Saturday, November 19, 2011

လူထုအဓိကလူ့အဖွဲ့အစည်း (Civil Society) ဖွဲ့စည်းတည်ဆောက်ရေး ( ဖီလစ်ပိုင်နိုင်ငံ၏ အတွေ့အကြုံ - ၂)


မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ လူထုအဓိကလူ့အဖွဲ့အစည်း (Civil Society) စာအုပ်မှ .... 

၂။  ဥပဒေကြောင်းနှင့်တိုက်ရိုက်သက်ဆိုင်သော နည်းဗျူဟာ

(၁) Free legal Assistance group သည် ဥပဒေကြောင်းဆိုင်ရာတိုက်ရိုက်သက်ဆိုသော အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကို ဖွဲ့စည်းခဲ့သူမှာ Mr. Diokno ဖြစ်သည်။ မားကို့စ် မာရှယ်လောကြေငြာပြီး အဖမ်းခံရသည်။ ထောင်မှ ပြန်လွှတ်ချိန်တွင် ထိုအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ Mr. Diokno ၏ စည်းရုံးမူ့ကြောင့် ရှေ့နေများ ထိုအဖွဲ့ထဲသို့ဝင်လာ ကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် မားကို့စ်ဆန့်ကျင်ရေးအတွက် အဖမ်းခံရသည့်အခါ ထိုအဖွဲ့မှ အကူအညီပေးခဲ့သည်။ ဥပဒေနှင့်တိုက်ရိုက် မသက်ဆိုင်သောနည်းဗျူဟာများ လုပ်ဆောင်သည့် အဖွဲ့အစည်းများကို အားပေး ခြင်းဖြစ်သည်။ မားကို့စ်အားဆန့်ကျင်၍ အဖမ်းခံရပြီဆိုလျှင် ထိုအဖွဲ့မှ ထောင်ထဲထိလိုက်၍ အားပေးကူညီမူများ ပြုလုပ်ပေးမူကြောင့် ကူညီပေးနေသော အဖွဲ့အစည်းများ ရှိနေသည်ဆိုသော အခြေခံနှင့် အားရှိလာကြသည်။


၁၉၇၁ ခုနှစ် မာရှယ်လောထုတ်ပြန်လိုက်သည့်အချိန်တွင် ရှေ့နေများ ရပ်တည်ချက်ပြောင်းသွားခဲ့သည်။ မာရှယ် လောမတိုင်ခင်က ရှေ့နေများသည် အမှုများများရရန် ရှေ့နေငှားသောအမူသည်များအတွက်သာ လုပ်ဆောင်ကြ သည်။ မာရှယ်လောထုတ်ပြီး Mr. Diokno ၏ အဖွဲ့အစည်းကြောင့် ရှေ့နေများသည်အမှုသည်အတွက်မဟုတ် ပဲ လူထုနှင့်ပူးပေါင်းဆောင်ရွက်အဖြေရှာလာကြသည်။ နောက်ပိုင်း တွင်ရှေ့နေများသည် လူတိုင်းတွင်ရှိသင့် သော အခွင့်ရေးများကို ဖိလစ်ပိုင်ပြည်သူများကြားထဲတွင် ပညာပေးခြင်းဖြင့် ပညာပေးနည်းပြဆရာများဖြစ် လာသည်။

(၂) Mabini
Mabini သည်ရှေ့နေအဖွဲ့တခုဖြစ်သည်။ ရှေ့နေများမှာ ဥပဒေကိစ္စအပြင် နိုင်ငံရေးများတွင်ပါဝင်လာကြသည်။ နိုင်ငံရေးထုပ်ပြန်ကြေငြာချက်များ၊ စာအုပ်များထုတ်ဝေပြီး လုပ်ဆောင်ခဲ့သည်။ လူထုကိုအသိပေး၊ ပညာပေး လုပ်ငန်းများတွင်ဥပဒေရေးရာစာစောင်များ ထုတ်ဝေခြင်းဖြင့်လည်း လုပ်ဆောင်ခဲ့သည်။ လူထုအသိပေး လုပ်ငန်းများကို အဓိကလုပ်ဆောင်ခဲ့သည်။
၃။ Extra Legal Tactic ( ဥပဒေလမ်းကြောင်းအပြင်ဘက်မှ နည်းဗျူဟာ)
ဥပဒေလမ်းကြောင်းအပြင်ဘက်မှ နည်းဗျူဟာဆိုသည်မှာ နိုင်ငံရေးပါတီများကို ရပ်တည်ခွင့်မပေးခဲ့ပေ ၊၊ နိုင်ငံရေးပါတီများ ရပ်တည်လှုပ်ရှားကြခြင်းမှာ စစ်တပ်ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ပါတီများစုဖွှဲ့ထားသော NDF (National Democratic Front) ဆိုသောနိုင်ငံရေးပါတီဖြစ်သည်။ အားကောင်းသောအဖွဲ့အစည်းဖြစ် သည်။ မားကို့စ်လက်ထက်တွင် နိုင်ငံရေးပြသနာများကြောင့် မားကို့စ်ဆန့်ကျင်သော နိုင်ငံရေးအဖွဲ့အစည်းများ က ထိုအဖွဲ့များတွင် သွားရောက်စုစည်းခဲ့ကြသည်။
ဖိလစ်ပိုင်လူ့အဖွဲ့အစည်းကို အဓိကပြောင်လဲအောင် လုပ်ဆောင်နိုင်သည့် အဖွဲ့များမှာ ဖမ်းဆီးချုပ်နောင်ခံရ သူများနှင့်ပတ်သက်သော အထူးအလုပ်အဖွဲ့နှင့် ဥပဒေကြောင်းဆိုင်ရာအကူညီပေးသောအဖွဲ့ဆိုသော အဖွဲ့ နှစ်ဖွဲ့မှာ အာဏာရှင် မားကို့စ်ကြိုဖတ်ချပြီး လူ့အဖွဲ့အစည်းကို ပြောင်းလဲနိုင်ခဲ့သည်။  Mr. Diokno သည် ၁၉၇၀- ခုနှစ်တွင် အင်္ဂလန်သို့သွားပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့များ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံအကြောင်းကို ရှင်းပြနိုင်ခဲ့သည်။ ထိုအချိန်ကဖိလစ်ပိုင်တွင် မာရှယ်လောကြေငြာထားသည့် အချိန်ဖြစ်သည်။ ဖောက်ပြန်သော အာဏာရှင်အစိုးရကို လက်နက်မကိုင်ပဲ လူ့အဖွဲ့အစည်းအခြေနေကို ပြောင်းလဲအောင် ဖန်တီး၍ရသည်။ ပြည်သူများက ပညာပေးခြင်း၊ လူထုအဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ လှုပ်ရှားမှု များလုပ်ဆောင်ခြင်းစသည့် နည်းလမ်း ၃ - ခု စုစည်းပြီး အာဏာရှင်ကို ဖြုတ်ချနိုင်သည်။
ထိုသြို့ဖုတ်ချသောအခါ  လူတဦးခြင်းစီမှာ အာဏာရှင်ကြိုဖတ်ချရန်အတွက် ကြောက်နေသောကြောက်စိတ် များကို ဖယ်ရှားဖို့အခြေခံဖြစ်လာသည်။ ကြောက်စိတ်နေရာတွင်ယုံကြည်ချက်၊ သတ္တိများ၊ ဆုံးဖြတ်ချက်များ၊ ဇွဲများကိုအစားထိုးရမည်။ လူတစ်ယောက်ခြင်းမှား ဆုံးဖြတ်ချက် ၊ဇွဲ၊သတ္တိ များဝင်လာပြီဆိုလျှင် ထိုလူများ စုစည်းပြီး  အသိဥာဏ်ပညာများနှင့် အာဏာရှင်ကြိုဖတ်ချနိုင်သည်ကို မာရှယ်လောရှိနေစဉ်အချိန်တွင် ဆွေးနွေးဟောပြောခဲ့သည်။ သူ၏ဆွေးနွေးချက် မှန်သည်ကို ၁၉၈၆ ခုနှစ် အာဏာရှင် မားကို့စ်ြုဖတ်ချမှုနှင့် သက်သေပြခဲ့သည်။ ဖိပိုင်တွင်မားကို့စ်က အားကောင်းသောထောက်လှမ်းရေးအဖွဲ့များ တပ်ဆင်ထားခဲ့သည်။
(၁) အမျိုးသားရေးနှင့်ပတ်သက်သော ထောက်လှမ်းရေးအဖွဲ့အစည်း
(၂) စစ်တပ်နှင့်ပတ်သက်သောအဖွဲ့အစည်း
(၃) စစ်ထောက်လှမ်းရေးအင်အားစုများကို လေ့လာခိုင်းသည်။
လူထုအင်အားကောင်းလာသောအခါ ထောက်လှမ်းရေးအဖွဲ့အစည်းများ မှေးမှိန်သွားခဲ့သည်။ ထိုအချိန်တွင် ဥပဒေတပိုင်းသင်တန်းများ လုပ်ကြသည်။  ဥပဒေတပိုင်း သင်တန်းဆိုသည်မှာ လူ့အခွင့်ရေးလှုပ်ရှားသူများ နိုင်ငံရေးစိတ်ဝင်စားသူများ၊ အခြေခံပညာရှိသူများကိုဖြန့်ဖြူးပေးခဲ့သည်။ အမှုနှင့်ပတ်သက်သော လုပ်ထုံး လုပ်နည်းများကို ရှေ့နေများကသင်တန်းပို့ချပေးခဲ့သည်။ အာဏာရှင်သမတမားကို့စ် ပြုတ်ကျသွားခဲ့ရသည့် အဓိက အချက် ၂ ချက်မှာ-
(၁) မားကို့စ်ဆန့်ကျင်သော Senator Mr. Aquino နိုင်ငံခြားမှပြန်လာချိန်တွင် မားကို့စ်၏ လြုံခံရေး တပ်သားများက အနီးကပ်သေနတ်နှင့်လုပ်ကြံသတ်ခဲ့သည့် ကိစ္စနှင့်ဖိလစ်ပိုင်ပြည်သူများ မကျေနပ်ပေ။
(၂) ၁၉၈၆ ခုနှစ် ရေးကောက်ပွဲတွင် ပြည်သူလူထုမှာ Miss. Aquino ကို ထောက်ခံသောကြောင့် Miss. Aquino အနိုင်ရရှိပြီး မားကို့စ်လက်ထက်ဗိုလ်ချုပ်ကြီးရားမို့စ်မှာ Miss. Aquino ကိုပြောင်းလဲထောက်ခံ သောကြောင့် မားကို့စ်ပြုတ်ကျသွားခဲ့သည်။
ဥပဒေကြောင်းနှင့်တိုက်ရိုက်သက်ဆိုင်သောအဖွဲ့နှင့် မသက်ဆိုသောအဖွဲ့တို့၏ ဆက်စပ်မှု့များအပေါ် အခြေခံပြီး မဟာဗျူဟာနှင့် နည်းဗျူဟာများ ရှိရန်လိုအပ်လာသည်။   လက်တလော အကြောင်းပြချက်ပေါ်မူတည်ပြီး လူထု အုံကြွမှုဖြစ်ခြင်းမှာ ဖိလစ်ပိုင်ပြည်သူများ စနှစ်တကျပြင်ဆင်ခဲ့မှု ကြောင့်ဖြစ်သည်။ ဒီမိုကရေစီနည်းနှင့် ရွေးချယ် တင်မြောက်ခြင်းမှ အာဏာရရှိသွားသော သမတ၊ အာဏာရှင်ဖြစ်သွားသော သမတ၊ ဖောက်ပြန်သွားသော သမတများကို လူထုအင်အားနှင့်ဖြုတ်ချနိုင်သည်။ လက်တလောအခြေနေရှိသောလည်း အခွင့်ရေးကိုကိုင်ပြီး သုံးနိုင်ရန်အတွက် အခွင့်အရေးပေါ်အခြေခံပြီး လူထုအင်အား၊ လူထုပါဝါရှိလာစေရန်အတွက် အခြေခံအကျ ဆုံးမှာ ပြင်ဆင်မှုဖြစ်သည်။ ပြင်ဆင်မှုကို တချိန်မှာပေါ်မည့်အခွင့်အရေးကိုဆုပ်ကိုင်ပြီး လူ့အဖွဲ့အစည်း အပြောင်းအလဲကိုဖန်တီးရန်လိုသည်။

Miss.Aquino လက်ထက်အသွင်ကူးပြောင်းရေး
Miss. Corazan Aquino အာဏာရလာချိန်တွင် အဓိကအချက်ကြီး ၄ ချက်ကိုလုပ်ဆောင်ခဲ့သည်။
(၁) မားကို့စ်လက်ထက်ကထုတ်ပြန်ခဲ့သော ဥပဒေများကို ဖျက်သိမ်းနိုင်ခဲ့သည်။
(၂) မားကို့စ်လက်ထက်ကဖမ်းထားသော နိုင်ငံရေးအကျဉ်းသားများကို လွှတ်ခဲ့သည်။
(၃) Mr.Dorkno ဦးဆောင်၍ လူ့အခွင့်အရေး ကော်မရှင်တရပ်ကိုဖွဲ့စည်းပြီး လူ့အခွင့်ရေးနှင့်ပတ်သက်သော
     ကိစ္စများကို ပီပီပြင်ပြင် အရေးယူဆောင်ရွက်နိုင်ရန် လူ့အခွင့်ရေးကော်မရှင်တရပ်ကို ဖွဲ့စည်းပေးခဲ့သည်။
(၄) မားကို့စ်လက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရေးသားရန်ဖွဲ့စည်းပုံရေးဆွဲရေးကော်မ
    ရှင်ကိုဖွဲ့စည်းခဲ့သည်။
နိုင်ငံတကာ လူ့အခွင့်ရေးကြေငြာစာတမ်း အတော်များများကို အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့သည်။  ကိုလည်း အတည်ြုပပေးလိုက်သည်။ အများပြည်သူနှင့် နိုင်ငံတကာစာချုပ်တွင် ပါဝင်သောပြဌာန်းချက်များကို လေးစားလိုက်နာလုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများကဘယ်လို အရေးယူဆောင် ရွက်ရန်လိုအပ်သည် ဆိုသော လှုပ်ရှားမှုကိုလုပ်ဆောင်သည့် စာချုပ်ကိုလည်းလက်မှတ်ရေးထိုးခဲ့သည်။ နှိပ်စက်ညှင်ပမ်းမှုကို ဆန့် ကျင်သော အပြန်အလှန်သဘောတူညီမူစာချုပ်ချုပ်ဆိုထားသည်။ လူ့အခွင့်အရေးစာချုပ်များ ချုပ်ဆိုရခြင်း အဓိက ရည်ရွယ်ချက်မှာ သက်ဆိုင်ရာတိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်နေပြီဆိုလျှင် သတင်း အချက်အလက်များစုဆောင်းပြီး ပြည်သူများက ကုလသမဂ္ဂမှာ တင်သွင်းရမည်။ ကုလသမဂ္ဂက ထိုအချက်များ ရရှိပြီး သက်ဆိုင်ရာနိုင်ငံအစိုးရ ဆင့်ခေါ်မည်။သက်ဆိုင်ရာ တိုင်းပြည်၏ လူ့အခွင့်ရေးချိုးဖောက်မှု လူ့အခွင့်ရေး တိုးတက်မှုများကို ခေါ်ယူဆွေးနွေးဖိ့အားပေးနိုင်သော နည်းကိုသုံးနိုင်သည်။ မားကို့စ်ြုပတ်ကျပြီး Miss. Aquino သမတဖြစ်လာ ချိန်သက်တမ်းအတွင်းမှာ သမတမားကို့စ်ကို ထောက်ခံသောစစ်တပ်များ ဗိုလ်ချုပ်များက အာဏာသိမ်းရန်ကြိုးစားကြသည်။ ထိုဗိုလ်ချုပ်များက သူတို့၏လုပ်ဆောင်ချက်များကို ပြန်လည် အရေးယူခံရ မည်ကိုစိုးရိမ်သောကြောင့် ထိုအခြေနေကိုဖန်တီးခြင်းဖြစ်သည်။ Miss. Aquino ဘေးတွင် ပြည်သူလူ ထုအဖွဲ့ အစည်းနှင့် စစ်တပ်ရှိနေသောကြောင့် မအောင်မြင်ခဲ့ပေ။

Miss. Aquino လက်ထက်တွင်မလုပ်ဆောင်နိုင်ခဲ့သောအားနည်းချက်များ ရှိခဲ့သည်။
(၁) မားကို့စ်လက်ထက်က လူ့အခွင့်ရေး ချိုးဖောက်ခဲ့သော စစ်ဗိုလ်များ၊ ဗိုလ်ချုပ်များကို ခေါ်ယူစစ်ဆေးအရေး  ယူခြင်းမလုပ်နိုင်ခဲ့ပေ။
(၂) သမတမားကို့စ်လက်ထက်မှာ ထုတ်ပြန်သော သမတအမိန့်၊ သမတဒီဂရီများကိုမဖျက်သိမ်းပဲ ကျန်နေသော  ဥပဒေများ ရှိနေသေးသည်။
(၃)ပြည်တွင်းစစ်များဆက်ဖြစ်နေသည့် မွတ်စလင်သူပုန်၊ ကွန်မြူနစ်များကို ဆက်တိုက်နေရ၍ လူ့အခွင့်ရေး ချိုးဖောက်မူ့များ ဆက်ရှိနေသည်ကို တွေ့ရသည်။
အာဏာရှင်သမတ မားကို့စ်လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မူ့များကို ပြုလုပ်ခဲ့သော စစ်ဗိုလ်ချုပ်များ ကို အရေးမယူနိုင်ခဲ့သော အဓိကအကြောင်းအရင်းမှာ မားကို့ အားထောက်ခံသောစစ်တပ်များ အာဏာသိမ်း ရန် ကြိုးစားမှုအမျိုးမျိုးကို ထိမ်းသိမ်းရန် စစ်တပ်အတွင်းမှ စစ်ဗိုလ်ခေါင်းဆောင်အခိျု့နှင့် နားလည်မှု၊ ထောက်ခံမှု များညှိ့နိုင်းဆွေးနွေးမှုများ ပြုလုပ်ရခြင်းကြောင့်ဖြစ်သည်။ စစ်တပ်၏အချို့အစိတ်အပိုင်းများ လက်ခံနိုင်သည့် ဥပဒေများပြဌာန်ပေးရသည်။ တောင်အာဖရိကတွင်လည်း လူ့အခွင့်ရေးချိုးဖောက်မှုများကို အရေးမယူနိုင်ခဲ့ပေ။ လူ့အခွင့်ရေးကော်မရှင်များဖွဲ့၍ ၀န်ချတောင်းပန်ပွဲများပြုလုပ်ရသည်။ အာဏာရှင်နိုင်ငံမှ ဒီမိုကရေစီ နိုင်ငံသစ်ကို ပြောင်လဲလျှင်ကြုံတွေ့ရမည့်အခက်ခဲများဖြစ်သည်။ ချီလီနိုင်ငံတွင်လည်း ပီနိုချေးကို တရားစွဲဆို နိုင်ခြင်းမရှိပေ။ ပီနိုချေး အာဏာရစဉ်က လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကိုပြဌာန်းထားသောကြောင့် ဖြစ်သည်။ ချီလီနိုင်ငံမှ အာ ဏာရှင်ပီနိုချေးကို အင်္ဂလန်နိုင်ငံတွင်တရားစွဲဆိုနိုင်သော အဓိကအကြောင်းအရင်းမှာ လူ့အခွင့်ရေးနှင့်ပက်သက် ပြီး ဖိနှိပ်ချုပ်ချယ်မှုကင်းဝေးရေး နိုင်ငံတကာသဘောတူညီချက်စာချုပ်အရ (International Judicairy) အပြည်ပြည်ဆိုင်ရာတရားရုံးကို အသိမှတ်ြုပထားသည်။ မည်သည့်နိုင်ငံတွင်မဆို လူထုအဖွဲ့အစည်းအားကောင်း လျှင် ဖမ်းဆီးအရေးယူနိုင်သည် အထိဖြစ်လာသည်။

Miss.Aquino လက်ထက်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း
ဖွဲ့စည်းပုံရေးဆွဲရန် ပါဝင်လိုသောပုဂ္ဂိုလ်များသည် အရည်အချင်း (၃) ချက်နှင့်ပြည့်စုံရမည်။
(၁) ဖိလစ်ပိုင်နိုင်ငံသားဖြစ်ရမည်။
(၂) ကိုယ်ကျင့်တရားကောင်းရမည်။
(၃) အရည်အချင်းရှိရမည်။ စသည့်အချက်များနှင့်ပြည့်စုံပါက လျှောက်လွှာတင်နိုင်သည်။

ဖိလစ်ပိုင်ဖွဲ့စည်းပုံ စတင်ရေးဆွဲစဉ်ကပင် အစိုးရတရပ်ဖွဲ့စည်းတည်ထောင်မည် ဆိုရုံနှင့် မလုံလောက်ပဲ တရား မျှတသောလူ့အဖွဲ့အစည်းဖြစ်ရန် လိုအပ်သည်ဆိုသည်ကို ဖွဲ့စည်းပုံနိဒါန်းတွင်ဖော်ပြရန် အငြင်းအခုံ လုပ်ကြ ရသည်။
အာဏာရှင်သမတမားကို့စ် ပြုတ်ကျပြီး Miss.Aquino တက်လာချိန်၌ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် သက် ဆိုင်ရာ အလွှာအသီးသီးမှ လယ်သမား၊ အလုပ်သမား၊ ဆင်းရဲသား၊ ၀န်ထမ်း၊စီးပွားရေးသမားများနှင့်တွေ့ပြီး အပြန်အလှန်ဆွေးနွေးမှု၊ အကြံညာဏ်ပေးမူများကို ၄ လကြာ ပြုလုပ်၍ ၁၉၈၇ ခုနှစ်တွင် လူထုကိုချပြကာ ဖွဲ့စည်းပုံကို အတည်ပြုခဲ့သည်။
ဖွဲ့စည်းပုံတွင် နောက်ထက်အာဏာရှင်မပေါ်ပေါက်ရေး ဖိနှိပ်မှုများမရှိအောင် ကာကွယ်ရေးတို့အပေါ်အခြေခံပြီး ထည့်သွင်းပြဌာန်းချက်များ ပါရှိသည့်လူတယောက်၏ အခြေခံအခွင့်ရေးများပေါ်တွင် အခြေခံ၍ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သည်။ တဦးခြင်းအခွင့်ရေးအခြေခံဖြင့် အာမခံချက်ထား အလေးထားပြီး ဖွဲ့စည်းပုံကိုရေးဆွဲခဲ့သည်။ မားကို့စ် လက်ထက်မှ ဖိနှိပ်မှုများကို ဥပဒေနှင့်အညီလုပ်ခွင့်ရအောင် နိုင်ငံရေးပြသနာကို တရားရုံးနှင့် ပတ်သက်မှုမရှိဟုပြဌာန်းချက်ကို ဖွဲ့စည်းပုံတွင်ထည့်သွင်းဖော်ပြထားသည်။ ဖွဲ့စည်းပုံကိုအကြောင်းပြ၍ ဖိနှိပ်မှု ဥပဒေများထုတ်ပြန်ခဲ့သည်။ ၁၉၈၆ -ခုနှစ်နှင့် ၁၉၈၇ တွင် ပြန်လည်ပြင်ဆင်ရေးသားခဲ့သည်။ တရားရုံးချုပ်၊ အယူခံရုံး၊ အောက်ရုံးစသည်ဖြင့် အဆင့်ဆင့်ရှိ သည်။သမတလုပ်ပိုင်ခွင့်ကို အဆင့်ဆင့်စစ်ဆေးနိုင်သော အာဏာ ကို တရားရုံးချုပ်အားပေးထားသည်။ တိုင်ပြည်အတွင်းရှိမည်သည့် ပြသနာကိုမဆို တရားရုံးချုပ်က ကြီးကြပ် ကွက်ကဲပိုင်ခွင့်ရှိသည်။ သမတကိုထောက်ပြခွင့်ရှိသည်။ ယခင်ဖွဲ့စည်းပုံဟောင်းတွင် မပါသော အချက်တချက် ကိုလည်း ဖြည့်စွက်ခဲ့သည်။တရားရုံးချုပ်အနေနှင့် စည်းမျဉ်စည်းကမ်းဥပဒေကို ပြဌာန်နိုင်ခွင့် အာဏာကို ပေးထားသည်။ နိုင်ငံသားတယောက်၏ ဖွဲ့စည်းအုပ်ချုပ်ပုံတွင်ပါသော အခွင့်အရေးကို ထိပါး စော်ကားခံလိုက်ရပြီ ဆိုလျှင် ထိုနိုင်ငံသားက မည်သို့လုပ်ဆောင်ရမည်ကို ဖော်ပြသည့်ဥပဒေ ဖြစ်သည်။ မာရှယ်လောဥပဒေကို လည်းအသစ်ပြန်လည် ရေးဆွဲခဲ့သည်။ မာရှယ်လောသည် လက်ရှိအုပ်ချုပ်နေသော ဥပဒေကို ခေတ္တရပ်ဆိုင်း ထားခြင်းကိုခေါ်သည်။ မားကို့စ်လက်ထက်တွင် မာရှယ်လောနှင့်အုပ်ချုပ်သည့်ကာလမှာ အချိန်အကန့်သက်မရှိ ဖြစ်သွားခဲ့သည်။ ပြည်သူလူထုမှာ ထိုသို့မဖြစ်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

(၁) မာရှယ်လောကို သမတကြေငြာပြီး ၄၈ နာရီအတွင်း လွှတ်တော်အစည်းဝေးခေါ်ပြီး မာရှယ်လောကြေငြာမူ့ အပေါ်တွင် သဘာဝကျ၊ မကျ မာရှယ်လောအမိန့်ကို ဆက်ထားသင့်မသင့်ကို လွှတ်တော်အစည်းအဝေးကဆုံး ဖြတ်ရသည်။ မာရှယ်လောမှာ နိုင်ငံသားအခွင့်အရေးကို ထိပါးသည်ဟုဆုံးဖြတ်လျှင် လွှတ်တော်အစည်းအဝေး ကပြန်လည်ရုပ်သိမ်းနိုင်သည်။
(၂) တရားရုံးချုပ်မှလည်း မာရှယ်လောကို ကြီးကြပ်နိုင်သည်။ ပါလီမန်မှ လွှတ်တော်ကြေငြာသင့်သည် ဆိုသော လည်း တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်မညီလျှင်ပယ်ဖျက်နိုင်သည်။ မားကို့စ်လက်ထက်တွင် သမတ အာဏာနှင့် ထုတ်ခွင့်ရှိသောလည်း ဖွဲ့စည်းပုံသစ်အရ အပြန်အလှန်ကြီးကြပ်စေသော နည်းစနစ်များကို ထည့်ထားခဲ့သည်။ မာရှယ်လောတရားဝင်မှု၊မာရှယ်လောအာဏာကိုတိုးချဲ့လိုက်ခြင်း ထိုလုပ်ရပ် နှစ်ခုပေါ်တွင် နိုင်ငံသား တဦး၏အခြေခံအခွင့်ရေးကို ထိခိုက်သည်ဆိုလျှင်တရားရုံးချုပ်သို့ သွားရောက်လျှောက်ထားနိုင်သည်။ တရားရုံးချုပ်မှလက်ခံစစ်ဆေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီလျှင် ရုပ်သိမ်းနိုင်သည်။ ၁၉၉၇-ခုနှစ်တွင် တိုင်းရင်းသားလူမျိုးများအခွင့်အရေး (Integenes people right) (IPRA) ကိုအတည်ြုပလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ Integenes Domain ဆိုသော တိုင်ရင်းသား များအခြေချနေထိုင်လုပ်ကိုင် နုင်ခွင့်ရှိသော မြေကြီးကိုသတ် မှတ်ပေးထားသည်။ အဓိပါယ်မှာ သတ်မှတ်ပေးထားသော ဧရီယာထဲတွင် ကုမ္မဏီအစိုးရများက အလုပ်လုပ်လိုလျှင် သက်ဆိုင်ရာဒေသခံ အကြီးအကဲများ၏ ခွင့်ြုပချက်ယူရမည်ဟူသော ဥပဒေပြဌာန်းချက်မျိုးကို အတည်ြုပပြဌာန်းထားသည်။ မွတ်စလင်များကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် သတ်မှတ်ပေးထားသည်။ ထိုသို့သတ်မှတ်ပေးခြင်းမှာ မွတ်စလင်များကို ဒေသခံတိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခြင်း ဖြစ်သည်။ ဤနည်းဖြင့် မတူညီသော တိုင်းရင်းသားများ အခွင့်အရေးကို တာဝန်ယူဖြေရှင်းရန် ကြိုးစားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ထူးခြားချက်များ
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်တိုးတက် ဖွံြု့ဖိုးရေးလုပ်ငန်းများ လုပ်တော့မည်ဆိုလျှင် လူထုဆိုင်ရာ အသင်းပင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပူပေါင်းဆောင်ရွက်ရမည်။ ဤအခြေခံဖြင့် လူထုအဖွဲ့အစည်း၏လှုပ်ရှားမှုများကို အာမခံချက်ပေးထားသည်။ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း ဖြစ် သည်။ လူ့အခွင့်အရေးကော်မရှင်သည် အစိုးရကပြည်သူများအပေါ်တွင် အခြေခံလူ့အခွင့်ရေး ချိုးဖောက်မှု ရှိမရှိကို ကြီးကြပ်သည့်အာဏာပေးထားသည်။ လူ့အခွင့်အရေးကော်မရှင်သည် ထောင်များအကျဉ်းစခန်းများ စစ်ဆေးခွင့်ရှိသည်။ အဖမ်းခံရသူများနှင့်လည်းတွေ့ခွင့်ရှိသည် အစိုးရပေါ်တွင်လည်း နိုင်ငံတကာလူ့အခွင့်အရေး စာချုပ်စာတမ်းများတွင်ဖော်ပြထားသော ပြဌာန်ချက်များ အတည်ပြုလက်မှတ်ထိုးထားသော စာချုပ်များ အပေါ်တွင် လေးစားလိုက်နာခြင်းရှိ မရှိကို ကြီးကြပ်စစ်ဆေးရသည်။ ဆင်းရဲသားများ ရာဇ၀တ်မှု ဖြစ်လျှင် အမှုရင်ဆိုင်ဖြေရှင်း ရန်ရှေ့နေမငှားနိုင်သူများအတွက် (Legal Aid) ဟုခေါ်သော ဥပဒေရေးရာအကူအညီ များ ပေးနိုင်ရန်စီစဉ် ဆောင်ရွက်ပေးရမည်။ လူ့အခွင့်အရေးကော်မရှင်သည် လူ့အခွင့်အရေးနှင့်ပတ်သက်သော ပညာပေးရေးလုပ်ငန်းများလုပ်ဆောင်ပေးခြင်းဖြစ်သည်။ အစိုးရအာဏာပိုင်များ စစ်တပ်မှပုဂ္ဂိုလ်များ ရဲဘက် ဆိုင်ရာများကို လူ့အခွင့်ရေးနှင့်ပတ်သက်သော ပညာပေးရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဖိလစ်ပိုင်တွင်အရာရှိတယောက်က ရာထူးတိုးမည်ဆိုလျှင် လူ့အခွင့်ရေးကော်မရှင်ကို အကြောင်းကြားရသည်။ လူ့အခွင့်အရေးကော်မရှင်၏ ထောက်ခံချက်ကိုရယူရသည်။ ဤသြို့ပုလုပ်ခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် လူ့အခွင့် အရေးချိုးဖောက်မူ့များ လျော့နည်းသွားရသည်။

 ဖိလစ်ပိုင်နိုင်ငံတရားစီရင်ရေး
လူထုအပေါ် တာဝန်ခံမှုရှိသောအစိုးရဖြစ်ရန် လက်တွေ့ဖြစ်လာနိုင်သည့်အချက်မှာ တရားစီရင်ရေးသည် အုပ် ချုပ်ရေးကိုလွမ်းမိုးကြပ်မတ်ရန် လိုအပ်သည်။ တရားသူကြီးများအား လူတဦးခြင်းအခွင့်အရေး အခြေခံနှင့် စဉ်းစားသည့်အပြင် စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုသိသည့် တရားသူကြီးများ အရည် အချင်းရှိရန် လိုအပ်လာသည်။ သို့မှသာ အစိုးရလုပ်ငန်းများတွင် အခွင့်အရေးများကို အခြေခံစဉ်းစားရန် လိုအပ်သည်။ တရားရုံးချုပ် တွင်တရားသူကြီး  ၁၄ ဦးပါဝင်သည်။ တရားသူကြီးချုပ်ကဦးဆောင်သည်။ တရားရုံးအဆင့်ဆင့် ရှိသည် တရားသူကြီးရွေးချယ်ရာတွင် ကော်မရှင်ဖွဲ့၍ရွေးချယ်ပြီး ထောက်ခံသည့် တရားသူကြီးကို သမတက အတည်ပြုပေးရသည်။ တရားသူကြီးချုပ်ကို သမတကတိုက်ရိုက်ခန့်အပ်ခွင့်ရှိ သောလည်း ဖြုတ်ချခွင့်မရှိပေ။ တရားသူကြီးသက်တမ်းအကန့်သက်မရှိ သက်တမ်းအနှစ် (၄၀) အထိ တာဝန်ထမ်းဆောင်နိုင်သည်။ ပင်စင်ယူနိုင်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ လှုပ်ရှားမှုများမှရရှိသည့် သင်ခန်းစားများ
၁။ Marcose နှင့် Estrada ကိုနောက်ခံထားပြီး နောင်တက်လာမည့်သမတကို ဖိလစ်ပိုင်ပြည်သူများက ထောက်ပြနိုင်ခဲ့သည်။ 
၂။ ပညာပေးရေးလုပ်ငန်းများကြေင့် လူထုကိုအင်အားရှိလာစေသည်။
၃။ Joseph Estrada ကိုနမူနာထား၍တိုင်းပြည်တွင် တရားမျှတသော လူ့အဖွဲ့အစည်း တည်ဆောက်ရန်     အတွက်ပြင်ဆင်မှုလိုအပ်သည်။
၎။ သမတ Joseph Estrada ကိုနမူနာထား၍ ကျွမ်းကျင်မှုရှိယုံနှင့် မပြည့်စုံပါ။ ကိုယ်ကျင့်တရား ရှိရန် လိုအပ်သည်။
ဖီလစ်ပိုင်နိုင်ငံတွင် Marcose နှင့် Estrada တို့၏ အာဏာများဖြုတ်ချပြီး Miss.GLoria Arroyo သမတ ဖြစ်ချိန်တွင် ဖိလစ်ပိုင်လူ့အဖွဲ့အစည်းကိုပိုမို ကောင်းမွန်စေရန် မဟာဗြူဟာသည် ကောင်းမွန်စွာ လွမ်းမိုးအုပ်ချုပ် သည့် Good goverment  အဓိကလိုအပ်သည်။ ကောင်းမွန်စွာအုပ်ချုပ်သော စနှစ်ကို ကျင့်သုံးရန်လိုအပ် သည်။ Public accountability လူထုအပေါ်တာဝန်ခံမှုရှိသော အစိုးရအဖြစ်နှင့်ရွေး ချယ်ခံထားရသည်။ မည်သူကိုမဆို လူထုအပေါ်တာဝန်ခံမှု ရှိရန်လိုအပ်ပါသည်။ လူထု၏တောင်းဆိုချက်၊ လိုအပ်ချက်၊ ဆွေးနွေး ချက်များကို တုန့်ပြန်ဖြေကြား ရှင်းလင်းနိုင်သော အစိုးရပေါ်ပေါက်ရန်အတွက် ဖိလစ်ပိုင်လူထုက အလေးထား ဖော်ဆောင်ရန် လိုအပ်သည်။ လူထုတရပ်လုံးက ဖော်ဆောင်ရန်လိုအပ်သည်မှာ ဖိလစ်ပိုင်နိုင်ငံ၏ ယခုလက်ရှိ နည်းဗျူဟာဖြစ်လာသည်။ အာဏာရှင်မားကို့စ်ြုပတ်ကျပြီး Miss. Aquino လက်ထက်တွင် မဟာဗျူဟာ ပြောင်းလဲသွားသောလည်း နည်းဗြူဟာမှာပြောင်းလဲသွားခြင်းမရှိပေ။
  လူထုသင်းပင်းအဖွဲ့အစည်းများ ဆက်လက်တည်ရှိရန်လိုသည်။ အသင်းအဖွဲ့များတည်ရှိနေခြင်းအားဖြင့် ဒီမို ကရေစီကိုဖျက်ဆီးမည့် အင်အားစုများ အာဏာသိမ်းရန်ကြိုးစားမည့် အင်အားစုများကို ဒီမိုကရေစီအစိုးရအား ကြောပေးရပ်တည်ခြင်းအားဖြင့် ကာကွယ်နိုင်မည်ဖြစ်သည်။ လူထုအဖွဲ့အစည်းတွင် နောက်ထပ်ဆိုးသွမ်းမူ့များ ထပ်မဖြစ်အောင် လူထုသင်းပင်းအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအစိုးရလက်တွဲပြီး ဆောင်ရွက်နိုင်မည်ဖြစ် သည်။
 ဒီမိုကရေစီအစိုးရ တက်လာသောလည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေဦးမည်။ ဒီမိုက ရေစီအစိုးရကိုဝေဖန်ရန် လူထုအသင်းအဖွဲ့များ ဆက်ရှိရန်လိုအပ်သည်။ အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရပေါ်ပေါက်လာသောအခါ အာဏာရှင် ဖြုတ်ချရေးတွင်ပါဝင်သော ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ ရွေးကောက်ပွဲတွင်ပါဝင်ကြသည်။ ဒေသအလိုက် လူထုအသင်းအဖွဲ့များက အရည်အချင်း ရှိသူများကို ရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးခံရန် လှုံ့ဆော်လာကြသည်။ ဒီမိုကရေစီလှုပ်ရှားသူများမှာ အစိုးရနေရာအသီးသီးတွင် ၀င်ရောက်နေရာယူ တာဝန်ထမ်းဆောင်ခွင့်ရကြသည်။ ဥပမာ- Flag အဖွဲ့မှ ပညာ ရှင်ရှေ့နေများကို ရာထူးကြီးကြီးဖြင့် အစိုးရအဖွဲ့တွင် ၀င်ရောက်နေရာယူကြသောလည်း ထိုအဖွဲ့မှာဆက်လက် တည်ရှိနေရမည်။ အစိုးရနေရာတွင်တာဝန်ယူနေသူများ၏ လုပ်ဆောင်မူများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီ သည့်အခါ ထောက်ပြဝေဖန်မှုများ လုပ်ဆောင်ခြင်းဖြင့် ဆက်လက်ရပ်တည်နေကြသည်။ လူထုအဖွဲ့အစည်းများ အားကောင်းစေရန် ပညာပေးရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးကွန်ယက်များ၊ လုပ်ဆောင်ရန်အတွက် ဆက် လက်တည်ရှိနေရမည်။ အထိမ်းအမှတ်ကျေက်တိုင်များ ပြခန်းများရှိရန်လိုအပ်သည်။ ဆိုးရွားသောဖြစ်ရပ်များကို ပြန်လည်အမှတ်ရစေရန် test force detainees ဦးဆောင်ပြီး မနီလာမြို့၏အပြင်ဘက်တွင် ပြခန်းများကို အမှတ်တရလုပ်ဆောင်ပေးထားသည်။

သမတ Joseph Estrada ဆန့်ကျင်ရေးလှုပ်ရှားမှု
Joseph Estrada သည် ၁၉၉၈ ခုနှစ် ရွေးကောက်ပွဲတွင် သမတဖြစ်လာခဲ့သည်။ ရုပ်ရှင်မင်းသားဖြစ်သည်။ ရုပ်ရှင်ကားများတွင် ဖိနှိပ်ခံဆင်းရဲသားများ ဘက်မှရပ်တည်၍ ရိုက်ခဲ့သည်။ထိုအခြေခံဖြင့် ရွေးကောက်ပွဲတွင် မဲ ၁၀ သန်းနှင့် အနိုင်ရခဲ့သည်။
Joseph Estrada ၏အကြောင်းကို တနှစ်အတွင်း ပြည်သူလူထုမှာ သိလာခဲ့သည်။ Joseph Estrada ၏ လာဘ်စားမှုကြီးသည်။ ၂၀၀၀ ခုနှစ် အောက်တိုဘာလတွင် သတင်းထွက်လာခဲ့သည် Joseph Estrada ၏ သူငယ်ချင်းမြို့ဝန်တယောက်က လောင်းကစားဝိုင်းများမှ သီဆိုသန်း ၂၀၀ ပုံမှန်ရနေသည်ကို လူထုကိုကြေငြာ လိုက်သည်။ အခြားမြို့ဝန်တယေက်ကလည်း Joseph Estrada ကလောင်းကစားဝိုင်းနှင့် ပတ်သက်၍ သီဆို သန်း ၇၀ တောင်းသည်ကိုသိ၍ လူထုကိုထပ်၍ ကြေငြာလိုက်သည်။
 Joseph Estrada ၏ ဘဏ္ဍာငွေအလွဲသုံးစား လုပ်မှုကိုရုံးတင်စစ်ဆေးရန် ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှု ကော်မရှင်ဖွဲ့၍ လွှတ်တော်ပါလီမာန်တွင် စစ်ဆေးသည်ကို နေ့စဉ်သတင်းထုတ်လွင့်ခဲ့သည်။ အမှုစစ်ဆေးနေစဉ် လာဘ်စားမှုအတွက် စာရေးသူဟိုဆေးဒီလာသည် Estrada ၏ ငွေသန်းပေါင်း ၃၀၀၀ သူ၏ဘဏ်ထဲတွင် ရောက်နေသည့် ထောက်ခံသည့်စာအိပ်ရောက်လာပြီး စာအိတ်ဖွင့်သင့်မသင့်ကို ပါလီမာန်တွင် မဲပေးဆုံးဖြတ် ကြသည်။ ၁၀ ယောက် ၁၁ယောက်နှင့် စာအိတ်မဖွင့်ရေးဘက်မှ အနိုင်ရရှိသွားခဲ့သည်။ သက်သေအထောက် ထား ခိုင်မာမှုကို ပိတ်ပင်သောကြောင့် ပြည်သူလူထုမှာ မခံရပ်နိုင်ဘဲ ဆန့်ကျင်ဆန္ဒပြပြီး လူထုအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည်။ ကျောင်းသားများ လမ်းပေါ်သို့ထွက်လာကြပြီး Estrada ကိုသမတ မဖြစ်သင့်ကြောင်း တောင်းဆိုလာကြသည်။ Estrada ပြုတ်ကျပြီး  Miss. Gloria arroyo တက်လာပြီး Estrada ကိုတရားစွဲဆို ထောင်ချခဲ့သည်။

လူ့အဖွဲ့အစည်း၏ သုံးသပ်ချက်
လူ့အဖွဲ့အစည်းကိုပြောင်းလဲရန် ဆန္ဒတခုတည်းနှင့်မလုံလောက်ပေ။ ဖြစ်ခြင်သည်ကိုအကောင်ထည်ဖော်ရန် Scale ဟုခေါ်သော ကျွမ်းကျင်မှုအတက်ပညာ၊ နည်းပညာများ၊ လိုအပ်ပါသည်။လူ့အဖွဲ့အစည်းကြိုပပြင် ပြောင်းလဲရန် စိတ်ပိုင်းဆိုင်ရာဆန္ဒတခုနှင့် အတက်ပညာဆည်းပူးခြင်းမရှိပဲ တယောက်ခြင်းအုပ်စုလိုက် လုပ်ဆောင်ချက်များသည် ဖရိုဖရဲဖြစ်နေမည်။ အားနည်းချက်များရှိနိုင်မည်။ အောင်မြင်မှုမရှိနိုင်ပေ။ ကျွမ်းကျင်မှု ရှိပြီး ဆုံးဖြတ်ချက်မရှိ၊ ဇွဲမရှိ၊ ရည်မှန်းချက်မရှိလျှင်လည်း ထိုအဖွဲ့အစည်းက လုပ်ခြင်တာလုပ်ပြီး အဖွဲ့အစည်းကို ခိုင်မာ အောင်မလုပ်နိုင်ပေ၊၊ ထို့ကြောင့် လူ့အဖွဲ့အစည်းကိုပြေင်းလဲရန်- ဆုံဖြတ်ချက် ၊ဇွဲ၊ဲ စိတ်ဆန္ဒနှင့် မျှော်မှန်း ချက်များ ခိုင်မာဖို့ လိုအပ်သည်။
          ဖိလစ်ပိုင်နိုင်ငံတွင် ၁၈၉၆- ခုနှစ်မှစတင်၍ ၁၉၈၆- ခုနှစ်အထိ နှစ်ပေါင်း၁၀၀-ကျော်óကးစားလာခဲ့ပြီးမှ ၁၉၈၆-ခုနှစ်တွင်း အောင်မြင်မှုတခု ရရှိသွားခဲ့သည်။ ယခုခေတ် (Generation) မျိုးဆက်များ၏ သုံးသပ်ချက် မှာ ၁၈၉၆-ခုနှစ်မှစတင်ခဲ့သော စပိန်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအတွက် မပြီးဆုံးသော နောက်ဆက်တွဲ တော်လှန်ရေးများကို ဆင်နွှဲရမည်ဟု သဘောထားကြသည်။ ထိုအခြေခံမှ မေးစရာမေးခွန်း ၂-မျိုးဖြစ် လာသည်။  (၁) Secal Fight အနစ်နာခံခြင်းလား။(၂) Choice ရွေးချယ်ခြင်းလား။
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသည်။ ဒါဟာအနစ်နာခံနေတာမဟုတ်ပါဘူး။ ဒီလမ်းကိုလျှောက်နေတာဟာ ကျမတို့အတွက် ဖြစ်သင့်ဖြစ်ထိုက်တယ်ထင်လို့ ကျမတို့ရွေးချယ်ခွင့်ရှိစွာနဲ လျှောက်လှမ်းတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ခေါင်ဆောင်များက ရွေးချယ်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတည်ဆောက်သည့်အခါတွင် လူ့အဖွဲ့ အစည်းအတွက် အကောင်းဆုံးသောအခြေခံကို ရွေးချယ်ပြီး (Civil Society) လူထုအဓိကလူ့အဖွဲ့အစည်း ကို ဖွဲ့ခဲ့ကြခြင်းဖြစ်သည်။
ဖိစ်ပိုင်နိုင်ငံ၏ လူထုအဖွဲ့အစည်းများဖွဲ့စည်ပေါ်ပေါက်ရာတွင် အားကောင်းချက်များရှိသကဲ့သို့ အားနည်းချက် များလည်းရှိသည်။ အားကောင်းချက်များမှာ--
(၁) လူထုအဖွဲ့အစည်း၏အခြေခံကြောင့် လူထုများစွာမှာ မိမိတို့၏၀င်ငွေကောင်းသော စီးပွားရေးလုပ်ငန်းများကို စွန့်လွတ်၍ ဖိနှိပ်ခံနေရသောပြည် သူလူထုအတွက်စိတ်ဝင်တစား ရွေးချယ်လာကြသည်။ ရရှိသမျှသော ငွေ ကြေးများကိုလည်း တော်လှန်ရေးအတွက် အသုံးချလာကြသည် အဖွဲ့ဝင်များမှာ  လူထုအတွက် အချိန်ပြည့် လှုပ်ရှားနိုင်သည်။
(၂) ဆန္ဒပြပွဲ၊ ချီတက်ပွဲ လုပ်ဆောင်သည့် လှုပ်ရှားမှုများတွင် ရဲများ၊ စစ်တပ်များ ထောက်ပံ့ကူညီမှုရရန်နှင့် လူထုပါဝင်လှုပ်ရှားလာအောင် အပြောကောင်း၊ စည်းရုံးရေးကောင်းသူများပေါ်လာသည်။
(၃) လူထုအဖွဲ့အစည်းများသည်မိမိတို့၏ ကျွမ်းကျင်မှုများကို လွတ်လပ်စွာအသုံးချနိုင်သည်။
          လူထုအဖွဲ့အစည်းများ၏ သဘောမှာ ခန္ဒာကိုယ်နှင့်တူသည် ခန္ဒာတခုတွင်မတူညီသော အစိတ်အပိုင်း အမျိုးမျိုး စုပေါင်းလှုပ်ရှားခြင်းဖြင့်လည်း Body တခုကို ဖန်တီးခြင်းဖြစ်သည်။

လူထုအဖွဲ့အစည်းများဖွဲ့စည်းများ၏ အားနည်းချက်များမှာ--
(၁) လူထုအဖွဲ့အစည်းများမှာ အဓိကရံပုံငွေမရှိသောအဖွဲ့များ ပျက်စီးသွားကြသည်။ ရပ်သွားကြသည်။ Marcose ပြုတ်ကျပြီးသမတအသစ် တက်လာချိန်တွင် ပြင်ဆင်မှုမရှိသော အဖွဲ့များရပ်သွားသည်။
(၂) အာဏာရှင်ရှိစဉ်က အာဏာရှင်ဆန့်ကျင်ရေးကို ဦးစားပေးလုပ်ဆောင်ချက်ကြောင့်
          - အချိန်အကန့်အသတ်မရှိ။
          - ငွေကြေးသုံးစွဲမှု အကန့်အသတ်မရှိ။
          - မှတ်တမ်းမရှိ။
          - အစီရင်ခံစာမရှိ။
          - ကိုယ်ပိုင်လုပ်ငန်းများ မရှိသောကြောင့် ငွေကြေးထောက်ပံ့မှုရပ်တန့်သွားသည်။
          - စည်းကမ်းစနစ်တကျတည်ဆောက်ဖွဲ့စည်းခြင်း မရှိသောကြောင့် ဆက်လက်ရပ်တည်နိုင်မှုမရှိခဲ့ပေ။
(၃) အာဏာရှင်ဆန့်ကျင်ရေးအတွက်အချိန်ပြည့်လုပ်ဆောင်နေရသောကြောင့် ငြီးငွေ့လာကြသည်။ စိတ်တို၊ စိတ်ဓါတ်ကျလာသည်။ ထို့ကြောင့် အချိန်ယူလုပ်ဆောင်ရန်လိုအပ်သည်။
(၄) တာဝန်ထမ်းဆောင်မှုအခြေအနေမှာ ယောင်္ကျား၊ မိန်းမ တန်းတူလုပ်ဆောင်မှုကြောင်ပြသနာအမျိုးမျိုးဖြစ်ပြီး အဖွဲ့အစည်း များပြိုကွဲရသည်။
(၅) အဖွဲ့အစည်းများမှာမိမိတို့အဖွဲ့များ တိုးတက်စေရန်အတွက်အောင်မြင်မှုရစေရန်အတွက် ယှဉ်ပြိုင်ရသည်။ တိုးတက်အောင်အပြန်အလှန် တိုက်ခိုက်မှုများလည်းရှိသည်။
(၆) ဖြစ်ပေါ်လာသောပြဿနာကို ကိုင်တွယ်ဖြေရှင်းသည့် နည်းနားများကွဲပြားခြင်း၊ အတွေးအခေါ် အယူအဆ များ ကွဲပြားခြင်းကြောင့် အဖွဲ့အစည်းများပြိုကွဲရသည်။ ဥပမာ လွတ်တော်နှင့်ရွေးကောက်ပွဲများ လုပ်သင့်သည်။ လက်နက်ကိုင်ရမည်။ အစိုးရနှင့် ပူးပေါင်းရမည်။ လူထုနှင့် ပူးပေါင်းရမည်။ စသည့်နည်းများ ကွဲပြားမှုကြောင့် Civil Society  ပြိုကွဲရသည်။
(၇) ဒီမိုကရေစီအစိုးရသစ်မှာ အဖွဲ့အစည်းများ စနစ်တကျရပ်တည်နိုင်အောင် အဖွဲ့အစည်းခေါင်းဆောင်များ စည်းကမ်းတကျဖြစ်အောင် သတ်မှတ်လာရသည်။  မလိုက်နာလျှင် အလုပ်ထုတ်ရသည်အထိ ဖြစ်လာသည်။ ထို့ကြောင့် တရားစွဲဆိုမှုများ ဖြစ်လာရသည်။
          အချုပ်အားဖြင့် အာဏာရှင်များကို တယောက်ခြင်းစွမ်းအားများစုစည်ပြီး လူထုအဖွဲ့အစည်းများ ပေါ်ပေါက်လာသည်။ လူထုအဖွဲ့အစည်းများစုစည်းပြီး မိမိတို့နိုင်ငံတွင်ပေါ်ပေါက်လာသော မည်သည့်အာဏာ ရှင်ကိုမဆို ဖြူတ်ချနိုင်ကြောင်းတွေ့ရှိရသည်။ မတူကွဲပြားသော ရည်ရွယ်ချက်များစုစည်းပြီး တူညီသောဆုံချက် တခုယူ၍ အာဏာရှင်ကြိုဖတ်ချနိုင်သည်။ ထိုသို့ဖွဲ့စည်းဆောင်ရွက်မှုတွင် ဆန္ဒများ၊ အတက်ပညာများ၊ လှုပ်ရှားမှု များ၊ ကျွမ်းကျင်မှုများ ၊ လက်တွေ့လုပ်ဆောင်မှုများ၊ အဓိကလိုအပ်ကြောင်းတွေ့ရပါသည်။
          ဤပို့ချက်များကို မြန်မာနိုင်ငံရှေ့နေများကောင်စီမှ သင်တန်းဖွင့်လှစ်ပြီး ဖီလစ်ပိုင်နိုင်ငံမှ ဥပဒေပညာရှင် Mr.Antty, Rene Sarmientto အားဖိတ်ခေါ်ပြီး ဖီလစ်ပိုင်နိုင်ငံ၏ အတွေ့အကြုံများ၏ ရှင်းလင်းပို့ချချက် များကို မမိုးမိုး (BLC) မှကောက်နုတ်တင်ပြထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...