Sunday, November 13, 2011

ကိုကို အတွက် ကြက်ပေါင်ကြီး

by Kaung Myat Min on Sunday, November 13, 2011 at 2:04pm
 
၈ရ ၊ ၈၈ လောက်တုံးက ကျောင်းမှာ တိုင်းရင်းသား တစ်ယောက်ပြောပြတဲ့
ပုံပြင်လေးအကြောင်း ပြန်ပြောပြချင်ပါတယ်။
တောရွာလေး တစ်ရွာမှာ သိပ်မပြည့်စုံတဲ့ လင်မယား နှစ်ယောက်ရှိတယ်။
တစ်နေ့တော့ ယောက်ကျားဖြစ်သူက မိန်းမကို တိုင်ပင်တယ်၊ ငါတို့
အိမ်ထောင်သက်က ကြာလာပြီ ငါတို့ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့
ကောင်းကောင်းမွန်မွန် ချက်စားရအောင်လား၊ ဆိုပြီး မိန်းမကိုတိုင်ပင်တယ်။
မိန်းမကလည်း ကောင်းတာပေါ့၊ ဆိုပြီး သူတို့ မွေးထားတဲ့ ကြက်ကို
ရိုက်သတ်ပြီး ချက်လိုက်တော့တယ်၊ ကြက်သားဟင်း ချက်ပြီးသွားတော့ မိန်းမက
ယောက်ကျားကို လာမြည်းခိုင်းတယ်၊ ယောက်ကျားက အာ ကောင်းလိုက်တာ၊
တော်တော်ကို အရသာရှိတာပဲ၊ ဒါပေမယ့် မိန်းမရယ် မဆလာဖိုး မနှမျှော်ပဲ
ဝယ်ထည့်လိုက်ရင်ပိုကောင်းမှာ ပါပဲ၊ လို့အကြံပေးလိုက်တယ်၊ ဟုတ်ပ ရှင်ရယ်
ဟုတ်ပ ဆိုပြီး မဆလာ ပြေးဝယ်တော့တယ်၊။

မိန်းမက မဆလာ ပြေးဝယ်တုံး ယောက်ကျားက ဟင်းအိုး မွှေရင်း ပေါ်ပေါ်လာတဲ့ ကြက်
ရင်ဘုံကြီးကို စားချင်လာတယ်။ စိတ်မထိန်းတော့ပဲ ကြက်ရင်ဘုံကို စားဘို့ ယူလိုက်တယ်၊
ကြက်သားက ပူနေသေးတော့မစားနိုင်သေးပဲ ဖူးဖူးမှုတ်နေရတယ်၊
ဟာ မိန်းမပြန်လာရင် ဒုက္ခပါပဲ ဆိုပြီးအိမ်သာထဲ ၀င်ပြီးစား မလို့
ကြံလိုက်တယ်၊ ကြက်သားအရသာ ပျက်သွားမှာစိုးတာနဲ့ အိပ်ခန်းထဲဝင်
ခြင်ထောင်ချပြီး စားဖို့လုပ်တုံးမိန်းမ ပြန်လာသံကို ကြားလိုက်ရတယ်၊ အသံမပေးပဲ ကြက်သားကို ကိုက်စားနေတော့တယ်။
မိန်းမလည်း ပြန်ရောက်လာပြီး ယောက်ကျားကို လှမ်းခေါ်တယ်၊ မတွေ့တော့ အော်
အိမ်သာသွားတာပဲဆိုပြီး မဆလာထည့်ပြီး မွှေလိုက်ပေါ့၊ မဆလာနံ သင်းသင်းနဲ့ ကြက်သားဟင်းနံက
မွှေးတက်လာတယ်၊
သူအင်မတန်ကိုက်ချင်တဲ့ ကြက်ပေါင်ကြီးက သူကို ကျီစယ်နေပြီ။
သူကြက်ပေါင်ကြီးကို ခတ်ယူပြီး အိပ်ခန်းထဲ ပြေးဝင်လိုက်တယ်၊ ချထားတဲ့
ခြင်ထောင်ကို ဆွဲမလိုက်တယ်၊
ကြက်ရင်ဘုံ ကိုက်ပြီးစ ပြုနေတဲ့ သူယောက်ကျားကို မမျှော်လင့်ပဲ
ခြင်ထောင်ထဲမှာ တွေ့လိုက်ရတယ်၊
 ဟဲ့ ကြက်သား ဟင်းအိုးနားမနေပဲ ဘာလာလုပ်တာတုံး လို့ သူမိန်းမကိုလှမ်းဟောက်လိုက်တယ်၊
သူမိန်းမက လှန့်ပြီး ကိုကိုများ ကြက်ပေါင် စားမလားလို့ လာပို့ပေးတာပါလို့
ပြန်ဖြေလိုက်မိတယ်၊
အာ ကောင်းတာပေါ့ လို့ဆိုပြီး ဆွဲစားသွားတော့တယ်၊။

သူတို့ ပြည်နယ်မှာ ထွက်သမျှကို ဆွဲစားသွားသည်။ ပြီးတော့ သူတို့ဆီက ကောက်ခံနေသေးတာကို
ပြောပြခဲ့သည်၊ ၁၉၉၀ ရွေးကောက်ပွဲကြီးကို ဒီချုပ်က အနိုင်ရသည် အကောင်းဆုံး
အသားဖြစ်သောအာဏာကို စစ်တပ်ကြီးဟုသော် ခြင်ထောင်ကို အကာကွယ်ယူပြီး မြိုချလိုက်သည်၊
နောက် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေ ကြက်ပေါင်ကြီးကိုလည်း ကိုယ့်အတွက်ပဲ စားသုံးလိုက်ပြန်သည်။

ပုံပြင်လေးက ပြီးသွားပေမယ့် ဒီပုံပြင် အဆက်လိုလို
ပုံပြင်တစ်ပုတ်ကြားမိတာကို မှတ်မိပြန်တယ်၊။
ဒီပုံပြင်ကိုပဲ ဆက်လိုက်တာပေါ့၊ ဒီလို နဲ့ အိမ်ထောင်သက်တန်း
ကြာမြင့်လာတာနဲ့အမျှ သားသမီးတွေလည်း ရလာတယ်၊ သားတစ်ယောက် သမီးတစ်ယောက် ရလာတယ်။
တစ်နေ့ ယောက်ကျားက သူမိသားစုကို ပြောတယ်၊ မိန်းမရေ ငါတို့ သား သမီး
တွေလည်း အရွယ်ရောက်
လာတယ်၊ တစ်ခါလောက် ငါတို့ မိသားစုကောင်းကောင်းမွန်မွန် ချက်စားရအောင်
ဆိုပြီး စကားစတယ်၊ မသိနားမလည်တဲ့ ကလေးတွေက အရမ်းပျော်သွားတယ်၊
ကြက်သားဟင်းချက်စားဖို့ သဘောတူလိုက်တယ်၊။
မိခင်ဖြစ်သူက သားနဲ့သမီး ကို သူတို့ မင်္ဂလာနှစ်ပတ်လည်တုံးက အဖြစ်အပျက်ကို
ပြောပြပြီး သူတို့ အဖေလူလည်မကျနိုင်အောင်၊ မဆလာကော အကုန်ဝယ်ထားပြီး သားနဲ့သမီးကို
ဟင်းအိုးနားမှာ ကင်းစောင့်ခိုင်းထားတယ်။
ကြက်သားဟင်းလည်းကျက်ရော ယောက်ကျားကို ခေါ်မြည်းခိုင်းတယ် ၊ အာ
ကောင်းလိုက်တာ ဆိုပြီး စားပွဲကို ပြင်တယ်၊။
ယောက်ကျားလုပ်သူက ဆုတောင်းပြီး ကြက်သားဟင်းခွက်ကြီး ကိုကောက်မလိုက်တယ်၊ သူထဲကို ခတ်
မထည့်သေးပဲ၊ (NDF ဦးခင်မောင်ဆွေ တို့ပါတီ) သားက NLD က ခွဲထွက်လာတာကြောင့်
အောက်ခြေ မခိုင်သေးဘူး ၊ အောက်ခြေခိုင်အောင် ခြေထောက်ရိုး ကိုက်နော်၊
ချစ်သမီးလေး တစည ပါတီ သမီးလေးကတော့ တစ်ချိန်က မဆလ ဆိုပြီး အမြင့်မှာ
နေခဲ့တာ ဒါကြောင့် အမြင့်ပျံနိုင်အောင် အတောင်ပံကို သေသေချာချာ
ရိုရိုသေသေစားနော်၊ အော် အမေကြီးတို့ပါတီက ဒီမိုကရေစီကို  မျှော်နေရမှာ
ဖြစ်လို့ မျှော်လို့ကောင်းအောင် လည်ချောင်းရိုးပဲ စားနော်၊ ဖေဖေကြီး တို့ ပါတီက စားရလွန်းလို့ သွား
မကောင်းတော့ဘူး၊ ဒါကြောင့်အသားများတဲ့ ပေါင်နဲ့ ရင်ဘုံပဲ စားတော့မယ်၊ ။
၈၈ ကျောင်းသားတွေကတော့ သူတို့လည်း အရိုးမကိုက်နိုင်၊ ပြည်သူတွေကိုလည်း
အရိုးပေးတာ မကြိုက်
ဒါကြောင့်
                                                                      ကိုပီတာ(စမ်းချောင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...