ဟော်မုန်း အပြောင်းအလဲဖြစ်စဉ်ကို ဘယ်လိုအနိုင်ယူမလဲ
by Moenge Aung on Friday, November 18, 2011 at 9:42am
Good Health Originally posted
ဓမ္မတာလာခါနီးမှာ သင့်ဝမ်းဗိုက်မှာ လေတွေ ပွနေပါသလား။ လေ့လာမှုအရ ဟော်မုန်း အပြောင်းအလဲကြောင့် သင့်မှာ ကျန်းမာရေး ပြောင်းလဲမှုတွေ တစ်လလုံးအတွက် ဘယ်လိုရှိတယ် ဆိုတာကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
Day ၁ မှ ၁၃ (မျိုးဥမကြွေမီ -Follicular phase)
- သင်ရဲ့ ကိုလက်စထရောအဆင့် မြင့်တက်လာပါတယ်
ဒီအချိန်မှာ သင်ရဲ့ ကိုလက်စထရော အဆင့်ဟာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။
- သင်ဟာ ထိခိုက်အန္တရာယ် ဖြစ်လွယ်ပါတယ်
လေ့လာမှု အသစ်အရ ဒီအချိန်မှာ ဟော်မုန်းကြောင့် ကြွက်သား ထိန်းသိမ်းမှု လျော့သွားတဲ့ အတွက် ဒူးခေါင်း ထိခိုက်အန္တရာယ် ရရှိမှုလို ဖြစ်တတ်ပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်း လုပ်ပေးရင် အန္တရာယ် ရနိုင်ခြေ လျော့သွားနိုင်ပါတယ်။
Day ၁၄ မှ ၁၅ (မ မျိုးဥ ကြွေရက်- Ovulation)
- တစ်ချိန်တည်း အလုပ်များများ လုပ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်
မ မျိုးဥ ကြွေချိန်မှာ အီစထရိုဂျင် အဆင့်မြင့်မားတာကြောင့် အာရုံစူးစိုက်နိုင်စွမ်း ထိခိုက်သွားပါတယ်။ အချိန်ယူပြီးလုပ်ပါ။
- လိင်ဆွဲဆောင်မှု (Sexy) ပိုရှိလာပါတယ်
မျိုးပွားနိုင်စွမ်း အကောင်းဆုံးအချိန်မှာ အမျိုးသမီးတွေဟာ စိတ်ခံစားချက် ပိုကောင်းပြီး sexy ပိုဖြစ်တတ်ပါတယ်။
Day ၁၆ မှ ၂၈ (မျိုးဥကြွေပြီး- Luteal Phase)
- ရောဂါလက္ခဏာ ပိုထင်ရှားပါတယ်
သင့်မှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ၊ စိတ်ကျရောဂါ ဒါမှမဟုတ် ရင်ကျပ်ရောဂါ ရှိနေခဲ့ရင်၊ ဒီအချိန်ဟာ ရောဂါလက္ခဏာ အဆိုးဆုံးအချိန်ပါ။
- သွားဖုံး ထိခိုက်လွယ်ပါတယ်
ဓမ္မတာ မလာခင်မှာ ပရိုဂျက်စတီရုန်း အဆင့်တွေ မြင့်တက်လာတာကြောင့် သွားဖုံးရောင်ရမ်းပြီး နာကျင်နေတတ်ပါတယ်။
- အစာ စားချင်စိတ် မြင့်တက်လာခြင်း
အီစထရိုဂျင် အပြောင်းအလဲကြောင့် ဦးနှောက်အတွင်း စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်း ကျဆင်းသွားပြီး သကြားနဲ့ ကာဗိုဟိုက်ဒရိတ် စားချင်စိတ်တွေ မြင့်မားလာပါတယ်။ အညိုရင့်ရောင် ချောကလက် စားပေးပါ။
ဒေါက်တာခင်မိုးမိုး
0 comments:
Post a Comment