Wednesday, November 16, 2011

အိပ်စက်ခြင်း


ကျွန်ုပ်တို့ ဦးနှောက်တွင် နှလုံးကဲ့သို့ လျှပ်စီးဓာတ်ရှိပါတယ်။ ဂျာမနီ စိတ် ရောဂါ ဗေဒ ပညာရှင် က ရှာဖွေတွေ့ရှိခဲ့ပါ တယ်။ အဲဒီလိုလျှပ်စီးဓာတ်ရှိနေတာကို ဦးခေါင်းခွံပေါ်က တိုင်းတာခြင်းကို EEG (Ecectro Encephaco Gram) လို့ခေါ်ပါ တယ်။

EEG ကို ဘယ်လိုနေရာမှာသုံးလဲ။
၁။ ဦးနှောက်ထဲသွေးခဲနေခြင်း
၂။ အတက် ရောဂါ
.၃။ ဦးနှောက်အကျိတ်
၎။ ဦးခေါင်း ဒဏ်ရာ၊ ပိုးဝင်ခြင်း၊ ဦးနှောက်သွေးယို စီးခြင်း စတာတွေမှာရိုက်ပြီးရောဂါကို ရှာဖွေကြပါတယ်။ လူတစ်ယောက်ဟာ နိုးနေပေမယ့် သို့သော် မထသေးဘဲ ဟိုစဉ်းစား ဒီစဉ်းစားလုပ်မယ်၊ မျက်လုံးမှိတ်နေမယ် သူ့ရဲ့ EEG ဟာ 8-13 Hz နဲ့ 50-100 uV ရှိ နေပါမယ်။ အဲဒီလျှပ်စစ်လှိုင်းကို အယ်လဖာ( )လှိုင်းလို့ခေါ်ပါတယ်။ တစ်ခု ခုကို စဉ်းစားနေမယ်။ ဥပမာ သင်္ချာပုစ္ဆာ တစ်ပုဒ်ကို စဉ်းစားတဲ့အခါမျိုးမှာ3-30 Hz နဲ့ uV နည်းနည်းထွက်တဲ့လှိုင်း တစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒါကို ကီတာ လှိုင်း (အယ်လဖာပိတ်လှိုင်း)လို့ခေါ်ပါ တယ်။ အဲဒီလူဟာ နိုးထနေမယ်။
တစ်ခုခု ကို စဉ်းစားနေမယ်ဆိုရင် ဂါမာလှိုင်းဆို တာ ဖြစ်ပေါ်လာပါတယ်။ 30-80 Hz ရှိ ပါတယ်။ ဆိုလိုတာက စဉ်းစားခြင်း၊ နိုးထ ခြင်း၊ အိပ်စက်ခြင်းအခြေအနေကို လိုက် ပြီး ဦးနှောက်လျှပ်စီးလှိုင်း ပြောင်းလဲနေပါ တယ်။ အိပ်နည်းအဆင့်ဆင့်- ၂ မျိုးရှိပါ တယ်။ ၁။ REM လို့ခေါ်တဲ့ မျက်လုံး မြန်မြန်ရွေ့လျားတဲ့အိပ်စက်ခြင်းနဲ့ ၂။ NREM လို့ခေါ်တဲ့ မျက်လုံးရွေ့ရှားမှုမရှိတဲ့ အိပ်စက်ခြင်းဆိုပြီးရှိပါတယ်။ မျက်လုံးရွေ့ လျားမှုမရှိတဲ့ အိပ်စက်ခြင်းမှာ အဆင့် ၄ ဆင့်ရှိပါသေးတယ်။ စပြီးအိပ်မောကျ မယ်ဆိုရင် အဆင့် ၁ ကိုဝင်ပါတယ်။ EEG မှာ ဗို့အားနည်း ရှုပ်ထွေးနေတဲ့ ကြိမ်နှုန်းတွေပြနေပါမယ်။ ခြေလက်လှုပ် ရှားမှုတချို့ရှိမယ်။ မျက်လုံးရွေ့လျားမှုတော့ မရှိပါဘူး။ အဆင့် ၂ ကတော့EEG မှာ 12-14 Hz ပြပြီး အဆင့် ၃ မှာ EEG လှိုင်းက တက်လာပါတယ်။ အဆင့် ၄ ရောက်တော့ လှိုင်းက မြင့်မယ်။ နှေးနှေး လာပါမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ အဆင့်ဖြစ်ပါတယ်။ အိပ်ခါစအဆင့် (၁) နဲ့ မျက်လုံးရွေ့ လျားတဲ့ အိပ်စက်ခြင်းဟာ ဆင်တူပါ တယ်။ REM အိပ်စက်ခြင်းဖြစ်လျှင် အဲဒီ လူဟာ နိုးထနေချိန်ဖြစ်ပြီး အိပ်မက်မက် နေတယ်လို့ ပြောကြပါတယ်။ 


အိပ်တော်ပုံအဆင့်ဆင့်- ပုံစံကျ အိပ်တော်ခြင်းတွင် ပထမ NREM လို့ ခေါ်တဲ့ မျက်လုံးမရွေ့လျားတဲ့အဆင့် ၁၊ ၂ ကို ဝင်မယ်။ အဆင့် ၃ နဲ့ ၄ မှာ ၁ နာရီ ၁ နာရီခွဲကြာကြာဝင်နေမယ်။ နောက်တော့ နည်းနည်းအိပ်စက်ခြင်း လျော့လာမယ်။ (နှစ်နှစ်ခြိုက်ခြိုက်မဖြစ် တော့တာ) ပြီးနောက် REM လို့ခေါ်တဲ့ မျက်လုံးရွေ့လျားမှုရှိလာမယ်။ ဒီဖြစ်စဉ်မျိုး ၁ နာရီခွဲကြာ ၁ ခါဖြစ်နေပါမယ်။ နံနက် ရောက်လေလေ မျက်လုံးရွေ့လျားမှုဖြင့် အိပ်စက်ခြင်း ပို၍ပို၍ဖြစ်လာပါမယ်။ တစ်ညကို မျက်လုံးရွေ့ရှားအိပ်စက်ခြင်း ၄-၆ ကြိမ်လောက်ဖြစ်ပေါ်လာပါတယ်။ ငယ်ရွယ်စဉ်မှာ REM က အိပ်စက်ခြင်း ပိုဖြစ်ပြီး ကြီးလာလေ REM က အိပ် စက်ခြင်း နည်းလေဖြစ်ရပါတယ်။
အိပ်စက်ခြင်း၏ အရေးကြီးပုံ- အိပ်စက်မှုသည် ၁။ ဇီဝဖြစ်စဉ်နှင့် စွမ်း အင် ထိန်းညှိခြင်း ၂။ အပူထိန်းညှိခြင်း ၃။ ခုခံအားစနစ်မြှင့်တင်ခြင်း ၄။ သင်ယူ ခြင်း၊ မှတ်ဉာဏ်စွမ်းရည်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ EEG လှိုင်းဟာ နှေးမယ်၊ မျက်လုံးရွေ့လျားအိပ်စက်ခြင်း ရှိမယ်ဆိုရင် သင်ယူတတ်မြောက်နိုင်မှု ကျဆင်းတတ် ပါတယ်။


အိပ်စက်မှုချို့ယွင်းခြင်းများ
၁။Narcolepsy- ရုတ်တရက် မျက်လုံးရွေ့လျားအိပ်စက်ခြင်းဖြစ်ပေါ် သည်။ အိပ်ခြင်းနိုးခြင်းကို ပုံမှန်မထိန်းနိုင် ခြင်းဖြစ်ပြီး၊ ရုတ်တရက် ခြေ၊ လက်ြွကက် သားများ အားအင်ချိနဲ့ဖြစ်ရပါသည်။ စအိပ် ချိန် (သို့) နိုးခါနီးအချိန်တွင် တစ်ကိုယ်လုံး မလှုပ်နိုင်ဖြစ်ရပါသည်။ မျိုးရိုးလိုက်သော ရောဂါဖြစ်ပါသည်။
၂။ အိပ်နေစဉ် လေလေမ်းကြောင်း ပိတ်ဆို့ခြင်း- နေ့လယ်ခင်း အိပ်နေစဉ် ၁၀ စက္ကန့်ကျော်ကျော် အသက်ရှူရပ်သွား သဖြင့် အိပ်နေရင်းမှ ခဏတာနှိုးသွားပါ သည်။ ဟောက်တတ်ပါသည်။ အိပ်စတွင် ဟောက်ရခြင်းမှာ လည်ချောင်ြးွကက်သား များ လျော့နည်းကြောင့်လည်းကောင်း၊ အသက်ရှူမှုဆိုင်ရာ ဗဟိုစနစ်ပြောင်းလဲ ခြင်းကြောင့်ဖြစ်ရပါသည်။
၃။ ခြေလက်လှုပ်ရှားမှုမှ မမှန်ခြင်း- ခြေမဆန့်ထုတ်ပြီး ခြေကျင်းဝတ်နှင့်ဒူး ခေါင်းကွေးမယ်(၁၀)စက္ကန့်လောက်ဖြစ် ပြီး၊ မိနစ်ခွဲလောက်ပြန်ပိတ်သွားပါသည်။ ညင်ညင် သာသာ ဖြစ်တတ် သလိုကန်ကျောက် တာမျိုးလည်းဖြစ်တတ်ပါတယ်။
၎။ အိပ်နေစဉ်လမ်းလျှောက်ခြင်း (SOMNAMBUCISM) အိပ်နေ စဉ် ဆီးထွက်ကျခြင်း (Nocturnal Enuresis) ညဘက်ထိတ်လန့်မှုတို့သည် မျက်စိရွေ့လျားအိပ်စက်ခြင်းမှဖြစ်ဖြစ်၊ မျက်လုံးမရွေ့လျားသော အိပ်စက်ခြင်းမှ ဖြစ်ဖြစ် နိုးထခြင်းနှင့်တွဲနေပါသည်။ အိပ်နေစဉ် လမ်းလျှောက်ခြင်းသည် ယောကျာ်းလေးတွေမှာ အဖြစ်များပါသည်။ မျက်လုံးဖွင့်လျက် လမ်းလျှောက်ပြီး အရာ ဝတ္ထုများကို ရှောင်ကွင်း၍သွားတတ်ကြ ပါသည်။ ပြင်းထန်တဲ့ မတော်တဆထိ ခိုက်မှုဖြစ်နိုင်ပါတယ်။ ညဘက်အိပ်နေစဉ် ထိတ်လန့် တကြား အော်ဟစ်ခြင်းနှင့် တွဲလျက် ချွေး ထွက်ခြင်း၊ နှလုံးနှင့် အသက်ရှူနှုန်းမြန် ခြင်း၊ အဖြစ်အပျက်လို့ လူနာသည်ပြန်၍ စဉ်းစားမရဖြစ်တတ်ပြီး အိပ်မက်နှင့်မတူပါ။


၁။ အိပ်ပျော်ခြင်း- အိပ်ချိန်မပြည့်ဝ ခြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ခြင်း ကြောင့် ဖြစ်ရသည်။ စိတ်ကျရောဂါ၊ စိတ် လှုပ်ရှားခြင်း သို့မဟုတ် တခြားစိတ်ပိုင်း ဆိုင်ရာကြောင့်ဖြစ်ရပါသည်။ အိပ်မပျော် ခြင်း ကြာရှည်စွာဖြစ်လာပါက ဆေးဝါးနဲ့ တင် မလုံလောက်တော့ဘဲ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်း၊ ညနေဘက်တွင် ထမင်း များများစားတာကို ရှောင်ရန်၊ အရက် ကဖင်းဓာတ်ပါတဲ့ အရည်သောက်ခြင်းကို ရှောင်ရပါမယ်။


posted by ဇွဲကောင်းချစ် (ဆေး-၂)
Healthcare

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...