အာဆီယံဥက္ကဋ္ဌရာထူးရလျှင် ဘယ်လိုအကျိုးရှိမလဲ
by 7Day News Journal on Tuesday, November 15, 2011 at 5:49pm
၂၀၁၄
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးမြန်မာနိုင်ငံ ရရှိလျှင် မြန်မာနိုင်ငံအတွက်
ရရှိမည့် အကျိုးကျေးဇူးများနှင့် ထိုတာဝန်ကို ထမ်းဆောင်စဉ် ကြုံတွေ့ရနိုင်
သော စိန်ခေါ်မှုများကို ပညာရှင်အချို့နှင့် နိုင်ငံရေး
အထူးစိတ်ပါဝင်စားသူအချို့ကို မးမြန်း၍စုစည်းဖော်ပြလိုက်ပါသည်။
ထိုရာထူးအတွက် လာမည့် နိုဝင်ဘာ၁၇ရက်မှ ၁၉ရက်အထိကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင်ဆုံးဖြတ်မည်ဖြစ်သည်။
ဒေါက်တာဇော်ဦး
အာဆီယံဥက္ကဋ္ဌလုပ်ရမယ့် နှစ်က ၂၀၁၄ ဖြစ်တဲ့အတွက်ကြောင့်မို့ ၂၀၁၄မှာ ဥက္ကဋ္ဌလုပ်ရမယ့်လူက ၂၀၁၅ AEC ဖြစ်နိုင်ရေးအတွက်ကို အစအဆုံးတာဝန်ယူပေး ရမယ့်တာဝန်ရှိလာတာပေါ့။
အဲဒီလိုရှိလာပြီဆိုရင် အပြု သဘောပြောရရင် တစ်ခုခုကို တာဝန်ရှိလာပြီဆိုရင်
တာဝန်ကျေကျေလုပ်ပေးရမယ့် အခြေအနေက တွန်းပို့လိုက်သလို ဖြစ်သွားတာပေါ့။ အဲတော့ ပြင်ပပတ်ဝန်းကျင် နိုင်ငံနဲ့ပေါင်းစည်းနိုင်ရေးကိစ္စ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ရင်းနဲ့ ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့
စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေကိုပါ တစ်ပါတည်း လုပ်နိုင်မယ့် အနေအထားအခွင့်အလမ်း တစ်ခုရလိမ့်မယ်လို့ထင်ပါတယ်။
အဲဒီအတွက် အခွင့်အလမ်းကိုသာ ကျွန်တော်တို့ ပီပီသသလုပ်နိုင်မယ်ဆိုရင် ၂၀၁၄ မှာ ဥက္ကဋ္ဌ ဖြစ်ရကြိုး
နပ်မယ်လို့ ထင်ပါတယ်။ အဓိကတော့ ကျွန်တော်တို့ ၀န်နဲ့လာမယ့် လှိုင်းလုံးနဲ့ ကျွန်တော်တို့လှေနဲ့ တန်ပါ့မလား။ လှိုင်းလုံးက ကြီးကြီး လှေက သေးနေရင်လှိုင်းကြီးအောက် လှေမြုပ်သွားနိုင်တယ်။ ကိုယ့်လှေကိုအရင်ကြီးအောင်လုပ်ထားဖို့လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ လှေ ပေါ်မှာပဲ့ ကိုင်တဲ့လူတွေ တော် မယ်ဆိုရင် လှိုင်းကြီးလှေကြီးပေ မယ့် အခက်အခဲမရှိနိုင်ဘူး။ ကျွန် တော်ထပ်တလဲလဲပြောနေတာလူ့ စွမ်းအားအရင်းအမြစ်နဲ့ စွမ်း ဆောင်ရည်က အရေးကြီးလို့ပြောချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အာဆီယံဥက္ကဋ္ဌဖြစ်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ဘာအကျိုးရှိနိုင်သလဲဆိုတဲ့ မေးခွန်းကတော့ အန်တီအမြင်ကတော့ မြန်
မာနိုင်ငံအတွက် တကယ်အကျိုးရှိနိုင်တဲ့ကိစ္စက အာဆီယံဥက္ကဋ္ဌဖြစ်ရေး၊ မဖြစ်ရေး မဟုတ်ဘူး။ ပြည်သူတွေက ကျေနပ်ရေး၊ မကျေနပ်
ရေးပဲဖြစ်တယ်။ ပြည်သူတွေကငါတို့ရဲ့ နိုင်ငံဟာ တိုးတက်လာတယ်။ ငါတို့ရဲ့ဘ၀တွေဟာကောင်းမွန်လာတယ်ဆိုတာကို ခံစားရပြီ
ဆိုရင် ဘယ်ဥက္ကဋ္ဌရာထူးနဲ့မှ နှိုင်းလို့မရတဲ့ဆုလာဒ်တစ်ခုပဲလို့ အန်တီကတော့ ဒီလိုပဲ မြင်တယ်။
ဦးမော်သန်း(စီးပွားရေးပညာရှင်)
အခွင့်အလမ်းအနေနဲ့ ကိုယ့်တိုင်းပြည်နဲ့ အာဆီယံ အ၀န်းအ၀ိုင်းရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်
လုပ်ဆောင်နိုင်မှာပေါ့။ အာဆီယံ အင်တီဂရေးရှင်းကလည်း ဥက္ကဋ္ဌသက်တမ်းဖြစ်တဲ့ ၂၀၁၅မှာရှိတဲ့အတွက် အာဆီယံရဲ့ကျယ်ဝန်းတဲ့
ကိစ္စတွေအတွက် တာဝန်ကျရောက်လာမယ်။ ပိုပြီး တာဝန်ကြီးပါတယ်။
မှူးဇော်(နိုင်ငံရေးဆောင်းပါးရှင်)
အာဆီယံဥက္ကဋ္ဌနေရာ ရယူ ရေးသည် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုင်းအ၀ိုင်း၌ တန်း တူရည်တူဖြစ်မှု၊ လူရာဝင်မှု၊ Image Promotion နှင့် Nation Branding ပြုလုပ်နိုင်မှုကို ကိုယ်စားပြုဖော်ညွှန်းနေသည်။ အဓိက အချက်မှာ နိုင်ငံတော်နှင့် နိုင်ငံ
သားတို့၏ ဂုဏ်သိက္ခာဖြစ်သည်။ မကြာတော့သည့် ကာလအတွင်း Global Power အဆင့် ကူးပြောင်းတက်လှမ်းတော့မည့် အာရှအင်
အားကြီးနိုင်ငံ နှစ်နိုင်ငံကြားရှိ The Land in the Clash of Civilization ဖြစ်၍ အခွင့်အ လမ်းရော စိန်ခေါ်မှုများပါ ရော ယှက်ကြုံတွေ့နေရသည်။ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနေ ရာရယူခြင်းသည်မိမိနှင့်ထိုက်တန် သည့် နေရာမှန်ကို ပြန်လည် ရယူ နိုင်ရန် တက်လှမ်းလိုက်သည့် ခြေလှမ်းဖြစ်သည်။

0 comments:
Post a Comment