Wednesday, November 16, 2011

မြေထုညစ်ညမ်းမှု နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး

Cloud Cuckoo Land created a doc.
တရုတ်နိုင်ငံ တောင်ပိုင်းက ကွမ်ရှီကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသဟာ စက်မှုလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ ကုန်ကြမ်း တွေဖြစ်တဲ့ ခဲသတ္တုနဲ့ အာဆင်နစ် (arsenic) လို့ခေါ်တဲ့ စိန်ဓာတ်ပေါင်း (အဆိပ်)တွေ အများဆုံး ထွက်ရှိတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒီ သတ္တုမိုင်းတွေက စွန့်ပစ်ပစ္စ...ည်းတွေ ကြောင့် မြေထု ညစ်ညမ်းမှုတွေ ဖြစ် ပေါ်စေခဲ့ပါတယ်။
မြေထုအတွင်း အဆိပ်ဖြစ်စေတဲ့ ဓာတ်သတ္တုတွေကို သီးနှံပင်တွေက စုပ်ယူနိုင်ပြီး အဲဒီအပင်တွေရဲ့ သီးနှံတွေကို စားသုံး တဲ့လူတွေရဲ့ ကိုယ်ခန္ဓာတွေ အထဲ ရောက်ရှိ သွားနိုင်ပါတယ်။ အဆိပ် ဓာတ်တွေနဲ့ ညစ်ညမ်းနေတဲ့ မြေကြီး ကပေါက်ရောက်တဲ့ သီးနှံတွေကို စားသုံးခြင်း အားဖြင့် လူ့ကိုယ်ခန္ဓာ မှာရှိတဲ့ ရောဂါခုခံကာကွယ်ရေး စနစ် (immune system) ကို ထိ ခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာ ရောဂါတွေ ဖြစ်ပွား စေနိုင်တယ်လို့ နန်ကျင်းတက္ကသိုလ် ဘူမိရူပသိပ္ပံ ဌာနမှ သုတေသီတစ်ဦးဖြစ်တဲ့ လော်ယုန်မင်းက ပြောပါတယ်။
တောင်သူ လယ်သမားအများ စုက မြေထုညစ်ညမ်းမှုကို သိပ်ဂရု ထားလေ့မရှိကြတာ တွေ့ရပါ တယ်။ ကမ္ဘာမြေကြီးဟာ ညစ်ညမ်း မှုတွေကို သူ့အလိုလို ပြုပြင်သွား မယ်လို့ပဲ မှတ်ယူထားကြပါတယ်။ ဒါကြောင့် မြေဆီလွှာပေါ်မှာ စား သုံးပင်တွေ စိုက်ပျိုးထုတ်ယူနေကြ ပေမယ့် မြေထုညစ်ညမ်းမှု မဖြစ် အောင် ထိန်းသိမ်းရေးလုပ်ငန်းတွေ မှာ လျစ်လျူရှုထားခဲ့ကြပါတယ်။
ခဲ သတ္တုနဲ့ အာဆင်နစ်ထုတ်လုပ်တဲ့ စက်ရုံတွေကို တခြားတစ်နေရာမှာ ရွေ့ပြောင်းဖွင့်လှစ်ခဲ့လို့ ကျန်ရှိတဲ့ မြေဧရိယာကို စိုက်ပျိုးမြေအဖြစ် သော်လည်းကောင်း၊ အိမ်ခြံမြေအဖြစ် သော်လည်းကောင်း အသုံးပြုမယ် ဆိုရင် မြေကိုစစ်ဆေးပြီးမှ အသုံး ပြုဖို့ လိုအပ်ပါတယ်။ အများအား ဖြင့် အဲဒီမြေတွေဟာ အဆိပ်သင့် မြေ (Toxic Soil) တွေလို့ သဘော ပေါက်သူ နည်းပါတယ်။
၂၀၁၁ခုနှစ်မှာ ကွမ်ရှီကျွမ်း ဒေသဟာ ရေလွှမ်းမိုးမှု အကြီး အကျယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အဲဒီဒေသတစ်ဝိုက်ကို ခဲသတ္တုနဲ့ အာဆင်နစ်မိုင်းတွေနဲ့ စက်ရုံတွေက အဆိပ်သင့်သတ္တုတွေနဲ့ အက်စစ် တွေရေတွေနဲ့အတူ စိုက်ခင်းတွေထဲ ရောက်ရှိလာခဲ့ကြပြီး သီးနှံစိုက်ခင်း တွေကို ပျက်စီး ဆုံးရှုံးစေခဲ့ပါတယ်။ နောက် ၄နှစ်ကြာမှ ဒေသဆိုင်ရာ အုပ်ချုပ်သူတွေက အဲဒီစိုက်ခင်း တွေရဲ့ မြေတွေကို ဘူမိဗေဒပညာရှင် ချန်တုံဘင်း ဆိုသူကို စစ်ဆေးစေပြီး ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ရမယ့် စီမံချက်တစ်စောင် ကိုရေးဆွဲစေခဲ့ပါတယ်။


ချန်တုံဘင်း က ကွမ်ရှီကျွမ်းဒေသက စိုက်ပျိုး မြေတွေမှာ အာဆင်နစ် (စိန်အဆိပ် ဓာတ်ပေါင်း) ညစ်ညမ်းမှု အဆင့်ဟာ မြင့်မားနေပြီး အဲဒီအဆိပ်တွေကို ရေနဲ့ဖြစ်ဖြစ်၊ ဓာတုပစ္စည်းတွေနဲ့ ဖြစ်ဖြစ် ဆေးကြောဖယ်ရှားပစ်ဖို့ မလွယ်ကူပါဘူး။ အဲဒီလိုလုပ်ရင် ဒုတိယအကြိမ်ညစ်ညမ်းမှုဖြစ်မှာကို စိုးရိမ်ရပါတယ်။ အာဆင်နစ်ဓာတ် ညစ်ညမ်းနေတဲ့ မြေပေါ်မှာစိုက်ပျိုး ပြီးထွက်ရှိလာတဲ့ သီးနှံတွေဟာ စား သုံးလို့မသင့်ပါဘူးလို့ပြောပါတယ်။ ဘူမိဗေဒပညာရှင် ချန်တုံဘင်း ဟာ မြေထုအတွင်းရှိ အဆိပ်ဖြစ် စေတဲ့ အာဆင်နစ်ဓာတ်တွေကို စုပ် ယူနိုင်တဲ့ မြက်တစ်မျိုးကိုတွေ့ရှိခဲ့ ပါတယ်။
အီလီမိုချီလိုအာစဲလိုင်း လစ်မား(လ်) (Eremochloa ciliaris Merr) လို့ခေါ်တဲ့မြက်တစ်မျိုးဟာ အထူးသဖြင့် မြေထုအတွင်းရှိ အာ ဆင်နစ်ဓာတ်တွေကို ကြိုက်နှစ်သက် ပြီး စုပ်ယူတယ်လို့ သိရပါတယ်။ လူတစ်ရပ်လောက်အရှည်ရှိတဲ့ အဲဒီ မြက်ပင်တစ်ကီလိုဂရမ်ဟာ တစ် သောင်းမီလီဂရမ်ရှိတဲ့ အာဆင်နစ် ဓာတ်တွေကို စုပ်ယူနိုင်တဲ့အတွက် သာမန်မြက် တစ်ပင်ထက် အဆ ထောင်ပေါင်းများစွာ များပြားစွာ စုပ်ယူနိုင်ပါတယ်။


၂၀ဝ၀ပြည့်နှစ်တုန်းက ယူနန် ပြည်နယ်၊ ချန်ဇူးဒေသရဲ့ စိုက်ပျိုး မြေအများအပြားဟာ အာဆင်နစ် အဆိပ်သင့်လို့ စွန့်ပစ်ခဲ့ရပါတယ်။ အဲဒီ အဆိပ်ဓာတ်ကြောင့်ပဲ ရွာသား နှစ်ဦးသေဆုံးခဲ့ရပါတယ်။ ဘူမိဗေဒ ပညာရှင် ချန်တုံဘင်းကို ခေါ်ယူပြီး ကမ္ဘာမှာ ပထမဆုံးမြက်ပင်နဲ့ အာ ဆင်နစ် အဆိပ်သင့် မြေတွေ ပြန်လည် ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့ စီမံချက်ကို အကောင်အထည်ဖော် ခဲ့ပါတယ်။ ၅နှစ်ခန့်ကြာတဲ့အခါ အဲဒီဒေသက မြေတွေဟာ ညစ်ညမ်း မှုကင်းစင်သွားပြီး ပြန်လည် စိုက် ပျိုးလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအခါ ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေဟာ မြေထုညစ် ညမ်းမှုကို ကုသဖယ်ရှားပေးနိုင်တဲ့ အပင်တွေကို ရှာဖွေလာကြပါတယ်။ ဒီလိုအပင်တွေအသုံးပြုပြီး မြေထု ညစ်ညမ်းမှုကို ဖြေရှင်းတာဟာ ကုန် ကျစရိတ်လည်း သက်သာပြီး ထိ ရောက်မှုလည်းရှိပါတယ်။ တရုတ် သိပ္ပံပညာရှင်တွေဟာ တရုတ်နိုင်ငံရှိ သတ္တုမိုင်းပေါင်း ၂၀ဝမှာ ပေါက် ရောက်တဲ့ အပင်တွေကို သုတေသန ပြုလေ့လာပြီး ကြေးနီ၊ ခဲ၊ သွပ်၊ ကတ်မီယမ်နဲ့ ကိုဘော့(တ်)စတဲ့ သတ္တုအညစ်အကြေးတွေ စုပ်ယူ နိုင်တဲ့ အပင်တွေကိုဖော်ထုတ်လာနိုင် တယ်လို့ သိရကြောင်းပါခင်ဗျား။ ။

posted by မောင်ပုဆိုးကြမ်း
အကျိုးဆောင်ဂျာနယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...