နားလည်မှုရှိစေလို
နိုင်ငံနဲ့ လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တဲ့နေရာမှာ မိမိရဲ့
နိုင်ငံရေးဂုဏ်သိက္ခာကို ငဲ့ကြည့်နေလို့မရပါဘူး။ မိမိရဲ့ နိုင်ငံရေးဂုဏ်
သိက္ခာကို ငဲ့ကွက်နေမယ်ဆိုလို့ရှိရင်....လူသတ်အစိုးရနဲ့ တွေ့ဆုံဆွေး
နွေးရေးပွဲလုပ်စရာလဲမလိုဘူး...တွေ့ဆုံဆွေးနွေးပွဲလုပ်ရန် တောင်းဆို
မှုတွေလုပ်နေစရာလဲ ဘာအကြောင်းမှ မရှိဘူး။
ခေါင်းဆောင်ကောင်းဆိုတာ လက်ရှိ- နိုင်ငံရေးဖြစ်စဉ်တွေအပေါ် မှန်မှန်
ကန်ကန်သုံးသပ်ပြီး ဆုံးဖြတ်ချက်တွေ ချရဲရမယ်.....ဆုံးဖြတ်ချက်တွေ
ချနိုင်ရမယ်။ တရားသေဝါဒကို ဆုပ်ကိုင်ထားတာ ခေါင်းဆောင်ကောင်း
မဟုတ်ဘူး၊။ တရားသေဝါဒတွေ ဆုပ်ကိုင်ထားတဲ့ ခေါင်းဆောင်တွေ
ကြောင့်....ရစရာမရှိအောင် စုတ်ပြတ်သတ်နေတဲ့ နိုင်ငံတွေရှိပါတယ်၊။
ဥပမာ ။ ။ ဂျူးဘားနိုင်ငံ၊ ဖင်နီဇွဲလားနိုင်ငံ၊ မြောက်ကိုးရီးယား တွေကို
ကြည့်ရင် သိသာထင်ရှားပါတယ်။
နိုင်ငံရေး- တော်လှန်ရေးလုပ်တယ်ဆိုတာ ပြည်သူတေရဲ့ဘဝ ပြည်သူတွေ
ရဲ့ဘဝ နစ်နာစေဖို့လုပ်တာမဟုတ်ပါဘူး...မိမိရဲ့ နိုင်ငံရေး- တော်လှန်ရေး
လမ်းစဉ်ကြောင့် ရိုးသားတဲ့ပြည်သူတွေရဲ့ဘဝ အသုံးမချဖို့- မထိခိုက်စေ
ဖို့အရေးကြီးပါတယ်။ မိမိကိုယ်တိုင် ထိပ်ဆုံးက အသေခံရဲရင်တော့ လူထု
တိုက်ပွဲဖော်ဆောင်တာကို မကန့်ကွက်ပါဘူး..။ မိမိနိုင်ငံရေးကို မိမိလိုရာ
ပုံသဏ္ဍန်ဖော်ဆောင်လို့ရပါတယ်..... ပုပ်ခတ်- ဝေဖန်- စော်ကားတာမျိုး
မလုပ်မိဖို့ အရေးကြီးပါတယ်..။ အခုချိန်ခါမှာ...တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့
တစ်ဖွဲ့ နိုင်ငံရေးအမြင်အရ မတူညီတာတွေအပေါ် အပြန်အလှန်နားလည်မှု
ရှိရန် လိုအပ်ပါသည်...။

0 comments:
Post a Comment