Sunday, November 20, 2011

အင်တာနက် ဖြတ်ကြမလား

by သစ္စာနီ on Sunday, November 20, 2011 at 2:47pm

ကမ္ဘာပေါ်မှာ အင်တာနက်အသုံးပြုမှုဟာ အလျင်အမြန်တွင်ကျယ်ပြန့်ပွား လာပါတယ်။ မြန်မာနိုင်ငံက အင်တာနက်ကဖေးတွေမှာ အချိန်ရှိသမျှ လူငယ်တွေ ပြည့်နေတယ်။ မျက်စိနားဖွင့်ပေးတဲ့ လိုတရ စက်ငယ်ကလေးတွေ ဆိုပါတော့။ Eleven မီဒီယာအုပ်စု မှာတင် တပ်ထားတဲ့ အင်တာနက်က ၁၅ လုံးရှိပါတယ်။ ဒီနေ့ ဂျာနယ်တိုင်း အင်တာနက်နဲ့ ကင်းကွာလို့ မရတော့ဘူး။ ဒါပေမယ့် ဘယ်ကိစ္စမျိုးမဆို တန်ဆေး လွန်ဘေး ဆိုတာရှိပါတယ်။


မကြာသေးမီက အသက် ၂၈ နှစ်ပဲရှိသေးတဲ့ တောင်ကိုးရီးယားနိုင်ငံသား (လီ) [?] ဆိုတဲ့သူဟာ အင်တာနက်ကဖေးတစ်ခုမှာ ကွန်ပျူတာဂိမ်းတစ်ခုကို နာရီ ၅ဝ အကြာ မရပ်မနား ကစားပြီး လဲကျသေဆုံးသွားပါတယ်။ ခြေကုန်လက်ပန်းကျရာက နှလုံးရပ်သွားတယ်လို့ ကောက်ချက်ချကြပါတယ်။ ကျွန်တော်တို့ဆီမှာလည်း စွဲစွဲလမ်းလမ်း ကွန်ပျူတာဂိမ်းကစားနေတဲ့သူတွေ ရှိပါတယ်။ တရုတ်နိုင်ငံမှာဆို အွန်လိုင်းအင်တာနက် စွဲလမ်းသူ ၂၅ သန်းကျော် ရှိနေတယ်တဲ့။ အများအပြားကတော့ ဆယ်ကျော်သက် လူငယ်ကလေးတွေပါပဲ။ ဒါကြောင့် အဲဒီ အင်တာနက်စွဲရောဂါကို ကုသပေးဖို့အတွက် တရားဝင် အင်တာနက်ဖြတ်တဲ့ ဆေးခန်းတွေ စတင်ဖွင့်လှစ် နေရပါပြီတဲ့။ (အရက်ဖြတ်၊ ဘိန်းဖြူဖြတ်သလိုပေါ့။) အင်တာနက်စွဲလမ်းသူတွေဟာ ဆုံးရှုံးမှု သုံးခုနဲ့ ရင်ဆိုင်ရပါတယ်။ ကိုယ်အလေးချိန်၊ မိတ်ဆွေအပေါင်းအသင်းနဲ့၊ အိပ်စက်ခြင်းတဲ့။ ပြီးတော့ သူတို့ဟာ စိတ်ကျရောဂါ၊ စိတ်လှုပ်ရှားမှုရောဂါ၊ အကြောက်လွန်ရောဂါ၊ အင်တာနက်ကလွဲလို့ ဘာကိုမှ စိတ်မဝင်စားတဲ့ရောဂါတွေလည်း ရရှိလာတယ်တဲ့။ ဒီတော့ ကျွန်တော်တို့ဆီမှာလည်း ကြည့်ရှုဆင်ခြင်ကြဖို့ သတိပေးချင်ပါတယ်။
 (သစ္စာနီ၊ ၂၀၀၅)

သစ္စာနီ  (ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး)

credit: indy.remy (mmcybermedia)

Read more...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...