Wednesday, November 16, 2011

လူထုအဓိကလူ့အဖွဲ့အစည်း (Civil Society) ဖွဲ့စည်းတည်ဆောက်ရေး ( ဖီလစ်ပိုင်နိုင်ငံ၏ အတွေ့အကြုံ - ၁)



ဖီလစ်ပိုင်နိုင်ငံနောက်ခံသမိုင်း -

ဖီလစ်ပိုင်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သည်။ ကျွန်းပေါင်း ၇၁၀၀ ကျော်ရှိသည်။ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် ပင်လယ်ထဲတွင်ရှိသည်။ နှစ်ပေါင်းကြာရှည်စွာ ကိုလိုနီလက်အောက်တွင် နေခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံကို အမေရိကန်မှ နှစ်ပေါင်း ၅၀၊ ဂျပန်နိုင်ငံမှ ၄ နှစ်၊ စပိန်မှနှစ်ပေါင်း ၃၀၀ ကိုလိုနြီုပခြင်းခံခဲ့ရသည်။ ကိုလိုနီစနစ် အောက်တွင် သွေးထွက်သံယိုဆုံးရှုံးမှုများ အမျာပြားရှိခဲ့သည်။ စပိန်နိုင်ငံ၏နှစ်ရှည်ကိုလိုနြီုပုခြင်းကြောင့် ဖိလစ် ပိုင်နိုင်ငံတွင် စပိန်စကားလွှမ်းမိုးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် လူမျိုး-၅၀၊ ဘာသာစကား-၈၀ ရှိသည်။ အင်္ဂလိပ်နှင့် ဒဂါးလောစကားကို ရုံးသုံးဘာသာစကားအဖြစ် အသုံြးုပသည်။ ပြည်သူအများစုမှာ ဖိလစ်ပိုင်စကားကို အသုံး ပြုကြသည်။ စပိန်ဘုရင်ဖိလစ်၏ အာဏာသိမ်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံအဖြစ်ခေါ်တွင်ခဲ့သည်။ စပိန်ဘာသာ စကားလည်း အသုံြးုပနေကြသည်။
          လွတ်လပ်ရေးကြိုးပမ်းမှုကို ဖိလစ်ပိုင်နိုင်ငံသားများ နှစ်ပေါင်းများစွာကြိုးစားကြရသည်။ ထိုအခြေခံမှ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် ကြိုးစားခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကြာရှည်သောနှစ်အတွင်း၌ လူစွမ်း ကောင်းအာဇာနည်များ မွေးထုတ်ပေးခဲ့သည်။ ထိုလူစွမ်းကောင်း အာဇာနည်များက ဒီမိုကရေစီရရှိရေး၊ တရားမျှ တမှု၊ လူ့အခွင့်အရေးဖော်ဆောင်နိုင်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကြိုးစားခဲ့ကြသည်။ တချိန်တည်းမှာပင် ဒီမိုကရေစီရေးကြိုးပမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်သည့်မကောင်းသောသူများလည်း အများအပြား ပေါ်ထွန်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံရှိပြည်သူများသည် ကောင်းကျိုး/ ဆိုးကျိုးအခြေအနေ နှစ်ခုအောက်တွင် ဒီမိုက ရေစီရေးကြိုးပမ်းမှုများကို ရှိနေသော ပြည်သူ့အင်အားစုနှင့် ရအောင်တိုက်ပွဲဝင်ခဲ့ကြသည်။

          ၁၉၆၀-ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသားရေးဝါဒမှာ အားကောင်းကောင်းနှင့် ပေါ်လာခဲ့သည့်ကာလ ဖြစ်သည်။ အမျိုးသားရေးဝါဒပေါ်လာရခြင်း၏ အဓိကကြောင်းအရင်းမှာ ထိုအချိန်က အထက်လွတ်တော်အမတ် တစ်ယောက်မှ ရေးသောစာဆောင်များ ဆောင်းပါးများနှင့် အတွေးအခေါ် အယူအဆများကြောင့် ဖြစ်သည်။ အဓိကထောက်ပြချက်မှာ ထိုအချိန်က ဖိလစ်ပိုင်နိုင်ငံတွင် အမေရိကန်စစ်တပ်များ ရှိနေသည်။ ဖိလစ်ပိုင်နိုင်ငံမှ သံယံဇာတများကို အမေရိကန်နိုင်ငံသားများအား သုံးစွဲခွင့်ပေးနေသည်။ ဖိလစ်ပိုင်နိုင်ငံသားများ၏ မကျေနပ်မှု ကြောင့် အမျိုးသားရေးစိတ်ဓါတ်များ တက်ကြွလာခဲ့သည်။ ထိုစာရေးဆရာက လူထုကြားထဲတွင် စာရေးခြင်း၊ မိန့်ခွန်များပြောခြင်း၊ အတွေးအခေါ်များဖြန့်ဝေခြင်းကြောင့် လူထုကြားထဲတွင် ထိုအတွေးအခေါ်အယူအဆများ နိုင်ငံရေးသမားများထံ ပျံနှံ့သွားခဲ့သည်။  ဖိလစ်ပိုင်ပြည်သူအများစုမှာ နိုင်ငံရေးအမြင်များကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်။ ဖိလစ်ပိုင်အမျိုးသားရေး အခြေခံမှတဆင့် နိုင်ငံတကာအခြေနေကို ချဉ်းကပ်၍အခြားနိုင်ငံများ တွင် ပါသိနိုင်ရန်ကြိုးစားလာကြသည်။ ကျောင်းသားများက ဟောပြောပွဲများကို မြို့ပေါ်တွင်သာမက ကျေးရွာ လယ်သမားများအထိ အပြန်အလှန်ဆွေးနွေးမူများ လုပ်ခဲ့ကြသည်။

ဖိလစ်ပိုင်သမ္မတမားကိုးစ်သည် သမ္မတမဖြစ်ခင် အထက်လွတ်တော်အမတ် တယောက်လည်းဖြစ်ခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သောအခါ သမ္မတဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတ၏သက်တမ်းမှာ ၄-နှစ်ဖြစ်ပြီး။၂-ကြိမ် အရွေးခံပိုင်ခွင့်ရှိသည်။ ၁၉၆၄-ခုနှစ်မှ ၁၉၈၈ - ခုနှစ် အထိတစ်ကြိမ် ၁၉၆၈ - ခုနှစ်မှ ၁၉၇၁ - ခုနှစ်အထိ တစ်ကြိမ်အရွေးခံခဲ့ရပြီး သမ္မတရာထူးမှ မထွက်ချင်သောကြောင့်  ၁၉၇၁-ခုနှစ်တွင် မာရှယ်လောကြေငြာပြီး အာဏာတည်မြဲအောင်လုပ်ခဲ့သည်။ ၁၉၆၄-ခုနှစ်မတိုင်ခင်ကပင် ဖိလစ်ပိုင်နိုင်ငံ၏ ကျောင်းသားလူငယ်ပြည်သူများမှာ အမျိုးသားရေးစိတ်ဓါတ်နှင့် အသိပ ညာများတစုံတရာ တိုးတက်နေပြီဖြစ်သည်။  ထိုအခြေခံမှ တဖြည်းဖြည်းနှင့် ၁၉၇၀-ခုနှစ်ပိုင်းတွင် နိုင်ငံရေး အသိစိတ်ဓါတ်များ ပိုမိုကျယ်ပြန့်ပြီး နိုင်ငံရေးပါတီများ၊ လူထုအဖွဲ့အစည်းများ ပေါ်ပေါက်လာသည်။ ကျောင်းသားလူငယ်များ၊ နိုင်ငံရေးပါတီများ နှင့် လူ့အဖွဲ့အစည်းများပူးပေါင်းပြီး ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် အကြီးမားဆုံးသော လူထုဆန္ဒပြပွဲကြီးဖြစ်ပေါ်ခဲ့သည်။ ၁၉၇၀ ခုနှစ်ဇန၀ါရီ ၂၆-ရက် မှ ၃၀-ရက်အတွင်း ဖြစ်ပွား ခဲ့သောထိုဆန္ဒပြပွဲမှာ အကြမ်းဖက်ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့သည်။ ဇန၀ါရီ-၃၀ရက်နေ့တွင် သမ္မတနန်းတော်ရှေ့၌ နောက်ဆုံးဆန္ဒပြပွဲနှင့် အကြီးမားဆုံးသော ဆန္ဒပြပွဲကြီးလည်းဖြစ်ခဲ့သည်။ ထိုဆန္ဒပြပွဲကို လစ်ဘရယ်ပါတီက ဦးဆောင်ပြီး ဆန္ဒပြခေါင်းဆောင်များက စင်မြင့်ပေါ်မှနေ၍လူထုကို ရဲရဲတောက်တရားများ ဟောပြောနေချိန် တွင် လက်ပစ်ဗုံးနှင့် အပြစ်ခံခဲ့ရသည်။ တရားဟောခေါင်ဆောင်နှင့် လူထုအတော်များများ သေကြေပျက်စီးခဲ့ ရသည်။
          ထိုသို့ဆန္ဒပြနေစဉ် အမည်မသိသူတဦး၏ လက်ပစ်ဗုံးနှင့်ပစ်ခတ်မှုကြောင့် ဖြစ်ပျက်ခဲ့သည့်အခြေအနေ ကိုအခွင့်ကောင်းယူပြီး အကြောင်းပြချက်ရရှိခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်နိုင်သောနိုင်ငံရေး ခေါင်းဆောင်များ၊ ကျောင်းသားများကိုဖမ်းဆီးရန် သမ္မတမားကိုစ်က ဖိလစ်ပိုင်တွင်ကျင့်သုံးနေသော တရားရုံး ချုပ်မှလူတယောက်ကိုဖမ်းခဲ့လျှင် မည်သည့်အကြောင်းကြောင်ဖမ်းသည်ကို အကြောင်းပြရသည်။ ဥပဒေနှင့် နည်းဥပဒေကို ချက်ချင်းထုတ်ပြန်ဖို့အမိန်ပေးသော အမှုခေါ်စာချွန်တော်ကို သမ္မတမားကို့စ် က ရပ်ဆိုင်းပြီး ဗုံး ဖောက်ခွဲမှုကိစ္စကို အကြောင်းပြချက်တခုအဖြစ် အသုံးချခဲ့သည်။
          ဖိလစ်ပိုင်သမ္မတမားကို့စ်မှ ဖိနှိပ်မှုများလုပ်လာသောအခါ ဖိလစ်ပိုင်နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်း သားများ၊ ပြည်သူများမှာ ကျယ်ပြန့်သော တပ်ပေါင်းစုတခု ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့အစည်းမှာ “ ပြည်သူများ ၏ လွတ်လပ်မှုအခွင့်အရေးအတွက် စိုးရိမ်ပူပန်သောကဖြစ်သော အဖွဲ့အစည်း  ဟုအဓိပ္ပါယ်ရှိသော အဖွဲ့တခု ကို ဖွဲ့စည်းလိုက်သည်။ ထိုအဖွဲ့၏ခေါင်းဆောင်မှာ SenatorYaဖြစ်သည်။ ထိုသူက အမျိုးသားရေးဝါဒအပေါ် အခြေခံပြီး မားကို့စ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။

          ၁၉၇၁-ခုနှစ်တွင် သမ္မတမားကို့စ်က တနိုင်ငံလုံးတွင် ဆူပူလှုပ်ရှားမှုမျာြးုပလုပ်နေ၍ မာရှယ်လောအမိန့် ကို စတင်ကြေငြာခဲ့သည်။ ကြေငြာသည်နေ့မှာပင် ဖိလစ်ပိုင်တနိုင်ငံလုံး လူ ၃၀၀၀၀-ကျော် ဖမ်းဆီးလိုက်သည်။ ဖမ်းလိုက်သည့်အထဲတွင် Senatar Diokno နှင့် Mr,  Aquino လည်းအဖမ်းခံခဲ့ရသည်။

လူ့အဖွဲ့အစည်း အပြောင်အလဲအတွက် ကြိုးပမ်းသောနည်းနာများ

လူ့အဖွဲ့အစည်း အပြောင်အလဲအတွက် ကြိုးပမ်းသောနည်းနာများမှာ အကြမ်းအားဖြင့် ၃ မျိုးခွဲးခြားထားသည်။
         
          (၁) ပညာပေးရေးလုပ်ငန်းများ။
          (၂) လူထုအဖွဲ့အစည်းများဖွဲ့စည်းခြင်း။
          (၃) လှုပ်ရှားမှုများ။

(၁) ပညာပေးရေးလုပ်ငန်းများ။
         
အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းသောဒီမိုကရေစီတည်ဆောက်ရန်မှာ ရှောင်တခင်ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ အချိန်ကြာကြာယူရသည်။ ခြေလှမ်းတလှမ်းပြီးတလှမ်း ပြင်ဆင်ြုပလုပ်ရသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ၁၉၈၆-ခုနှစ်တွင် သမ္မတမားကို့စ်ဆန့်ကျင်ရေး လူထုအုံကြွမှုမှာ ရှောင်တခင် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ နှစ်ပေါင်း ကြာရှည်အချိန်ယူပြီး ပညာပေးရေးလုပ်ငန်းများကို ပြည်သူလူထုအကြားပြန့်ပွားအောင် လုပ်ဆောင် ခဲ့သည်။ ထိုအခြေခံဖြင့် လူထုအဖွဲ့အစည်းများအချင်းချင်းကြားတွင် အပြန်အလှန်ဆက်စပ် ပူးပေါင်းဆောင်ရွက် ခြင်း ဆက်သွယ်ရေးကွန် ယက်များတည်ဆောက်ခြင်း စသည်များကို အချိန်ကြာရှည်စွာ လုပ်ဆောင်ခဲ့ရသည်။ အဖွဲ့အစည်းထဲတွင် အသိတရားအတွေးအခေါ်များရှိနေခြင်းမှာ လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံးဖြစ်သည်။
တောင်အာဖရိကနိုင်ငံ အပြောင်အလဲဖြစ်ရန်အတွက် နယ်(လ်)ဆင်မန်ဒဲလားမှာ နှစ်ပေါင်း ၁၀-စုနှစ် ၂-ခုကျော် ထောင်ထဲမှာ နေခဲ့ရသည်။
ထိုင်းနိုင်ငံ၏ အပြောင်အလဲဖြစ်သွားခြင်းမှာလည်း ထိုင်းပြည်သူများ ပညာပေးရေးလုပ်ငန်းကို အချိန်ကြာလုပ် ဆောင်ခဲ့ပြီးမှပြောင်းလဲခြင်းဖြစ်သည်။
          ဖိလစ်ပိုင်နိုင်ငံသည် စပိန်လက်အောက်တွင်ရှိစဉ်က စပိန်သည်ဖိလစ်ပိုင်ပြည်သူများကို ချိုးနှိမ်ထားခဲ့ သည်။  ဖိလစ်ပိုင်ပြည်သူများကို စိတ် ဓါတ်ရေးရာကျဆင်းမှုများ၊ အားငယ်စိတ်များဝင်လာအောင် အမျိုးမျိုးဖြင့် ရှုံ့ချပြောဆိုခဲ့သည်။ ဖိလစ်ပိုင်ပြည်သူများမှာ ကိုယ့်ကိုယုံကြည်မှုများ ပျက်သွားရသည်။ စပိန်သည် ထိုအခြေခံ ပေါ်မှ နှစ်ပေါင်းရာနှင့်ချီ၍ အုပ်ချုပ်ခဲ့သည်။
ဖိလစ်ပိုင်ပြည်သူများက ထိုအခြေအနေကို ပြောင်းလဲရန်ကြိုးစားခဲ့ကြသည်။ အမျိုးသားလွတ်မြောက်ရေး ခေါင်း ဆောင် ဟိုဆေးရီဇာ၏ရေးသားမှု၊ ပြောဆိုမှု၊ ဖိလစ်ပိုင်ခေါင်းဆောင်များ ဟောပြောမှု၊ လှုံ့ဆော်မှုများကို အခြေခံ ပြီး ယုံကြည်မှုများကိုတည်ဆောက်ခဲ့ကြသည်။ ဖိလစ်ပိုင်ပြည်သူများမှာ ဥပရောပတိုက်မှထင်ရှားသော အတွေး အခေါ်ပညာရှင်များ၏ အတွေးအခေါ်များကို ပြန်လည်လေ့လာကြသည်။
အမေရိကန်ပညာရှင်များ၏ အတွေးအခေါ်များကလည်း ဖိလစ်ပိုင်ပြည်သူများကို တစုံတရာ ပြောင်းလဲမှုဖြစ် အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အမေရိကန်ပညာရှင် Willion James ၏ “အတွေးအမြင်နှင့် လုပ်ဆောင် ချက်များ ဆိုသောစာအုပ်တွင် လူတယောက်သည် ဘယ်လိုသဘောထားရှိမလဲ၊ ဆုံးဖြတ်လုပ်ဆောင်မလဲ ဆိုသည့် လုပ်သင့်လုပ်ထိုက်သည့် အတွေးအခေါ်အမျှော်အမြင်များကို အကြံပေးရေးသားထားသော စာအုပ် ဖြစ်သည်။ လူတွေမှာ အတွေးအမြင်မှ စွမ်းအားများပါလာသည် မှန်ကန်သောအတွေးအမြင် များရှိနေလျင် မှန်ကန်သောစွမ်းအားများ ရောက်လာကြလိမ့်မည်။ မှန်ကန်သော အတွေးအမြင်များကို  လူထုကြားထဲရှိ  လူငယ်အဖွဲ့အစည်းထဲကို ရောက်ရှိအောင်လုပ်ဆောင်ခြင်းအားဖြင့်  လူ့အဖွဲ့အစည်း၏ အနာဂတ်အုပ်မြစ်ကို အခိုင်အမာချနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူလူထုနှင့် လူငယ်များကြားတွင် ကိုယ့်ကိုကိုယ်ယုံကြည် လာစေမည့် အတွေးအခေါ်များ၊ သတ္တိများ ဖြန့်ဖြူးပေးဖို့လိုပါသည်။ ပြည်သူလူထုမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု နည်းနေမည်၊ အားငယ်နေမည်၊ သတ္တိမရှိဘူးဆိုရလျင် လူထုမှာ ဘာတခုမှလုပ်လုပ်ဆောင်နိုင်မည်မဟုတ်ပေ။  အတွေးအခေါ်ကို ဘယ်လိုကိုင်တွယ် တည်ဆောက်မလဲ လူထုမှာလုပ် နိုင်စွမ်းအားရှိနေသည် ဖန်တီးနိုင်သည်၊ လုပ်နိုင်သည် စသည်ဖြင့် စွမ်းအား၊ သတ္တိ၊ ဆုံးဖြတ်ချက် ၊ ဇွဲ များကို တည်ဆောက်ရမည်။ ထိုသို့တည်ဆောက်ခြင်းအားဖြင့် လူ့အဖွဲ့အစည်း၏ပြောင်းအလဲကို ပြောင်းလဲနိုင်မည်ဆိုသည်ကို ဖိလစ်ပိုင် ပြည်သူများက အကောင်အထည်ဖော် သက်သေပြသွားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံရှိ ဗာကန်ကတ်စတီနယ်ရှိ ကျောင်းတကျောင်း၏ စာသင်ခန်းတခန်းထဲမှ စပိန်ကိုဆန့်ကျင်သည့် လက်နက်ကိုင်တိုက်ပွဲထဲတွင်ပါသော ခေါင်းဆောင်အမြောက်အမြားကို စာသင်ခန်းတခုထဲမှ မွေးထုတ်ပေးခဲ့ သည်။ ထိုကျောင်းတွင် သင်သောဆရာများက ကျောင်းသားများကို ကောင်းကောင်းရှင်းပြနိုင်သည်၊ အားပေး နိုင်သည်၊ ယုံကြည်မှုကိုတည်ဆောက်နိုင်သည်။  စပိန်ကိုဆန့်ကျင်သောအခါ ထိုလူငယ်များသည် ကိုယ်တိုင် ကိုယ်ကျပါဝင်နိုင်သော တော်လှန်ရေးခေါင်းဆောင်များ ဖြစ်လာကြသည်။

လူထုအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း

ဖိလစ်ပိုင်နိုင်ငံတွင် လူထုအဖွဲ့အစည်းများပေါ်ပေါက်ရန် နှစ်ပေါင်းများစွာ မျိုးစေ့ချခဲ့ရသည်။ အမျိုးသားခေါင်း ဆောင် ဟိုဆေးရီဇာခေတ်မှစတင်၍ အမျိုးသားရေးစိတ်ဓါတ်ကို လှုံ့ဆော်သောစာအုပ်၂-အုပ်ရေးသားခဲ့သည်။ ထိုစာအုပ်များကို ဖိလစ်ပိုင်ပြည်သူများဖတ်၍ အမျိုးသားရေးစိတ်ဓါတ်များ စတင်နိုးကြားလာခဲ့သည်။ ၁၉၄၀-ခုနှစ်နှင့် ၁၉၅၀- ခုနှစ် MABINI ခေတ်သို့ရောက်သည့်အခါတွင် အတွေးအခေါ်စာအုပ်များ၊ ပညာပေးစာ စောင်များရေးသားသောကြောင့် ဖိလစ်ပြည်သူများကြားတွင် လေ့လာဆွေးနွေးမှုများ အခြေချခိုင်မာလာခဲ့သည်။ ၁၉၆၀- ခုနှစ်နှင့် ၁၉၇၀- ခုနှစ်တွင် လူထုကိုလှုံ့ဆော်ရေးသားသော ပညာပေးစာစောင်များ ရေးသားဖြန့်ဝေခြင်း ကြောင့် လူထုမှာ အခြေခံပညာရရှိသွားပြီး လူထုအသင်းအဖွဲ့များ စတင် ပေါ်ပေါက်လာခဲ့သည်။
          လူထုအသင်းအဖွဲ့များနှင့် ပတ်သက်ပြီး အခြေခံအကျဆုံးမှာ မိသားစုပင်ဖြစ်သည်။ မိသားစုစိတ်ဓါတ် ဖြင့်အခြေခံသည်။ မိသားစုဝင်ထဲမှလူအချို့မှာ အဖမ်းခံရပြီးဆိုလျှင် မိသားစု ၃- ၄ ခုရှိ ဇနီး၊ သား၊ သမီးများ စုစည်းကြသည်။ ဖမ်းဆီးသွားသောသူအတွက် မည်သို့လုပ်ဆောင်ရမည်ဟူသော အခြေခံဖြင့် ဖွဲ့စည်းလာကြ သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက်ဖွဲ့စည်းထားသော မိသားစုအခြေခံ အဖွဲ့အစည်း ကလေးများဖြစ်သည်။ ပျောက်ဆုံးသွားသောသူများအတွက် ပြန်လည်ရှာဖွေတွေ့ရှိအောင် စုစည်းလုပ်ကိုင်ခြင်း ဖြင့် လူထုအသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၇၁- ခုနှစ် သမတမားကို့စ် မာရှယ်လောကြေညာပြီး Mr, Diokno နှင့် Mr, Aquino ၂- ယောက်စလုံး အဖမ်းခံခဲ့ရသည်။ Mr, Diokno သည်ထောင်မှထွက်ပြီး အခမဲ့ ဥပဒေအကူညီနှင့် အကြံပေးသောအဖွဲ့အစည်း (Free Legal Assistance) ကို တည်ထောင်ခဲ့သည်။ ထို အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင် အကြီးဆုံးနှင့် အားထားရဆုံးသော် ဥပဒေအဖွဲ့အစည်းကြီးဖြစ်လာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံပြောင်းလဲမှုတွင် ပြည်ပနိုင်ငံရောက်အဖွဲ့အစည်းများကလည်း အဓိကအရေးပါခဲ့သည်။ အစိုးရကို ထိရောက်စွာဖိအားပေးနိုင်ခဲ့သည်။
             ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ ခရစ်ယာန်အာစီများ ဖြစ်ကြသည်။ ဘာသာရေး အဆုံး အမနှင့် အဖွဲ့အစည်းများကလည်း ဖိလစ်ပိုင်နိုင်ငံ၏ပြောင်းလဲမှုတွင် ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့သည်။

လူထုအသင်းအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ
         
         ဖိလစ်ပိုင်နိုင်ငံ၏ပြောင်းလဲမှုတွင် ပြည်တွင်းလှုပ်ရှားမှုသာမက ပြည်ပလှုပ်ရှားမှုများမှာလည်း အရေးပါ ထိရောက်ခဲ့သည်။ အာဏာရှင်မားကို့စ် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်တွင်းလှုပ်ရှားမှုအဖွဲ့အစည်းများနှင့် ပြည်ပရောက်အဖွဲ့အစည်းများအချင်းချင်း ဆက်စပ်မှုများလုပ်နိုင်ခဲ့သည်။ ဥပမာ- အမေရိကန်နှင့် ဥရောပရောက် ဖိလစ်ပိုင်ပြည်သူများမှာ လှုပ်ရှားမှုအများဆုံး လုပ်ပေးနိုင်ခဲ့သည်။ အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ ဖိလစ်ပိုင် သံရုံးရှေ့တွင် မကြာခဏဆန္ဒပြခြင်း၊ သမတအိမ်တော်ရှေ့တွင် မကြာခဏတောင်းဆိုမှုများ ပြုလုပ်ခြင်းဖြင့် ဖိအားပေးနိုင်ခဲ့သည်။ ထိုအချိန်က သမတမားကို့စ်မှာ ပြည်တွင်းဆူပူလှုပ်ရှားမှုထက် ပြည်ပလှုပ်ရှားမှုများကို ပိုမိုထိတ်လန့်စိုးရိမ်ခဲ့သည်။
အာဏာရှင်သမတမားကို့စ်လက်ထက်တွင် အတိုက်အခံများကို ဖိနှိပ်ရန်အတွက် အမိန့်ညွန်ကြားချက် စာစောင် များထုတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ အာဏာတည်မြဲရန်နှင့် အတိုက်အခံများအားနည်းသွားစေရန်ဖြစ်သည်။ အဓိကအမိန့်စာ၂- စောင်ထုတ်ပြန်ခဲ့သည်။
(၁) အမိန့်စာအမှတ်- ၁၊၊ သတင်းစာများ၊ အသံလွှင့်သတင်းဌာနများ ၊ ဂျာနယ်စာစောင်များ၊ ရုပ်မြင်သံကြားများ ကိုပိတ်လိုက်ခြင်း။
(၂) အမိန့်စာအမှတ်-၂/A ဖြစ်သည်။ ၂/A ထဲတွင်ထင်ရှားကျော်ကြားသော သတင်းစာဆရာများ ကိုဖမ်းဆီးရန် အမိန့်ဖြစ်သည်။ ထိုအမိန့်နှစ်ခုထွက်သည့်အခါ ထိုအမိန့်အောက်မှ အဖမ်းခံရမည်ကို လူထုမှာ ကြောက်သွားခဲ့ သည်။ မားကိုးစ်ထုပ်ပြန်သောအမိန့်များမှာ တစုံတရာထိရောက်မှုရှိပြီး ကာလတခုအထိ လူထုလှုပ်ရှားမှုမှာ ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုသို့ပိတ်လိုက်သောငြားလည်း လူထုမှာ အခြားနည်းနာများကို အသုံြးုပသည့် သတင်း ထုတ်ပြန်ရေးလုပ်ငန်း (Alternative media) ကိုပြန်လည်အသက်သွင်းရန်ကြိုးစားခဲ့ကြသည်။ တရားဝင် ထုပ်ပြန်ခြင်းမဟုတ်သောလည်း ပုံစံမျိုးစုံ၊ နည်းမျိုးစုံနှင့် လူထုကြားထဲတွင် သတင်းများရောက်အောင် ဖြန့်ဝေခဲ့ ကြသည်။ စာဆောင်များ၊ စာအုပ်များထုတ်ပြီး ဘုရားရှိခိုးကျောင်း၊ လူသွားလူလားများသည့် နေရာများတွင် ပစ်ထားခြင်းဖြင့် လူထုကြားထဲသို့ ပညာပေးအသိတရား များကို ဖြန့်ဝေခဲ့သည်။ မတရားဖိနှိပ်သော ဥပဒေ ထုတ်ပြန်သည့်ကြားမှပင် ပညာပေးစာစောင်များ၊ သတင်းများကို အားကောင်းကောင်းနှင့် လုပ်ဆောင်နိုင်ခဲ့ သည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဘာသာရေးလှုပ်ရှားမူတွင်လည်း ခရစ်ယာန်ဘာသာကိုးကွယ်သူများက ၀တ်ပြုမှုများကို စုစည်း ပြီးလုပ်ကြသည်။ ၀တ်ြုပမှု အခမ်းနားများကို လူ့အခွင့်ရေးချိုးဖောက်ခံရသူများအတွက် ဆုတောင်းမှုများ၊ ရည်စူး အမျှဝေခြင်းများလုပ်ဆောင်ခြင်းဖြင့် ဘာသာရေးနှင့် ခံစားရသောဥပဒေ ချိုးဖောက်မှု ၂- ခုကိုဆက်စပ်ပြီး၊ လူထု ကို လှုပ်ရှားမှုထဲပါလာအောင် လုပ်ဆောင်ခဲ့သည်။ ခရစ်ယာန်ကျမ်းထဲမှ ထုတ်နုတ်၍လည်း အာဏာရှင်မားကို့စ် ဆန့်ကျင်ရေးတွင် အသုံးချခဲ့ကြသည်။ သမ္မာကျမ်းစာတွင်ပါသော စာသားအခိျု့ကြိုပပြင်၍ ရေးသားခဲ့ကြသည်။ ဥပမာ-      
         - ကျနော် တို့ဆင်းရဲနေကြတယ် ဘယ်သူတွေကူညီပေးမလဲ။
         - ကျနော်တို့ဆာလောင်မွတ်သိပ်နေတယ် ဘယ်သူတွေအစာကျွေးမလဲ။
         - ရေဆာနေကြတယ် ဘယ်သူတွေရေလာတိုက်မလဲ။
         - အ၀တ်စားမရှိဘူးဖြစ်နေတယ် အ၀တ်အစားဘယ်သူလာပေးမလဲ။
         - ခင်ဗျာတို့အခုဘာလုပ်နေကြလဲ။
စသည်ဖြင့် သခင်ရေရှု ကသင်ကြားပေးထားသည်။ ဒီကနေ့နိုင်ငံရေးအကျဉ်းသားများ ထောင်ထဲတွင် ဒုက္ခ ရောက်နေကြတယ် ကျနော်တို့အကူညီပေးမလား မပေးဘူးလား
                   - နိုင်ငံရေးအကျဉ်းသားများ ဆာလောင်မွတ်သိတ်နေတယ် ဘယ်လိုအစာကျွေးမလဲ ။
                   - ရေငတ်နေကြတယ် ဘယ်လိုရေသွားတိုက်မလဲ ။
                   - နိုင်ငံရေးအကျဉ်းသားများ ထေင်ထဲတွင် အ၀တ်စားအချွတ်ခံနေရတယ်
                   -ဘယ်လိုအ၀တ်အစားတွေသွားပေးမလဲ ။ စသည့်သခင်ရရှု၏ အဆိုအမိန့်များကိုရေးပြီး   ဖိလစ်ပိုင်ပြည်သူများကို လှုံ့ဆော်ခဲ့သည်။   
                     ဆက်လက်ပြီးသခင်ရေရှုကပြောတယ်-
                    - ငါလာတယ် ဘာကြောင့်လဲဆိုရင်
                    - မျက်စေ့ ၂ ကွင်းအလင်းမရသော သူများကို
                    - အမြန်အလင်းဆောင်ပေးရန်ဖြစ်သည်။
                    -  ငါလာတယ်  ဘာကြောင့်လဲဆိုရင်
                    -  ဓါးစာခံအဖြစ်နဲ့ မတရားအ ဖမ်းခံထားရသူများ
                    -  လွတ်ငြိမ်း လွတ်မြောက်ရန်ဖြစ်သည်။
                     - ငါလာတယ် ဘာကြောင့်လဲဆိုရင်
                     - နှိပ်စက်ညှင်းပမ်းခံရသူများအတွက်
                     - တရားမျှတမှုကို ဆောင်ကျဉ်းပေးရန်ဖြစ်သည်။ ထိုအခြေခံမှ ဖိလစ်ပိုင်ပြည်သူများလက်တွေ့ အကောင်ထည်ဖော်ဆောင်ခဲ့သည်။ ဘာသာရေးသွန်သင်ချက်များကို ထုတ်နုတ်ပြီးဖိလစ်ပိုင်ပြည်သူများကို လှုံ့ဆော်နိုင်ခဲ့သည်။ ဘုရားသခင်၏အင်အားကို ရယူသည့်ပုံစံနှင့် ဘာသာရေးကျမ်းစာများကို ထုတ်နုတ်ပြီး မားကိုးစ်ဆန့်ကျင်ရေးလူပ်ရှားမှုတွင် ပါဝင်လှုပ်ရှားမှုများရှိအောင် ရေးသားခဲ့ကြသည်။ ထိုသို့ရေးသားမှုများတွင် နှိပ်စက်မှု၊ ဖမ်းဆီးမှုများရှိသောလည်း ထိုသို့အားပေးမှုမှတဆင့် ဖိလစ်ပိုင်ပြည်သူများ လှုပ်ရှားတက်ကြွလာပြီး  အာဏာရှင်သမတမား ကို့စ်ကို ဖြုတ်ချနိုင်သည်အထိ အောင်မြင်ခဲ့သည်။       
၁၉၆၈- ခုနှစ် အာဏာရှင်သမတဖြုတ်ချသည့်အချိန်ထိ လှုပ်ရှားမှုများကို သုံးသပ်ကြည့်လျှင် ၁၉၆၀ ခုနှစ်မှစပြီး လူ့အဖွဲ့စည်းအသေးလေးများ ပေါ်လာခဲ့သည်။ ကျောင်းသားများနှင့် လူထုလှုပ်ရှားမူများပေါင်းစပ်လာကြသည်။ ကျောင်းသားများ၏ လေ့လာမှုနယ်ပယ်မှာ စာသင်ခန်းပြင်ပသို့ ထွက်ခွာလာကြသည်။ ထိုအခြေအနေဖြစ်ရခြင်း ၏ အဓိကအကြောင်းရင်းမှာ -

(၁) ပညာပေးရေး
(၂) အဖွဲ့စည်းများဖွဲ့စည်းခြင်း
(၃) လှုပ်ရှားမှုများလုပ်ဆောင်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

လှုပ်ရှားမှုများအားလုံးတွင် ပညာပေးရေးအခြေခံမှာ အဓိကအရေးကြီးသည်။ အဓိကပညာပေးရေး အခြေခံမရှိ လျှင် လှုပ်ရှားမှုများကြီးထွားအောင် မလုပ်ဆောင်နိုင်ပေ။ အပြန်အလှန်ဆွေးနွေးမှုများ၊ သင်ကြားမှုစာပေများ၊ ရေးသားဖြန့်ချီဟောပြောမှုများ၊ လယ်သမားများနှင့်လူထုကြား တွေ့ဆုံဆွေးနွေးမှုများ စသည့်ပညာပေးများ အခြေခံကိုစုစည်းပြီး လူမျိုးရေးပြောင်းလဲမှုကို တောင်းဆိုလာကြသည်။လူ့ထုအဖွဲ့စည်းအပြောင်းအလဲအတွက် ဖြစ်ပေါ်စေရန် ပညာပေးလုပ်ငန်းတခုတည်းနှင့် မလုံလောက်ပါ။ လူများစုစည်းဖွဲ့စည်းရန် လိုအပ်လာပါသည်။ အဖွဲ့ငယ်များ သေးငယ်ရာမှ ကြီးထွားလာသည်။  ထိုအဖွဲ့များအချင်းချင်း စေ့စပ်လက်တွဲလုပ်ဆောင်နိုင်အောင် ဖန်တီးနိုင်သည်။ ထိုသို့ဖန်တီးနိုင်ခြင်းဖြင့် အစိုးရ၏ပေါ်လစီကို အပြောင်းအလဲလုပ်ရန် ဖိအားပေးနိုင်ခဲ့သည်။
          ပညာပေးရေးအခြေခံနှင့်ဆက်စပ်ပြီး လူထုအဖွဲ့အစည်း ပေါ်ပေါက်ရုံနှင့်မပြီးသေးပါ လက်တွေ့လုပ် ဆောင်ရန် လူပ်ရှားမှုများလိုအပ်လာသည်။ လူများစုဝေးခြင်း၊ ချီတက်ပွဲများပြုလုပ်ခြင်း၊ ဆန္ဒပြပွဲများပြုလုပ်ခြင်း နှင့် ဆန့်ကျင်ခြင်းစသည့် လှုပ်ရှားမှုများဖြင့် အစိုးရပေါ်ဖိအားပေးပြီး လူ့အဖွဲ့အစည်းအပြောင်းအလဲကို လုပ် ဆောင်နိုင်ခဲ့သည်။ ပညာပေးရေး၊ စုဖွဲ့မှုနှင့်လှုပ်ရှားမှုများကြာင့် အောင်မြင်မှုများရှိသကဲ့သို့ မကောင်းသော အ ကျိုးသက် ရောက်မှုများလည်းရှိသည်။ တယောက်ခြင်းစွမ်းအားနှင့် လူတချို့စွမ်းအားမှာ အရေးကြီးပါသည်။ တဦးခြင်းစီမှာ ပတ်ဝန်းကျင်ရှိသည်၊ တဦးခြင်းမှပတ်ဝန်းကျင်ကိုပြောခြင်းဖြင့် ပတ်ဝန်းကျင်တွင် သြဇာလွှမ်းနိုင် လာမည်။ ထိုသို့တယောက်ခြင်းစွမ်းအားများ စုစည်းပြီး လူ့အဖွဲ့အစည်း၏အပြောင်းအလဲကို ဖန်တီးနိုင်ရန် အင်အားများဖြစ်လာသည်။ ဥပဒေများဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး ပြည့်စုံသူများသည် ဖိလစ်ပိုင်လူ့အဖွဲ့စည်း တွင် အဓိကအရေးပါသော အခန်းကဏ္ဍမှပါဝင်လာကြသည်။ ထိုသူများက ဖိလစ်ပိုင်အမျိုးသားရေးဝါဒအပေါ် အခြေခံပြီး တိုးတက်သည့်အင်အားစုများ၊ နိုင်ငံရေးသမားများ၊ ခေါင်းဆောင်များဖြစ်လာအောင် ဆွေးနွေးနိုင် လာကြသည်။ ဖိလစ်ပိုင်ပြည်သူများက ထိုသူများကို ယုံကြည်ကြသည်။ ပညာရှင်များ၏ကိုယ်ရည်ကိုယ်သွေး ပေါ်တွင် တန်ဖိုးထားကြသည်။ ထိုသူတို့မှတဆင့် ဖိလစ်ပိုင်အမျိုးသားရေးဝါဒမှ တက်ကြွလာအောင် စည်းရုံး နိုင်ခဲ့သည်။  လူ့အဖွဲ့အစည်း ပြောင်းလဲသည်အထိ လုပ်ဆောင်နိုင်ခဲ့သည်။ အာဏာရှင်သမတ မားကို့စ်ကို ထောက်ခံသော အစိုးရအဖွဲ့နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများလည်းရှိသည်။
         
(1) FLAG (2) TFD (3) TA.IA (4)ATOM (5) ETC (6) PROG စသည့်အဖွဲ့များသည်  မားကိုးစ်ကို ဆန့်ကျင်ပြီး လူထုကိုမြှင့်တင်ရန်ကြိုးစားသောကြောင့် အကြပ်အတည်းအခက်ခဲများရှိသည်။ (FLAG) အခမဲ့ ဥပဒေအကြံပေးနှင့် အကူအညီပေးသောအဖွဲ့မှ ရှေ့နေများမှာ အသက်ခံရသည် ပျောက်ဆုံးသွားသည် အဖမ်းခံ ရသည်။ မားကိုးစ်ကိုထောက်ခံသော ဘာသာရေးအဖွဲ့များလည်းရှိသည်။ ဝေဖန်ထောက်ပြသော အဖွဲ့များလည်း ရှိသည် မားကိုးစ်မှာ ထိုအဖွဲ့အစည်းများကို မခြေဖျက်နိုင်ခဲ့ပေ။ အဓိကအကြောင်းရင်းမှာ -
         
(၁) အဖွဲ့အစည်းခေါင်းဆောင်များမှာ လေးစားယုံကြည်သောကြောင့် ဖြစ်သည်။
(၂) အဖွဲ့အစည်းများက နိုင်ငံတကာနှင့် ဆက်သွယ်ရေးကွန်ယက်များ တည်ဆောက်နိုင်ခြင်းကြောင့်ဖြစ်သည်။

 ဥပမာ- TFD (test force detaining ) မှာဘာသာရေးအဖွဲ့များမှာ နိုင်ငံတကာတွင်ရှိသည်။ အဖွဲ့တခုမှ ခေါင်းဆောင်တခုကိုထိပြီဆိုလျှင် အခြားနိုင်ငံမှအဖွဲ့စည်းများ၏ ဖိအားပေးမှုကိုခံရသည်။ ထိုသို့ လေးစား ယုံကြည်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုကွန်ယက်များကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်နိုင်မှုကြောင့် မားကိုးစ်မှာ ထိုအဖွဲ့အစည်းများကို မကြိုက်သောလည်း ထိရောက်အောင်မခြေမှုန်းနိုင်ခဲ့ပေ။ ဖိလစ်ပိုင်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ စာတစောင်ထွက်သွားပြီဆိုလျှင် အကျိုးသက်ရောက်မှုများစွာ ရှိသည်။ စာတစောင်ထွက်လျှင် အမေရိကန်ကွန်ဂရက်နှင့် ဥရောပသမဂ္ဂတွင်ဆွေးနွေးရသည်။ ထိုအဖွဲ့မှ စာတစောင်ကြောင့် ထောင်ကျသူများ၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ထိုအဖွဲ့၏အဖွဲ့အစည်း များသည် နိုင်ငံအတော်များများတွင်ရှိနေပြီး သက်ဆိုင်ရာအစိုးရများကို စောင့်ကြည့်မှု့မျာြးုပလုပ်ခြင်းဖြင့်
အစိုးရများ၏အာဏာကို ဖိ့အားပေးနိုင်သည်။ အာဏာရှင်သမတမားကိုးစ်ကို ဆန့်ကျင်သော မြေအောက် အဖွဲ့အစည်းများလည်းရှိသည်။

(၁) အမျိုးသားလူငယ်အဖွဲ့ (Nationalist youth)
(၂) ဒီမိုကရက်တစ်လူငယ်အဖွဲ့ (Democratic youth)
(၃) စီးပွားရေးဒီမိုကရက် (Social Democrat)
(၄)ခရစ်ယာန်လွတ်မြောက်ရေးအဖွဲ့ (Christion for libration)
(၅) ခရစ်ယန်လူငယ်အဖွဲ့ (Christion youth)
(၆)အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (NDF national democratic frand) စသည့် အဖွှွှဲ့အစည်းများမှာ နိုင်ငံရေးသဘောဆောင်သော လက်နက်ကိုင် မြေအောက်အဖွဲ့အစည်းများဖြစ်သည်၊၊
အာဏာရှင်စစ်တပ်များသည် တနေ့နေ့တချိန်ချိန်တွင် ကျဆုံးရမည်ဟုယုံကြည်သည်။ ဘာကြောင့်လဲဆိုလျှင် တိုင်ရင်းသားလူမျိုးအများစု၏ လူမျိုးရေးတရားမျှတမှုနှင့် လှုပ်ရှားမှုများကို ဖိနှိပ်ရန်မှာခက်ခဲသောကြောင့်ဖြစ် သည်။ ထိုအချက်ကိုအဓိကထားပြီ့း ပြည်သူတွင်းမှာဖန်တီး နိုင်စွမ်းအားရှိသည်၊ လှုရှားနိုင် စွမ်းအားရှိသည်။ ထိုစွမ်းအားများသည် ပညာရေးအခြေခံမှလာခြင်းဖြစ်သည်။ မြန်မာပြည်တွင်ထင်ရှားသော ခေါင်းဆောင် ဦးသန့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မိန့်ခွန်းများ၊ ပညာပေးများအပေါ် အခြေခံခြင်း၊ ကိုးကားခြင်းဖြင့် လူထုလှုပ်ရှားမှုကို အားကောင်းအောင် လုပ်ဆောင်နိုင်ပါသည်။

အာဏာရှင်သမတဆန့်ကျင်ရေး မဟာဗျူဟာနှင့် နည်းဗျူဟာ
(က) မဟာဗျူဟာ
မဟာဗျူဟာသည် အာဏာရှင်ကိုဖြုတ်ချခြင်းဖြစ်သည်။

(ခ) နည်းဗျူဟာ ၂  မျိုးရှိသည်။

 (၁) ဥပဒေကြောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော နည်းဗျူဟာ   
 (၂) ဥပဒေကြောင်းနှင့် တိုက်ရိုက်သက်ဆိုင်သော နည်းဗျူဟာ

၁။ ဥပဒေကြောင်းနှင့် တိုက်ရိုက်မသက်ဆိုင်သော နည်းဗျူဟာ

ဥပဒေကြောင်းနှင့်တိုက်ရိုက်သက်ဆိုင်သော နည်းဗျူဟာဆိုသည်မှာ အုပ်စုများ အဖွဲ့အစည်းများ မဟာမိတ်များ တပ်ပေါင်းစုများ ဖွဲ့စည်းလှုပရှားခြင်းဖြစ်သည်။ ဖိလစ်ပိုင်တွင်ပညာပေးရေး ဦးတည်ချက်ပေါ်အခြေခံမူတည်ပြီး အုပ်စုငယ်များဖွဲ့နိုင်အောင်လုပ်သည်။ အဖွဲ့တခုနှင့်တခုဆက်စပ်မှုရှိအောင်လုပ်ခဲ့သည်။ အဖွဲ့အစည်းများပေါင်းပြီး မဟာမိတ်များဖွဲ့နိုင်အောင်óကးစားခြင်း၊ ချီတက်ခြင်း၊ လူထုအစည်းဝေးများ၊ ဆန္ဒပြပွဲများ၊ စာအုပ်ထုတ်ဝေခြင်း များ၊ သင်တန်းပေးခြင်းစသည်တို့မှာ ဥပဒေနှင့်မသက်ဆိုင်သော နည်းဗျူဟာများဖြစ်သည်။ မှတ်တမ်းတင်ခြင်း လုပ်ငန်းမှာလည်း အဓိကအရေးပါသော နည်းဗျူဟာတခုဖြစ်သည်။ ချီလီနိုင်ငံတွင် ပီနိုချေးအာဏာရစဉ်အချိန် က ပီနိုချေးဆန့်ကျင်မှုတွင် မှတ်တမ်းတင်ခြင်းကိုသေခြာစွာ လုပ်ဆောင်ခဲ့ခြင်းကြောင့် ထိရောက်စွာအရေးယူ နိုင်ခဲ့သည် ဖိလစ်ပိုင်နိုင်ငံတွင်လည်း ဖမ်းစီးချုပ်နောင်ခံရသူများနှင့်ပက်သက်သော အထူးအလုပ်အဖွဲ့ (task forces detainees) သည် နိုင်ငံရေးလှုပ်ရှားမူကြောင့် အဖမ်းခံရပြီး ပျောက်သွားသူတိုင်းကို မှတ်တမ်းတင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့သတင်းထုတ်ပြန်ရုံနှင့်လူထုကြားထဲတွင် လှုံ့ဆော်မှုကြီးဖြစ်သွားခဲ့သည်။
          နောက်ဆုံးတချက်မှာ နိုင်ငံတကာမှ အဖွဲ့အစည်းများဆက်စပ်ပြီး ဆက်သွယ်ရေးကွန်ယက်များ တည် ဆောက်ခြင်းဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့်ဆက်သွယ် ဆောင်ရွက်ခြင်းဖြစ်သည်။ အဖွဲ့တခုမှာ International commision of Jurist နိုင်ငံတကာ ဥပဒေပညာရှင်များဆိုင်ရာ ကော်မရှင် အဖွဲ့အစည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသို့ကော်မရှင်မှ စုံစက်စီစစ်ရေးအဖွဲ့များကို စေလွှတ်ခြင်းအားဖြင့် မားကို့စ် ကို ဖိအားပေးနိုင်ခဲ့သည်။ အာဏာရှင်မားကို့စ်က အမှန်တရားကို ကြောက်သည်။ အမှန်တရားကို များများဖော် ဆောင်ခြင်းဖြင့် အာဏာရှင်ကျဆုံးမှု လမ်းကြောင်းအခြေခံကို ဖန်တီးပေးခြင်းဖြစ်သည်။ နိုင်ငံတကာနှင့်ဆက် စပ်ပြီး ဖော်ထုတ်ခြင်းအားဖြင့် ကော်မရှင်များလာရောက်စစ်ဆေးသည်အထိ ထိရောက်မှုရှိသည်။

့မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...