျွန်တော်တို့အနေနဲ့ အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဟာ နိုင်ငံတနိုင်ငံကိုရှိသင့်ရှိထိုက်တဲ့ အင်္ဂါတစ်ရပ်နှင့်ပြည့်စုံစေဖို့၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် တာဝန်တွေ ခွဲဝေထမ်ဒဆောင်စေနိုင်ဖို့အတွက်သာဖြစ်ပြီး ပုဂ္ဂိုလ်အနည်းငယ်မျှနှင့်သာ တာဝန်တွေများပြားစွာ ပေးအပ်ထားခြင်းက နိုင်ငံတော်အာဏာကို ကြာရှည်လေးမြင့်စွာ ရယူထားလိုသောဆန္ဒလုံးဝမရှိကြောင်းကို ထင်ရှားစေပါတယ် ဟုလည်းကောင်း “ကျွန်တော်တို့ တာဝန်ယူရမဲ့ကာလဟာ အလွန်တိုတောင်းလှတဲ့ အတွက် ရေရှည်ြုပပြင်ဆောင်ရွက်ရမဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများကိုတော့ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကျင်းပ ပြီး နောက်တက်ရောက်လာမယ့် အစိုးရအဖွဲ့အစည်းကဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်ဟု ကမ္ဘာသိ မြန်မာသိကြေညာခဲ့ပါသည်။ ထို့ပြင်ကာကွယ်ရေးဦးစီးချုပ်၏ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျှားပြန်မည် ဆိုသောကတိ၊ ၁၉၈၉ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ပြည်တွင်းပြည်ပသတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည့်- “ကျွန်တော်အာဏာကို ဥပဒေနှင့်အညီလွှဲမယ်။ Majority vote နဲ့ government form up လုပ်နိုင်ရင်လွှဲပေါ့ဗျ။ ကျွန်တော်သဘောတူပါတယ်။ ဟူသောကတိ၊ “Constitution အသစ်ဆွဲချင် သလား၊ ဆွဲလို့ကျွန်တော်တို့ပြောတယ်။ အမတ်ဘယ်လောက်ရရင် ဒါကတော့ ဒီလောက်ရရင် အစိုးရအဖွဲ့ကို လွှဲပေးရမယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော် ဘာငြင်းစရာရှိလဲဗျာ။ ကျွန်တော် ဒီမှာ လွှဲပေးရမှာပေါ့။ ဘယ် Constitution ကိုယူမလဲ။ နိုင်ငံတစ်ခုရှိရင် အစိုးရတစ်ခုရှိရမယ်။ သူ့မှာအခြေခံ Constitution ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမယ်။ ဘယ်ဟာ Amendment ကို Recognize လုပ်မလဲ။ လုပ်မလား။ ဘာ ညာ၊ ဒါတွေကတော့ ပါတီတွေစဉ်းစားရမဲ့ကိစ္စဗျ။ဟူသောကတိက၀တ်များကို ယနေ့တိုင်အောင်တာဝန်ယူနေသော စစ်ခေါင်း ဆောင်များက ပယ်ဖျက်နေကြပါသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်အမှတ် ၅၀ (၉/၉၈) တွင်  ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေးနှင့်ပတ်သက်၍ ဖေါ်ပြထားသည်ကိုတွေ့ရပေသည်။

          ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ၊ ၁၉၉၀ပြည့်နှစ်၊ မတ်လ (၂၇) ရက်နေ့၊ (၄၅) နှစ်မြောက် တော်လှန်ရေး နေ့ စစ်ရေးပြအခမ်းအနား၌ ထိုစဉ်ကတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှုးကြီးစောမောင်က မိန့်ခွန်းပြောကြားရာ၌ “တည်ဆဲတရားဥပဒေတွေကို တို့အပါအ၀င် ပြည်သူအားလုံးက လေးလေးစားစား လိုက် နာကြရမှာဖြစ်တယ်-- -  အမှန်စင်စစ်တော့ တရား ဥပဒေကို လိုက်နာစောင့်ထိန်းဖို့တာဝန်ဟာ နိုင်ငံအတွင်း မှီတင်းနေထိုင်သူဟူသမျှ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး၊ ဆင်းရဲချမ်းသာမရွေး အားလုံးရဲ့တာဝန်ပဲ ဖြစ်တယ်  ဒီမိုကရေစီထွန်းကားရေးကို ရိုးရိုးသားသားလိုလားတယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကို ကြည်ကြည် သာသာကြိုဆိုရမယ်။ တရားဥပဒေမစိုးမိုးနိုင်ရင် ဒီမိုကရေစီဆိုတာမရှိနိုင်ဘူး။ ဒီမိုကရေစီကျင့်စဉ်တည်ဆောက် ရေးအတွက် ရွေးကောက်ပွဲနည်းလမ်းကလွဲရင် ဘာမှမလိုက်လျှောနိုင်ဘူး။ ပါတီတွေကို သီးသန့်ပြောခြင်တာ ကတော့ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့ပြီးရင် ကြိုက်တာလုပ်ကြပါဟု- တနိုင်ငံလုံးသို့လူသိရှင်ကြား ပြောဆိုကတိပေးချက်များကိုကြည့်လျှင်လည်း ရွေးကောက်ပွဲလုပ်ပေးခြင်းမှာ ပြည်သူ့လွှတ်တော်ခေါ်ယူပြီး အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများကို အစိုးရဖွဲ့စည်းခွင့်ပေးရန်ဖြစ်ကြောင်း သိသာထင်ရှားစေပြီးဖြစ်ပါသည်။

          သို့ရာတွင် ၁၉၉၀ ပြည့်နှစ်၊မေလ(၂ရ) ရက်နေ့၌ တနိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်၍ တရားမျှ တသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကို ကျင်းပသည့်အခါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ (၄၈၅) နေရာအနက်၊ (၃၉၂) နေရာတွင် အနိုင်ရရှိခဲ့သဖြင့် ရာခိုင်နှုနုး အားဖြင့်(၈၂) ရာခိုင်နှုန်းခန့်ဖြင့် အပြတ်အသတ်လုံးလုံးလျှားလျှား အနိုင်ရရှိခဲ့ခြင်းဖြစ်ပေသည်။ ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲဥပဒေအရ အနိုင်ရပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူ ကျင်းပခွင့်ြုပရမည် ဖြစ်သော်လည်း၊ (၁၂) နှစ်ကာလကျော်လွန်လာသည့် ယနေ့ထက်တိုင် ပြည်သူ့လွှတ်တော် ကို ခေါ်ယူကျင်းပခွင့်မပြု၊ နိုင်ငံတော်အာဏာကိုလည်း ရွေးကောက်ပွဲများဖြင့်တက်ရောက်လာကြသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအားလွှဲပြောင်းခြင်းမရှိဘဲ အာဏာကိုကြာရှည်ကြာမြင့်စွာ သိမ်းယူထားခြင်းမှာ မြန်မာနိုင်ငံ၌ တရားဥပဒေစိုမိုးမှုမရှိခြင်းကို သက်သေထင်ရှားပြနေခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးနေခြင်းမရှိဘဲ အာဏာရှင်စစ်အစိုးရကသာလျှင် ဥပဒေ၏အထက်မှနေ၍ ဥပဒေမဲ့ ကြီးစိုးနေခြင်းသာဖြစ်ကြောင်းတွေ့မြင်နိုင်ပေသည်။
          မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေးမထွန်းကားခြင်း၏ အခြားထင်ရှားသောလက္ခဏာများမှာ- မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ  ပုဒ်မ ၂၀ (က)တွင် “မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပုဒ်မ ၂၀ (ခ) တွင် “မူးယစ်ဆေးဝါး၊ သို့မဟုတ်၊ စိတ်ကိုပြောင်းလဲစေသောဆေးဝါးကို ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ယင်းသို့တင်သွင်းခြင်း၊ တင်ပို့ခြင်ြးုပလုပ်ရန် ဆက်သွယ်ခြင်း တို့ကို မည်သူမဆြိုပလုပ်ပါက ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအားထောင် ဒဏ်အနည်းဆုံး (၁၅) နှစ်မှ၊ အများဆုံးနှစ်အကန့်အသတ်မရှိ ထောင်ဒဏ် အထိဖြစ်စေ၊ သေဒဏ် ဖြစ်စေချမှတ်ရမည်- ဟုဥပဒေပြဌာန်းထားသော်လည်း ကမ္ဘာကျော် မူးယစ်ဆေးဝါး ရာဇာကြီးများကို န၀တ/နအဖ စစ်အာဏါပိုင်တို့က တရားစွဲဆိုခြင်း၊ အပြစ်ပေးအရေးယူခြင်းများ လုံးဝမရှိသည့် အပြင် အကာအကွယ်ပင်ပေး၍စောင့်ရှောက်ထားခြင်းမှာ လွန်စွာအရုပ်ဆိုးအကျည်းတန်စေသော တရားဥပဒေ စိုးမိုးမှုကင်းမဲ့ခြင်း၏ ပြယုဂ်လက္ခဏာပင်ဖြစ်ပေသည်။ ထိုသို့ဖြစ်ခြင်းမှာ မြန်မာနိုင်ငံ၌ စစ်အာဏာပိုင်များနှင့် မူးယစ်ဆေးဝါးရာဇာများသည် တရားဥပဒေ၏အထက်တွင်ရှိသည်ဟု ဆိုခြင်းပင်ဖြစ်ပေသည်။ 

          ဥပဒေသည် အကြီးမြင့်ဆုံးဖြစ်သည်။ ဥပဒေအထက်၌ မည်သူမျှမရှိရဟူသောအချက်ကို  ရှေးခေတ်လူ များက လက်မခံခဲ့ချေ။ အချုပ်အခြာအာဏာပိုင်မှုသည် ဘုရင်ထံ၌ရှိ၍ ဘုရင်ကို ဘုရား သခင်ကခန့်ထားခြင်း သာဖြစ်ပြီး၊ ဘုရင်ထုတ်ပြန်သည့်ဥပဒေတို့မှာလည်း ဘုရားသခင်၏အလိုတော်အရ ဖြစ်သည်ဟုခံယူခဲ့ကြသည်။ နိုင်ငံဟူသည်ပင် ဘုရားသခင်၏တန်ခိုးတော်အရ ဖွဲ့စည်းသည်ဖြစ်သည့်အပြင် ဥပဒေများသည်လည်း ဘုရား သခင်၏ အလိုတော်အတိုင်းသာဖြစ်သည်ဟု လက်ခံခဲ့ကြသည်။ အဆိုပါတရားဥပဒေများသည် အကြွင်းမဲ့ မှန်ကန်၍ ထာဝရတည်မြဲနေမည်ဟူ၍လည်းကောင်း၊ မင်းနှင့်ပြည်သူတို့အပေါ်၌ ကျောသားရင်သားမခွဲခြားဘဲ ကွပ်ကဲထိန်းချုပ်နိုင်သည် ဟူ၍လည်းကောင်း ထိုဥပဒေများကိုလူသားအနေနှင့် မည်သူကမျှ ပြဌာန်းပြင်ဆင်နိုင် ခွင့်မရှိဟူ၍ လည်းကောင်း ယုံကြည်ခဲ့ကြသည်။
နောက်ပိုင်း၌လူတို့၌သည် စူးစမ်းလိုသောစိတ်နှင့် ဆင်ခြင်တုံတရား၌ ယုံကြည်စိတ်နှစ်ရပ်တို့ကို ပေါင်း စပ်လာရမှ အတွေးအခေါ်များရင့်ကျက်လာပြီး၊ လူ့လောက၌လူတို့မစွမ်းဆောင်နိုင်သောအရာသည် အနည်း ငယ်မျှသာရှိသည်ဟု ယုံကြည်လာသည်။ ထို့အပြင် လူသားတို့အနေဖြင့် မမြင်အပ်သော တန်ခိုးအာဏာရပ်များ ၏ လွမ်းမိုးမှုကိုမခံယူလိုတော့ဘဲ ခေတ်နောက်ကျသည့်အတွေး အခေါ်တို့ကို တော်လှန်ဖယ်ရှားကာ မိမိတို့ လူ့အဖွဲ့အစည်းကို မိမိတို့စိတ်တိုင်းကျ ဖွဲ့စည်းတည် ထောင်လာခဲ့ ကြသည်။
          ထိုသို့အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ရာမှ ယနေ့မျက်မှောက်အခြေအနေတွင် လူ့အဖွဲ့အစည်းအား နည်းလမ်းတကျထိန်းကွပ်နိုင်ရန် ဥပဒေများ ရေးဆွဲပြဌာန်းလာပြီး အရာရာတွင် တရား ဥပဒေလွမ်းမိုးနိုင်ရေးဟူ သော အတွေးအခေါ်တို့ ဖြစ်ပေါ်လာခဲ့ရသည်။ မှန်ကန်မျှတပြီး၊ တရားနည်းလမ်း ကျသည့် ဥပဒေတစ်ခုကို မည်သည့်တန်ခိုးရှင်၊ ဖန်တီးရှင်မျှချေဖျက်၍မရကြောင်းကို ယနေ့လူသားတို့ လက်ခံခဲ့ပြီးဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဆိုရာတွင် ဥပဒေသည်သာ အမြင့်မားဆုံးနေရာ၌ရှိရမည် ဟူသောအချက်၌ “ဥပဒေကို ချိုးဖောက်ခြင်းမရှိလျှင်၊ မည်သူမျှပြစ်ဒဏ်မခံထိုက်စေရ  “ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှား မပြနိုင် သရွေ့၊ အပြစ်ကင်းစင်သူဟုမှတ်ယူရမည်  ဟူသောဥပဒေ၏ အခြေခံမူသဘောတရားများသည် တရားဥပဒေ စိုးမိုးရေးအတွက် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ပေသည်။
          တရားဥပဒေကိုချိုးဖောက်မှုမရှိလျင် မည်သူမျှပြစ်ဒဏ်ကျခံခြင်းမခံထိုက်စေရ-ဟုဆိုရာတွင် ဥပဒေ၏ သဘောသဘာဝအရ ဥပဒေချိုးဖောက်သူကိုသာလျှင် ဥပဒေအရအပြစ်ပေးနိုင်ပေသည်။ ဥပဒေတရပ်၌ ပြစ်မှု မြောက်ရန်အတွက် ဆောင်ရန်၊ရှောင်ရန်သတ်မှတ်ထားသော ပြစ်မှုအင်္ဂါရပ်များ ပါရှိပြီးသားဖြစ်သည်။ အဆိုပါ ပြစ်မှုအင်္ဂါရပ်တခုခုကို ဖောက်ဖျက်ကျူးလွန်မှသာလျင် အပြစ်ဒဏ်ပေးရမည်ဖြစ်သည်။ ပြစ်မှုအင်္ဂါရပ်တခုခုကို ဖေါက်ဖျက်ကျူးလွန်ခြင်းမရှိဘဲ မည်သူ့ကိုမျှ၊ မည်သည့် အကြောင်းနှင့်မျှ ပြစ်ဒဏ်ပေး၍မရပေ။ ထိုသို့မဟုတ်ဘဲ ထင်ကြေးဖြင့်ဖြစ်စေ၊ ဆန္ဒစွဲဖြင့်ဖြစ်စေ၊ အဂတိတရားတို့ဖြင့်ပြစ်ဒဏ်ပေးမည်ဆိုပါက ပြည်သူတို့၏ဘ၀မှာ လုံခြုံမှု ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် အပြစ်ရှိသူအားအပြစ်ဒဏ်ပေးစေပြီး၊ အပြစ်မဲ့သူအား ဥပဒေအရကာကွယ် ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရန်အတွက် အားထုတ်ရမည်ဖြစ်ပေသည်။
          ပြစ်မှုကျူးလွန်ကြောင်းသက်သေထင်ရှားမပြနိုင်သရွေ့ကာလပါတ်လုံး အပြစ်ကင်းစင်သူဟု မှတ်ယူ ရမည်- ဆိုသည့်အချက်သည်လည်း တရားဥပဒေစိုးမိုးရန်အတွက် လိုအပ်ချက်ဖြစ်သည်။ အပြစ်ပေးလိုလျှင်-သက်သေမလို၊ ဟူသော စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုအောက်၌ နိုင်ငံသားတို့သည် မတရားစွပ်စွဲခံရသည့် အချိန်မှစ၍ အပြစ်ရှိသည့်တရားခံတဦးကဲ့သို့ပြုကျင့်ခြင်းခံရလေ့ရှိခြင်းမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းကြောင့် ဖြစ်ကြောင်း အထင်အရှားသက်သေပြနေခြင်းပင်ဖြစ်သည်။ 

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကျေညာစာတမ်း UDHR (Universal Declaration of Human Rights) ပါ အပိုဒ် ၁၁ (၁) ၌လည်း “လူအများရှေ့မှောက်၌ ဥပဒေ အတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟုထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ရာဇ၀တ်ပြစ်မှုဖြင့် တရားစွဲဆို ခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက် သည့် အခွင့်အရေးရှိသည်၊ ဟုဖေါ်ပြထားပေသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (ICCPR) အပိုဒ် ၁၄ (၂) ၌လည်း “ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသောသူတိုင်းသည် ဥပဒေအရအပြစ်ရှိသည်ဟု သက်သေထင်ရှား မပြနိုင်မချင်း၊  မိမိမှာအပြစ်မရှိသူဟု ထင်မှတ်ခံရရန်အခွင့်အရေးရှိသည် ဟုပြဌာန်းထားပါသည်။
          တရားခံတစ်ဦးသည် မိမိအပြစ်ရှိကြောင်းကို မိမိကိုယ်တိုင်သက်သေပြရန်တာဝန်မရှိချေ။  စွပ်စွဲသူ အနေဖြင့် စွပ်စွဲခံရသူမှာအပြစ်ရှိကြောင်း သက်သေထင်ရှားပြရန်တာဝန်ရှိပေသည်။  “ငါတော့စွပ်စွဲလိုက်ပြီ မမှန်ရင်ထုချေဟု သက်သေပြရန်တာဝန်ကိုပခုံးပြောင်း၍မရပေ။ တစ်ဦးတစ်ယောက်သည် ပြစ်မှုတစ်ခု အတွက်စွပ်စွဲခံရပြီး လုပ်ထုံးလုပ်နည်းကျနစွာ သက်သေအစစ်ခံချက် ကိုရယူခြင်း၊ တရားခံအပေါ်၌ အဆိုပါ ပြစ်မှုအရစွဲချက်တင်ခြင်း၊ တရားခံအားစစ်ဆေးခြင်း၊ တရားခံပြ သက်သေကိုစစ်ဆေးခြင်း၊ စသည်တြို့ပုလုပ်ပြီး နောက် တရားရုံးမှတရားခံအပေါ်၌အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်မှသာလျှင် အဆိုပါလူအားအဖြစ် ရှိ သည်ဟု မှတ်ယူရမည်ဖြစ်သည်။ သက်သေ ထင်ရှားတွေ့ရှိမှသာလျှင် တရားခံအားအပြစ်ပေးရမည်ဖြစ်ပြီး သက်သေခံချက်တို့မှာ အားနည်း၍ သံသယများဖြစ်ပေါ်လာခဲ့ပါက သံသယ၏အကျိုးကိုတရားခံမှခံစားခွင့်  ရှိရ မည်မှာ တရားရုံး၏ ကျင့်စဉ်တရပ်ပင်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင် ထင်ကြေးဖြင့်အပြစ်မပေးရ- ဟုဆိုခြင်း ဖြစ်ပါ သည်။ ယင်းအချက်နှင့်စပ်လျှဉ်း၍ သက်သေခံအက်ဥပဒေ ပုဒ်မ (၁၀၁) တွင်  “မည်သူမဆို ဟုတ်မှန် ကြောင်း မိမိပြောဆိုသော အကြောင်းခြင်းရာများကို အမှီပြုလျှက် ဥပဒေအရ အခွင့်အရေး၊ သို့မဟုတ်၊ တာဝန် နှင့်ပတ်သက်၍ တရားရုံးကစီရင်ချက် ချမှတ်ပေးစေလိုလျှင်၊ ၄င်းအကြောင်းခြင်းရာများရှိကြောင်းကို သက်သေ အထင်အရှားပြရမည်၊ ဟု ပြဌာန်းထားရှိပါသည်။

          သက်သေအထောက်အထားများအရ သံသယကင်းရှင်းသော အထောက်အထားများ မဟုတ်သဖြင့် အဆိုပါအထောက်အထားများအပေါ်တွင်အခြေပြု၍ တရားခံကိုအပြစ်ပေးလိုက်ပါလျှင်လည်း မှားယွင်းနိုင် သကဲ့သို့၊ တရားခံအားအပြစ်မှလွှတ်လိုက်ပါလျှင်လည်း မှားယွင်းနိုင်သည့် အခြေအနေမျိုးတွင်၊ အပြစ်မရှိသူ တဦးတယောက်ကို မှားယွင်း၍အပြစ်မပေးမိစေရန်အတွက် လွှတ်ပေးခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ဥပဒေ ဆိုရိုး စကား၌ “အပြစ်ရှိသူဆယ်ဦးကို လွှတ်လိုက်ခြင်းထက် အပြစ်မရှိသူတစ်ဦးကိုအပြစ်ပေးမိခြင်းက ပို၍ဆိုးသည် ဟူ၍ပြောစမှတ်ပြုကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာပိုင်များလက်အောက်၌ တိုင်းသူပြည်သားတို့ အခြေအနေမှာ အပြစ်ရှိ ကြောင်းသက်သေထင်ရှားပြသခြင်းထက်၊ ၄င်းတို့နှင့်ဆန့်ကျင်ဘက်အမြင်ရှိမရှိကိုသာ ကြည့်ရူ့လေ့ ရှိပြီး၊ ၄င်းတို့ကအတိုက်အခံများဟု သတ်မှတ်ထားသော နိုင်ငံရေးပါတီများမှ ပါတီဝင်များအပေါ်၌ အပြစ်မရှိအပြစ်ရှာ၍ အကြောင်းအမျိုးမျိုးပြပြီး၊ ကြီးလေးသောပြစ်ဒဏ်များ ပေးနေခြင်းမှာ တရား ဥပဒေစိုးမိုးမှု မရှိသောကြောင့်ဖြစ်ရသည်ဆိုသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်ပေသည်။

          အချုပ်အားဖြင့်ဆိုရလျှင် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေသည်သာအမြင့်ဆုံးနေရာ၌ ရှိရပေမည်။ မည်သူမျှ ဥပဒေ၏အထက်တွင်မရှိရပေ။ သို့မှသာလျှင် မည်သူမဆို ဥပဒေ၏အကျိုးကျေးဇူးနှင့် ဥပဒေ၏အကာ အကွယ်ကို ရယူခံစားနိုင်မည်ဖြစ်ပေသည်။ မည်မျှတန်ခိုးအာဏာရှိသည့် အုပ်ချုပ်သူပင်ဖြစ်လင့်ကစား ဥပဒေကို ချိုးဖေါက်ပါက ဥပဒေအရသတ်မှတ်ထားသည့်ပြစ်ဒဏ်ကိုခံရ မည်ဖြစ်သကဲ့သို့၊ သာမန်ပြည်သူတယောက်ပင် ဖြစ်လင့်ကစား ဥပဒေကိုချိုးဖေါက်ခြင်မရှိပါက၊ မည် သူကမျှပြစ်ဒဏ်ပေး၍မရနိုင်ဆိုသည့် တရားဥပဒေစိုးမိုးမှု၏ အနှစ်သာရကိုခံစားရမည်ဖြစ်ပေသည်။

(၂)     တရားဥပဒေသည် တရားမျှတမှန်ကန်၍ သင့်မြတ်လျော်ကန်မှုရှိရမည်။ (Just and Fair)
          တရားဥပဒေစိုးမိုးရေးသဘောတရား၌ ဥပဒေသည်အကြီးမြင့်ဆုံးသော တန်ခိုးအာဏာရှိရ မည်ဆိုရာ တွင်၊ အဆိုပါတရားဥပဒေပြဌာန်းချက်ကိုယ်တိုင်၌သည်ပင်လျှင် တရားမျှတမှုနှင့်သင့်မြတ် လျော်ကန်မှုရှိသော ဥပဒေဖြစ်ရန်လည်းလိုပေသည်။ ဥပဒေသည် အားလုံး၏အထက်၌ အမြင့်ဆုံး နေရာတွင်ရှိသည့်တိုင်၊ အကယ်၍ အဆိုပါတရားဥပဒေသည် အုပ်ချုပ်သူအာဏာပိုင်များ၏အကျိုး စီးပွားနှင့်အာဏာတည်မြဲရေးကိုသာရှေ့ရှုပြီး၊ အများပြည်သူများအားဖိနှိပ်ချုပ်ချယ်သည့် ဥပဒေမျိုးဖြစ်ပါက အဆိုပါဥပဒေသည် တရားမျှတမှန်ကန်၍သင့်မြတ် လျော်ကန်မှု မရှိသည့်ဥပဒေသာလျှင် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သောဥပဒေများသည် တရားဥပဒေစိုးမိုးရေးကို အထောက်အကူမဖြစ် သည်သာမက၊ တရားဥပဒေစိုးမိုးရေးကိုပင်ထိခိုက်စေမည်ဖြစ်ပေသည်။
ရှေးခေတ်အယူအဆတို့၌ ပြင်းထန်၍ထိရောက်သော အပြစ်ဒဏ်များချမှတ်ခြင်းအားဖြင့် တရားဥပဒေအား မျှတမှုရှိရန်ဖေါ်ဆောင်ခဲ့ကြသည်။ တရုပ်ပြည်၏ ပထမဦးဆုံး ဧကရာဇ်ဘုရင်ရှီဟန်အန်တီ (Shihu Anqdi) ကပြင်းထန်ထိရောက်သောဥပဒေကို ချမှတ်ဆောင်ရွက်မှသာလျှင် လူတို့၏ မတရားဆောင်ရွက်မှုကို ဟန့်တား နိုင်မည်ဟုယူဆခဲ့သည်။ 

          ဘီစီ (၂၉၀၀) မှ ဘီစီ (၆၁၂) အတွင်း ထွန်းကားခဲ့သည့် အဆီးရီးယားနိုင်ငံ၏ ဥပဒေများတွင် သေဒဏ် ပေးခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများကိုဖြတ်တောက်ခြင်း၊ တံကျင်လှျိုခြင်း၊ ကတ္တရာစေးဖြင့်လောင်းခြင်း အစရှိသည့် ကြမ်းကြုတ်ရက်စက်သောပြစ်ဒဏ်များဖြင့် ဥပဒေများကို ပြဌာန်းခဲ့သည်။ သက်ဦးဆံပိုင်ခေတ်၏ ပြစ်ဒဏ်ချမှတ်ထားပုံမှာ သူ့ခေတ်အချိန်ခါအလျှောက် သူတို့ ပြဌာန်းသောဥပဒေသည် တရားမျှတမှုရှိခဲ့သည်ဟု သုံးသပ်ကြသည့်တိုင်၊ ယနေ့ကာလအခြေအနေအချိန်အခါ၌ လိုက်လျောညီထွေ ရှိကောင်းမှရှိမည်ဖြစ်ပါသည်။
          (၁၇) ရာစု အင်္ဂလန်ပြည် ပထမမြောက်အယ်လ်စ်ဇဘက် ဘုရင်မကြီးလက်ထက် ဥပဒေများအရ ရာဇ၀တ်သားတို့အားကြိုးမိန့်ပေးခြင်း၊ ၀မ်းဗိုက်ဖောက်၍အူများထုတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း များပြုလုပ်ခဲ့သည်။ (၁၈၀၀) ခုနှစ်၌ အင်္ဂလန်နိုင်ငံတွင်(၁၀) နှစ်သား ကလေးငယ် တစ်ဦးအား စာတိုက်တွင် ပစ္စည်းခိုးမှုဖြင့်လည်းကောင်း၊ (၁၈၀၁) ခုနှစ်တွင် အသက်(၁၃) နှစ်သာရှိသေးသည့် လူငယ်တစ်ဦးကို ဇွန်းတစ်ချောင်းခိုးမှုဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့သည်တို့ကို လေ့လာခြင်းအားဖြင့် ပြင်းထန်ထိရောက်သော ပြစ်ဒဏ်များသတ်မှတ်၍ ဥပဒေကိုပြဌာန်းခြင်းဖြင့် မတရားမှုကို တားဆီးနိုင်မည်ဟုခံယူခဲ့ကြသည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ၌ ဘုရင်စနစ်စိုးမိုးခဲ့စဉ် ပြစ်ဒဏ် ချမှတ်ရာတွင် (၃၂) မျိုးရှိရာ လွန်စွာရက်စက် ကြမ်းကြုတ်ခဲ့လေသည်။ ရွှေနန်းသုံးဝေါဟာရအဘိဓာန် အပိုဒ် (၄၀၉) ၌ ရာဇ၀တ်ဒဏ် ရှစ် ရပ်ကိုဖော်ပြထားရာ လွန်စွာရက်စက်သည့်ပြစ်ဒဏ်များ ဖြစ်ခဲ့သည်။
          ပြင်းထန်ထိရောက်သော ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် ပြစ်မှုများဖြစ်ပွားမှုကိုဟန့်တားနိုင်မည်ဟု သုံးသပ်ခဲ့ ခြင်းမှာ ယနေ့ခေတ်ကာလတွင် လက်ခံ၍ရတော့မည်မဟုတ်ချေ။ တရားဥပဒေဆိုသည်မှာ တရားမျှတမှုအပြင် ပါတ်ဝန်းကျင်အခြေအနေနှင့်လိုက်လျောညီထွေ(သင့်တင့်လျှောက်ပတ်မှု) ရှိရမည်ဖြစ်သည်။ အကြောင်းမှာ တရားဥပဒေသည် အမှန်တရားနှင့်သက်သာခွင့်ကိုရအောင် ပြဌာန်းရန်ဖြစ်သည်။ တရားဥပဒေသည် ဂလဲ့စား ချေခြင်းမဟုတ်ချေ။ ပြစ်မှုဖြစ်ရသည့်အကြောင်းတရား၊ ပြစ်မှုကျူးလွန်ရသည့်ရည်ရွယ်ချက် စသည်တို့ကို စုပေါင်း သုံးသပ်ပြီးမှ ပြစ်မှုအရ ပြစ်ဒဏ်ကျခံသင့်၊ မသင့်ကိုဆုံးဖြတ်ခြင်းဖြင့် ဥပဒေသည်တင့်တယ်လျောက်ပတ်မှုရှိရန် လိုအပ်သည်။ သို့အတွက်ကြောင့်ပင်လျှင် ဥပဒေ၌ ကင်းလွတ်ရမည့်အချက်များကို၎င်း၊ ကာကွယ်ခုခံပိုင်ခွင့် ရှိသည့် ပြစ်မှုများဟူ၍၄င်း ပြဌာန်းထားခြင်းဖြစ်ပေသည်။

          ဘီစီ (၂၀၀၀) တွင် မေဆိုပိုတေးမီးယားတိုင်းပြည်ကိုအုပ်စိုးခဲ့သော ဆဌမမြောက် ဘာဘီလိုနီးယန်း ဘုရင် ဟာမူရာဘီသည် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမဥပဒေ နှစ်မျိုးစလုံးနှင့်သက်ဆိုင်သည့် ဥပဒေကြီးကို ပြုစုခဲ့သည်။ ယင်းဥပဒေကြီးသည် ဟာမူရာဘီကိုဓဥပဒေဟု ကမ္ဘာ့ဥပဒေသမိုင်းတွင်ထင်ရှားသည်။ ယင်းခေတ် ကဥပဒေများတွင် အပြည့်စုံဆုံးနှင့်အထင်ရှားဆုံးသော ဥပဒေဖြစ်သည်။ ပုဒ်မပေါင်း (၂၈၂) ခု၊ ပါဝင်ပြဌာန်း ထားသည်။ ထိုဥပဒေတွင်-“မျက်လုံးတစ်လုံး ဆုံးရှုံးလျှင်၊ မျက်လုံးတစ်လုံးချင်း။ သွားတစ်ချောင်းဆုံးရှုံးလျှင် သွားတစ်ချောင်းချင်း။ “An eye for an eye and a tooth for a tooth” အလျှော်ပြန်ပေးရမည်ဟု ဥပဒေ ပြဌာန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဥပဒေပုဒ်မပါပြဌာန်းချက်အား တရားဥပဒေ စိုးမိုးရေးရှု့ဒေါင့်မှ ချဉ်းကပ်ကြည့် မည်ဆိုပါက တရားမျှတမှုရှိသည်ဟုဆိုနိုင်သည့်တိုင်၊ ဥပဒေတရပ် အနေဖြင့်ပြဌာန်းရန် သင့်မြတ်လျော်ကန်မှုမရှိ သည်ကို တွေ့မြင်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါပြဌာန်းချက်မှာ ဂလဲ့စားချေ(စေ)သည့်သဘော ဖြစ်၍ဖြစ်သည်။ ဥပဒေဆိုသည်မှာ ဂလဲ့စားချေရန်ပြဌာန်းထားခြင်း မဟုတ်သည့်အပြင်၊ အမှန်တရား၏ အကြောင်းရင်းဇစ်မြစ်ကိုလည်းရှာဖွေ၍၊ လိုအပ်သည့်ကုစားမှု (သက်သာခွင့်) ကိုပါ ရှာဖွေဖေါ်ထုတ်ပေးခြင်း လည်းဖြစ်ပေသည်။
တနည်းအားဖြင့်ဆိုပါက  အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်သည်ကို၎င်း၊ ထိုကဲ့သို့ ဖြစ်ပွားစေရန်အတွက် ပြစ်မှုမကင်းသောရည်ရွယ်ရင်းစိတ် သို့မဟုတ် အကြံအစည်ဖြင့်ပြုလုပ်ခြင်း ဟုတ်မဟုတ်ကို၎င်း ရှာဖွေဖေါ်ထုတ် ရသည့်အပြင်၊ ကျူးလွန်သည့်ပြစ်မှုနှင့်ညီမျှသော ပြစ်ဒဏ်ကိုသာလျှင် တရားရုံးကသုံးသပ်၍ ဆုံးဖြတ်ချက်ချရ ခြင်းဖြစ်သည်။ တရားသူကြီးများသည် ဥပဒေကအပ်နှင်းထားသော လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ သင့်လျော်မျှတ သောပြစ်ဒဏ်ကို ဆုံးဖြတ်ပေးရန်ဖြစ်သည်။ အများဆုံးပြစ်ဒဏ်သတ်မှတ်ချက်နှင့် အနည်းဆုံးပြစ်ဒဏ် သတ် မှတ်ချက်များကို ဥပဒေ၌ ပြဌာန်းပါရှိပြီးဖြစ်ပါက အမှုစီရင်ဆုံးဖြတ်ရသည့်တရားသူကြီးအနေဖြင့် ဆင်ခြင်တုံ တရားကို လက်ကိုင်ထား၍ ပြစ်ဒဏ်မည်မျှဖြစ်သင့်သည်ကိုဆုံးဖြတ်ရခြင်းဖြစ်ရာ၊ အဂတိတရားမလိုက်စားဘဲ ကျူးလွန်သည့်ပြစ်မှုနှင့်မလျှော်ညီသော ကြီးလေးသည့်ပြစ်ဒဏ်များကိုဖြစ်စေ၊ စတိမျှသာဖြစ်သော ပြစ်ဒဏ်များ ကိုဖြစ်စေ တရာရုံးများကချမှတ်ရန်မဟုတ်ချေ။ တရားစွဲဆိုခြင်း၏အဓိကရည်ရွယ်ချက်၌ စွပ်စွဲခံရသူ (တရားခံ) အား အပြစ်ရရှိရန်သက်သက်အတွက်မဟုတ်ပေ။ တရားမျှတမှုကိုရရှိရန် အတွက်ဆောင်ရွက်ခြင်းလည်း ဖြစ် ပေသည်။

အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ၏ အပိုဒ် (၇) ၌ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊သို့မဟုတ်၊ ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ ဂုဏ်သရေပျက် စေသော ဆက်ဆံမှုမျိုး၊ သို့မဟုတ်၊အပြစ်ပေးမှုမျိုး မပြုလုပ်ရ ဟုပြဌာန်းထားပါသည်။
မြန်မာနိုင်ငံရှိအခိျု့သော တရားဥပဒေများကို လေ့လာကြည့်မည်ဆိုပါက တရားမျှတမှုနှင့် သင့်မြတ်လျော်ကန်မှု မရှိသောဥပဒေများကို စစ်အာဏာပိုင်များက ပြဌာန်းထားသည်ကိုတွေ့ရမည် ဖြစ်သည်။ ဥပမာအားဖြင့် “နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏တာဝန်ဖြစ်သည်ဟုကြွေးကြော် ၍ နေ့စဉ်ထုတ်အစိုးရသတင်းစာများ၏မျက်နှာဖုံး၌ အဆက်မပြတ်ဖေါ်ပြနေသော်လည်း၊ တဖက်၌မူ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံသားများ၏ နိုင်ငံရေးတွင်ပါဝင်ပတ်သက်မှုကို မတရားဖိနှိပ် တားဆီးသည့် ဥပဒေကိုထုတ်ပြန်ကာ နိုင်ငံသားနှင့်နိုင်ငံရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖေါက်နေခြင်း ဖြစ်သည်။
န၀တ စစ်အာဏာပိုင်တို့သည် “နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကိုထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေ၏ အခန်း (၂)၊ တားမြစ်ချက်များအခန်း၊ ပုဒ်မ ၃ (ဃ) ၌ “တရားဝင် ဆောင်ရွက်ပိုင်ခွင့်မရှိဘဲ အမျိုးသားညီလာခံ၏ လုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ သို့မဟုတ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ သို့မဟုတ်၊ ရေးဆွဲဖြန့်ဝေခြင်း ကိုမပြုလုပ်ရန်တားမြစ်ထားပြီး၊ ဖေါက်ဖျက်ပါက ပြစ်ဒဏ်အဖြစ် အခန်း (၃)၊ ပုဒ်မ ၄ ၌ “မည်သူမဆို ပုဒ်မ ၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖေါက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ်အနည်းဆုံး (၅) နှစ်မှ အများဆုံး (၂၀) နှစ်အထိ ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်းချမှတ်နိုင်သည် ဟုပြဌာန်းထားပေသည်။

ဤသည်ကိုကြည့်လျှင် တဖက်၌ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးမှာ နိုင်ငံသားများ၏ တာဝန်ဖြစ်သည် ဟု ဆိုထားပြီး၊ အခြားတဖက်၌မူ တင်းကြပ်ပြီး ပြင်းထန်သည့်ဥပဒေများကို ထုတ်ပြန်၍ ပြည်သူလူထု၏ နိုင်ငံရေး တွင်ပါဝင်ပတ်သက်ခွင့်ကို ငြင်းပယ်ပိတ်ပင်ထားသည်ကို တွေ့ရမည်ဖြစ်ပေသည်။ စစ်အာဏာပိုင် တို့သည် ၄င်းတို့စိတ်တိုင်းကြရေးဆွဲပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခြင်းမှလွဲ၍ မှတပါး အခြားအရာမရှိနိုင်စေရန်  တင်းကြပ်သည့်ဥပဒေများ၊ ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများ အား ပြဌာန်းထားသည်ကို အထင်အရှားတွေ့ရမည်ဖြစ်ပေသည်။ ထို့ကြောင့် စစ်အာဏာပိုင်များလက်အောက်၌ ပြဌာန်းသောဥပဒေများသည် တရားဥပဒေစိုးမိုးရေးကိုရှေးရူ့ပြီး တရားမျှတမှန်ကန်၍သင့်မြတ်သော ပြဌာန်းချက် များပါသည့် ဥပဒေများမဟုတ်ကြသည်ကိုတွေ့ရှိ သုံးသပ်နိုင်မည်ဖြစ်ပေသည်။
ထို့အပြင် ပြစ်မှုနှင့်ပြစ်ဒဏ်ပေးရေးအပိုင်း၌လည်း ကျူးလွန်သောပြစ်မှုနှင့်မမျှတသော ကြီးလေးသည့်ပြစ်ဒဏ် များကို ချမှတ်လေ့ရှိခြင်းအားဖြင့် ဥပဒေကိုလက်စားချေရေးကရိယာသဖွယ် အသုံးပြုနေသည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပေသည်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လူရွှင်တော် ဦးပါပါလေးတို့အမှု၌ ၁၉၉၆ ခုနှစ်တွင်ကျရောက်သော လွတ်လပ်ရေးနေ့အခမ်းအနားတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေ ထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်း၌ ကျင်းပရာတွင် ဖျော်ဖြေတင်ဆက်သော မြို့တော်ဝင်းမာ အငြိမ့်အဖွဲ့မှ လူရွှင်တော် ဦးပါပါလေးနှင့် ဦးလူဇော်တို့အား ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ -ဖြင့် အရေးယူခဲ့ပါသည်။ ၁၉၉၆ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ၄င်းတို့အပေါ် ထောင်ဒဏ် (၇) နှစ် ချမှတ်ပြီးနောက် ထိုနှစ်ဧပြီလအတွင်း၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ ကြိမ်ခရမ်က ရဲဘက်စခန်း သို့ ပို့ဆောင်ခဲ့ပါသည်။ 

အဆိုပါရဲဘက်စခမ်း၌ ၄င်းတို့အား သံချေချင်းများခတ်ထားပြီး အလုပ်ကြမ်းများကို ခိုင်း စေခဲ့ပါသည်။ ဦးပါပါလေးနှင့် ဦးလူဇော်တို့ ကျူးလွန်ခဲ့သည်ဆိုသောပြစ်မှုမှာ န၀တစစ်အစိုးရ၏ လုပ်ဆောင်ချက် အခိျု့အပေါ် လူရွှင်တော်ပျက်လုံးထုတ်ခြင်းသာဖြစ်ပေသည်။ သို့ရာတွင် စစ်အာဏာပိုင်များသည်  ဥပဒေကိုဂလဲ့ စားချေရေးလက်နက်သဖွယ် အသုံးပြု၍ မတန်တဆအပြစ်ဒဏ်များသတ်မှတ်၍ ကျခံစေခဲ့ခြင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၏ ပြယုဂ်ပင်ဖြစ်ပေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...