Friday, November 11, 2011

ကျွန်ုပ်တို့အကြောင်း

by Ag Myint Tham on Saturday, November 12, 2011 at 9:44am
 
ညီညွတ်ရေး ညီညွတ်ရေး၊
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်ရွာ
သင့်တင့်မျှတ အမုန်းမထား
ချစ်ကြည်တတ်မှ
လောကကိုလည်း ညီညွတ်ခိုင်း။

ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး၊
ကိုယ်လည်း အသာမယူ
သူလည်းမနာစေရအောင်
မိသားစုအတွင်း
မိတ်ရင်းဆွေရင်း ဝေးနီးမကျန်
ချစ်ချစ်ခင်ခင် စုစုစည်းစည်း
စိတ်ညီတတ်မှ ငြိမ်းချမ်းရေးတရား ဟော။


စည်းရုံးရေး စည်းရုံးရေး၊
ဒေါသခံပြင်း မာန်ဟုန်တင်းတင်း
မြင်ပြင်းကတ်သူ၊
ဆော်ထည့်လိုက်မယ် မူနဲ့၊
ဆူဆူဆဲဆဲ မာန်မဲတတ်သူ
အိမ် လမ်း မြို့ ရွာ
လူတွေကိုတောင် သီးမခံတဲ့လူ
စည်းရုံးရေးခရီး အပျင်းပြေ သွားတာနဲ့ တူ။

နေရာရရေး နေရာရရေး၊
ရတဲ့နေရာ ယူအုံးမှဟု
အူယားဖါးယား ပြေးကာသွားတော့
ခလုတ်တိုက်လဲ ဒူးပါကွဲပေါ့၊
အမိတမ်းတ လှမ်းကြည့်လိုက်မှ
လူရှိနေရာ ဖြစ်ပြန်တာ၊
ဟိုနေရာရနိုး ဒီနေရာရနိုး
လိုက် လိုက်ရတာ
ဆပ်ပြာသည် လင်ပျောက် ပုံပမာ၊
ဘယ်ကရမလည်း ဘယ်သူပေးနိုင်
စုံစမ်းဖွေရှာ ကြည့်ရတာက
မမောနိုင်ပါ မပန်းနိုင်ပါ
မရှိတဲ့သိက္ခာပါ ယုတ်လျှော့လာ၊
ဒီနေရာ ရမလား ဒီလူကပ်
ဟိုနေရာ ရမလား ဟိုလူကပ်
ကပ်တာများတော့ ကပ်တွေဆိုက်
ရတဲ့အကျိုးအမြတ်က ပြည်သူ့ ချဉ်ဖတ်၊
ဒီနေရာလည်းမရ ဟိုနေရာလည်းမရ
သစ်ကိုင်းနှစ်ဖက်ကြား
လွတ်ခါသွားသော မျောက်ကြီးများ ခင်ဗျာ------
ရှောက်သီးစိပ်ကလေးများ စားသွားပါအုံးလား ။                ။

အောင်မြင့်သန်း
11.11.11 


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...