Tuesday, November 22, 2011

နိုင်ငံတကာ တက္ကသိုလ်များနည်းတူ မြန်မာ့ပထမဆုံး ပုဂ္ဂလိကတက္ကသိုလ် ပေါ်ထွက်လာတော့မည်

by Zegyo Mandalay on Wednesday, November 23, 2011 at 5:28am
နိုင်ငံတကာ တက္ကသိုလ်များနည်းတူ သင်ကြားနိုင်မည့် မြန်မာ့ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ် တစ်ခု ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ပေါ်ထွက်လာနိုင်မည် ဖြစ်ကြောင်း  ၎င်းတက္ကသိုလ်၏ အကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာနေက ၁၆-၁၁-၂၀၁၁ ရက်တွင် ပြောကြားသည်။ ၎င်းတက္ကသိုလ်၏ အမည်မှာ Victoria University College ဖြစ်ပြီး Noble Nine က စီစဉ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုတက္ကသိုလ်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး လာမည့်နှစ် ဇန်နဝါရီလတွင် မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းကာ ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ထိုလတွင်ပင် ကျောင်းသားများ လက်ခံ၍ လကုန်ပိုင်း၌ ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဗြိတိန်၊ နယူးဇီလန် စတဲ့ နိုင်ငံမှာ သင်ကြားတဲ့ ဘာသာရပ် Level အလိုက် ဒီမှာ သင်ကြားနိုင်မှာပါ။
အစိုးရက ကျွန်တော်တို့ နိုင်ငံမှာ ပုဂ္ဂလိက တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ဥပဒေ ရေးဆွဲခွင့် ပြုမယ်လို့ ကြားရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီအတွက်ကြောင့်လည်း ဒီလို တက္ကသိုလ်ဖွင့်ဖို့ အကြံဉာဏ် ပေးဖြစ်တာပါ။ ကျွန်တော်တို့ NLEC က ကျွမ်းကျင် ဝန်ထမ်းတွေ၊ ဆရာတွေရော၊ ပြည်ပက ဆရာတွေပါ လာရောက် သင်ကြားပေးမှာပါ” ဟု ဒေါက်တာနေက ပြောသည်။

ယခု ဖွင့်လှစ်သင်ကြားမည် Victoria University College တွင် Engineering၊ Business၊ Computing၊  Health & Social Care ဘာသာရပ်များကို  HND Programme နှင့် Academic Degree Programme ဟူ၍ ပုံစံ နှစ်မျိုးခွဲပြီး University အဆင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း။ ထို့ပြင် Sixth Form သင်တန်းများကိုလည်း Mandalay International College က သင်ကြား ပို့ချသွားမည်ဖြစ်ပြီး Sixth Form နှစ်နှစ် တက်ရောက်ပြီးပါက Victoria University ၏ HND ကို တိုက်ရိုက် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။


“မြန်မာနိုင်ငံမှာ ဒီလိုတက္ကသိုလ် ပေါ်ပေါက်လာရင် ပြည်ပနိုင်ငံတွေမှာ သွားပြီး တက်စရာ မလိုတော့ဘဲ ပညာ သင်ကြားစရိတ် ၅၀ ရာခိုင်နှုန်းကျော် သက်သာမယ်၊ ကိုယ့်နိုင်ငံတွင်းမှာပဲ ဗြိတိန်၊ နယူးဇီလန် အသိအမှတ်ပြု ဘွဲ့ကို ရရှိမှာ ဖြစ်တယ်။ ဒီက ဘွဲ့ရပြီးရင်လည်း ပြည်ပမှာ မာစတာဘွဲ့တွေကို ဆက်လက် တက်ရောက်နိုင်ပါတယ်” ဟု ဒေါက်တာနေက ဆက်လက် ပြောကြားသည်။ Victoria University တွင် HND Programme  တက်ရောက်မည့် သူများသည် ဝင်ခွင့် စာမေးပွဲ ဖြေစရာ မလိုဘဲ Foundation သင်တန်း ငါးလ တက်ရောက်ရမည် ဖြစ်ကြောင်း၊ ၁၀ တန်းအောင်ရန် လိုအပ်ကြောင်း၊ Academic Degree Programme တက်ရောက်လိုသူများသည် အင်္ဂလိပ်နှင့် သင်္ချာကို ဝင်ခွင့် ဖြေဆိုရမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်တွင် ကျောင်းသား ၅၀၀ ထိ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ တက္ကသိုလ်များနည်းတူ မြန်မာ့ ပထမဆုံး ပုဂ္ဂလိကတက္ကသိုလ် ပေါ်ထွက်လာတော့မည်
By Pyi Myanmar
နိုင်ငံတကာ တက္ကသိုလ်များနည်းတူ သင်ကြားနိုင်မည့် မြန်မာ့ ပထမဆုံး ပုဂ္ဂလိက တက္ကသိုလ် တစ်ခု ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် ပေါ်ထွက်လာနိုင်မည် ဖြစ်ကြောင်း  ၎င်းတက္ကသိုလ်၏ အကြံပေး ပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာနေက ၁၆-၁၁-၂၀၁၁ ရက်တွင် ပြောကြားသည်။ ၎င်းတက္ကသိုလ်၏ အမည်မှာ Victoria University College ဖြစ်ပြီး Noble Nine က စီစဉ် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ထိုတက္ကသိုလ်ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး လာမည့်နှစ် ဇန်နဝါရီလတွင် မီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းကာ ဖွင့်ပွဲ ကျင်းပမည် ဖြစ်ကြောင်း၊ ထိုလတွင်ပင် ကျောင်းသားများ လက်ခံ၍ လကုန်ပိုင်း၌ ကျောင်းများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဗြိတိန်၊ နယူးဇီလန် စတဲ့ နိုင်ငံမှာ သင်ကြားတဲ့ ဘာသာရပ် Level အလိုက် ဒီမှာ သင်ကြားနိုင်မှာပါ။ အစိုးရက ကျွန်တော်တို့ နိုင်ငံမှာ ပုဂ္ဂလိက တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ဥပဒေ ရေးဆွဲခွင့် ပြုမယ်လို့ ကြားရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီအတွက်ကြောင့်လည်း ဒီလို တက္ကသိုလ်ဖွင့်ဖို့ အကြံဉာဏ် ပေးဖြစ်တာပါ။ ကျွန်တော်တို့ NLEC က ကျွမ်းကျင် ဝန်ထမ်းတွေ၊ ဆရာတွေရော၊ ပြည်ပက ဆရာတွေပါ လာရောက် သင်ကြားပေးမှာပါ” ဟု ဒေါက်တာနေက ပြောသည်။

ယခု ဖွင့်လှစ်သင်ကြားမည် Victoria University College တွင် Engineering၊ Business၊ Computing၊  Health & Social Care ဘာသာရပ်များကို  HND Programme နှင့် Academic Degree Programme ဟူ၍ ပုံစံ နှစ်မျိုးခွဲပြီး University အဆင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း။ ထို့ပြင် Sixth Form သင်တန်းများကိုလည်း Mandalay International College က သင်ကြား ပို့ချသွားမည်ဖြစ်ပြီး Sixth Form နှစ်နှစ် တက်ရောက်ပြီးပါက Victoria University ၏ HND ကို တိုက်ရိုက် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ဒီလိုတက္ကသိုလ် ပေါ်ပေါက်လာရင် ပြည်ပနိုင်ငံတွေမှာ သွားပြီး တက်စရာ မလိုတော့ဘဲ ပညာ သင်ကြားစရိတ် ၅၀ ရာခိုင်နှုန်းကျော် သက်သာမယ်၊ ကိုယ့်နိုင်ငံတွင်းမှာပဲ ဗြိတိန်၊ နယူးဇီလန် အသိအမှတ်ပြု ဘွဲ့ကို ရရှိမှာ ဖြစ်တယ်။ ဒီက ဘွဲ့ရပြီးရင်လည်း ပြည်ပမှာ မာစတာဘွဲ့တွေကို ဆက်လက် တက်ရောက်နိုင်ပါတယ်” ဟု ဒေါက်တာနေက ဆက်လက် ပြောကြားသည်။ Victoria University တွင် HND Programme  တက်ရောက်မည့် သူများသည် ဝင်ခွင့် စာမေးပွဲ ဖြေစရာ မလိုဘဲ Foundation သင်တန်း ငါးလ တက်ရောက်ရမည် ဖြစ်ကြောင်း၊ ၁၀ တန်းအောင်ရန် လိုအပ်ကြောင်း၊ Academic Degree Programme တက်ရောက်လိုသူများသည် အင်္ဂလိပ်နှင့် သင်္ချာကို ဝင်ခွင့် ဖြေဆိုရမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်တွင် ကျောင်းသား ၅၀၀ ထိ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

နှင်းနုဝေ  Pyi Myanmar
http://news.yatanarpon.com.mm/news/news-43631

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...