Sunday, November 13, 2011

လွတ်လပ်သော လူထုအသင်းအဖွဲ့များ၏ အရေးပါမှု



ဤသို့မိမိတို့ သဘောဆန္ဒအလျောက် လာရောက်စုဖွဲ့ထားကြသည့် အဖွဲ့အစည်းများ/ စေတနာ့ ဝန်ထမ်းအသင်း အဖွဲ့များအတွင်း နိုင်ငံသားတစ်ဦးချင်းစီမှ ပါဝင်ဆောင်ရွက်မှုသည် မည်သို့မည်ပုံအရေးပါသည် ဆိုသည့် အကြောင်းအရင်း (၃) ချက်ရှိပါသည်။ လီဗင်က ဖော်ပြရာ၌ …

၁။ ဤကဲ့သို့သော ပါဝင်ဆောင်ရွက်မှုများသည် ဒီမိုကရေစီယဉ်ကျေးမှု၏ အခြေခံများဖြစ်ကြသည်။  နိုင်ငံသား မြောက်များစွာတို့ တတ်တတ်ကြွကြွနှင့် စိတ်အားထက်သန်စွာပါဝင်လှုပ်ရှားကြသော ဒီမိုကရေစီစနစ်ကျင့်သုံးမှု အတွက် စံပြဖြစ်သည်။ လူတိုင်းလူတိုင်းက အသင်းအဖွဲ့များဖွဲ့စည်းနိုင်ခြင်း၊ဤအသင်းအဖွဲ့များအနေဖြင့်လည်း အများအားဖြင့် အလွတ်သဘောဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒီမိုကရေစီနည်းကျစွာဆောင်ရွက်ကြခြင်းတို့ကြောင့် လူအများပါဝင်ဖွဲ့စည်းသည် လူမှုအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းယဉ်ကျေးမှုက ‘တန်းတူညီမျှမှုနှင့် လူတိုင်းခွဲခြား ကန့်သတ်မှုမရှိပါဝင်နိုင်စေခွင့်’တို့ကို ကိုယ်စားပြုသည်။  လူတိုင်းက ပါဝင်ဆောင်ရွက်နိုင်သောကြောင့် တိုက် ရိုက်ဒီမိုကရေစီကျင့်သုံးသည့် ပုံစံငယ်လေးသဖွယ်ဖြစ်နေသည်။ ဤအဝန်းအဝိုင်းတွင် လူအများကြိုက်မဟုတ် သောအယူအဆရှိသူများပင် စုစည်းမိလာစေနိုင်ပြီး မိမိတို့၏အမြင်ကို လူအများသိအောင်တင်ပြနိုင်စေသည်။

၂။ လူမှုအသင်းများအတွင်းရှိစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသည် ၎င်းတို့၏ အဖွဲ့ဝင်များအတွက် ဒီမိုကရေစီ ခေါင်းဆောင်မှု အရည်အချင်းများ လေ့ကျင့်နိုင်ရန် အကောင်းဆုံးနေရာများပင်ဖြစ်သည်။ သာမန်လူတစ်ဦးစီတို့ ကို လူအများအားဦးဆောင်နိုင်မည့်အာဏာများ ကျင့်သုံးတတ်စေရန်အတွက် လေ့ကျင့်ပေးရာလည်းရောက် စေသည်။

၃။ အထင်ရှားဆုံးသောအချက်မှာ လှုပ်ရှားရှင်သန်နေသော၊အရောင်စုံမတူကွဲပြားသောCivil Society များသည် အစိုးရ၏ အာဏာများကိုကန့်သတ်ထိန်းချုပ်ထားပေးပြီး ပြည်သူများ၏ အရေးကိစ္စများအတွင်း မတရားကျူး ကျော်ဝင်ရောက်စွက်ဖက်ကာ အတင်းအကျပ်အာဏာသုံးမှုများကို ကန့်သတ်ကာကွယ်ပေးစေနိုင်သည်။
          ဤသို့သောအဖွဲ့ငယ်ကလေးများအတွင်းလှုပ်ရှားဆောင်ရွက်မှုများသည် လူ့ဘောင်အတိုင်းအတာဖြင့် လုပ်ဆောင်နေသော လှုပ်ရှားဆောင်ရွက်မှုများနှင့် နှိုင်းစာလျှင်လူအနည်းစုကိုသာ အကျိုးသက်ရောက်မှုရှိပါ လိမ့်မည်။ သို့သော်လည်း ဤသို့သောအဖွဲ့ငယ်ကလေးများတွင် ပါဝင်လုပ်ဆောင်ရသောအတွေ့အကြုံများ (ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေသူများအဖို့)က မိမိ၏ ကိုယ်ကျိုးစီးပွားကိစ္စကို ဆောင်ရွက် နေစဉ်မှာပင် မိမိ၏အုပ်စုအတွင်းရှိအဖွဲ့ဝင်များအတွက်သာမကဘဲ အခြားသောအုပ်စုများ၏ အဖွဲ့ဝင်များအပါအ ဝင် လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ရပ်လုံးရှိ လူများအားလုံး၏ အကျိုးစီးပွားများအတွက်ပါ လုပ်ဆောင်ပေးရန်လို အပ်သော ကျင့်ဝတ်များအကြောင်းကို သင်ပြပေးသည်။
          ထို့အပြင် “ဤကဲ့သို့သောဘုံအကျိုးစီးပွားအတွက် စိတ်ပါဝင်စားမှုများပိုမိုများပြားလာလေလေ လူသား များအနေဖြင့် အားစိုက်ရန်မလိုဘဲ ပိုမိုကြီးမားသော ဘုံရည်မှန်းချက်ကြီး ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ရန်အတွက် စွမ်းရည်များ ပိုမိုရရှိလာလေလေပင်ဖြစ်သည်။”ထိုအတွက်ကြောင့်လူမှုအသင်းအဖွဲ့များ သည် နိုင်ငံရေးအသင်းအဖွဲ့များဖြစ်လာမည့်( နိုင်ငံရေးသဘောသဘာဝဆောင်လာမည့်)လမ်းစ၇ှိလေသည်။

          အထက်ပါကဲ့သို့အတွေးအကြုံများရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးနိုင်သောအခြားအရေးပါသည့် နိုင် ငံရေးအခင်းအကျင်းများမှာ ဒေသန္တရအစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများအတွင်းတွင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် လူ့ဘောင်တစ်ရပ်လုံးအပေါ် ဗဟိုမှချုပ်ကိုင်သော အာဏာကျင့်သုံးမှုများမရှိသောကြောင့် မြို့ များနှင့် ခရိုင်များကို ဒေသန္တရအစိုးရများဖြင့် အုပ်ချုပ်ကြပါသည်။ ပြည်သူလူထုတို့က ဤဒေသန္တရ အစိုးရများမှ တဆင့် ၎င်းတို့၏လိုလားချက်များကိုတတ်တတ်ကြွကြွ စပျိုးဆောင်ရွက် နိုင်ကြပါသည်။ ဥပမာအားဖြင့် ကျောင်း များဆောက်ခြင်း၊ ဘုရားကျောင်းများဆောက်ခြင်းများ၊ လမ်းများဖောက်ခြင်းစသည်ကိစ္စများကို ဒေသလိုအပ် ချက်နှင့်အညီလုပ်ကိုင်ဆောင်ရွက်နိုင်ကြသည်။ ဤအခြေအနေများကြောင့် ပြည်သူလူထုတို့က ၎င်းတို့သည် ၎င်းတို့၏ အရေးကိစ္စများအား နိုင်ငံတော်ဗဟိုအစိုးရမှ လာရောက်လုပ်ဆောင်ပေးရန်ကိုသာ မျှော်လင့်အားကိုး နေရန်မသင့် ဟူသော ခံယူချက်ကိုစွဲမြဲခိုင်မာစေပြီး အဆိုပါခံယူချက်နှင့်စိတ်နေသဘောထားများဖြစ်ပင် ၎င်းတို့ ၏လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်ထားကြသည်။ ထို့အပြင်ဒေသန္တရအုပ်ချုပ်ရေးများအတွင်း ပြည်သူများ တတ်တတ်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းမှရရှိလာသောအတွေ့အကြုံများကြောင့် နိုင်ငံသူ နိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံတစ်ခုလုံးအပေါ် လေးစားတန်ဖိုးထားမှုများဖြစ်ပေါ်စေပါသည်။ ဒေါ့ကဝီးလ်က အမေရိကန်နိုင်ငံ တွင် မည်သည့်နေရာကို ကြည့်လိုက်၊ ကြည့်လိုက် ပိုမိုကြီးမားသောတစ်နိုင်ငံလုံးအတိုင်းအတာ၏ လိုအပ်ချက် များကိုတွေ့မြင်ခံစားစေရသည်ဟုဆိုသည်။ လူ့ဘောင်တစ်ခုလုံး၏ လိုအပ်ချက်များအပေါ်နားလည်သဘော ပေါက်မှုများကို ဒေသန္တရအစိုးရများ အဆင့်၌လည်း ကောင်းစွာယက်ဖောက်ထားသည်။ လူတစ်ဦးချင်းအနေနှင့် သူ၏ နိုင်ငံအပေါ် တန်ဖိုးထား မှုမှာ သူ၏မိသားစုအပေါ်တန်ဖိုးထားမှုနှင့် တန်းတူပင်ဖြစ်သည်။

          ဒေါ့ကဝီးလ်ကအကျိုးအကြောင်းပြောပြသည်မှာ လူတစ်ဦးချင်းစီ၏လွတ်လပ်ခွင့်များကို အာမခံပေးထားသောအရာမှာ ဒေါ့ကဝီးလ်က ‘ဒီမိုကရေစီ၏ အထောက်အကူများ’ဟုခေါ်ဆိုသည့်အချက် အပေါ်တွင်မူတည် သည်ဟုဆိုသည်။ အဆိုပါအချက်တွင်ဒေသန္တရအစိုးရများ၊ ဘာသာရေးနှင့် နိုင်ငံရေးခွဲခြားထားမှု၊လွတ်လပ် သောသတင်းစာများ၊ တိုက်ရိုက်မဟုတ်သော ရွေးချယ်တင်မြှောက်မှုစနစ်၊ လွတ်လပ်သောတရားစီရင်မှုစနစ် နှင့်အရေးအကြီးဆုံးမှာ ‘အစုအဝေအသင်းအပင်းဖြင့် နေထိုင်သောဘဝ’ စသည်တို့ပါဝင်သည်။
          သို့တိုင်လည်းအမေရိကန်လူ့အသိုင်းအဝိုင်းတွင် အများကောင်းကျိုးဆောင်ရွက်ရေးဆိုင်ရာ လူမှုရေး ကျင့်ဝတ်များကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသော အင်အားစုများအခိုင်အမာ ခြေချနေဆဲ ရှိသေးသည်။ ဤကဲ့ သို့သောအခြေအနေနှင့်ကိစ္စရပ်မျိုးတွင် လူမှုရေးကျင့်ဝတ်များကိုအကာအကွယ် ပေးနိုင်ရန်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်း  ပါဝင်ခြင်းမှရလာသော အတွေ့အကြုံ များကရော ဘာသာရေးကပါ မစွမ်းသာချေ။

          ထိုသို့ခြိမ်းခြောက်နေသာပြဿနာ(၂)ရပ်ရှိသည်။
          ပထမအချက်မှာ အမေရိကန်လူမျိုးများအနေဖြင့် သူတို့ဆောင်ရွက်ပါမည်ဟု သံန္နိဌာန်ပြုထားသော နိုင် ငံသားများအားလုံး၏ တန်းတူညီမျှရေးကို အကောင်ထည်ဖော်ရန် ပျက်ကွက်ခဲ့ခြင်းနှင့် သက်ဆိုင်သည်။ ဒုတိယ အချက်မှာ နိုင်ငံသားများအနေဖြင့် ၎င်းတို့၏နိုင်ငံရေးလွတ်လပ်ခွင့်များကို စွန့်လွှတ်ကြမည့် အလားလာပင်ဖြစ်သည်။
          ပထမအချက်ကားလူဖြူများလွှမ်းမိုးကြီးစိုးထားသော ဝန်းကျင်အသိုင်းအဝိုင်း၌ ကျေးကျွန်စနစ်၏ အတွေ့ အကြုံကိုခံစားခဲ့ကြရသော လူမည်းများအား၎င်းတို့လူမှုဘဝကို ပုံမှန်နေထိုင် သွားရန်ခွင့် မပြုကြ သေးခြင်းဖြစ်သည်။
….လူမှုဘဝအတွက် အခြားအန္တရယ်တစ်ခုမှာလည်း တန်းတူညီမျှမှုနှင့်ဖီလာဖြစ်နေသည်။ ယင်းအချက်ကားစစ် မှုခေတ်ပြောင်းတော်လှန်ရေး၏ အတွေ့အကြုံများပင်ဖြစ်သည်။ ဒေါ့ကဝီးလ်က ဖော်ပြရာ၌လုပ်ငန်းခွင်သည် ပိုင် ဆိုင်သူ လူတန်းစားနှင့် အလုပ်သမားလူတန်းစားတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ရာဖြစ်လာသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်အထက်တန်းလွှာ လူတန်းစားအသစ်တစ်ရပ်က အခြားသူများ၏လုပ်အားကို အများကောင်း ကျိုးအတွက် ဆောင်ရွက်ခြင်းမဟုတ်တော့ဘဲ စက်ရုံ၊ အလုပ်ရုံများပိုင်ဆိုင်သူ လူတန်းစား၏ဥစ္စာ ဓနများ တိုးတတ်ကြွယ်ဝရေးဆီသို့သာအဓိက ဦးတည်၍ အသုံးချလာကြသည်။ …….ထိုကဲ့သို့သောအခြေအနေမျိုးတွင် ကျွန်စနစ်နှင့်ဆက်စပ်သောပြဿနာမှာကဲ့သို့ပင် မေးခွန်းများ ပေါ်လာသည်။ ၎င်းမေးခွန်းကား ဤသို့ရန်လိုမုန်း တီးမှုများပေါ်လာသော အနေအထားများကြား၌ အများ ကောင်းကျိုးဆောင်ရွက်ရေးဆိုင်ရာ လူမှုကျင့်ဝတ်များ ကိုမည်ကဲ့သို့ ဆက်လက်ထိန်းသိမ်းသွားနည်း ဟူသော ပြဿနာပင်ဖြစ်သည်။

          အများကောင်းကျိုးဆောင်ရွက်ရေးဆိုင်ရာ လူမှုကျင့်ဝတ်များကို ဖျက်ဆီးပစ်နိုင်သည့် နောက်ဆုံး ခြိမ်းခြောက်မှုကား နိုင်ငံရေးလွတ်လပ်မှုများ လက်လွတ်ဆုံးရှုံးခြင်းပင်ဖြစ်သည်။ စက်မှုနိုင်ငံ၏ လူနေမှု ပုံစံသစ် အတွင်း နေထိုင်ကြသောလူအများမှဖြစ်လေ့ရှိသည့် အတိုင်း ရုပ်ဝတ္ထုပစ္စည်းများကို စွဲလန်း တပ်မက်မှုက အချိန် ကြာလာသည်နှင့်အမျှ  ဘာသာရေးနှင့်အများကောင်းကျိုးဆောင်ရွက်ရေးဆိုင်ရာ လူမှုရေးကျင့်ဝတ်များအပေါ် အနိုင်ယူစိုးမိုးသွားမည်ကို ဒေါ့ကဝီးလ်က စိုးရိမ်သည်။ ဒေါ့ကဝီးလ်က အမေရိကန်လူ့အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ကိုယ်ကို “လူသားတစ်ဦးချင်း သွင်ပြင်လည်းညီ၊ တန်းတူညီမှု လည်းရှိသောသူများ၏ ပတ်ဝန်းကျင်ငယ် အတွင်း၌သေးနုတ်သော အပေါစားသာယာမှုများကို အမြဲတစေရှာဖွေခြင်းများ၌ ၎င်းတို့ဝိဥာဉ်ကိုနစ်မွန်းထားရင်း သံသရာသဖွယ် တဝဲလည်လည် လှည့်နေကြမည့်အဖြစ်” သို့ပြောင်းလဲပစ်မည်ကိုစိုးရိမ်ပူပန်သည်။ ဤကဲ့သို့ သော လူသားများအနေဖြင့် သူတို့တစ်ကိုယ်စာအတွက်သာ တည်ရှိနေကြခြင်းဖြစ်ပြီး နိုင်ငံတော်၏ အရေးကိစ္စ အပါအဝင် အခြားသူများ၏ အရေးကိုထည့်သွင်းစိုးရိမ်ပူပန်စဉ်းစားခြင်းလည်းမရှိကြချေ။ ဤကဲ့သို့ လူများ၏  အရေးကိစ္စများကို စိတ်လည်းမဝင်စား၊ စိတ်ဝင်စားဖို့အချိန်လည်းမရှိသောကြောင့် ၎င်းတို့၏ အရေးကိစ္စ များကို အခြားသူတစ်ဦးဦးမှ လာရောက်ဆောင်ရွက်ပေးရန် အားကိုး၊ဖွေရှာလာသည်။ ထိုသိုဖြစ်ခြင်းသည် နိုင်ငံသားတ ဦးချင်းစီအနေဖြင့် ၎င်းတို့၏ နိုင်ငံရေးလွတ်လပ်ခွင့်များကို လုံးဝစွန့်လွှတ်လိုက်ခြင်းပင်ဖြစ်ပြီး နိုင်ငံတော် အစိုးရ အား အဖအရာအဖြစ်ပြောင်းလဲလိုက်ကာ၊ ၎င်းတို့အားကြည့်ရှုစောင့်ရှောက်ပေးရန် သာတောင်းဆိုတော့သည်။

          နိုင်ငံတော်အစိုးရအနေဖြင့်လည်း ၎င်းတို့ပျော်ရွှင်မှုရှိစေရေးအတွက် အားရဝမ်းသာစွာ ဆောင်ရွက်ပေး မည်သာဖြစ်သည်။ သို့သော် ၎င်း(နိုင်ငံတော်အစိုးရ)ကသာ အဓိကဆုံးဖြတ်နေရာချသူ ဖြစ်လိုနေမည်။ နိုင်ငံ တော်အစိုးရ ကဤသူများ၏ လုံခြုံရေးအတွက်တာဝန်ယူပေးခြင်း၊ သူတို့၏ လိုအပ်ချက်များကို ကြိုတင်မျှော်မြင် ကာထောက်ပံ့ပေးခြင်း၊ သူတို့ဝမ်းမြောက်ကျေနပ်မှုရှိစေရန် ကူညီ ဆောင်ရွက်ပေးခြင်း၊ သူတို့၏အဓိကစိုးရိမ်ပူပန် ချက်များကိုဖြေရှင်းပေးခြင်း၊သူတို့၏စက်မှုလုပ်ငန်းများကို လမ်းညွှန်ပေးခြင်း၊ သူတို့၏သေတမ်းစာများအတွက် ဥပဒေများချမှတ်ပြဌာန်းခြင်းနှင့် သူတို့၏အမွေများကို ခွဲဝေပေးခြင်းများပြုပေတော့မည်။ဤအခြေအနေအောက် ၌ ‘လွတ်လပ်စွာရွေးချယ်ခွင့်ကို ကျင့်သုံးခြင်း’ ဆိုသည်မှာ သိပ်အသုံးမဝင်တော့သကဲ့သို့ ပို၍လည်းရှားပါးလာမည်။
          စင်စစ်အားဖြင့်လည်း ဤကဲ့သို့သော ဖခင်သဖွယ်အစိုးရပုံစံကိုထိန်းသိမ်းထားနိုင်ရန်အတွက် တသီးပုဂ္ဂ လအနေဖြင့် အာဏာပိုင်၏တစတစတိုးတိုးလာသောထိန်းချုပ်မှုများကိုနာခံလာရတော့မည်။ အချိန်ကာလရှည် ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် ‘၎င်းတို့၏ကိုယ်ပိုင်အစွမ်းအစများကို သင့်တင့်လျှောက်ပတ်စွာ အသုံးချမှု’ အခွင့်အရေးများအားလုံးမှာ လုယက်ခံရလေတော့သည်။ ….ဤသို့ဆိုလျှင် ခေတ်သစ်ကမ္ဘာ၌ထိန်းချုပ်အုပ်စိုးမှုများ အရှည်သဖြင့် ကျင့်သုံးနိုင်ရန်အတွက် ရှေးယခင်က အာဏာရှင်များကဲ့ သို့ နိုပ်စက်ညှင်းပန်းမှုများ၊ ရက်စက်မှုများကို အသုံးပြုရန်လိုအပ်တော့မည်မဟုတ်ပေ။ အာဏာရှင်စနစ် မျက်နှာ ဖုံးအသစ်ကို တတ်ထားသည့် နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံသူနိုင်ငံသားများအား သိမ်းသွင်းရာတွင် ပိုမိုနူးညံ့ သိမ်မွေ့သော နည်းလမ်းများကိုသုံးလာကြမည်။ ဒေါ့ကဝီးလ်က စိုးရိမ်သည်မှာ ခေတ်သစ်အာဏာရှင်များအနေ ဖြင့် ယခင်က ခေတ်ဟောင်းအာဏာရှင်များကဲ့သို့ မဟုတ်ဘဲ ပိုမိုသိမ်မွေ့ညင်သာသောထိန်းချုပ်နည်းများကို အသုံးပြုလာမည့်ကိစ္စဖြစ်သည်။ ခေတ်သစ်အာဏာရှင်အနေဖြင့် လူများကိုနိုပ်စက်ညှင်းပန်းခြင်း မပြု တော့သော် လည်း ၎င်းတို့၏လူသားဂုဏ်သိက္ခာကို လျော့ချပစ်မည်ဖြစ်သည်။

          အကျဉ်းချုပ်ဖော်ပြရသော် ဒေါ့ကဝီးလ်၏ ပြည်သူ့လူ့အဖွဲ့အစည်း Civil Society ဟူသော အယူအဆမှာ ချတ်ခ်ျဘုရားကျောင်းများနှင့် လွတ်လပ်သောသတင်းစာများ အပါအဝင်ရောင်အသွေး စုံလင်များပြားသည့် မိမိ တို့၏ သဘောဆန္ဒအရ လာရောက်စုဖွဲ့ထားကြသည့် အသင်းအဖွဲ့များ/ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံး ကိုရည်ညွှန်းလွှမ်းခြုံထားပြီး ထိုပြည်သူ့လူ့အဖွဲ့အစည်းမှာ တသီးပုဂ္ဂလများ/မိသားစုများကတစ်ဖက်နှင့် အခြားတ ဖက်မှ နိုင်ငံတော်(အစိုးရ)အကြားတွင် တည်ရှိနေသည်။ ဤသီအိုရီအရ ပြည်သူ့လူအဖွဲ့အစည်း(Civil Society) ဆိုသည်မှာ နိုင်ငံတော်နှင့် သီးခြားကင်းလွတ်ရုံမျှသာမကဘဲ နိုင်ငံတော်ကို ထိန်းချုပ်နိုင်ရန်အပြိုင်အဆိုင် ကြိုး ပမ်းနေကြသော နိုင်ငံရေးပါတီကဲ့သို့သော အုပ်စုများနှင့်ပါမတူညီဘဲ အမျိုးအစားကွဲပြားစွာ သီးခြားတည်ရှိနေ သည်။ သီးခြားလွတ်လပ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောနိုင်ငံတော်နှင့် မိသားစု ဘဝကြားတွင်တည်ရှိနေသည့် နိုင် ငံသူနိုင်ငံသားတို့၏ အသင်းအပင်းများ၊ အဖွဲ့အစည်းများသည် ဒီမိုကရေစီစနစ်ကြီး အဓွန့်ရှည်ရေးအတွက် အဓိကသော့ချက်ဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရကိုလည်း စစ်ဆေးပေးနိုင်သည့် အာဏာချိန်ခွင်လျှာ ထိန်းညှို့ပေးနိုင် သော အင်အားစုအဖြစ် ဒေါကဝီးလ် ကမြင်သည်။


Civil Society နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းအကြား ဆက်စပ်မှုများကို စူးစမ်းရှာဖွေ ခြင်း။ ဓမ္မါဝဘ့်ဘါမှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...