Sunday, November 20, 2011

တောင်ကြီးမြို့ ထမ်စမ်းဂူ သို့အလည်တစ်ခေါက်

by သက်တန့်ချို on Monday, November 21, 2011 at 12:51pm



အေးစိမ့်ချမ်းလွန်းလှတဲ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ တောင်ကြီးမြို့ကို ကိုသက်တန့်တစ်ယောက် ခရီးထွက်ခဲ့ပါတယ် ။ အလုပ် ကိစ္စနဲ့ဆိုတော့ တစ်ခေါက်မှမရောက်ဖူးတဲ့ သူစိမ်းတစ်ယောက်လည်း ဖြစ်တဲ့အပြင် တောင်ကြီးမြို့ရဲ့ ချမ်းအေးမှုကို ထီမထင်ပြုခဲ့တဲ့ ကျွန်တော် လမ်းမှာတင် ပဲ တော်တော်ပညာရခဲ့ ပါတယ်။ ရွှေတောင် ရိုးကားနဲ့ တောင်ကြီး မြို့ ကိုရောက်လာခဲ့ပြီး အောက်ဂိတ်ကို ရောက်လာခဲ့ပါတယ် ။ မနက် ငါးနာရီကျော်ကျော်ဝေလီဝေလင်းမှာ ကားပေါ်က စဆင်းလိုက်တာနဲ့ အသည်းခိုက်အောင် ကို အေးခဲလွန်းလှ တာမို့ ကျွန်တော့် လက် ဖျားတွေ အေးခဲထုံကျင်နေခဲ့တယ် ။ တစ်ခါတုန်းက မနိုင်းနဲ့တွေ့တုန်း က တောင်ကြီးရောက် ရင် သူ့အိမ်ကိုလာလည်ပါလို့ပြောခဲ့တာကို သွားအမှတ်ရမိသေးတယ်။ ဒါပေမယ့်သူက အခု ပြည်ပ မှာဆိုတော့ သူနဲ့တော့မတွေ့ခဲ့ရပါဘူး ။ တခြား တောင်ကြီးမှာ ဘယ် ဘလော့ဂါတွေ ရှိမှန်းလည်း မသိပါဘူး ။ အသိရှိရင်တော့ သွားလည်ချင်သား ။
ဒါနဲ့အောက်ဂိတ်လည်းရောက်ရော ဟိုင်းလတ် ကားလေးတွေနဲ့ တောင်ပေါ်တက်ရပါတယ် မြို့ထဲကိုပေါ့ ။ တစ်ယောက်ကို ထောင့်ငါးရာလောက်ပဲပေးရပါတယ် ။ ရိုးသားပွင့်လင်းလှတဲ့ တောင်ကြီးမြို့သူမြို့သားတွေရဲ့ စရိုက်နဲ့လူနေမှု ပုံစံကို အရမ်းပဲ နှစ်သက်ခဲ့မိပါတယ် ။ တောင်ကြီးရုံးကနေ ကျွန်တော့်ကို ဟိုပိုးမြို့ကိုကျော်သွား၇တဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ အလွန်လှပသာယာသော ထမ်းစမ်းဂူကို လိုက်ပို့မယ်လို့ပြောပါတယ် ။ ဒီလိုနဲ့ ခရီးသွားမှတ်တမ်းတွေရေးရတာ အလွန်ဝါသနာပါတဲ့ ကျွန်တော့် အဖို့ အခွင့်အရေးတစ်ခု ထပ်ရပြန်ခဲ့ပါတယ် ။ ကင်မရာလည်းယူသွားတာမို့ အလွန်ပဲ အဆင်ပြေ ခဲ့ပါတယ် ။

ထမ်စမ်းဂူဟာ အရင်က ဆရာတော်တစ်ပါး (ဟိုပုံးကိုရင်လေး လှိုဏ်ဂူတော် ဘုန်းဘုန်း ရှင်ပေါရိဿ) ဂူသွင်းတ ရား ကျင့်ခဲ့တဲ့နေရာလို့သိရပါတယ် ။ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေနဲ့ မြန်မာပြည် ရဲ့အရောင်မဆိုးသေးသော အလှတရားစစ်စစ် ။ ဒီလိုနဲ့ ကျွန်တော် တောင်ကြီးကို အလုပ်ကိစ္စနဲ့သွားရင်း ထမ်စမ်းဂူကို အလည်ရောက်သွားခဲ့ရပါတယ် ။ အသွား တစ်နာရီခွဲ ဆိုင်ကယ်စီး အပြန်တစ်နာ ရီခွဲ လမ်းမှာတင် သုံးနာရီကြာပါတယ် ။ တောင်ပတ်လမ်းမှာ အသည်းတယားယားနဲ့ ဒီနေရာမှာ တောင် ကြီးသူတောင် ကြီးသားတွေ ရဲ့ ဆိုင်ကယ်စီးကျွမ်းကျင်မှုကို လက်ဖျားခါခဲ့ရပါတယ် ။ ဆိုင်ကယ်စီးရတာက လည်း တောင်ကမ်း ပါးယံတွေပေါ်မှာ ဂိမ်းထဲက need for speed မောင်းနေရသလိုပါပဲ ။ ဆိုင်ကယ် နောက်ကယ်ရီခုံကို ဆုပ်ကိုင်ရင်း ဦးထုပ်ကို လည်းမကျွတ်အောင်ထိမ်း ဒီလိုနဲ့ ကိုသက်တန့်တစ်ယောက် ရင်တစ်ခုလုံးဗြောင်းဆန်ခဲ့ရပါတယ် ။ လမ်းတစ် ၀က်လောက်မှာ ထမင်းကြော်နဲ့ ကြက်ကြော် ၀ါးခဲ့ရပါသေးတယ် ။ ကြက်သားအရသာက ကျွန်တော်တို့ စားနေကြ အရသာနဲ့လုံးဝမတူလှပါဘူး ။ ဆီနဲ့ဆားနဲ့ ကျွတ်ရွနေအောင်ချက်ချင်းကြော်ပေးတာဖြစ်တဲ့အတွက် ပူပူနွေးနွေး စားရတဲ့အရာသာဟာ တစ်သက်စာ မမေ့နိုင်စရာပါပဲ ။



ဒါကတော့ ဆိုင်ကယ်စီးရင်းရိုက်ထားတဲ့ဘုရားပုံလေးပါ ။


မြင့်မားလှတဲ့ တောင်ကမ်းပါးယံတွေကို ဆိုင်ကယ်နောက်ကနေ စီးရင်းလက်တစ်ဖက် နဲ့ရိုက်ရတာသိပ်တော့မ လွယ်လှပါဘူး ။ ဒီပုံရိုက်ပြီးလမ်းကားလည်းကြမ်းလာတာကြောင့် သဘာဝရှူခင်းတွေ မရိုက်နိုင်တော့ပါဘူး ။


ဟော . . ရောက်ပါပြီ ဒါကတော့ဆိုင်ကယ်ရပ်ပြီး ထမ်စမ်းဂူကိုညွှန်တဲ့ဆိုင်းဘုတ်မှာအမှတ်တရ ရိုက်ခဲ့တာပါ ။ ဘေးနားက လမ်းကနေသွားရင် မိုင်းပွန်တို့ လွိုင်လင်တို့ရောက်တယ်လို့သိရပါတယ် ။ ဟိုးအောက်မှာ မြင်နေရ တာ ဆိုင်တွေဟာ ဘုရားလာဖူးတဲ့သူတွေကို အလကားထမင်းကျွေးတဲ့နေရာပါ ။ လုံးဝပိုက်ဆံ မယူပါဘူး ။ သွားကြိတ် ရကောင်းမလား စဉ်းစားသေးတယ် ဗိုက်ပြည့်နေလို့သာပေါ့ကွာ ။ ဂူထဲမှာ စေတီပုထိုး ပေါင်းများစွာနဲ့ မီးရောင် မှိန်မှိန်လေးတွေ ကြား တကယ့်ကို သဘာဝကျောက်ဂူကြီးထဲမှာ တချို့နေရာတွေက ဂူနံရံမျက်နှာ ကျက်တွေကနေ ရေတွေစီးနေသေးတယ် ။ ဂူအထဲ လှည့်လည်လေ့လာရင်းအမှတ်တရ ဓါတ်ပုံများစွာ ရိုက်ဖြစ် ခဲ့ပါတယ် ။












































ကဲ မျက်စိတွေညောင်းသွားကြပြီထင်ပ ။ အားတင်ထားကြပါဦး နောက်ရက်ကျရင် ပတ္တမြားလှိုဏ်ဂူ သွားတဲ့ အကြောင်းလေး တင်ပါဦးမယ် လာအားပေးကြပါဦး ။ တောင်ကြီးသွားတာ ဂူတွေထဲ ၀င် ၀ိုင်တွေ သောက် အရမ်းပျော်စရာကောင်းခဲ့ပါကြောင် ။

သက်တန့်ချို
ပုံတွေကို စာတွေနဲတကွ အပြည့်အစုံဖတ်ချင်ရင်တော့ www.thettantcho.com သို့ လှမ်းလာခဲ့ပါ ။း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...