ဦးကုဏ္ဍလ(ဗုဒ္ဓဂယာ) စိုးရိမ်ခြင်း၏ အကြောင်းတရား
စိတ်၏ မကောင်းသော အခြေအနေများ အားလုံး အနက် ကျန်းမာရေးကို ထိခိုက်စေပြီး
ဘေးအန္တရာယ် အများဆုံး ရှိစေသောအခြေ အနေတစ်ရပ်မှာ ကြာ ရှည်လေးမြင့်စွာ
စိုးရိမ်ခြင်း၏။ လူတွေ ဘာကြောင့် စိုးရိမ် ကြသလဲ။
အဆုံးစွန်ခွဲခြမ်းစိတ်ဖြာ၍ စိစစ်လိုက်လျှင် အဖြေ တစ်ခုသာ ရှိ၏။ -ငါ နှင့်
-ငါ. ဥစ္စာ၊ တစ်နည်း ဗုဒ္ဓဘာသာ တွင် -သက္ကာယဒိဋ္ဌိ - ဟုခေါ်သော အယူမှားကြောင့်
လူတို့စိုးရိမ် ပူပန်ကြခြင်း ဖြစ်သည်။
လူတို့အောက် အဆင့်နှိမ့်သော တိရစ္ဆာန် အားလုံးလောက် ပင် သဘာဝ အလျောက် ပြုမူ တတ်သည့် ပင်ကို အသိက စေ့ဆော်ပေးသည့် အတိုင်း ပြုမူလုပ်ဆောင်ကြ၏။ လူတို့ကား ဤသို့မဟုတ်ပါ။
လူတွင် သာလွန် ကောင်းမွန်သော စဉ်းစားနိုင်သည့်စွမ်းရည်နှင့် အလိုလို ထိုးထွင်း သိမြင်နိုင်သောဉာဏ်တို့ ရှိကြသည်။ သူ၏ စဉ်းစားချင့်ချိန်နိုင်သော ဆင်ခြင်ဉာဏ်ဖြင့် မိမိကိုယ်ကို ထိန်သိမ်းထားနိုင်ရေး အတွက် တည်မြဲသည့် -အတ္တ-ရှိသည် ဟူသော ယူဆချက်ကို သူ ဖန်တီးလိုက်၏ ။-အတ္တ-သို့မဟုတ်-ဝိညာဉ်- ဟူသော ယုံကြည်မူသည် အယူအဆ တစ်ရပ်သာ ဖြစ်ပြီး အမှန်တကယ်တွင် အတ္တ မရှိကြောင်းကို ဗုဒ္ဓဘာသာတစ်ခုကသာ ထောက်ပြသဖြင့် ဗုဒ္ဓဘာသာသည် လူသား၏ အတွေးအခေါ်သမိုင်းတွင် အတု မရှိထူးခြားလှပေ၏ ။
ဤ .အတ္တ. ယုံကြည်မူမှ တစ်ဆင့် -ငါ-နှင့် -ငါ-ဥစ္စာ- ဟူသော အယူမှားများသည်လည်းကောင်း ။ငမ်းငမ်းတက်မက်မောမှုများ-တစ်ကိုယ်ကောင်းဆန်သော လိုချင်မှုများ-ဘဝင်မြင့်မှု-ဝင့်ကြွားမှုနှင့် အခြားမကောင်းသောစိတ်ကူးမှု အားလုံးတို့သည် လည်းကောင်း ဖွံ့ဖြိုးတိုးတက်လာကြ၏ ။ ဤ-အတ္တ- ယူဆချက် သည်ပုဂ္ဂလိကပဋိပက္ခ သဘော ကွဲလွဲမှုများ မှအစ တိုင်းနိုင်ငံများ အကြား ဖြစ်ပွားသည့် စစ်ပွဲများ အထိ ပြဿနာအလုံးစုံကိုဖြစ်ပေါ်စေသည့် အဓိက အကြောင်းတရား ဖြစ်ပေသည် ။
ဤ-အတ္တ-ယူဆချက်မှ တစ်ဆင့် တည်မြဲသော ခန္ဓာကိုယ် ရှိသည်ဟူသော အယူမှားကိုလူသား သည် လက်ခံယုံကြည်လာ၏ ။ ဤခန္ဓာကိုယ်ကို ၄င်းကျေနပ်အောင် လုပ်ဆောင်ပေးရမည်ဟုမှတ်ယူပြီးလျှင် တစ်ခါ တစ်ရံတွင် အာသာ ငမ်းငမ်းဖြစ်နေသော ခန္ဓာကိုယ်ကို ကျေနပ်စေဖို့အတွက် တစ်ဖက်စွမ်း ရောက်သည် အထိ ကြိုးပမ်းရ၏ ။သူ၏ လိုအပ်ချက်များနှင့်တောင့်တချက်များကို သူအပြည့် အဝ ကျေနပ်သည့်တိုင်အောင် မဖြည့်ဆည်းပေးနိုင်မည်ကို စိုးရွံ့ မိရာမှ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လာသည် ။
သို့ဖြစ်၍ စိုးရိမ်ခြင်းသည် လောကီ ပျော်ရွှင်မှုများကိုတပ်မက်တွယ်တာရာမှ ပေါ်ပေါက်လာသော စိတ်၏အနုတ်လက္ခဏာ အကျိုးယုတ်စေသော အခြေ အနေ တစ်ရပ်ထက် ဘာမျှ မပိုပါ ။ အရာဝတ္ထု တစ်ခုကို တပ်မက်တွယ်တာမှု အားကြီးလေလေ ထိုအရာ ဝတ္ထုကို ဆုံးရှုံးရမည်ကို စိုးရိမ်သော စိုးရွံ့ မှုကလည်း ကြီးထွားလေလေ ဖြစ်ပါသည် ။တစ်စုံတစ်သောလိုအပ်မူက ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်သည် အခြားသော တစ်ခုကို လိုချင်တောင့်တ လာပြန်တော့သည် ။
ထို့နည်း အတူ လူတစ်ယောက်သည် မလိုချင်ဖွယ်ဟုယူဆထားသော တစ်စုံ တစ်ခုကို ရရှိဖို့ သို့မဟုတ် ကြုံတွေ့ မိဖို့အတွက် ကြောက်ရွံ့ လာ၏ ။ နှစ်သက်ဖွယ်သောခံစားမှုများကို တပ်မက်တွယ်တာခြင်းနှင့် မနှစ်မြို့ဖွယ်သော ခံစားမှုများကို မကြိုက်မုန်းတီးခြင်းတို့သည် စိုးရိမ် ကြောင့်ကြ မှုကို ဖြစ်ပေါ်စေကြ၏ ။ တစ်ခါ တစ်ရံ တွင် လွန်လွန် မင်းမင်း စွဲယူလိုက်သည့် အခါ ပင်ကိုက ဘေးဥပဒ် ကင်းကြသော သီးခြား အရာဝတ္ထုများ သို့မဟုတ် အခြေ အနေများကို တပ်မက်တွယ်တာမိရာမှ သို့မဟုတ် ထိုအရာတို့နှင့် ဆုံတွေ့မိရာမှ ကြောက် ရွံ့ခြင်း ဖြစ်ပေါ်လာနိုင်သည် ။
ဤသို့သော ဖြစ်ရပ်များကို အလွန် အမင်း ကြောက်ရွံ့ခြင်း အစွဲမှားများဟုခေါ်၏ ။ ---ဥပမာအာဖြင့် အမှောင်ကို ကြောက်ခြင်း ၊အလုံပိတ်ထားသောနေရာများကို ကြောက်ရွံ့၊ ဟင်းလင်းပွင့်နေသည့် နေရာများကို ကြောက် ရွံ့ခြင်း ၊ အမြင့်ကို ကြောက်ရွံ့ခြင်း ၊တိရစ္ဆာန်များကို ကြောက်လန့် ခြင်း ၊ ရန်သူများကို ကြောက် ရွံ့ခြင်း ၊လက်ဖွဲ့ အဆောင် အယောင်များကို ကြောက် ရွံ့ခြင်း ၊ မိမိနောက်သို့ လိုက်လံချောင်း မြောင်းနေသူက မိမိကို ရန်မူလိမ့်မည် သို့ မဟုတ် သတ်လိမ့်မည်ဟု စိတ်ကူးအာရုံများ ဖြင့်ကြောက် ရွံ့ခြင်းစသည်းတို့တည်း ။
လူတစ်ယောက် တွေကြုံခံစားနေရသော စိုးရိမ်မှုများနှင့် ဆင်းရဲခြင်းတို့ သည် သူ၏ တစ်ကိုယ်ကောင်းဆန်သော အလိုဆန္ဒနှင့် ပြောင်းလဲနေ သည့် လောက အခြေ အနေများတို့ အကြား အပြန်အလှန် တုံ့ပြန်မှု -အကျိုးသက်ရောက်တို့သာ ဖြစ်သည် ။ထို့ထက် ဘာမျှမပိုလွန်ပါ ၊ ဤ အချက်ကို သိနားလည်ရန် ပျက်ကွက်ခြင်းသည်တင်းရဲ ဒုက္ခမြောက်မြားစွာ ဖြစ်ပေါ်ရန် အကြောင်းတရား ဖြစ်၏ ။
သိုသော် ဘဝ၏ အမှန်သဘောနှင့် ဝိသေသလက္ခဏာများကို သိရှိလာအောင် မိမိ၏ စိတ်ကို လေ့ကျင့်ထားပြီးသောလူတစ်ယောက်သည် သူ၏ ဆင်းရဲဒုက္ခကို ကျော်လွန်နိုင်ဖို့ တိုးတက်မူကို သူတကယ်လုပ်ဆောင်ခဲပြီးဖြစ်သည် ။နှစ်သက်ဖွယ်သော အတွေ့အကြုံများနှင့် သူချစ်မြတ်နိုးသော ပုဂ္ဂိုလ်များထံမှ တစ်နေ့နေ့ တွင်မလွှဲ မရှောင်သာ သူထွက်ခွာ သွားရမည် သို့မဟုတ် ခွဲခွါ သွားရမည်ကို သူနားလည် သည် ။ဤ ခွဲခွါ မှုသည် အသက်မွေး မှုဟူသော ဘဝခရီးတစ်ခု၏ အစ၌ သော်လည်းကောင်း ၊ အလယ်ပိုင်း သို့မဟုတ် အဆုံးပိုင်၌ သော်လည်းကောင်း အချိန်မရွေး ဖြစ်ပေါ်နိုင်၏ ။
ဤ မသေချာသော ကမ္ဘာတွင် တစ်ခုတည်းသောသေချာမှုမှာ အရာ အားလုံးသည် အဆုံးသို့ရောက်ရမည်ဟူ၍ ဖြစ်သည် ။ ထို့ကြောင့် မိမိ မရှိလျှင် မဖြစ်ဟု ထင်မြင်နေသော တစ်နည်း ဘာတွေ ကိုလုပ်ဆောင်ဖို့ညွှန်ကြားရန် မိမိက အနီး အပါးတွင် ရှိနေရမည်ဟု ထင်မြင်နေသော လူတစ်ယောက်သည် အနီးဝန်းကျင်၌ သူမရှိတော့ သည်အခါ ဘာဖြစ်လာမည်ကို စဉ်းစားသင့်၏ ။သူ့ကို တိုတောင်းသော အချိန်ကာလ တစ်ခုမှာ လွမ်းဆွတ်တမ်းတကြလိမ့်မည်၊ သူ မရှိခြင်းအတွက် ကွက်လပ် ဖြစ်နေသည်ကို ခံစားမိကြလိမ့်မည် ၊ ထို့နောက် သူ့ကို မေ့သွားကြလိမ့်မည်။ ဤ ကမ္ဘာ တွင် မရှိ မဖြစ် လိုအပ်သူ တစ်ဦးမျှ မရှိသည့် အတွက် သူမ ရှိသော်လည်း လောကကြီးသည် ပုံမှန်အတိုင်းပင် ဆက်လက်ရွေ့လျားသွားနေပေလိမ့်မည် ။
ဤသို့ဖြစ်ရိုးမှန်လျှင် ထိုသူ သည် အဘယ်ကြောင့် အလွန် အကျွံ စိုးရိမ်နေရသနည်း ။သူ၏ ကျန်းမာရေးကို ဘေးဖြစ်စေခြင်းကိုသာ ပြုနိုင်ပြီးလျှင် နောက်ဆုံး တွင် ဘဝခရီး အဆုံး---သေခြင်းဆီသို့ ဦးတည်သွားနေသောအချိန်ကာလကို တိုတောင်းစေမည့် စိတ်ကူးယဉ် စိုးရွံ့မှုများကို သူ အဘယ်ကြောင့်လက်ခံထားလေသနည်း ။
အတူ တကွဆက်ဆံပေါင်းသင်း နေရာမှခွဲခွါရခြင်း သည့် ဆင်းရဲခြင်းကို ဖြစ်ပေါ်စေ၏ ။ မိမိချစ်မြတ်နိုးတစ်ယောက်ကမိမိကို စွန့်ခွါသွားသည့်အခါ ကျန်ရစ်သူသည် မိမိဘဝ ပျောက်ဆုံးသွားပြီဟု ခံစားရ၏၊ ဝမ်းနည်းပူဆွေးရ၏ ၊မျှော်လင့်ချက်ကင်းပြီဟု ထင်မိ၏ ၊မျှော်မှန်းချက်တွေ ပျက်ပြားသွားပြီးဟု ခံစားရ၏ ။ ဤ ကားသဘာဝ ဖြစ်စဉ်ပေးတည်း ။ လူတို့သည် မိမိတို့ ချစ်ခင်သော သူများက မိမိကိုစွန့်ခွါသွားလေတိုင်း ဆင်းရဲပူဆွေးကြရ၏ ။
သို့သော် တစ်ခါတစ်ရံတွင် အချိန်ပေး၍ အနာကျက်သွားအောင် စောင့်ဆိုင်းပြီး အခြေ အနေကို နိုင်နိုင်နင်းနင်း ကိုယ်တွယ်နိုင်အောင် လေ့လာဆည်းပူး ရမည့်အစား လူတို့သည်သူတို့၏ စိတ်ထဲ၌ ထိုအခြေ အနေကို ထပ်ကာ ဖန်ဖန်တွေးတောနေခြင်း၊ သူတို့၏ ကွဲသွား သည့် အသည်းများကို ပြုပြင် ကုစားနိုင်မည့် နည်းလမ်းများကို ရှာကြံနေခြင်ဖြင့် ဝမ်းနည်းပူဆွေးကာ ဘာမျှ မလုပ်နိုင် မကိုင်ဖြစ်သွားကြ၏ ။အချို့က အကြမ်းဖက်သော နည်းလမ်းများ ဖြင့် သူတို့ ၏ ဒေါသနှင့်စိတ်ပျက်ခြင်းတို့ကို ဖော်ပြကြ ၏ ။
ဦးကုဏ္ဍလ(ဗုဒ္ဓဂယာ)

0 comments:
Post a Comment