Monday, November 21, 2011

ဝင်ခြံတွေကိုပျောက်ကင်းစေတဲ့ သဘာဝရဲ့ပဉ္စလက်စွမ်းအားများ (၂)

Iris .....

သူငယ်ချင်းတို့ကို ဒုက္ခပေးနေတဲ့ဝက်ခြံတွေကို
နှိမ်နင်းပေးဖို့နည်းလမ်းတွေကို ကြိုးစားပမ်းစားရှာထားပေးပါတယ်။
ဈေးကြီးကြီးပေးရတဲ့ အလှကုန်တွေကို လှည့်မကြည့်ပါနဲ့တော့။
သူငယ်ချင်းတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စားစရာလေးတွေရဲ့
ပဉ္စလက်ဆန်တဲ့အစွမ်းတွေကပဲ သူငယ်ချင်းတို့ကိုလှအောင် ကူညီပေးမှာပါ။
အကုန်အကျလည်းမများ၊ ဓာတ်မတည့်မှာလဲမပူရ၊ လွယ်လည်းလွယ်၊ ထိလည်းထိရောက်
ဘယ်လောက်ကောင်းလဲနော်။ စမ်းကြည့်ကြပါအုံး။

စတော်ဘယ်ရီရွက်


စတော်ဘယ်ရီသီးလေးတွေဟာ အရမ်းစားလို့ကောင်းသလို
စတော်ဘယ်ရီရွက်လေးတွေဟာလည်း အရမ်းအသုံးဝင်ပါတယ်။ ဒီနည်းလေးက
အလွယ်ဆုံးလို့တောင် ပြောရမလားပဲ။ စတော်ဘယ်ရီရွက်လေးတွေကိုရေအေးအေးနဲ့
သေချာဆေးပြီး ၀က်ခြံပေါ်ကပ်လိုက်ရုံပဲလေ။ ၁၀ မိနစ်နေရင် ခွာလိုက်။ ၀က်ခြံက
နာတာရော ရောင်တာကိုရော အရွက်လေးက ယူပစ်လိုက်သလို သက်သာသွားမှာပါ။
ဒီထက်လွယ်တာတောင် ဒီလောက်လွယ်မှာမဟုတ်ဘူးနော်။


ကြက်ဥနဲ့ပျားရည်


အသားအရေလှပဖို့အတွက် အသုံးများတာလေးနှစ်ခုပါ။ ဒီနှစ်ခုကို
ဝက်ခြံတွေအတွက်လည်း သုံးနိုင်ပါသေးတယ်နော်။ ကြက်ဥတစ်လုံးရဲ့အကာနဲ့
ပျားရည်လက်ဘက်ရည်ဇွန်း ၁ဇွန်းကို ရောလိုက်ပါ။ သမအောင်ရောမွှေပြီး
ဝက်ခြံတွေပေါ်လိမ်းလိုက်ပါ။ မိနစ်သုံးဆယ်နေရင်
ရေနဲ့သေချာဆေးချလိုက်ရုံပါပဲ။ တပတ်ကို တစ်ခါပုံမှန်လုပ်ပေးရင် ၀က်ခြံတွေ
သက်သာပျောက်ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ နည်းလေးပါပဲ။

ကြက်သွန်ဖြူ


ကြက်သွန်ဖြူက အနံ့နံတော့ သုံးရမှာတွန့်မသွားနဲ့အုံးနော်။
သူ့ရဲ့ဓာတ်တိုးဆန့်ကျင်သတ္တိကို ဘာမှမယှဉ်နိုင်ဘူးလေ။
ကြက်သွန်ဖြူအခြမ်းလေးနဲ့ ၀က်ခြံပေါ်ကို အနည်းဆုံးသုံးခါပွတ်ပေးပါ။
အားနဲ့ပွတ်ရင်အသားအရေထိနိုင်လို
့ ညင်ညင်သာသာလေး ပွတ်ပေးနော်။ ပြီးတော့
၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ သစ်လိုက်ပါ။ အမာရွတ်မကျန်အောင်လည်း
ကာကွယ်ပေးတဲ့ အဖိုးတန်နည်းလေးပါပဲ။


ဂျုံ


ဂျုံမှာ အဆီပိုတွေဖယ်ရှားပေးနိုင်တဲ့၊ ချွေးပေါက်တွေကို
လုံးဝသန့်စင်စေတဲ့၊ မျက်နှာပေါ်က အစက်အပြောက်တွေကို ဖယ်ရှားပေးနိုင်တဲ့
အံ့သြလောက်စရာအစွမ်းတွေရှိတယ်နော်။ ၀က်ခြံကုဖို့ဆိုရင်တော့
ဂျုံမှုန့်နဲနဲကို ရေသန့်နဲ့ ရောလိုက်ပါ။ ၀က်ခြံပေါ်ပဲ လိမ်းလည်း ရတယ်။
တမျက်နှာလုံးလိမ်းလည်း ရတယ်နော်။ ၁၅ - ၂၀ မိနစ်ကြာရင်
ရေအေးအေးလေးနဲ့သာဆေးချလိုက်ပါ။ ၀က်ခြံက ရောင်နေတာလည်း သက်သာ၊
ချွေးပေါက်တွေလည်း သန့်စင်ပြီး၊ ၀က်ခြံရာလေးတွေပါ သက်သာသွားမှာ..။
ဘယ်လောက်ကောင်းလဲနော်။


သံပုရာရည်


သံပုရာရည်မှာ ဘက်တီးရီးယားပိုးတွေကို
တိုက်နိုင်တဲ့အစွမ်းရှိတဲ့အစွမ်းရှိတော့ ၀က်ခြံတွေကို ကုသနိုင်တာပေါ့။
သံပုရာရည်ကို ၀ါဂွမ်းနဲ့တို့ပြီး ၀က်ခြံတွေပေါ်တို့ပေးပါ။ ရေပြန်ဆေးချစရာ
မလိုဘူးနော်။ ၀က်ခြံပျောက်သွားတဲ့အထိတော့ တစ်နေ့ကိုသုံးကြိမ်
လုပ်ပေးရမှာပါ။

သင်္ဘောသီး


သူငယ်ချင်းတို့ရဲ့ နီရဲပြီးရောင်နေတဲ့ ၀က်ခြံတွေအတွက် သင်္ဘောသီးလေးကိုလည်း
အားကိုးနိုင်ပါသေးတယ်။ သင်္ဘောသီးက အရည်လေးကို
ဝက်ခြံပေါ်တို့ထားလိုက်ရုံပါပဲ။ မိနစ် ၂၀ ထားပြီး ရေဆေးချလိုက်တဲ့အခါ
ဝက်ခြံက နီတာ ရောင်တာ နာတာတွေ သက်သာသွားလိမ့်မယ်နော်။

ခရမ်းချဉ်သီး


အသားအရေကို သန့်စင်စေသလို အရောင်လည်းကျစေတဲ့ ခရမ်းချဉ်သီးလေးကလည်း
ဝက်ခြံပြဿနာကို အစွမ်းပြဖြေရှင်းပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ပါးပါးလှီးပြီး ၀က်ခြံတွေပေါ် ကပ်ပေးပါ။ ၁၅ မိနစ်ကြာလို့ ရေဆေးချလိုက်ရင်
သူငယ်ချင်းရဲ့အသားအရေလေး ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်နော်။


သခွားသီး


အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။
သခွားသီးက သူငယ်ချင်းတို့ကို ၀က်ခြံနဲ့ ဘာမှမဆိုင်တဲ့သူတွေဖြစ်အောင်
လုပ်ပေးနိုင်တယ်နော်။ သခွားသီးကို ပါးပါးလှီးပြီး ၀က်ခြံရှိတဲ့
နေရာတွေပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပြီး ရေအေးလေးနဲ့ ဆေးလိုက်ပါ။
ပုံမှန်သာလုပ်ရင် ၀က်ခြံဆိုတာ ဘာလဲလို့တောင် ပြန်မေးနေရမယ်တဲ့။ :D

နည်းတွေကတော့ အများကြီးပဲ။ ဖတ်ရတာ မောသွားပြီလား။ ရင်နှင်းလည်းရေးရတာ
အတော်မောသွားပြီ။ :P ဒီလောက်ဆို ဘယ်နည်းလေးကကိုယ်နဲ့
သင့်တော်မလဲဆိုတာရွေးပြီးပြီဟုတ်..။ အော်.. လောကြီးပြီး မျက်နှာမသစ်ပဲ
မလုပ်လိုက်နဲ့နော်။ အပေါ်က နည်းတွေအားလုံးကို မျက်နှာသစ်ပြီးမှ
လုပ်ရမှာပါ။ သဘာဝသစ်သီးလေးတွေရဲ့ အစွမ်းကို သူငယ်ချင်းတို့
ကျေးဇူးတင်ရမှာပါ။ မသိသူကျော်သွား သိသူဖော်စား တဲ့။ တကယ်လည်း
စားလို့ရတာတွေပါပဲ။ :P ၀က်ခြံရဲ့ သားကောင်အဖြစ်က အမြန်ဆုံးလွတ်နိုင်ပါစေ
သူငယ်ချင်းတို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...