Friday, November 18, 2011

ဟာသ စုစည်းမှု

မာမာ
 
ခေါ်လိုက်စမ်းပါ... 
တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်။

"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။

နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။

ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"

"အေး ခွဲသွားတယ်ကွ"

"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်"

အားနွဲ့သူပါရှင်

ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။ သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....
တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်...
"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်"
"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"
 "ဒါဆို ဘယ်လိုသွားရမလဲရှင်"
 "ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့"
"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်"
 သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။
 အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်...
"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"
 "ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ...
" ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... .... "
ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊ ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။


--
အားလုံးပျော်ရွင်ပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...