Thursday, November 24, 2011

ငှက် တိုက်ခိုက်မှုကြောင့် သေသွားရတဲ့လူ

by သက်တန့်ချို on Thursday, November 24, 2011 at 3:57pm


နောက်ဆုံးမှာ ဒေါသထွက်နေတဲ့ငှက်ရဲ့ တိုက်ခိုက်မှုကို အရှုံးပေးလိုက်ရတယ်လို့မြင်မိပါတယ် ။ သူ့နာမည်က Jose Luis Ochoa ပါ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ  ။ California ပြည်နယ် Lamont မှ ဖြစ်ပြီး Tulare ပြည်နယ်မှာ သူ ဒါဏ်ရာတွေ ရခဲ့ပြီးနောက် ၂ နာရီကြာတဲ့အခါ ဆေးရုံမှာပဲ သေဆုံးသွားခဲ့ရပါတယ်လို့ Kern Country coroner က ပြောဆိုခဲ့ပါတယ် ။

မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရတော့ Ochoa ဟာ ညာဖက် ခြေသလုံးကြွက်သားမှာ မတော်တဆ ချွန်ထွက်သော အရာနှင့် ထိုးသွင်းခံရ၍ သေဆုံးမှု ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ် ။ ဒီလို မတော်တဆမှုမျိုး တခါမှ မတွေ့ဖူးပါဘူး လို့ Sheriff's department မှ အသက် ၂၄ နှစ်အရွယ် Sgt Martin King ဆိုသူက Bakersfield California ကိုပြောဆိုခဲ့ပါတယ် ။



တာဝန်ရှိသူတွေရောက်လာတဲ့အခါ Ochoa ဟာ အခင်းဖြစ်ပွားရာနေရာမှာ လဲကျနေခဲ့ပါတယ် လို့ King က သတင်းစာကိုပြောခဲ့ပါတယ် ။ ရဲတွေဟာ သေဆုံးနေတဲ့ ငှက် ငါးကောင်နဲ့ ငှက်တွေ တိုက်ခိုက်ထားမှုကိုလည်း အခင်းဖြစ်ပွားရာနေရာမှာ ရှာတွေ့ခဲ့ရပါတယ် ။ Kern Country Superior Court ရဲ့ မှတ်တမ်းတွေအရ Ochoa ဟာ လွန်ခဲ့တဲ့နှစ်တုန်းက တိရိစ္တာန်တွေကို တိုက်ခိုက်တတ်စေရန် သင်ကြားပေါ်မှု အတွက် တရားစွဲခံခဲ့ရပါတယ် ။ သူက မဟုတ်မမှန်ကြောင်းလျှောက်ထားခဲ့ပြီး ဒေါ်လာ ၃၇၀ ပေးဆောင်ခဲ့ရပါသတဲ့ ။ အပြင်ပန်းကြည့်ရှုချက်တွေအရတော့ Jose ဟာ နီးကပ်တဲ့ဒါဏ်ရာ၂ ခုကို ရရှိခဲ့ပြီး အဲဒီဒါဏ်ရာတွေကလည်း သင်တုန်းဓါးမြမြ နဲ့ လှီးဖြတ်ထားသလို ဖြစ်ပါတယ် ။ ငှက်ရဲ့ခြေထောက်မှာ သင်တုန်းဓါးတပ်ပြီးတော့ တိုက်ခိုက်တတ်အောင် စနစ်တကျ လေ့ကျင့်ထားခဲ့ဟန်တူပါတယ် ။

သက်တန့်ချို
Source : Strange News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...