Thursday, November 17, 2011

အာဆီယံနှင့် အာဆီယံဆက်စပ်အဖွဲ့များ သမိုင်းအကျဉ်း

by General Knowledge on Friday, November 18, 2011 at 11:32am
 




အာဆီယံသည် အရှေ့တောင်အာရှအဖွဲ့ (အာဆာ) (ASA) မှ တစ်ဆင့် ပြောင်းလဲ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ်က ဖွဲ့စည်းခဲ့သော အာဆာတွင် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းတို့သာ ပါဝင်ခဲ့သည်။

၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်မှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နိုင်ငံခြားရေး ၀န်ကြီးများ ဘန်ကောက်ရှိ နိုင်ငံခြားရေးဌာန အဆောက်အအုံတွင် တွေ့ဆုံပြီး အာဆီယံကြေညာချက် (ဘန်ကောက်ကြေညာချက် ဟုလည်း ထင်ရှား) ကို လက်မှတ်ထိုးခဲ့ခြင်းနှင့် အတူ စတင်ဖြစ်ပေါ်လာသည်။

အာဆီယံ မွေးဖွားလာရခြင်း အတွက် စေ့ဆော်သည့် အကြောင်းတရားများမှာ ထိုစဉ်က အုပ်ချုပ်သူများ၏ ကွန်မြူနစ်စနစ်နှင့် ပတ်သက်ပြီး ကြောက်ရွံ့ရာတွင် တူညီမှု၊ ၁၉၆၀ ပြည့်နှစ်များတွင် ပြည်ပအင်အားကြီးများ အပေါ်ယုံကြည်မှု လျော့ကျလာမှု၊
နိုင်ငံ တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုမှုတို့ ပါဝင်ခဲ့သလို ဖော်ပြမထားသော ရည်ရွယ်ချက်တစ်ရပ် ဖြစ်သည့် အင်ဒိုနီးရှား၏ ဒေသတွင်း အင်အားဖြင့် သြဇာထူထောင်လိုသည့် သဘောလည်း ပါရှိခဲ့သည်။

၁၉၇၆ တွင် ပါပူအာနယူးဂီနီ ကျွန်းနိုင်ငံငယ်က လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။သို့ရာတွင်အဖွဲ့ဝင်ဖြစ်မလာခဲ့။၁၉၈၄ တွင် လွတ် လပ်ရေးရလာသော ဘရူနိုင်း၊၁၉၉၅ တွင် ဗီယက်နမ်၊ ၁၉၉၇ တွင် လာအိုနှင့် မြန်မာ၊ ၁၉၉၉ တွင် ကမ္ဘောဒီးယားတို့ အဖွဲ့ဝင်ဖြစ်လာခဲ့ သည်။အရှေ့တီမော၏ အဖွဲ့ဝင်ခွင့် လျှောက်လွှာမှာ အတည်ပြုရန် လို နေဆဲဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် မလေးရှားက အရှေ့အာရှ စီးပွားရေးဆွေးနွေးပွဲ တစ်ရပ်ကို အာဆီယံနိုင်ငံများသာမက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့ကိုပါ ခေါ်ယူပြီး ကျင်းပရန် အဆိုပြုခဲ့သည်။ သို့ရာတွင် အေပက် ထိပ်သီးဆွေးနွေးပွဲကို တန်ပြန်သလို
ဖြစ်မည်စိုးရိမ်သော အမေရိကန်နှင့် ဂျပန်တို့၏ ကန့်ကွက်မှု ခံခဲ့ရပြီး မအောင်မြင်ခဲ့။

၁၉၉၇ ခုနှစ်တွင်မှ အာဆီယံ +၃ (တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား) ကို တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် အာဆီယံ + 
ဆွေးနွေးပွဲမျိုးစုံကို ရုရှား၊ အမေရိကန်တို့နှင့်ပါ ပြုလုပ်လာနိုင်ပြီး အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲများနှင့် အခြားဆွေးနွေးပွဲများပါ တစ်ပါတည်း ကျင်းပနိုင်သည့်နေရာ ဖြစ်လာခဲ့သည်။


၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌဖြစ်ရန် ကြိုးပမ်းခဲ့မှု

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌနေရာ ရယူရန် ကြိုးပမ်းခဲ့သော်လည်း ဝေဖန်ကန့်ကွက်မှုများကြောင့် မအောင်မမြင်ဖြစ်ခဲ့ ရဖူးသည်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂတို့က လူသိရှင်ကြား ကန့်ကွက်ခဲ့ကြပြီး မြန်မာသာ ဥက္ကဋ္ဌ ဖြစ်ပါက အာဆီယံ ဆက်စပ် အခမ်းအနားများကို သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

အာဆီယံ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကလည်း လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးရွားသောကြောင့် မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာ လျှောက်ထားမှု ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်၍ ၂၀၀၅ ခုနှစ် ဇူလိုင်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းတွင် ကျင်းပသော ဆွေးနွေးပွဲတွင် အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူရေးကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ရသည်။
ဖိလစ်ပိုင်က ကိုယ်စား လွှဲယူ ခဲ့ရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...