Monday, November 14, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမေးမြန်ခြင်း

(၂၀ စက်တင်ဘာ ၂၀၁၁) ပြည်သူ့ ခေတ်အယ်ဒီတာအဖွဲ့

by နဒီ ဧရာ on Tuesday, October 25, 2011 at 11:15pm


ယခုဆောင်းပါးသည် ပြည်သူ့ ခေတ်ဂျာနယ် ၂၉  စက်တင်ဘာ၊၂၀၁၁ ၊  ကြာသပတေးနေ့ ၊အတွဲ ၂၊ အမှတ် ၆၂ မှကူးယူဖေါ်ပြပါသည်။ယင်း တွေ့ ဆုံမေးမြန်းခြင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသဘောထား၊ လုပ်ဆောင်ချက်များပေါ်လွင်ထင်ရှားသည်ဟု ယူဆပါသဖြင့် ယခုလို အွန်လိုင်းရှိ မြန်မာနိုင်ငံရေးကို စိတ်ဝင် စားသူများ ဖတ်ရှုလေ့လာ ဝေဖန်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ဖြန့်် ဝေပါသည်။ စားလုံးပေါင်းအမှားများ တွေ့ ရှိပါက ရိုက်ကူးသူ ကျွန်တော် “နဒီဧရာ”ရဲ့ အမှားသာဖြစ်ပါသည်။
ဤတွေ့ ဆုံမေးမြန်းခြင်းကို ကြိုတင်ခွင့်မတောင်းပဲ ဖြန့်ဝေခြင်းအတွက် အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ ခေတ်ဂျာနယ်ကို အနူးအညွတ်တောင်းပန်ပါသည်။
ကျန်ရှိသောဆောင်းပါးကို နေ့ စဉ်ရိုက်ပြီးသမျှတင်ဆက်ပေးသွားပါမည်။ မိတ်ဆွေများကိုလေးစားတဲ့      နဒီဧရာ   ၁၄ အောက်တိုဘာ ၂၀၁၁

မေး-ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအစ်မပြောလိုက်တာရှိပါတယ်။မြန်မာပြည်မှာအပြောင်းအလဲတွေဖြစ်နိုင်တဲ့အခြေအနေရှိနေပြီဆိုတာ၊အဲဒါဟာ အစ်မ အစိုးရပိုင်းကပုဂ္ဂိုလ်တွေနဲ့  ထိတွေ့ ပြောဆိုတာကမြင်လာတာလား၊ ကျွန်တော်တို့ အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ၊ဥပမာ-သမ္မတမိန့် ခွန်းတို့၊လွှတ်တော်ဥက္ကဋ္ဌမိန်ခွန်းတို့ ၊ လွှတ်တော်မှာဆွေးနွေးတာတို့၊ စီးပွားရေးအပါအဝင် ကဏ္ဍတွေမှာဆွေးနွေးတာတို့ စတာတွေအရ ပြောတာလား။

ဖြေ-ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက်ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကိုပဲပိုပြီးတော့ အလေးထားပါတယ်။ ဥပမာဆိုရင် အလုပ်သမားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ထွက်လာတဲ့ဥပဒေတွေ၊ အဲဒီဟာက ကျွန်မ နားလည်သလောက် ကတော့ ILO ကတင်ပြတဲ့အတိုင်း ဒီစည်းမျဉ်းစည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ်။ အဲဒါဆိုလို့ ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ ပြောနိုင်တယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေ ကတော့အခုထက်ထိ ဥပဒေရယ်လို့ ဖြစ်လာတယ်ရယ်လို့ မကြားရသေးဘူး။ ဆွေးနွေးတာတော့ ဆွေးနွေး တာပေါ့။ အဲဒါထက်ပိုပြီးတော့ အရေးကြီးတာက တကယ့်ဖြစ်ပေါ်လာတဲ့အခြေအနေ။ ဘာပဲပြောပြော မီဒီယာတွေက နည်းနည်းပါးပါး အတိုင်းအတာတစ်ခုထိ ပိုပြီးတော့ လွတ်လပ်မှုရလာတယ်။
       နောက်တစ်ခုက ဧရာဝတီကိစ္စမှာဆိုလို့ ရှိရင် လွှတ်တော်မှာဆွေးနွေးရတဲ့အထိရောက်လာတယ်ဆိုတာ ပြည်သူရဲ့ အသံကြောင့်၊ပြည်သူရဲ့ အသံက ဘာပဲပြောပြော လျစ်လျူရှုလို့ မရတော့ဘူးဆိုတဲ့အသိက ဝင်လာတယ်လို့ ကျွန်မထင်တယ်။အဲဒါကြောင့်မို့ လို့ ပြည်သူရဲ့ အသံကိုလူတွေက နားထောင်ရပြီဆိုလို့ ရှိရင်ပြောင်းလဲမှုဖြစ်နိုင်တဲ့အခြေအနေရောက်လာပြီ။ပြောင်းလဲမှုဖြစ်သွားပြီလို့တော့ မပြောနိုင်သေးဘူးပေါ့။

  စတင်နေပြီလို့ ဆိုရလောက်အောင်

မေး-ပြောင်းလဲမှု ဖြစ်ဖို့ အနေအထားတော့ မြင်နေရပြီလို့ ဆိုတာပေါ့နော်။သို့သော် ပြောင်းလဲမှု  တကယ်စတင်နေပြီလို့ ဆိုရလောက်အောင်ဆိုရင် နောက်ထပ် ဘယ်လိုဟာမျိုးတွေ မြင်ရဖို့ လိုပါသလဲ။

ဖြေ-အလုပ်သမားသမဂ္ဂ နဲ့ ပတ်သက်လို့တော့စတင်နေပြီလို့ ပြောနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒါကဥပဒေဖြစ်သွားပြီ။ဒီဟာကိုဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည်ဖေါ်မှာလည်းဆိုတာကိုတော့ ကြည့်ရမှာပေါ့။တခြားပြောင်းလဲမှုတွေက အများပြောနေတဲ့ ကိစ္စကတော့ အကျဉ်းသားတွေလွှတ်ပေးဖို့ ကိစ္စ၊ဒါကအင်မတန်မှအရေးကြီးပါတယ်။အရေးကြီးတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုလို့ ရှိရင်အကျဉ်းသားတွေအစား ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများလို့ ပြောတာကို ဒါကို ကျွန်မလက်ခံပါတယ်။ဘာဖြစ်လို့ လည်းဆိုတော့ ဒီဟာကလည်း ဒီအပေါ်မှာအခြေခံပြီးတော့ ပြောရတာ ပိုပြီးတော့လည်းလွယ်တယ်။ဒီမိုကရေစီစနစ်မှာဆိုရင် မတူညိတဲ့ သဘောထားတွေ။မတူညီတဲ့ယုံကြည်ချက်တွေကိုလက်ခံနိုင်ရမယ်။အဲဒါတွေကိုခွင့်ပြုနိုင်ရမယ်။အဲဒါကြောင့်မို့ လို့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့သူတွေကို လွှတ်ပေးဖို့ ဆိုတာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ တကယ်ပဲသွားနေပြီလားဆိုတာ ဆုံးဖြတ်ဖို့ အတွက် သိပ်အရေးကြီးတာဖြစ်တယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး

မေး-ပြောင်းလဲမှုဆိုတဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး ပြောဆိုကြတဲ့အထဲမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အကြောင်းတစ်ခုလည်းပါပါတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။

ဖြေ-တိုင်းရင်းသားနဲ့  ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လူတိုင်းကစိုးရိမ်ကြတယ်။ဒါလည်းဖြစ်သင့်ဖြစ်ထိုက်တာပဲ။ဒီနိုင်ငံကပြည်ထောင်စု၊တိုင်း
      ရင်းသားလူမ်ျိုးစုတွေနဲ့  တည်ဆောက်ထားတဲ့ပြည်ထောင်စု၊ဒီပြည်ထောင်စုကနေတိုးတက်ဖို့ ဆိုတာငြိမ်ချမ်းရေးရှိမှ၊ငြိမ်းချမ်းရေးမရှိပဲ
     နဲ့ ဘယ်တိုင်းပြည်မှ တကယ့်တိုးတက်မှုကိုမရနိုင်ဘူး။အဲဒီဟာကိုလည်း အားလုံးကဝိုင်းပြီးပြောကြဆိုကြတာကို ကျွန်မ သဘောကျ
      တယ်။စပြီးတော့ပြောတာ၊ဒီအသံတွေထွက်လာတာ။ဒါကြောင့်မို့ လို့  အပြောင်းအလဲ ဖြစ်နိုင်တဲ့အခြေအနေ မြင်နေရပြီ ဆိုတာဒါတွေ
    ပေါ့။အသံတွေပေါ့။အသံတွေကြားနေရတာ၊အသံကြားရုံနဲ့ တော့မပြီးသေးဘူး။အသံတွေကြားပြီးတဲ့အခါကျတော့ ဒီအသံတွေ နား
    ထောင်ပြီးတော့ နောက်တစ်ခါ ဘာဆက်လုပ်ဦးမလဲဆိုတာကတော့ အဲဒါတွေက စောင့်ပြီးတော့ကြည့်ရမယ်။

ပြည်သူကိုအသိပေးနိုင်မယ့်အချိန်

မေး-အစိုးရပိုင်း ပုဂ္ဂိုလ်တွေနဲ့  ဆွေးနွေးတဲ့အကြောင်းအရာတွေကို လောလောဆယ် မပြောနိုင်သေးတဲ့ အကြောင်း အမ ဖြေလေ့ရှိတာတွေ့
      ရပါတယ်။အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက် ရောက်ရင် အများပြည်သူကို အသိပေးနိုင်မှာလဲခင်ဗျာ။

ဖြေ-တိတိကျကျတော့ မပြောနိုင်ဘူး။သိပ်ပြိးတော့ အချိန်ဆွဲရင်တော့ မကောင်းဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုကိစ္စတွေက သိပ်ပြီးတော့ အချိန်ဆွဲတာနဲ့ အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ်။ အဲဒါကြောင့်မို့ လို့  ဒီလို ကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့် အသတ် တစ်ခုအတွင်းမှာလုပ်ဖို့ လိုတယ်လို့ တော့ ကျွန်မတို့ ထင်တယ်။ ကျွန်မတို့ အနေနဲ့ လည်း အမြန်ဆုံးဖြစ်အောင်လို့ တော့ ကျွန်မတို့  ကြိုးစားမှာပါ။ ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် ဪ ဒါကတော့ တိုးတက်မှုတစ်ခုပဲ ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံးရောက်ဖို့ လိုတယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။

မေး-အမတို့ ပုံမှန်တွေ့ ဖို့ ညှိနှိုင်းထားတာများ ရှိသလားခင်ဗျ။
ဖြေ-ဒီလိုသဘောမျိုးရှိပါတယ်။တိတိကျကျတော့ ဘယ်အချိန်၊ဘယ်အချိန်၊ဘယ်အချိန်လို့ တော့ မရှိပါဘူး။

                  တူညီတဲ့ကိစ္စတွေ

မေး-အစိုးရနဲ့ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ တွဲလုပ်မယ်လို့ ကြားရပါတယ်။တူတယ်ဆိုတာဘယ်ကိစ္စတွေပါလဲ။တချို့ ကတော့ တူတာကော ရှိရဲ့ လားလို့  ဝေဖန်ပြောဆိုကြတာတွေလည်းရှိပါတယ်။
ဖြေ-တူတယ်ဆိုတာကတော့ တိုင်းပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။အစိုးရကလည်းဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့ သိတယ်။နောက် စီးပွားရေး တိုးတက်စေချင်တယ်။ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့ကောင်းစေချင်တယ်။ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေပေါ့နော်။ အဲဒါတွေ ကတော့ တူညီတဲ့ ကိစ္စတွေပဲ။အဲဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျွန်မ ပြောပြီးပါပြီ။ တချို့ ကတူညီတာတွေ များရှိလို့ လားဆိုတာ။တူညီတာတွေမရှိရင် ပိုပြီးတော့ စကားပြောဖို့ လိုတယ်။တူညိတာတွေမရှိရင် ပိုပြီး ဆွေးနွေးဖို့လိုတယ်။ အဲသလို နည်းနဲ့ ပဲ တူညီတဲ့ဟာတွေ ရှိအောင် ဆောက်တည်ရမှာပေါ့။ဒီတိုင်းပြည်မှာ နေတဲ့သူတွေ အားလုံးဟာ လုံးဝတူညီတာမဟုတ်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာပဲပြောပြော လျှပ်စစ်မီး မလုံလောက်ဖူးဆိုတာလောက်တော့ အားလုံးသိကြတာပဲ။
    ဥပမာအားဖြင့်ပြောတာပါ။ဒီတိုင်းပြည်မှာ နေတဲ့ လူတွေ ကြားထဲမှာ တူညီမှုလုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။နိုင်ငံခြားသားတွေတောင်မှ ဒီတိုင်းပြည်မှာ ခဏလာနေတဲ့ အချိန်မှာ ပြည်သူနဲ့ အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ။ဥပမာ လမ်းမကောင်းဆိုရင် သူတို့ကားတွေလည်း ခုန်တာပဲ။ ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှမဟုတ်တာ။

                             အစိုးရပေါ်ယုံကြည်မှု

မေး-အခု အစ်မ ပြောတဲ့ စကားတွေအရဆိုရင် အစ်မ အနေနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အမြင်၊အစိုးရနဲ့ ပတ်သက်လို့ ယုံကြည်မှုပိုရှိလာတယ်လို့ မြင်ရပါတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ-ကျွန်မ ပြောပြီးပါပြီ။ကျွန်မအနေနဲ့ တော့ သမ္မတ ဦးသိန်းစိန်က ကောင်းတဲ့ ဖက်ကိုသွားချင်တယ်ဆိုတာတော့ ကျွန်မ ယုံကြည်တယ်။
       ပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတယ်ဆိုတာ ကျွန်မယုံကြည်တယ်။

                           လူထုအုံကြွမှုသဘောထား

မေး-အခြေအနေတွေက ပြောင်းလဲနိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ အစ်မ ယုံကြည်တယ်။တစ်ဖက်ကလည်း ဆွေနွေးမှုတွေလုပ်နေတယ်ပေါ့။ ဒါပေမဲ့ တချို့ အင်အားစုတွေက တပ်မတော်အခြေခံတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြောင်းလဲမှုတွေကို လွယ်လွယ်ကူကူနဲ့  ပြုလုပ်မှာမဟုတ်ဘူး။ ဒါမျိုးက လူထုအုံကြွမှုတွေနဲ့ တိုက်မှ ပြောင်းလဲမှာလို့ တစ်စွန်းတစ်စ ပြောနေတာတွေ ကြားရတယ်။ အစ်မ
 သဘောထား သိချင်ပါတယ်။

ဖြေ-အဲဒါတော့ကျွန်မတို့ အနေနဲ့ က ဒါကိုပညာပေးပြီးတော့ စည်းရုံးဖို့ လိုတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေး ကာလကိုသွားမယ် (ပြန်ကြည့်မယ်) ဆိုရင် လွတ်လပ်ရေး ရပြီးတာတောင်မှ ကြေညာပြီး တာတောင်မှ ဒါရွှေရည်စိမ်လွတ်လပ်ရေးပါဆိုပြီးတော့ ပြောတာ ရှိတယ်။ ဒါမျိုးကတော့ ရှိတာပေါ့။ ဒါမျိုးကတော့မတူတဲ့သဘောထားပေါ့။ကျွန်မတို့ က ဒီမိုကရေစီကိုယုံကြည်တာမို့ လို့  မတူတဲ့
သဘောထားရှိတယ်ဆိုတာ လက်ခံတယ်။မတူတဲ့ သဘောထားတွေကို ညှိမယ်။ တိုင်းပြည်အတွက် ကောင်းတဲ့ကိစ္စတွေကို သဘောမတူတဲ့သူ ရှိလို့ ရပ်ရမယ် မဟုတ်ဘူး။ သဘောမတူတဲ့သူတော့ရှိမှာပဲ။ ဒါလူ့ သဘာဝပဲ။ သဘောမတူတဲ့သူတွေ ရှိပေမယ့်လည်း တကယ်တမ်း တိုင်းပြည်ကို ကောင်းကျိုးပြုမယ်ဆိုတဲ့ ကိစ္စတွေ ယုံကြည်လို့ ရှိရင် ဖြစ်လာမှာပဲ။
      သဘောမတူတဲ့သူတွေကို သဘောတူအောင်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ဒါပေမယ့် တစ်ရာ ရာခိုင်နှုန်းက သဘောတူလက်ခံတဲ့ ကိစ္စဆိုတာ မရှိခဲ့ဘူး။ ဥပမာ- ထမင်းဆိုင်မှာ သွားစားရင်တောင် တစ်ယောက် တစ်မျိုးစားကြတာပဲ။ အားလုံး ဒါပဲစားဆိုရင် ဘယ်ဖြစ် နိုင်မလဲ။ ဒါပေမယ့် ကိုယ်က တကယ်  စေတနာနဲ့  ဒါလေး စားကြည့်ပါလားလို့  ပြောလို့ စားကြည့်လို့ အားလုံးကြိုက်သွားတာတော့ရှိမှာပေါ့

    ပြည်သူတွေလည်းပါရမယ်
မေး-civil society ရဲ့ သဘာဝက အစိုးရနဲ့ အပြိုင်သဘောမျိုးရှိတယ်လို့ ကော ဆိုနိုင်လား။

ဖြေ-ကျွန်မကတော့အဲလိုရှိတယ်လို့ မပြောချင်ဘူး။မကြာခင်ကတောင်မှ ကျွန်မ ဆောင်းပါးတစ်ခုရေးထားတယ်။ဒါပေမဲ့ ဒါက တော်တော်နဲ့
      ထွက်မှာ မဟုတ်သေးဘူး။ အဲဒီမှာ ကျွန်မ ပြောထားတာရှိတယ်။အခုဆိုရင် civil society တွေက civil responsibility ပြည်သူတွေရဲ့
      ကိုယ့်ရဲ့ တာဝန်သိစိတ်နဲ့ အစိုးရရဲ့ အလုပ်တွေကိုဖြည့်ဆည်းပေးတယ်ဆိုတဲ့ သဘောနဲ့ ကျွန်မကမြင်ချင်တယ်။အစိုးရနဲ့ ပဲ မလုံလောက်ဘူး
      ဆိုတဲ့ အသိအမြင်ပေါ်လာမှာပေါ့။အစိုးရတစ်ခုနဲ့ မလုံလောက်ဘူး။တိုင်းပြည်တစ်ပြည် တိုးတက်ဖို့  တိုင်းပြည်တစ်ပြည်ဖွံ့ ဖြိုးဖို့ ဆိုတာ
      ပြည်သူတွေလည်းပါရမယ်။အစိုးရကိုပြိုင်တာ၊အစိုးရကို မကျေနပ်တာ ဆိုတာထက် အစိုးရရဲ့ ကန့်သတ်ချက်တွေကို အသိအမှတ်ပြုတယ်
      ဆိုတဲ့ သဘောပေါ့။အစိုးရဆိုတာလည်း အကန့်အသတ်နဲ့ ပဲ လုပ်နိုင်တာ။အစိုးရ မလုပ်နိုင်တဲ့ ကိစ္စတွေရှိတယ်။အဲဒါတွေ ငါတို့ ပြည်သူ
      တွေက လုပ်ရမယ်ဆိုတဲ့ အသိအမြင်တွေဟာ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် ပိုပြီးကောင်းတယ်လို့  ကျွန်မ ထင်တယ်။

                                           ပညာရေး၊ကျန်းမာရေး၊တိုးတက်ဖို့

မေး-ကျန်းမာရေးတို့ ပညာရေးတို့ နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အစ်မတို့ ကစိတ်ဝင်စားပြီးတကယ်လည်း လုပ်ကိုင်ပေးနေတာ ရှိတယ်
       ဆိုတာ မြင်ပါတယ်။အဲဒါတွေ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာဖို့ ဆိုရင် ဘယ်လိုအနေအထားတွေ လိုမလဲ။

ဖြေ-ကျွန်မတို့ လုပ်နေတဲ့ လုပ်ငန်းတွေ ပိုပြီးကျယ်ပြန့် ဖို့ ဆိုတာ ကျွန်မတို့ အပေါ်မှာတည်တာပေါ့။ကျွန်မတို့ ပိုပြီးကြိုးစားရမယ်။ပြည်သူ
      လူထုရဲ့ ထောက်ခံမှုကိုရအောင်လုပ်ရမယ်။ဒါပေမဲ့ ဒီတစ်နိုင်ငံလုံးမှာ ပညာရေး ကျန်းမာရေး တိုးတက်ဖို့ ဆိုတာ အစိုးရရဲ့ အခန်းကဏ္ဍ
      က အင်မတန်မှအရေးပါတယ်။

                                            ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး

မေး-ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးဆိုတာမှာလည်း ဒီသဘောမျိုးပဲ ဖြစ်မှာလား။

ဖြေ-ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးဆိုတာ ဒါက အင်မတန်မှ ယေဘုယျလည်းကျတယ်။ကျယ်ပြန့်တဲ့ကိစ္စလည်းဖြစ်တယ်။အဲဒီဟာက အစိုးရ
      က ဦးဆောင်ပြီးလုပ်ရမှာပေါ့။ဒါပေမဲ့ ကိုယ့်ဘာသာကိုယ်လည်း လုပ်ယူရမှာပေါ့။ကျွန်မတို့ အနေနဲ့ ဆင်းရဲမှုဆိုတာဘာလဲ၊အဓိပ္ဗါယ်
      ဖော်တာက စရမှာပေါ့။နောက်ဆုံးကျတော့ အခုအဓိပ္ဗါယ်ဖော်ပုံက လူတစ်ယောက်ဟာ သူ့ ရဲ့ ပတ်ဝန်းကျင်မှာ သူဆင်းရဲတယ်လို့
      ခံစားရရင်၊သူ့ မှာလိုအပနေတဲ့အချက်တွေ ရှိနေတယ်လို့ ခံစားရတယ်ဆိုရင် ဆင်းရဲတာပဲ။ဥပမာ-လူတိုင်းကြက်သားစားနေတဲ့
      အသိုင်းအဝိုင်းမှာ ပဲစားရတဲ့သူကဆင်းရဲတာပေါ့။လူတိုင်းပဲစားနေတဲ့အသိုင်အဝိုင်းမှာဆိုရင် ထမင်းချည်းပဲ စားရတဲ့သူကဆင်းရဲတာ
      ပေါ့။ဒီလိုဟာမျိုးတွေရှိတယ်ပေါ့။အဲဒီတော့၊ဆင်းရဲမှုပပျောက်ရေးဆိုတာ အင်မတန် ကျယ်ပြန့်တဲ့ ကိစ္စပဲ။တနည်းအားဖြင့် ပြောရရင်
      ပြည်သူလူထုရဲ့ လူနေမှုစနစ် မြှင့်တင်ပေးရေးပါ။poverty reduction ဆိုတာ တစ်ဖက်ကနေ ကြည့်လိုက်ရင် ပြည်သူလူထုရဲ့ လူနေ
      မှု အဆင့်အတန်းကို မြှင့်တင်ရေးပဲ။အဲဒါအတွက်ကတော့ ကျွန်မတို့ လည်းတတ်နိုင်သလောက် လုပ်တာပဲ။ဒီလို ပညာရေး ဘက်ကနေ
     ကူညီတယ်ဆိုတာ ဒါလည်းအဆင့်အတန်း မြှင့်ပေးတာပဲ။ကျန်းမာရေးဘက်က ကူညီတယ်ဆိုရင်လည်း အဆင့်အတန်းမြှင့်ပေးတာပဲ။
     ဒါပေမဲ့ တချို့ ကိစ္စတွေမှာ တာဝန်သိတဲ့ အစိုးရက ဝင်ပြီးလုပ်ဆောင်ရမယ့် ကဏ္ဍတွေက အများကြီးရှိပါတယ်။

                                   ပြည်သူလုပ်နိုင်တဲ့ အတိုင်းအတာ

မေး-ကျန်းမာရေး ပညာရေး ဆင်းရဲမွဲတေမှု လျော့ပါးရေးတို့ မှာ အစိုးရ လုပ်နိုင်တဲ့ အပိုင်းက အဓိကလို့ ပြောချင်တာပေါ့။

ဖြေ-အင်မတန်မှ အရေးကြီးပါတယ်။ကျွန်မကလေ ဒီမိုကရေစီကို ဦးတည်တဲ့သူဆိုရင် အစိုးရက အဓိကကျတယ်ဆိုတဲ့ အသုံးအနှုန်းကို
      တတ်နိုင်သမျှရှောင်ချင်တယ်။ပြည်သူတွေအဓိကကျတယ်ဆိုတာသာဖြစ်ရမယ်။ဒါပေမဲ့ အစိုးရမှာ တာဝန်အများကြီးရှိတဲ့ ကဏ္ဍတွေက
      ရှောင်လို့ မရဘူး။

မေး-စောစောကအစိတ်အပိုင်းတွေမှာ အစိုးရ မဟုတ်တဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ပြည်သူတစ်ဦးချင်းတွေရဲ့  လုပ်နိုင်တဲ့ အတိုင်းအတာက
       ဘယ်လောက်အထိရှိလဲ။

ဖြေ-ဒါကတော့ လုပ်ယူမှာပဲ။ဘယ်လောက်အထိရှိလဲဆိုရင် ဒီတိုင်းပြည်မှာသိပ်ပြီးတော့မရှိသေးဘူး။ဒါပေမဲ့ အခု ကျွန်မပြောသလိုပေါ့။
      civil society တွေက စလာပြီ။လမ်းစပေါ်လာပြီ၊လှုပ်ရှားလာပြီ၊အားယူလာပြီပေါ့။ဒါတွေကို ပိုပြီးလုပ်နိုင်ဖို့  ပိုပြီးအားတွေများလာဖို့
      ဆိုတာ ပြည်သူတွေကလည်း ရုန်းကန်ရမယ်။ဒီဟာကိုလည်း အစိုးရအနေနဲ့  အားပေးရတယ်။ပိုပြီး အားယူနိုင်တဲ့ အခြေအနေမျိုး
      ဖန်တီးပေးရမယ်။

                                          ကူညီနိုင်တဲ့အင်အား

မေး-ဆင်းရဲနွမ်းပါးမှုကတစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ရှိနေတဲ့အနေအထားမျိုးမှာ ဆင်းရဲတဲ့ လူအချင်းချင်း ပြန်ပြီးကူညီနိုင်တဲ့ အင်အား
      က ရိုးရိုးစဉ်းစားရင် တော်တော်နည်းမယ်လို့ ထင်ရတာပေါ့။အစိုးရက သူကိုယ်တိုင်သိပ်ပြီး မစွမ်းဆောင်နိုင်တဲ့ အချိန်မှာ civil
      society က တစ်နည်းနည်းနဲ့ အားကောင်းရှင်သန်လာတဲ့အခါမှာ စောစောက ပြောတဲ့ အစိုးရလောက်ကသာလျှင် လုပ်နိုင်တယ်လို့
      ယူဆရတဲ့ ကြီးကျယ်တဲ့အလုပ်မျိုးတွေကိုပါ civil society အဖွဲ့ အစည်းတွေ အင်အားစုတွေက လုပ်လာနိုင်မလား။

                                               မူချပြီးလုပ်ရမှာတွေ အများကြီး

ဖြေ-အစိုးရကသာ လုပ်နိုင်တယ်ရယ်လို့ မဟုတ်ဘူး။အစိုးရကပိုပြီး ထိထိရောက်ရောက် လုပ်နိုင်တဲ့ အခွင့်အရေးတွေအများကြီးရှိတယ်။
      ဥပမာ-ပညာရေးကဏ္ဍမှာ မြန်မြန်ဆန်ဆန် တိုးတက်ချင်လို့ ရှိရင် civil society တွေလုပ်တာကို စောင့်နေလို့ မရဘူး။အစိုးရကိုက
      မူချပြီးလုပ်ရမှာတွေအများကြီးရှိတယ်။ဥပမာ-ကျောင်းတွေပြုပြင်ရေး၊ကျောင်းသင်ရိုးညွှန်းတမ်းတွေပြုပြင်ရေး၊ဒါတွေလုပ်ရမှာ အစိုးရ
      က လုပ်ရမှာ။ကျွန်မတို့ လို civil society တွေက ဘာလုပ်လဲဆိုတော့ အခမဲ့ကျောင်းတွေပေါ့။အခမဲ့ကျောင်းတွေက မူလတန်းကနေ
      စပြီးသင်ရတယ်။ဒါပေမဲ့ အခု အထက်တန်းအဆင့်ထိ ရောက်ပါပြီ။ဒါပေမဲ့ သင်ရိုးညွှန်းတမ်းကတော့ ဒါ အစိုးရက ဆုံးဖြတ်ထားတာ။
      ကျွန်မတို့ ဒီကျောင်းတွေ ဖွင့်ရတယ်ဆိုတာကိုကပဲ အစိုးရကျောင်းတွေ မလုံလောက်လို့ ၊ပြီးတော့ တချို့ ကိစ္စတွေမှာ အစိုးရက ထိထိ
      ရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်တာတွေရှိတယ်။အပြင်ကလူတွေလုပ်ရတာက အကန့်အသတ်နဲ့ လုပ်ရတာ။နိုင်ငံတာက
      အကူအညီတွေ အခုလည်းရယူနေတာပဲ။အခုဆိုရင် နိုင်င့တကာက ပံ့ ပိုးထားတဲ့ NGOတွေ အများကြီးရှိတယ်။အစိုးရမဟုတ်တဲ့ အ
      ဖွဲ့ အစည်းတွေ၊အခု ဘုန်းတော်ကြီးပညာသင် ကျောင်းတွေဆိုရင် နိုင်ငံတကာ ဖွံ့ ဖြိုးရေးကူညီမှု အဖွဲ့ တွေကနေ ထောက်ပံ့ထားတဲ့
      ကျောင်းတွေအများကြီးရှိတယ်။အများကြီးဆိုတာ တကယ်တော့ အမှန်ပြောရရင် တိုင်းပြည်တစ်ပြည်လုံးနဲ့ ကြည့်လိုက်ရင် မများဘူး
      ပေါ့။ဒါပေမဲ့ နည်းနည်းများလာပြီလို့ ပြောရမှာပေါ့။

                                   ဩဇာရှိနိုင်တဲ့အခြေအနေ

မေး-အစိုးရပိုင်းက လုပ်တာ သိပ်အားနေလို့ ရှိရင် civil society တွေက လုပ်တာသိပ်အားများလာရင် သူက ပိုပြီး လွှမ်းမိုးသွားနိုင်လား။
       သို့မဟုတ် မလွှမ်းမိုးတောင် သူရဲ့ ဆောင်ရွက်ချက်တွေသည် ပိုပြီး ကြီးကြီးမားမား သိသိသာသာကြီး ဖြစ်လာနိုင်သလား။

ဖြေ-သိသာမှုတော့ ဖြစ်နိုင်ပါတယ်။ကျွန်မလေ့လာကြည့်တဲ့အခါမှာတော့ civil society တွေက အင်အား အင်မတန်ကြီးတဲ့ တိုင်းပြည်တွေ
      မှာတောင်မှ အစိုးရကိုလွှမ်းမိုးတာထက် အစိုးရအပေါ်မှာ ဩဇာရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးပဲ ဖြစ်လာပါတယ်။ဥပမာဆိုလိုရှိရင်
      အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးမှာ ကြည့်မယ်ဆိုရင် civil society တွေက တော်တော်သန်ပါတယ်။အဲဒိတော့ lobby
      group တွေ ဘာတွေက အစိုးရရဲ့ ဆုံးဖြတ်ချက်တွေ ဘာတွေအပေါ်မှာ ဩဇာ ရှိလာတာပေါ့။

မေး-အခုတလော ဖြစ်နေတဲ့ မြစ်ဆုံပြဿနာကို အကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိစ္စမှာ လူတွေစိတ်ဝင်စားမှု ပိုများလာပါတယ်။
      အစ်မအနေနဲ့  ကျွန်တော်တို့ တိုင်းပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဘယ်လောက်ကြီးမားတယ်လို့ မြင်ပါသလဲ။အဲဒီအပေါ်မှာ
      ထိန်းသိမ်းစောင့်ရှောက်မှုကော ဘယ်လောက်လိုအပ်နေတယ်လို့ မြင်ပါသလဲ။

                                                 ပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဖြေ-ထိန်းသိမ်းစောင့်ရှောက်မှုကတော့ အတော့်ကို လိုအပ်နေပါတယ်။ပြည်သူတွေကိုပညာပေးဖို့ ပဲ။အများပြည်သူကသိမှ၊ပတ်ဝန်းကျင်က
      လူတိုင်း လူတိုင်းဟာ ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့အသိရှိမှ။ဥပမာ-ပလတ်စတစ် အိတ်လေး တစ်အိတ်လွှင့်ပစ်လိုက်ရင် ပေါ့ပေါ့တန်တန်
      မဟုတ်ပဲ ငါ ဒါကို ဒီနားမှာလွှင့်မပစ်ဘူး။ဟိုနားမှာ အမှိုက်တောင်းရှိတဲ့အထိယူသွားမယ်။အမှိုက်တောင်း ရှိတဲ့ နေရာရောက်မှပဲထည့်
      မယ်။အဲလိုအသိလေးပေါ့။ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် ကျောင်းကကို သင်တယ်။ကလေးတွေကိုငယ်ငယ်ကတည်းက
      ဒီအသိတွေထည့်ပေးရမယ်။ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ထိန်းသိမ်းရမယ်။ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ကိုယ်တာဝန်ယူရမယ်။

                                          နိုင်ငံရေးမှာပြည်သူပါဝင်လာရေး

မေး-နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုပါဝင်လာဖို့ အတွက်ကျတော့ရော လူထုကိုပညာပေးဖို့ ဘယ်လိုလုပ်နိုင်ပါသလဲ။အစ်မ ဘယ်
       လိုမြင်လဲ။

ဖြေ-လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ဥပမာ-မီဒီယာကလည်း လုပ်နိုင်တာပဲ။မဂ္ဂဖင်းတွေ ဂျာနယ်တွေထဲမှာ ဒီကိစ္စ အကြောင်းတွေ
      ထည့်ရမယ်။ပြည်သူတွေ ဖတ်တဲ့လူတွေကသိအောင်လို့ ပေါ့။ဒါတွေက ကျောင်းတွေမှာကတည်းက သင်ရမှာ။ကလေးတွေက ငယ်
      ငယ်ကတည်းက မဖြစ်မနေ သင်ယူရတဲ့ပုံစံမျိုး။ကျောင်းရောက်တော့ မဖြစ်မနေသင်ယူရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ဂျာနယ်ကျတော့
      ဖတ်ချင်မှ ဖတ်မှာပေါ့။ဖတ်ချင်တဲ့လူ ဖတ်မယ်။မဖတ်ချင်တဲ့လူမဖတ်ဘူး။ဒါပေမဲ့ ကျောင်းတွေမှာသင်မယ်ဆိုရင်တော့ အလိုလိုကျောင်း
      တက်တဲ့ လူတိုင်းက သိသွားတာပေါ့။ အစိုးရမှာ အများကြီး တာဝန်ရှိတယ်ဆိုတာ ဒါတွေပါ။ကျွန်မတို့ အခမဲ့ကျောင်းတွေမှာဆိုရင်
       ကျွန်မတို့ ဆရာတွေက သင်ပါတယ်။ကျယ်ကျယ်ပြန့် ပြန့် ဒီအသိတွေရှိအောင်လို့ ပါ။ကျွန်မတို့ ကျောင်းတွေက တစ်တိုင်းပြည်လုံး
      နဲ့ စာရင်နည်းနည်းလေးပဲ။ လူဦးရေ ဘယ်လောက်ရှိလဲ၊ရာဂဏန်းလောက်ရှိတာ။အခုဆိုရင် ထောင်ဂဏန်းလောက်ရှိတာပေါ့။ဒါလည်း
      အင်မတန်မှနည်းပါတယ်။ကျွန်မတို့ တိုင်းပြည်ရဲ့ အတိုင်းအဆနဲ့ ဆိုရင်ပေါ့။


   ပြည်သူ့ ခေတ်ဂျာနယ်၊အတွဲ ၂ ၊အမှတ် ၆၂ ၊ ၂၉ ၊ စက်တင်ဘာ ၊ ၂၀၁၁ မှ
                               ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမေးမြန်းခြင်း     ပြီးပါပြီ။

· · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...