Friday, November 11, 2011

အသားစားသုံးခြင်းနှင့် ကင်ဆာရောဂါ ဆက်နွှယ်နေမှု

သိပ္ပံနည်းကျ လေ့လာတွေ့ရှိမှုများ၏ ဖော်ပြချက်အရ တာရှည်ခံအောင် ပြုပြင်စီရင်ထားသည့်အသားများကို စားသုံးခြင်းသည် ကင်ဆာရောဂါဖြစ်နိုင်ခြေကို (၃၀)ရာခိုင်နှုန်း တိုးတက်များပြားလာစေသည်ဟု ဆိုပါသည်။ အသားနှင့် အသားထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများက ထိုတွေ့ရှိချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တုံ့ပြန်ခဲ့ကြပါသည်။

ကမ္ဘာ့ ကင်ဆာသုတေသန ရန်ပုံငွေအဖွဲ့ World Cancer Research fund (WCRF) နှင့် American Institute for Cancer Research တို့က ပြုလုပ်ခဲ့သော သုတေသန (၇၀၀၀)၏ တွေ့ရှိချက်များမှာ ပြည့်စုံလှသဖြင့် အထောက်အထား ခိုင်မာနေပါသည်။

အသားအစိမ်းနှင့် တာရှည်ခံအောင်  ပြုပြင်စီရင်ထားသော အသားများသည် အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ချေကို တိုးပွားစေသည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချခဲ့ကြသည်။ အမဲသား၊ သိုးသား၊ ဆိတ်သား စသောအသားများကို ချက်ပြုတ်မစားဘဲ အစိမ်းသာ စာေးလ့ရှိသောလူများသည် တပတ်လျှင် (၅၀၀)ဂရမ်ထက်နည်းသော အသားကိုသာ စားသင့်သည်ဟု အကြံပေးကြသည်။ သူတို့၏ အကြုံ့ချက်မှာ အသားလုံးဝမပါဘဲစားရန် (သို့မဟုတ်) တိရစ္ဆာန်ထွက်ပစ္စည်း လုံးဝမပါသော သက်သတ်လွတ်စားရန် တိုကတွန်းခြင်းတဟုတ်ကြောင်း အလေးအနက် ထပ်မံဖော်ပြထားပါသည်။ တနည်းအားဖြင့်ပြောရလျှင် “အသားစားချင်ရင် စားပါ၊ ဒါပေမဲ့ နည်းနည်းလေးသာ စားပါ”ဟု ဆိုလိုသည်။

Uk's food Standards Agency မှ သိပ္ပံပညာရှင် အကြီးအကဲတဦးဖြစ်သူ Andrew Wadge က ကင်ဆာသုတေသနပြုလုပ်ရင်း အစားအစာစားသုံးမှုနှင့် ဆက်နွှယ်နေသည့် တွေ့ရှိချက်များကို ဖော်ပြခဲ့ပါသည်။
“လူအများစုဟာ သိပ္ပံပညာရှင်တွေရဲ့ တွေပရှိချက်တွေကို အလွယ်တကူ လျစ်လျူရှုပြီး သူတို့စားသောက်နေကျ အလေ့အကျင့်အတိုင်းပဲ ဆက်လက်စားသောက်နေလေ့ရှိပါတယ်။ ဒါဟာ ရှက်စရာပါ။ ဘာဖြစ်လို့လဲဆိုောတ့ ရောဂါဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ လျာ့ပါးဖို့၊ နေ့စဉ်စားသုံးတဲ့ အစားအစာကို ကျန်းမာရေးနဲ့ လိုက်လျောညီထွေအောင် တိုးတက်ပြောင်းလဲဖို့ အလွယ်ကူဆုံးခြေလှမ်းတွေကိုတောင် မလုပ်နိုင်ကြလို့ပါ”ဟု ရေးသားခဲ့ပါသည်။


ကျွန်တော်ကိုယ်တိုင်လည်း အသားများများ စားရမှ ကျေနပ်တဲ့သူမို့ ကျွန်တော့်သူငယ်ချင်း ပြင်သစ်တွေက Mr. Barbeque လို့ နောက်ပြောင်ခေါ်ဝေါ်ကြသေးတယ်။ သက်သတ်လွတ်မစားတဲ့ ကျွန်တော်တို့လို လူအများစုဟာ အသားနည်းနည်းလေးပဲ စားသုံးဖိုပပေးတဲ့ အကြံဉာဏ်ကို လိုက်နာဖို့ ခက်ခဲပင်ပန်းလှပါတယ်”ဟု Food Production အယ်ဒီတာ Ahmed ElAmin က ဆိုပါသည်။


အစားအစာကို တာရှည်ခံအောင်၊ အသင့်စားသုံး၍ ရအောင် ပြုပြင်စီရင်ထားသော Processed Food များသည် ယခုခေတ် နေ့စဉ်သုံး အစားအစာများ၏ တစိတ်တဒေသအဖြစ် ပါဝင်နေပါသည်။ လတ်ဆတ်သောအစားအစာများ အဆီထုတ်ပြီးချက်ထားသော အစားအသောက်များသည်ကျန်းမာရေးအတွက် သင့်လျော်သောအစာဟု မည်မျှဆိုကြသော်လည်း Processed Food ကို နှစ်သက်ခငြ်းကို ခေတ်၏သရုပ်ကို ဖော်ပြသည်။ 

သို့သော် ကျွန်ုပ်တို့ သတိရသင့်သောအချက်မှာ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများသည် ကမ္ဘာစစ်ကာလ၊ အရေးပေါ်အခြေအနေကာလ၊ သဘာယဘေးအန္တရာယ် ကျရောက်သောကာလတို့တွင် လူပေါင်းများစွာတို့၏ အသက်ကို ကယ်တင်ပေးခဲ့နိုင်ကြောင်းပင် ဖြစ်သည်။ အိမ်မှာ ကိုယ်တိုင်ချက်ပြုတ် ထားသော အစားအစာတို့ထက် ဈေးကွက်တင် အသင့်စားသုံးနိုင်သည့် အစားအစာတို့က ပိုမိုအရသာရှိကာ နှစ်ခြိုက်ဖွယ်ကောင်းသောကြောင့် ထိုအစာမျိုးသည် ဈေးကွက်ထဲမှာ တရိပ်ရိပ်တိုးတက်လာခဲ့သည်။  


အမှန်စင်စစ်အားဖြင့် ကင်ဆာသုတေသနပြုလုပ်ခြင်းသည် အသားထွက်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ၏ စီးပွားရေးကို ထိခိုက်အောင် ရည်ရွယ်၍ပြုလုပ်ခြင်းမျိုး မဟုတ်ခဲ့ပါ။ သို့ဖြစ်ပါလျက် မြောက်အမေရိကနှင့် ဥရောပရှိ အသားထုတ်လုပ်သူများက ကင်ဆာသုတေသနအဖွဲ့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြလေသည်။


American Meat Institute ကလည်း သုတေသနတွေ့ရှိချက်များမှာ အစွန်းရောက်လွန်းပြီး လုံးဝမှားယွင်းသည်ဟု ပြောကြားခဲ့သည်။ ကင်ဆာအဖွဲ့အစည်းသည် အသားစားမှုဆန့်ကျင်ရေးကို ပထမဦါ်စားပေး လုပ်နေသည့်ဟု စွဲချက်တင်ကြသည်း။ WCRF ရဲပ သုံးသပ်ချက်တွေဟာ အစွန်းရောက်လွန်းပါတယ်။ မျှတတဲ့ အစားအစာဖြစ်ဖို့ အခြေခံအချက်တွေကနေ ကင်းလွတ်နေတယ်-ဟု American Meat Institute မှ သိပ္ပံပညာရှင် Randy Huffman က ပြောကြားပါသည်။


မျှတသော နေ့စဉ်အစားအစာအတွက် လမ်းညွှန်ချက်များသည် သိပ္ပံပညာရှင်များ၏ တွေ့ရှိမှုအပေးတွင်သာ အခြေခံထားသည် မဟုတ်ပါလော။ UK ရှိ အသားထုတ်လုပ်ရေးအဖွဲ့အစည်းများကမူ အစားအစာအတွက် လမ်းညွှန်ချက်များကို ကိုးကားလျက် Processed Food များသည် မျှတသော နေ့စဉ်အစားအစာထဲမှာ ပါသည်ဟု ခေတ်မီသောလေသံဖြင့် ကြော်ငြာကြပါသည်။ ထို့ကြောင့် ကင်ဆာရောဂါသုတေသန အဖွဲ့ကြီး၏ “ကင်ဆာရောဂါနည်းပါးဖို့ အသားနည်းနည်းသာ စားကြပါစို့”ဟူသော ဖော်ပြချက်မှာ မှေးမှိန်နေရပါသည်။


ဒေါက်တာခင်စန်းမော်

Ref:God Health

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...