Friday, November 18, 2011

အောက်ဆီဂျင် အကြောင်း

by သက်တန့်ချို on Friday, November 18, 2011 at 2:27pm
 


အောက်ဆီဂျင်ဟာ အက်တမ်နံပတ် ၈ ကိုပိုင်ဆိုင်ပြီး သူ့ကို အို (O) အက္ခရာနဲ့ ရည်ညွှန်းပါတယ် ။ အောက် ဆီဂျင်ဆိုတဲ့နာမည်ဟာ ဂဂိဘာသာစကား ὀξύς (oxys) ကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ ချွန်မြသော ၊ အက်ဆစ်အရသာ စတာတွေဖြစ်ပါတယ် ။ စံသတ်မှတ်ထားတဲ့ အပူချိန်နဲ့ ဖိအားမှာ ဆိုရင် အောက်ဆီဂျင် အက်တမ်၂ လုံးပေါင်းပြီး Dioxygen (O2) ဖြစ်လာရပါတယ် ။ အပြာဖျော့ဖျော့ အရောင် ရှိပြီး အနံ့အရသာကင်းမဲ့တဲ့ အက်တမ် ၂ လုံးပါ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ် ။ အလေးအချိန်နဲ့ ကြည့် မယ်ဆိုရင်တော့ စကြ၀ဌာထဲမှာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံပြီးရင် အောက်ဆီဂျင်ဟာ အပေါများဆုံးတွေ့ရတဲ့ ဓါတ်ငွေ့တစ်မျိုးဖြစ်ပါတယ် ။ လေထုတစ်ခုလုံးရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ အောက်ဆီဂျင်ဟာ ၂၀.၈% ကိုပိုင်ဆိုင်ပါတယ် ။ ကမ္ဘာမြေပေါ်မှာ free oxygen ဟာ အလွန်ပဲ ဓာတုဓါတ်ပြုခြင်း များပြီး နေရောင် ခြည်ရဲ့ စွမ်းအင်ကို အသုံးပြုပြီး ရေကနေ elemental oxygen ကို ထုတ်လုပ်ပါတယ် ။ လွန်ခဲ့တဲ့ 2.5 billion နှစ်ပေါင်းများစွာက အဲဒီသက်ရှိတွေရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်များ ( evolutionary apperance ) ဖြစ်ပြီးတဲ့ အခါမှာ elemental O2 တွေဟာ ကမ္ဘာ့လေထု atmonsphere ထဲမှာ စတင်ပြီး စုစည်းလာပါတယ် ။


အောက်ဆီဂျင်ဟာ ရေထဲမှာဆိုရင်လည်း အများစုပါဝင်တဲ့အတွက် သက်ရှိတွေမှာဆိုရင်လည်း ခန္ဓာကိုယ် ရဲ့ သုံးပုံ နှစ်ပုံလောက်ကို အောက်ဆီဂျင်က ပါရှိပါတယ် ။ သက်ရှိတွေမှာ မော်လီကျူးတွေဖြစ်တဲ့ ပရိုတိန်း ၊ ကာဗိုဟိုက် ဒရိတ်နဲ့ အဆီတွေမှာဆိုရင် အောက်ဆီဂျင်ပါဝင်ပြီး သူတို့ဟာ inorganic compounds တွေအဖြစ် သက်ရှိတွေရဲ့ အရေခွံ ၊ သွား ၊ အရိုး စသည်တို့ကိုဖြစ်စေပါတယ် ။ Elemental oxygen ကို ဆိုင်ယာနို ဘတ်တီးရီးယား တွေ ၊ ရေညှိတွေနဲ့ အပင်တွေကနေ ထုတ်လုပ်ပေးပြီး သက်ရှိသတ္တ၀ါတွေအားလုံး ဆဲလ်တွေ ရှင်သန်ဖို့အတွ့် မရှိမဖြစ် သုံးစွဲကြရပါတယ် ။ အောက်ဆီဂျင်ဟာ လေမဲ့ အသက်ရှင်နိုင်တဲ့ Anaerobic organism တွေကိုတော့ အဆိပ်အတောက်ဖြစ်စေပြီး အဲဒါတွေဟာ ကမ္ဘာကြီးအပေါ် အောက်ဆီဂျင်တွေ မစုစည်းခင်က အခြေအနေဖြစ်တဲ့ သက်ရှိနေထိုင်မှု ပုံစံတွေဖြစ်ပါတယ် ။ အောက်ဆီဂျင်ရဲ့အခြားပုံစံတွေဖြစ်တဲ့ အိုဇုန်း (O3) ဟာ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည် Ultraviloet radiation ကို ကာကွယ်ပေးပါတယ် ။ အောက်ဆီဂျင်ကို ၁၇၇၃ မှာ Uppsala မှ Carl Wilhelm Scheele ဆိုသူက ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇၇၄ မှာ Joseph Priestley ဆိုသူကလည်း ရှာတွေ့ခဲ့ပါတယ်။ အောက်ဆီဂျင်ရဲ့ လောင်ကျွမ်းနိုင်မှုအကြောင်းကိုတော့ ၁၇၇၇ ခုနှစ်မှာ Antoine Lavoisier ဆိုသူက အဆိုတင်သွင်းခဲ့ပါတယ်။

အောက်ဆီဂျင်၏ ဂုဏ်သတ္တိများ


အောက်ဆီဂျင်ဟာ နိုက်ထရိုဂျင်ထက်စာရင် ရေမှာ ပိုပြီးပျော်ဝင်ပါတယ် ။ ရေမှာဆို ရင် တော့ နိုက် ထရိုဂျင်မော်လီကျူး ၂ လုံးစီအတွက် အောက်ဆီဂျင် မော်လီကျူးတစ်လုံး ပါဝင်ပါတယ် ။ လေထု အချိုးနဲ့ ယှဉ်ရင်တော့ အောက်ဆီဂျင် နိုက်ထရိုဂျင်အချိုးဟာ ၁း၎ ရှိပါတယ် ။ အောက်ဆီဂျင်ရဲ့ ရေမှာ ပျော်ဝင်နိုင်မှုဟာ အပူချိန် အပေါ်မူတည်ပြီး0 °C မှာဆိုရင် (14.6 mg·L−1) ပျော်ဝင်မှုနှုန်းရှိပြီး 20 °C မှာဆိုရင် (7.6 mg·L−1) ရှိပါတယ် ။ အပူချိန် 25 °C နဲ့ လေထုဖိအား 1 atm မှာဆိုရင် fresh water ဟာ အောက်ဆီဂျင် 6.04 milliliters (mL) of oxygen per liter ပါဝင်ပါတယ် ။ ပင်လယ်ရေကတော့ 4.95 mL per liter ပါဝင်ပါတယ် ။ အောက် ဆီဂျင်ဟာ( 90.20 K)−182.95 °C, −297.31 °F မှာဆိုရင် သိပ်သည်းခြင်း ရှိပြီး (54.36 K)−218.79 °C, −361.82 °F မှာဆိုရင်တော့ အေးခဲပါတယ် ။

အောက်ဆီဂျင်နှင့် ဆေးပညာ

တကယ်တော့ လေထုထဲကနေ အောက်ဆီဂျင်ကို ရယူသုံးစွဲရတာဟာ အသက်ရှုခြင်းRespiration အတွက် ဖြစ်ပြီး ဆေးပညာ မှာဆိုရင် supplementation အနေနဲ့ပါ အောက်ဆီဂျင်ကို အသုံးပြု လာကြပြီဖြစ်ပါတယ် ။ အောက်ဆီဂျင်ပေး၍ ကုသခြင်းဟာ လူနာရဲ့သွေးထဲမှာ အောက်ဆီဂျင်ပမာဏကို မြင့်တက်စေယုံသာမကပဲ အဆုတ်ရောဂါများစွာမှာ သွေးစီးဆင်းမှုကို ဆန့်ကျင်ခြင်း Resistance to blood flow ကိုလည်း ဒုတိယ သက်ရောက်စေမှုအနေနဲ့ လျော့နည်းစေပါတယ် ။ ဒါ့အပြင် နှလုံးမှာ ရှိတဲ့ work load ကိုလည်းလျော့ နည်းစေပါတယ် ။ အောက်ဆီဂျင်ပေး၍ ကုသခြင်းကို အဆုတ်ယောင်ခြင်း နဲ့ နှလုံးပျက်ဆီး ခြင်းစတဲ့ ရောဂါတွေ မှာ သာ အသုံးပြုယုံတင်မကပဲ အဆုတ်သွေးလွှတ်ကြောဖိအား များသော ရောဂါများနဲ့ ခန္ဓာကိုယ်ရဲ့ အောက်ဆီ ဂျင်အသုံးပြုခြင်းကို ပျက်ဆီးစေသော မည့်သူ့ရောဂါမှာမဆို အသုံးပြုကြပါတယ် ။ ကုသမှုတွေဟာ ဆေးရုံမှာ အသုံးပြုဖို့ သာမက လူနာရဲ့ အိမ်မှာပါ အောက်ဆီဂျင်ကို အသုံးပြုနိုင်အောင် အလွယ်တကူ သယ်ဆောင် သွားနိုင်တဲ့ Protable device အနေနဲ့ပါ တွင်ကျယ်အသုံးပြုလာကြပြီဖြစ်ပါတယ် ။ တချိန်တုန်းကဆိုရင်တော့ Oxygen tents တွေကို အောက်ဆီဂျင်ပေးတဲ့နေရာမှာ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပြီး ယခုဆိုရင်တော့ တိုးတက်လာ တဲ့ နည်းပညာတွေအရေ အောက်ဆီဂျင် မျက်နှာစွပ် Oxygen mask သို့မဟုတ် nasal cannulas စသည်တို့ကို အသုံးပြုနေကြပြီဖြစ်ပါတယ် ။

လူနာပတ်ဝန်းကျင်က Partial pressure ကို မြင့်တက်စေဖို့အတွက် Hyperbaric medicine လို့ခေါ်တဲ့ ဖိအား များများပေး တဲ့ စနစ်မှာ အထူးပြုလုပ်ထားသော အောက်ဆီဂျင် အခန်းငယ်တွေကို အသုံးပြုကြပါတယ် ။ ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်း ၊ ဓါတ်ငွေ့ကြောင့် အသားပုပ်ခြင်း gas gangrene နဲ့ decompression sickness စတဲ့အခြေအနေတွေကို တခါတရံ ဒီလို စက်ပစ္စည်းတွေအသုံးပြုပြီး ကုသကြပါတယ် ။ အဆုတ် ထဲမှာ အောက်ဆီဂျင် သိပ်သည်းဆ မြင့်တက်လာခြင်းဟာ ဟေမိုဂလိုဘင်ရဲ့ heme အုပ်စုကနေ ကာဗွန်မိုနောက် ဆိုက်ကို ဖယ်ထုတ်ဖို့အတွက် ကူညီပေးပါတယ် ။ အောက်ဆီဂျင် ဓါတ်ငွေ့ဟာ anaerobic bacteria တွေ ကို အဆိပ်အတောက်ဖြစ်စေပါတယ် ။ Anaerobic bacteria တွေဆိုတာကတော့ gag gangrene (ဓါတ်ငွေ့ကြောင့် ပုပ်ဆွေးခြင်း) ကိုဖြစ်စေပါတယ် ။ အောက်ဆီဂျင်ပေးလိုက်ခြင်းအားဖြင့် သူ့ရဲ့ partial pressure ကိုများစေပြီး သူတို့ကို သတ်ဖို့ကူညီပေးပါတယ် ။ Decompression sickness ကိုတော့ ကားမောင်း သူတွေမှာ အတွေ့များလေ့ရှိပြီး သူတို့ရဲ့သွေးထဲမှာ ရှားပါးဓါတ်ငွေ့ဖြစ်တဲ့ နိုက်ထရိုဂျင်နဲ့ ဟီလီယမ် ပူပေါင်းလေးတွေ ဖြစ်နေတတ်ပါတယ် ။ အောက်ဆီဂျင် ဖိအားကို ဖြစ်နိုင်ရင် အမြန်ပေးခြင်းဟာလည်း Decompression sickness ရဲ့ကုသမှုတစ်ခုပဲဖြစ်ပါတယ် ။

Mechanical ventilation လို့ခေါ်တဲ စက်ပစ္စည်းတွေနဲ့ အသက်ရှု ထောက်ပံ့ခြင်းဆိုင်ရာ ကုထုံးတစ် ရပ်မှာ လည်း အောက်ဆီဂျင်ကို အသုံးပြုကြပါတယ် ။ ကဲ ဒီလိုဆိုရင် အောက်ဆီဂျင် အဆိပ်အတောက် ဖြစ်ခြင်းဆိုတဲ့ Oxygen toxicity ကိုလည်း ကျွန်တော်တို့လေ့လာကြည့်ကြရအောင် ။ အောက်ဆီဂျင်ဓါတ်ငွေ့ဟာ မြင့်တက်နေတဲ့ Partial pressure မှာဆို၇င် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး သတိလစ်၍ တက်ခြင်း Convulsion နဲ့အခြားကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ် ။ အောက်ဆီဂျင်အ ဆိပ်အတောက် ဖြစ်ခြင်းဟာ partial pressure 50 Kilopascals (kPa) ထက်ကျော်ခြင်း သို့မဟုတ် ပုံမှန် ပင်လယ်ရေ မျက်နှာပြင် အောက်ဆီဂျင် partial pressure 21 kPa ထက် ၂.၅ ဆ များနေခြင်း စတဲ့အခြေအနေတွေ မှာ တွေ့ရလေ့ရှိပါတယ် ။ ဒါဟာ mechanical ventilators တင်ထားတဲ့လူ နာတွေအတွက်တော့ ပြဿနာ တစ်ခုမဟုတ်ပါဘူး ။ ဘာဖြစ်လို့လည်းဆိုရင် အောက်ဆီဂျင် masks ကနေ ပေးပို့တဲ့ ဓါတ်ငွေ့တွေ မှာ အောက်ဆီဂျင်ပမာဏဟာ (စံ သတ်မှတ်ထားတဲ့ ဖိအားမှာ 30 kPa) ၃၀% မှ ၅၀% ပဲ ပါရှိတဲ့အတွက် ဖြစ်ပါတယ် ။ တခါတုန်းကတော့ နေ့မစေ့လမစေ့မွေးဖွားလာတဲ့ Premature baby တွေကို အောက် ဆီဂျင်ပေါ များတဲ့အခန်းငယ်ထဲမှာထည့်ပြီး ကုသခဲ့ဖူးပါတယ် ။ ဒါပေမယ့် အချို့သော ကလေးငယ်တွေဟာ မျက်စိအမြင်အာရုံ ချို့ယွင်းသွားကုန်ကြတဲ့အတွက် အဲဒီကုသမှုကိုရပ်ဆိုင်းခဲ့ရပါတယ်။

အဆုတ်နဲ့ အာရုံကြောစနစ်ဆိုင်ရာ အောက်ဆီဂျင် အဆိပ်အတောက်ဖြစ်ခြင်းကို ပင်လယ်ရေနက် ငုပ်သမားတွေ မှာဖြစ်ပွားတာတွေ့ရလေ့ရှိပါတယ် ။ O2 Partial pressure 60 Kpa ထက်များတဲ့ လေနဲ့ရောနှောပြီး အကြာကြီး အသက်ရှူနေရခြင်းဟာ အဆုတ်ခဲခြင်း (Pulmonary fibrosis ) ကို ဖြစ်စေပါတယ် ။ ဒါ့အပြင် 160 kPa (1.6 atm) ထက်ကျော်တဲ့ O2 partial pressure နဲ့ထိတွေ့မယ်ဆိုရင်တော့ သတိလစ်၍ တက်ခြင်း ( ရေငုပ်သ မားများတွင်သေစေနိုင်ခြင်း) ကိုကြုံတွေ့ရနိုင်ပါတယ် ။ Acute oxygen toxicity (တက်ခြင်းကိုဖြစ်စေနိုင် ပြီး ရေငုပ်သူတွေအဖို့ ကြောက်မက်ဖွယ် အန္တရာယ်ကိုပေးစေနိုင်) ကိုတော့ ၆၆ မီတာသို့မဟုတ် ဒီထက်ပိုတဲ့ အနက်မှာ ရှိတဲ့ အောက်ဆီဂျင် ၂၁ % ကို ရှမိရင် ဖြစ်စေပါတယ် ။ ဒီလို အခြေအနေမျိုးကို အနက် ၆ မီတာလောက်နဲ့ အောက်ဆီဂျင် ၁၀၀% ကိုရှုမိရင်လည်း တွေ့ရတတ်ပါတယ် ။ အောက်ဆီဂျင်ဟာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဆိုသကဲ့သို့ လူသားတွေ အသက်ရှူဖို့အတွက် ပေးဆပ်နေသလို မလိုလား အပ်တဲ့ အခြေအနေတွေမှာလည်း အဆိပ်အတောက်ဖြစ်စေပြီးဆိုးကျိုးတွေကို ပေးနိုင်ပြန်ပါတယ် ။ ဒါကြောင့် အောက် ဆီဂျင် ဆိုရင် အသက်ရှုဖို့အတွက်တစ်ခုတည်းသာမဟုတ်ပဲ ဘယ်လိုဆိုးကျိုးကောင်းကျိုးတွေရှိတယ်ဆိုတာကို နားလည်နိုင်ကြပါစေ ။

သက်တန့်ချို

Ref : http://en.wikipedia.org/wiki/Oxygen

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...