Friday, November 18, 2011

“ဥပဒေက ဒီလိုပြဆိုတယ်... လက်တွေ့ဘ၀က ဒီလိုဖြစ်နေတယ်။ ကူညီပါရစေနှင့်တာဝန်ရှိသူများ ကူညီကြပါ”

by အား မာန် on Friday, November 18, 2011 at 7:37pm
ပဲခူးမြို့၊ဥသာမြို့သစ်၊အမှတ်(၆)ရပ်ကွက်၊သမိန်ပရမ်းလမ်း၊အိမ်အမှတ်(၁၅၇)နေအိမ်တွင်ဖွင့်လှစ်ထားသော
အလှပြင်ဆိုင်တစ်ခုမှ ငွေကျပ်(၅)သိန်းအား သံသယဖြစ်ဖွယ် မြောက်ဥက္ကလာမှ အလုပ် လာရောက် အလုပ် လုပ်ကိုင်သူ အလုပ်သမတစ်ဦးမှ ခိုးယူသည့်အခြေအနေ ဖြစ်ပေါ်နေသဖြင့် ပဲခူးမြို့ အခင်းဖြစ်ပွားရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ အသိပေးတိုင်ကြား၍ အလုပ်သမနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်သို့ ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအ၀င် ဆိုင်ရှင်များမှ ပြသာနာအား အငြိမ်းချမ်းဆုံး ဖြေရှင်းနိင်ရန် လာရောက်၍ သက်ဆိုင်ရာ လမ်းတာဝန်ခံ ရာအိမ်မှူးမှ တဆင့် အလုပ်သမ နေအိမ်သို့ သွားရောက်၍ တွေ့ဆုံဖြေရှင်းရန် ကြိုးစားသော်လည်း အလုပ်သမနှင့် မိသားစုမှ ထွက်တွေ့လက်ခံ ဖြေရှင်းချင်းမရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ ရပ်ကွက် အုပ်ချုပ်ရေးရုံး၊ မြို့နယ်ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေး ရုံးများသို့  လမ်းတာဝန်ခံ ရာအိမ်မှူးမှ ပြေလည်အောင်ဖြေရှင်းပေးနိင်ရန် ဖုန်းဆက် အသိပေး ခေါ်ဆိုခဲ့ပါသည်။


ထိုသို့ ခေါ်ဆိုခဲသော်လည်း မည်သည့်တာဝန်ရှိ လူပုဂ္ဂိုလ်များမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်း မရှိသဖြင့် ပဲခူးမြို့မှ လိုက်ပါလာသော ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအ၀င် ဆိုင်ပိုင်ရှင်မိသားစုများနှင့် ရပ်ကွက်နေ ပြည်သူများမှ အလွန်ပင် စိတ်ပျက်ခဲ့ရကြောင်း သတင်းရေးသား ပေးပို့အပ်ပါသည်။

ဖြစ်စဉ်မှာ.... ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ပရမ်းလမ်း၊ အိမ်အမှတ်(၁၅၇)တွင် မစုစုလှိုင် ပိုင်ဆိုင်သော ALPHODINE BEAUTY SALOON အလှပြင်ဆိုင် ဖွင့်လှစ်ထားခဲ့ရာ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ(၆)လမ်း၊ အိမ်အမှတ်(၃၉၅)နေ မဥသြော(ခ) မအေးအေးသန့်မှ အလုပ်ဝင်ရောက် လုပ်ကိုင်နေခဲ့ရာမှ ၁၅.၁၁.၂၀၁၁ နေ့ညနေ(၅)နာရီအချိန်တွင် ဖခင်ဖြစ်သူ နေမကောင်းဟုဆိုကာ ပဲခူးမြို့အလုပ်မှနေ၍ မြောက်ဥက္ကလာသို့ ပြန်သွားခဲ့ပါသည်။ နောက်တစ်ရက် အကြာ၁၆.၁၁.၂၀၁၁တွင် ဆိုင်ရှင်ဖြစ်သူ မစုစုလှိုင်မှ ငွေထားရှိရာနေရာတွင် ခြေရာလက်ရာများ ပျက်ယွင်းနေသဖြင့် စစ်ဆေးကြည့်ရာ ငွေကျပ်(၅)သိန်း ပျောက်ဆုံးသွားသည်ကို သိရှိရပါသည်။


မစုစုလှိုင်မှ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြောင်းကြား၍ အေးအေးဆေးဆေး ဖြေရှင်းပေစေလိုကြောင်း အသိပေး၍ ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်သူ သံသယဖြစ်ဖွယ် မဥသြော(ခ) မအေးအေးသန့် နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ လမ်းသို့ အခင်းဖြစ်ပွားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား အကူအညီတောင်း ခေါ်ယူ၍ ပြဿနာအား အငြိမ်းချမ်းဆုံး ဖြေရှင်းနိင်ရန် ၁၆.၁၁.၂၀၁၁ ည၉နာရီကျော်ခန့်တွင် ပဲခူးမြို့မှ ကားငှား၍ လိုက်ပါလာခဲ့ကြပါသည်...။ ည၁၀နာခွဲခန့်တွင် မြောက်ဥက္ကလာ၊ (၂)ရပ်ကွက်၊ သုမာလာ(၆)လမ်းသို့ ရောက်ရှိလာရာ လမ်းတာဝန်ခံ ရာအိမ်မှူးအိမ်သို့ ၀င်ရောက်၍ လမ်းတာဝန်ခံမှတဆင့် အလုပ်သမ မဥသြော နေအိမ်သို့ သွားရောက်၍ တွေ့ဆုံဖြေရှင်းနိင်ရန် အိမ်ရှေ့မှ အချိန်တော်တော်ကြာကြာ ခေါ်ယူခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မှအစတစ်စုံတစ်ရာ ပြန်လည်တုန့်ပြန်မှုမရှိသဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ သက်ဆိုင်ရာ ရဲကင်း၊ သက်ဆိုင်ရာမြို့နယ် ရဲစခန်း၊ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများသို့ လမ်းတာဝန်ခံ ရာအိမ်မှူးမှ ဖုန်းဆက် အကူအညီတောင်း၍ ပြသာနာအား ဖြေရှင်းပေးနိင်ရန် အကြောင်းကြားဆက်သွယ် ပြောဆိုခဲ့ပါသည်။

သို့ပါသော်လည်း တာဝန်ရှိသည့် မည်သည့် လူပုဂ္ဂိုလ်များမှ လာရောက် ဖြေရှင်းပေးခဲ့ခြင်း မရှိသလို ရဲစခန်းမှ ရပ်ကွက်အုပ်ချုပ်ရေးသို့ ပြောစေရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှ ရဲစခန်းတွင် အမှုဖွင့်ရန်၊ မြိုနယ်အုပ်ချုပ်ရေးမှ နောက်ရက်မနက်မှ ပြန်လာတိုင်ကြားဖို့ ပြော၍ မြို့နယ် ရဲစခန်း တာဝန်ကျ တာဝန်မှူးမှလည်း လမ်းတာဝန်ခံ ရာအိမ်မှူးအား အဆင်ပြေသလို စောင့်ကြည့် ဖြေရှင်းပေးရန်နှင့် ပြသာနာတစ်စုံတစ်ရာ ဖြစ်လာလျှင်မူ ရဲစခန်းသို့ ဆက်သွယ် ပေးစေချင်ကြောင်းသာ တဦးကို တဦးဘောလုံးပုတ် တုန့်ပြန်ခဲ့ကြရာ ရပ်ဝေးမှ လိုက်ပါလာကာ ပြသာနာအား အကျဉ်းရုံး ဖြေရှင်းပေးနိင်ရန် လိုက်ပါလာခဲ့သော ပဲခူးမြို့၊ ဥသာမြို့သစ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများနှင့် ခိုးယူခံရသော မိသားစုများမှ ပြသာနာကြီးကြီးကျယ်ကျယ်ဖြစ်မှ ဖြေရှင်းပေးကြတော့မှာလားဟူသော စကားသံများနှင့် မကျေမနပ်ဖြင့် ပဲခူးရဲစခန်းတွင် အမှုဖွင့် တိုင်ကြားမည်ဖြစ်ကြောင်း ပြောဆိုကာ ပြန်သွားခဲ့ရပါသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၆ တွင် နိင်ငံတော်သည် နိင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိင်သောပစ္စည်း၊ မရွှေ့ပြောင်းနိင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ အကာအကွယ်ပေးရမည် ဟု အတိအလင်းဖော်ပြထားချက်မှာ လက်ရှိဖြစ်ပေါ် တွေ့ရှိနေရသော အခြေအနေများနှင့် ချိန်ထိုး တွေးကြည့်မည်ဆိုပါလျှင်....

မှတ်ချက်။ ။ယခုရေးသား တင်ပြအပ်သော သတင်းဖြစ်စဉ်နှင့် ပါတ်သက်၍ မေးမြန်း စုံစမ်းလိုပါလျှင်... ငွေကျပ်(၅)သိန်းခိုးယူခံရသူ မစုစုလှိုင်၏ဖုန်းနံပါတ်မှာ 052-30883 / 0943027762

ပဲခူးမြို့၊ ဥသာ(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၏ဖုန်းနံပါတ်မှာ 0943027997 ဖြစ်ပြီး

မြောက်ဥက္ကလာ၊(၂)ရပ်ကွက် ရာအိမ်မှူးဆက်သွယ် အကူအညီတောင်း ပြောဆိုခဲ့သော မြို့နယ်ရဲစခန်း ဖုန်းနံပါတ်များမှာ 699384 / 699395 များဖြစ်ပါသောကြောင့် သိရှိလိုသည်များ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တရားဥပဒေသည် ပြဠာန်းချက်စာအုပ်များမှ နိင်ငံတော်နှင့် နိုင်ငံသားတို့ထံတွင် စိမ့်ဝင်သက်ရောက် တည်တံ့မှုများ အမြန်ဆုံး ဖြစ်ပေါ်တိုးတက်ပါစေ.....။

ကျောင်းသားလူငယ် ၀လုံး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...