Friday, November 18, 2011

မင်းတုန်းမင်း၇ဲ့  ပ၇ိယာယ်နှင့်  မတ္တရာ ဆ၇ာတော်

by Moenge Aung on Saturday, November 19, 2011 at 10:25am

ကိုရေချမ်း မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်။

မင်းတုန်းမင်းလက်ထက်တုန်းက --- တောရွာကလေးတစ်ရွာမှာ မတ္တရာ ဆရာတော်ကြီါ်တစ်ပါး ရှိတယ်----ဆ၇ာတော်၇ဲ့ သည်းခံတဲ့ "ခမာဂုဏ်'ကြောင့် မန္တလေးမြို့ က မင်းတုန်းမင်းကြီး--အဝေးကနေ မတွေ့ ရသေးဘဲ ကြည်ညိုနေတယ်။--အကောင်းမြင်ဝါဒနဲ့  သည်းခံတယ်ဆိုတာကို တကယ်ဟုတ် မဟုတ်သိ၇အောင် ကပ္ပိယတွေ ကို လှို့ ဝှက်ပြီး လက်တွေ့  စုံစမ်းစေတယ်။
                     ""ကပ္ပိယကတော့ ဆွမ်းတွေကို မာတောင်နေအောင်  ချက်ကပ်ပြီး ဘုန်းပေး၇တာ အဆင်ပြေ၇ဲ့ လားလို့ မေးတဲ့ အခါ  ဆ၇ာတော်က အဆင်ပြေပါတယ်။။မာမာလေးဆိုတော့ သေချာဝါး၇လို့   အ၇သာတောင်ပို ပေါ်သေးတယ်တဲ့ ။။နောက်တစ်ခါ ဆွမ်းကို ပျော့စိပြီး ကော်ရည်လို ဖြစ်သွားအောင် ချက်ပြီးကပ်ကြပြန်တယ်။။ အဆင်ပြေရဲ့လားဘု၇ားလို့ မေးလိုက်တော့ အ၀ါးရသက်သာတာပေါ့တဲ့လေ။


                     ""နောက်တစ်ခါဟင်းတွေကို ပေါ့ရွှတ်နေအောင် ချက်ကပ်ကြပြန်တယ်။ အဆင်ပြေ၇ဲ့ လား ဘု၇ားလို့ မေးတော့ အဆင်ပြေပါတယ်၊ ဆားပေါ့တော့  သွေးတိုးေ၇ာဂါကင်းတာပေါ့တဲ့ ၊ နောက်တစ်ခါ ဆားတွေ ငန်နေအောင်ခပ်ပြီး ကပ်ပြန်တယ်။ ဒီတစ်ခါလည်း အဆင်ပြေ၇ဲ့ လား ဘု၇ားလို့ မေးလိုက်တဲ့ အခါ  ပြေပါတယ်၊ ဆားငန်တော့ သွေးသန့် ပြီး သွေးကြေတယ်တဲ့ ------။
                       သြော်တော်တော်ကို သည်းခံနိုင်ပါလားနော်-----
                      ဒါနဲ့  ဆ၇ာတော်ကြီး တ၇ား၇ှိမှန်းသိသွားတော့   မင်းတုန်းမင်းကြီးက  မန္တလေးကို ပင့်တာပေါ့--၊  ဘု၇င်ကိုယ်တော်တိုင်စီးတဲ့  သဘောင်္ကြီးနဲ့  လာပင့်ကြတယ်၊ ဒီတော့ ဆ၇ာတော်ကို နှစ်၇ှည်လများ ကိုးကွယ်လာကြတဲ့  ၇ွာသူ၇ွာသားတွေကတော့ ငိုယိုပြီး ကျန်ခဲ့ ကြတာပေါ့---ဒကာ၊ဒကာမတွေ ငိုယိုကျန်ခဲ့ တော့ ဆ၇ာတော်ကြီးလည်း ဘယ်စိတ်ကောင်းမလဲ၊ဘု၇င်ကပင့်လို့ သာ ကြွ၇၇ှာတာပါ၊ ဒါမယ့်သူတော်ကောင်းဆိုတော့ ဖြေ၇ှင်းနည်းက ၇ပြီးသားပဲ။ ""မန္တလေး မြို့ ပေါ်ကလူတွေ ငါ့တ၇ားကို မနာဖူးသေးတဲ့ သူတွေ နားကြား၇တာပေါ့လေ""လို့ ပြောပြီး ပင့်တဲ့ အတိုင်း လိုက်ကြွ၇ှာတာပါပဲ---၊၊
                        ဆ၇ာတော်ကြီးကို ပင့်လာတဲ့ သဘောင်္ကြီး မန်းလေး ဆိပ်ကမ်းကိုလည်း ကပ်ေ၇ာ ဘု၇င့်အမိန့်တော်တစ်ခု အသင့်စောင်နေတယ်၊ အမိန့် တော်က "" မတ္တ၇ာ ဆ၇ာတော်ကြီးကို  မင်းတုန်းမင်းကြီးက ကိုးကွယ်ခြင်းမပြုလိုတော့သည့် အတွက် မတ္တ၇ာသို့ အေ၇ာက်ပြန်ပို့ စေ""တဲ့၊ တ၇ားသာမ၇ှိဘူးဆို၇င် ဘယ်လောက်များဒေါသထွက်စ၇ာ ကောင်းမလဲ------
                         ဆ၇ာတော်ကြီး တုန့် ပြန်လိုက်တာက""ဒါလည်းကောင်းတာပါတယ်၊ ငိုယိုပြီး ၇ွာမှာ ကျန်ခဲ့ တဲ့  ဒကာ ဒကာမတွေ အတွက်ဝမ်းသာစ၇ာပေါ့တဲ့ ""    -----သဘောင်္ပြန်ထွက်လို့ေ၇လည်းေ၇ာက်ေ၇ာ အမိန့် တော်တစ်ခု ထပ်လာပြန်တယ်---"" မန်းလေးေ၇ွမြို့ တော်ကို ပြန်လည်ကြွ၇မည်တဲ့ ၊၊ ဒါလည်းဆ၇ာတော်ကဘာမှမပြောဘူး အေးအေးဆေးဆေးပါပဲ ပြန်လည်ကြွတော်မူလာပါတယ်---

                   မတ္တ၇ာ ဆ၇ာတော်ကြီးအတွက် ကြီးကျယ်ခမ်းနားတဲ့   မှန်စီေ၇ွချ ကျောင်းမြင့်ကြီးတစ်ကျောင်း ကို သေချာဆောက်လုပ်ထားတယ်၊ ကျောင်းပေါ်ပင့်ပြီးလို့ ထိုင်ကာစ၇ှိသေးတယ် အမိန့်တော်တစ်ခုကေ၇ာက်လာပြန်တယ်၊၊ မတ္တ၇ာ ဆ၇ာတော် ကျောင်းမြင့်ကြီးမှာ မနေ၇ ၊ ကျောင်းဝိုင်းထဲက အသေးဆုံး တဲကျောင်းလေးမှာသာနေ၇မည်တဲ့ ။ဒီတော့ ဆ၇ာတော်က ဘာပြန်ပြောတယ်မှတ်သလဲ။ -----ဒါလည်းကောင်းတာပေါ့--အသက်ကြီးသူဆိုတော့ တက်၇ဆင်း၇ သက်သာတာပေါ့တဲ့-----
                      ဒါနဲ့ တဲကျောင်းလေးကို ချက်ချင်းပြန်ပြောင်းနေ၇တယ်။တဲကျောင်းပေါ်ေ၇ာက်တာနဲ့  အမိန့် တစ်ခုေ၇ာက်လာပြန်တယ်၊ကျောင်းပေါ်ကြီးမှာပဲ ပြန်သီတင်းသုံးပါတဲ့ ----ဒီတစ်ခါဆ၇ာတော်ပြောတာက ဒါလည်းကောင်းတာပဲ၊၊တ၇ားနာလာ၇သူတွေ မိုးလုံ လေလုံ၇ှိတာပေါ့တဲ့-----
                     မင်းကိုးကွယ်ခံ၇တဲ့ ဆ၇ာတော်ကြီး ဖြစ်သွားပေမယ့်  မတ္တ၇ာ ဆ၇ာတော်က ဘာမှ ပြောင်းမသွားဘူး အ၇င်အတိုင်းပဲ---------တစ်၇က်တော့ ဆ၇ာတော်ကြီးကို ၀တ်ဖြည့်ပေးတဲ့ အခါ ပေါင်နားေ၇ာက်သွား၇င် တွန့် ကနဲ တွန့်ကနဲ ဖြစ်သွားလို့  မသိမသာ လှန်ကြည့်တဲ့ အခါ  ပိုးလောက်တွေ ကျနေတဲ့  အနာကြီးကို တွေ့ ကြ၇တယ်။ တပည့်တွေက ပိုးလောက်တွေ ဖယ်ပြီး ဆေးကုသဖို့  လျှေက်ထားတဲ့ အခါ။။ -----သူတို့ မိသားစုတွေ၇ယ်--သူတို့ နေတဲ့ အိမ်၇ယ်ကို မဖျက်ဆီးကြပါနဲ့ လို ပြောပြီး တားမြစ်သတဲ့ ------
                       နောက်တော့ အဲ ဒီအနာကြောင့်ပဲ ပျံလွန်တော်မူရှာပါတယ်၊၊
မှတ်ချက်၊၊           ၊၊ဆ၇ာတော်ကြီး၇ဲ့  သည်းခံတက်တဲ့  စိတ်ထားကတော့ ကျွန်တော်တို့ နဲ့ နိုင်ယှဉ်လိုက်၇င် တခြားစီပါ---ကျွန်တော်တို့ ကတော့ စကားလေးတစ်ခွန်း ဘောင်ကျော်လာ၇င်တောင် ဒေါသနဲ့ အလွယ်တကူ တုန့် ပြန်တက်ကြပါတယ်----အခု မင်းတုန်းမင်းကြီးက   ဆ၇ာတော်ကြီးကို စမ်းသပ်တာ ကျွန်တော်သာဆို ဘယ်ပြောကောင်းမလဲ---တစ်ခုခုတော့ ပြန်လုပ်မိမယ် ထင်တယ်---ဒီဘလော့လေးဟာ ဒေါသ အလွယ်ထွက်တက်တဲ့ ကျွန်တော်လို လူသားတစ်ယောက်အတွက်တော့ တန်းဖိုးကြီးမားလှပါတယ်
                     """မကောင်းကွက်ကိုသာကြည့်မည်ဆိုလျင် ပေါင်းနိုင်စ၇ာ ပေါင်းနိုင်စ၇ာ လူမ၇ှိ၊၊
                        ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျင် မပေါင်းနိုင်စ၇ာ လူမ၇ှိ""-------------ဆိုချင်ပါ တော့တယ်။။။။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...