Friday, November 18, 2011

ငံ့လင့်လို့မျှော်

by Wai Maw on Saturday, November 19, 2011 at 9:40am

(အတိုဆုံးပြဇာတ်)
(ကားလိပ်ဖွင့်)
ရွာဆော်ငပွကြီး လက်တဘက်က မောင်းအိုကြီးကို မြှောက်ကိုင်လျက် သပြေပင်ရွာလယ်လမ်းအတိုင်း လျှောက်လာသည်။
ရွာဆော်ကြီး။  ။ အဟမ်း..အဟမ်း.. အားလုံးနားဆင်ကြပါ။ မနေ့က NLD မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ရှေ့လဆန်းမှာ ၀န်ကြီး ကလင်တန် လာမည်။ အပြန်အလှန်အားဖြင့် မနက်ဖြန်မှာ ကျရောက်မည့် အမျိုးသား အောင်ပွဲနေ့(ရက်ရာဇာလည်း ကျသောကြောင့်)၌ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အကျဉ်းသားများ လွတ်ငြိမ်းခွင့်ထုတ်ပြန် ပေးမည်ဆိုလျှင် လျော်ကန်သင့်မြတ်မှု မဖြစ်ပါလော.. ကျုံကူးရွာသား သမ္မတကြီးကို မေတ္တာရပ်ခံ အကြုံပြု တိုက်တွန်းလိုပါ၏။ ဤ နှိုးဆော်မောင်းခတ်သံအား နေပြည်တော်အရပ်မှ ကြားသိပါစေသောဝ်... ဒူ ၀ူ ၀ူ ၀ူ... ဂွမ်....
ရွာသားတဦး။  ။ အလို... မောင်းသံက အဆုံးသတ်မှ ဘာဖြစ်သွားရတာတုန်းဗျ...
ရွာဆော်ကြီး။  ။ စိတ်ထဲမှာ အားမလိုအားမရနဲ့ နေပြည်တော်ကကြားအောင် တအားကုန် တီးလိုက်တာ မောင်းလန့်ကွဲသွားပဟ...။

ရွာသား။  ။ သြော်...သြော်

ရွာဦး ရေကန်နံဘေး မြေကွက်လပ်တွင် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုကျင်းပရန် ရွာလုံးကျွတ် စုဝေးရောက်ရှိ နေကြသည်။ အိုးစည်ဒိုးပတ်ဝိုင်းများလည်း အသင့်ဖြစ်ပြီ။ ရွာလူကြီးလုပ်သူမှာ မာဖလာတပြင်ပြင်၊ လည်တ ဆန့်ဆန့်၊ တခုခုကို မျှော်နေသည့်ဟန်..။
ရွာလူကြီး။  ။ အိမ်း... အချိန်တောင်အတော်လင့်နေပြီ။ ဘာသတင်းမှ ရောက်မလာသေးပါလား... သတင်းထူးလေးကြားရမှ ပျော်ပျော်ပါးပါး တီးမှုတ်ကခုန်ကြတာပေါ့... ခဏစောင့်လိုက်အုံးဟေ့...
ထိုအခိုက် စာရွက်ကို လက်မှာဆုပ်လျက် ရွာဆော်ကြီး အမောတကောရောက်လာသည်-
ရွာဆော်ကြီး။  ။ သည်းခံကြပါခင်ဗျာ...အခုပဲ နေပြည်တော်က ဖက်စ်မက်ဆေ့ခ်ျ တစောင်ဝင်လာပါတယ်။ မနေ့က မောင်းထုသံကြားလိုက်စဉ်မှာ သမ္မတကြီး နားစည်ပေါက်သွားလို့ “မျက်စိ၊နား၊နှာခေါင်း” အထူးကု ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရကြောင်းပါ....တဲ့။
ရွာသူကြီး။  ။ ဟေ.. ကောင်းရောကွာ....
ရွာသားများ ပါးစပ်အဟောင်းသား.. ? ? ?
(ကားလိပ်ချ)
                                                               ပြီး။

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။

ပေတရာ(ဝေမော်)
၁၉-၁၁-၂၀၁၁(တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...