Saturday, November 26, 2011

တေမိမင်းကို အရွဲ့တိုက်သူများ

by သစ္စာနီ on Saturday, November 26, 2011 at 12:56pm



ဇာတ်ကြီးဆယ်ဘွဲ့ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ အဲဒီထဲမှာ တေမိမင်းဇာတ်ကလည်း ထူးခြားပါတယ်။ စကားပြောတာရဲ့ အပြစ်ကို မြင်တွေးပြီး မွေးကတည်းက စကားမပြောဘဲ နေလာတဲ့ အလောင်းတော်ဟာ “စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ”  “ကြမ်းကျွံလျှင် နှုတ်ရသည်၊ စကားကျွံလျှင် နှုတ်မရ”  “ဆိတ်ဆိတ်နေက ထောင်တန်၏” စသဖြင့် စကားပြောခြင်းရဲ့ အပြစ်တွေကို ဖော်ပြထားတဲ့ ဆုံးမစကားတွေကလည်း အများကြီးပါပဲ။


Lluis Colet, 2009သို့သော်လည်း အလောင်းတော်လို ပါရမီမရင့်သန်တဲ့ ကျွန်တော်တို့ခမျာ လူကလည်း ဖြစ်နေပြန်တော့ ဆိုရေးရှိက ဆိုအပ်လှ ဆိုသလို ပြောရဆိုရ ပြန်ပါတယ်။ ဒါပေမယ့် မပြောမပြီး တီးမမမြည်နေတာ အကောင်းပဲဆိုတဲ့ အသိတော့ ရှိပါရဲ့။ အခုဟာက အလောင်းတော် တေမိမင်းကို အရွဲ့တိုက်သလို မာရသွန် စကားပြောသူတွေ ပေါ်နေတာပဲ။ မကြာခင်က ပြင်သစ်လူမျိုး လွိုက်စ်ကိုလက် Lluis Colet  ဆိုတဲ့သူဟာ မရပ်မနား နာရီပေါင်း ၁၂၄ နာရီကြာအောင် စကားတွေ တရစပ် ပြောနေခဲ့တယ်။ ရူးနေတဲ့သူတော့ မဟုတ်ပါဘူး။ ဂင်းနစ်မှတ်တမ်းဝင်အောင် ကမ္ဘာအရှည်ကြာဆုံး စကားပြောသူအဖြစ် စံချိန်ချိုးနိုင်အောင် ကြိုးစားခဲ့တာပါတဲ့။ အသက် ၆၂ နှစ်ရှိတဲ့ ဒီလူဟာ သူနေထိုင်ရာ Perpignan မြို့လေးမှာ ၅ ရက်နဲ့ ၄ ညတိုင်တိုင် မရပ်မနား စကားပြောပြခဲ့တယ်။ သူပြောတာတွေကတော့ တောင်ရောက်မြောက်ရောက် အကြောင်းအရာ အစုံပါပဲ။ သူ့အရင် စံချိန်တင်ထားသူက အိန္ဒိယလူမျိုးတစ်ယောက်တဲ့။ သူက နာရီပေါင်း ၅၀ ကြာအောင် စကားပြောခဲ့တယ်။


ကဲ... သူတို့စံချိန်ကို ချိုးနိုင်မယ့်လူများ မြန်မာပြည်မှာ ရှိသလား။

သစ္စာနီ (ရယ်စရာမဂ္ဂဇင်း၊ မေလ၊ ၂၀၀၉ ခုနှစ်)

credit: indy.remy (mmcybermedia)

Read more...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...