Thursday, November 17, 2011

မရင်ငြိမ်းပွင့်ရဲ့ နောက်ဆုံးမှာတမ်း သို့မဟုတ် အဆက်ဟောင်းကို ပျော်စေချင်သူ

 
 
 
 
 
 
 
 
သို့
မိန်းကလေးရေ...
အခု နင်နဲ့ ကြိုက်နေတဲ့ သူဟာ ငါ့ဘ၀မှာ အချစ်ရဆုံးတစ်ယောက်ဖြစ်တယ်...ငါဒီလိုပြောလို့ သ၀န်တိုတယ်လို့ ထင်သွားမှာစိုးရိမ်တယ်...ဒါပေမဲ့ နင်ချစ်တဲ့သူနဲ့ တခြားတစ်ယောက်ချစ် နေရင် ဘယ်လောက်ခံစားရမလဲ...နင်နားလည်မယ်လို့ မျှော်လင့်ပါတယ်...ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ်...ငါနာကျင်လွန်းလို့ပါ...ငါသူ့ကို စွန့်လွှတ်ရတော့မယ်...သူ့ကို မချစ်လို့ မဟုတ်ပါဘူး...နင့်ကို ယုံကြည်နေတဲ့သူ့ကို ငါ ပျော်စေချင်တယ်...သူကပြောတယ်...နင့်ကို အသည်းနစ်အောင် ချစ်တယ်တဲ့... မိန်းကလေးရေ...ဂုဏ်ယူပါတယ်ကွာ...သူနဲ့ပတ်သက်ပြီး မှာစရာ လေးတွေ ရှိတယ်... မှတ်ထားစေချင်တယ်...


  • သူကြိုက်တဲ့ အရောင်က အနက်ရောင်လေ...သူနဲ့အပြင်ထွက်တိုင်း မင်းကို အနက်ရောင် ၀တ်စေချင်တယ်...
  • သူက စတော်ဘယ်ရီသိပ်ကြိုက်တယ်... သူသွားစားလေ့ရှိတဲ့နေရာကသိပ်တော့ အများကြီးမရှိဘူး... သူနဲ့ လိုက်သွားပေါ့...
  • သူကြိုက်တဲ့ သီချင်းတွေ အားလုံးကို ကြိုးစားပြီး နားထောင်ပေးပါကွာ... ဒီသီချင်းတွေ နင်လဲ ကြိုက်လာမှာပါ...
  • သူ ဂိမ်းဆော့တိုင်း နှောင့်မယှက်မိစေနဲ့...ဒါပေမဲ့အမြဲ သူ့ဘေးမှာနေပေးနော်...ဂိမ်းက သူ့ဘ၀မှာ အရေးပါတဲ့ အရာမို့လို့ပါ...
  • သူငယ်ချင်းတွေနဲ့ သူ အသောက်အစားလုပ်ရင် သွားခွင့်ပေးလိုက်ပါ...သူနဲ့ ရန်မဖြစ်ပါနဲ့...သူငယ်ချင်းတွေဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ... ဘီယာမရှိရင် သူ့နေ့တွေကို ဖြတ်သန်းနိုင်မှာမဟုတ်ဘူး....
  • သူဖုန်းဆက်ရင်... နင် ဘယ်လောက် အလုပ်များများ ဆက်ဆက်ကိုင်ပါ...ဖုန်းသံကို silent မလုပ်ထားနဲ့နော်...
  • သူ့အိမ်ဖုန်းကို မဆက်ပါနဲ့...သူ့အမေ သူ့အတွက်စိတ်ပူမှာ သူမလိုလားဘူးလေ....သူက သူ့အမေကို အရမ်းချစ်တာ...
  • တခြားကောင်လေးတွေနဲ့ မင်း သူငယ်ချင်းမဖြစ်စေနဲ့နော်... သူမနာလိုဖြစ်လိမ့်မယ်လေ...
  • သူနဲ့ပတ်သက်သမျှမှတ်ထားပေးပါ...
  • ညတိုင်း သူမအိပ်ခင် ... သူ့ကိုဖုန်းဆက်ပြီး သူ့ကို ချစ်တယ်လို့ ပြောဖို့ မမေ့နဲ့နော်...သူက သိပ်ကြားချင်တာလေ....
  • အရေးကြီးဆုံးက နင် ဘယ်ရောက်နေနေ...စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်ဆိုရင် သူနဲ့အတူတူရှိနေပေးပါ...သူ့မွေးနေ့က စက်တင်ဘာလ ၂၆ ရက်နေ့လေ...သူ့မွေးနေ့မှာ သူနဲ့အတူတူ ချစ်ဂန္တ၀င်ဆန်ဆန် ပါတီပွဲ ကျင်းပဖို့ မမေ့နဲ့နော်...
  • ငါ့ကိုယ်စားအဲဒါ တွေကို လုပ်ပေးပါ...မိန်းကလေးရယ်... ငါမင်းဆီက လိုချင်တာ အဲဒါပါပဲ...
  • ငါတို့ ၂ယောက် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြဘူးလေ... သူ့ကို ငါနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့...စိတ်ချမယ်နော်...
  • ငါနင့်ကို သူနဲ့အတူတူတွေ့ရင် မနာလိုဖြစ်ကောင်းဖြစ်မယ်....ဒါပေမဲ့ သူချစ်တဲ့သူနဲ့ အတူတူမြင်နေရရင် ငါဝမ်းသာပါတယ်...

ဒီလောက်ပါပဲ မိန်းကလေးရယ်...သူ့ကို စောင့်ရှောက်ပါ... ၂ယောက်လုံး အကောင်းဆုံးဖြစ်ပါစေနော်...

မှ
ရင်ငြိမ်းပွင့်(သူအမုန်းဆုံး အဆက်ဟောင်း)
(ဇေယျာ)17/Nov/2011, Thursday, 5:45 pm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...