Tuesday, November 22, 2011

ကိုယ်တွေ့အဖြေ




(က)
၁၉၉၆ စက်တင်ဘာ
လယ်ခိုဒိုးသာရွာက
ဖါးရှာ ငါးရှာကျွေးတတ်ပါတဲ့ တိုးနိုးနိုပါ …

ထမင်းဝိုင်းတိုင်းလိုလိုမှာ
ငါးခေါင်းနဲ့ အရိုးပဒေသာကို
ပြာပူပူမှာ အုံးအုံးလို့
စားစားနေတာ
လှိုက်ခတ်ခဲ့ရင်မှဝေဒနာ
အဖြေရှာမတွေ့နိုင် လ နှစ်တွေကြာ …

(ခ)
၂၀၀၂ ဇွန် ၆
ဇလားဒုက္ခသည်စခန်းကို အရောက်
သားကြီးကျော်အဂ်ဂနဲ့ သမီးတယောက်ရှိလာပါမှ
ကိုယ်တွေ့နဲ့ယှဉ်ကာ သဘောပေါက် …
ရှားရှားပါးပါး
ငါးဟင်းဆိုတာ စားခွင့်ရပါတောင်မှ
ငါးခေါင်းသက်သက်နဲ့သာ နှစ်ပါးသွားနေရ
သြော် … ဘ၀ ဘဝ
နားလည်ပါပြီဗျ တိုးနိုးနိုပါ။     ။

လူဗိုလ်

တိုးနိုးနိုပါ = တိုးနိုးနိုအဖေ
လယ်ခိုဒိုးသာရွာ = ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှ ဘွဲကရင်ရွာတရွာ
၎င်း၏ယောက်ဖ ကိုမိုရှေးမှာ မိုင်းထိ၊ ခြေတဖက်ပြတ်ကာ သွေးလွန်၍ သေဆုံးသွားခဲ့သည်။
၎င်းကိုယ်တိုင်လည်း ယခု မိုင်းထိ၊ ခြေထောက်တဖက်ပြတ်လျှက်ရှိကြောင်း သိရသဖြင့် ….
လူသားတိုင်း မိုင်းထိ၊ ခြေထောက်ပြတ်ရသည့်အဖြစ်မှ ကင်းဝေးကြပါစေဗျာ …..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...