အဘိုးအဘွားများ၏ သွေးသားများနှင့် `` ပုဂံ ´´
Cloud Cuckoo Land created a doc.
`` ပုဂံ ´´ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ဗဟိုချက်မ... မြန်မာတို့၏ ပြယုဂ်၊ မြန်မာနိုင်ငံ၏ အသည်းနှလုံး.... မြန်မာတို့၏အမှတ်တံဆိပ်ဖြစ်သည်.......။
ပုဂံပြည်ကို နှစ်ပေါင်းထောင်ကျော်က မြန်မာမင်းများတည်ထောင်ခဲ့ကြသည်၊ မြန်မာနိုင်ငံသားများမှဝိုင်းဝန်းထိန်းသိမ်းခဲ့ကြသည်၊ မြန်မာတို...့ ကာကွယ်ခဲ့ကြသည်၊ မြန်မာတို့သာ ပိုင်ဆိုင်ပါသည်။
`` ကျွန်ုပ်တို့သည် ရပ်နေသည်ဖြစ်စေ၊ လဲလျောင်းနေသည်ဖြစ်စေ.... ကျွန်ုပ်တို့၏ အောက်တွင် အဘိုး၊ အဘွားတို့၏ အသွေးအသားများ မြှုပ်နှံထားခဲ့သည်´´ ဒီစကားလေးကို ပြောကြားခဲ့သူကတော့...... ဆရာမကြီး ဒေါက်တာမတင်ဝင်း ( ပညာရေးတက္ကသိုလ်) ဖြစ်ပါသည်။ ပြောကြားဖြစ်သော အကြောင်းအရာနှင့် ရက်စွဲတို့အား မမှတ်မိတော့ပါ... စကားလေးကိုသာ မှတ်မိနေပါသည်။
ပုဂံဆိုသည်မှာ မြန်မာကြောင့်ဖြစ်သည်။ မြန်မာသည် ပုဂံကြောင့် ထည်ဝါခဲ့သည်။ နေ၀င်ဆည်းဆာအချိန်တွင်လည်း
ပုဂံသည် နူးညံ့နေသည်၊ အရုဏ်တက်ချိန်တွင်လည်း ပုဂံတည် ထွန်းတောက်နေသည်၊ လရောင်အောက်တွင်လည်း ပုဂံသည် လှပနေ
သည်၊ လရောင်မဲ့သောညများတွင်လည်း ပုဂံသည် ခန့်ငြားနေသည်။
ပုဂံတွင် ရာဇ၀င်ပေါင်းများစွာရှိသည်။ ဇာတ်လမ်းပေါင်းများစွာရှိသည်။ အတုယူစရာတွေရှိသည်၊ မှတ်သားစရာတွေ
ကျန်ရစ်သည်။ အမျှော်အမြင်တွေကိုတွေ့ရသည်။ စီမံခန့်ခွဲမှုတွေကို နားလည်ရသည်၊ ယဉ်ကျေးမှုတွေကို မြင်တွေ့ရသည်။ ပုဂံသည်
နူးညံ့လှပသည်။ စေတနာတွေကို နားလည်ရသည်။ မေတ္တာတရားကို ခံစားရသည်။ အထီးကျန်မှုတွေကိုလဲရယူနိုင်သည် ၊ တက်ကြွခြင်း
တွေကိုလည်းဖြစ်ပေါ်စေသည်။ ပုဂံသည် ပုဂံနှင့်တူသဖြင့်သာ လှပနေပါသည်...........။
ပုဂံ၏ နေ၀င်ချိန်များကို ထိုင်ကြည့်နေပါက ၀င်လုဆဲ နေရောင်အောက်တွင် ခန့်ငြားထည်ဝါသော စစ်သည်တော်
များ၊ ဆင်များ၊ မြင်းများ၊ တံခွန်များ၊ အရောင်တ၀င်းဝင်း ထွက်နေသော ဓါးလှံများကိုလည်း ပန်းပွါးတဖွါးဖွါးဖြင့် တွေ့မြင်နိုင်သည်.......
လရောင်အောက်တွင်လည်း ရွှေခြေကျင်းများ တချွင်ချွင်ဖြင့် ပျော်ရွှင်နေကြသော ပြည်သူများကို မြင်တွေ့နိုင်သည်၊ နံနက်ခင်းတွင်လည်း
ဆွမ်းအုပ်များ၊ ယွန်းချိုင့်ကြီးများ၊ ခေါင်းပေါင်းများဖြင့် ဘုရားကျောင်းကန်သွားနေကြသူများကို ရှုမြင်နိုင်သည်။ အထူးအားဖြင့် ပုဂံသည်
ရွှေရောင်လွှမ်းနေခဲ့သည်။ လွှမ်းနေဆဲဖြစ်သည်၊ လွှမ်းနေဦးမည်သာဖြစ်ပါသည်။ ပုဂံကို မြင်တွေ့ရခြင်းဖြင့် ရာဇ၀င်ထဲသို့ ရောက်ရှိခဲ့သည်။
ပီတိဖြစ်သည်၊ ပျော်ရွှင်သည်၊ ကျေနပ်ခဲ့သည်..... ပုဂံ၏ အငွေ့အသက်များ ရစ်ပတ်နှောင်ဖွဲ့ခဲ့သည်.....
ဖြစ်နိုင်လျှင်ပုဂံသို့ တစ်ခေါက်သွားပါ..... ပုဂံကို ရှုမြင်ခံစားပါ..... ပုဂံအငွေ့အသက်များရစ်ပတ်
ပုဂံဆိုသည်မှာ မြန်မာကြောင့်ဖြစ်သည်။ မြန်မာသည် ပုဂံကြောင့် ထည်ဝါခဲ့သည်။ နေ၀င်ဆည်းဆာအချိန်တွင်လည်း
ပုဂံသည် နူးညံ့နေသည်၊ အရုဏ်တက်ချိန်တွင်လည်း ပုဂံတည် ထွန်းတောက်နေသည်၊ လရောင်အောက်တွင်လည်း ပုဂံသည် လှပနေ
သည်၊ လရောင်မဲ့သောညများတွင်လည်း ပုဂံသည် ခန့်ငြားနေသည်။
ပုဂံတွင် ရာဇ၀င်ပေါင်းများစွာရှိသည်။ ဇာတ်လမ်းပေါင်းများစွာရှိသည်။ အတုယူစရာတွေရှိသည်၊ မှတ်သားစရာတွေ
ကျန်ရစ်သည်။ အမျှော်အမြင်တွေကိုတွေ့ရသည်။ စီမံခန့်ခွဲမှုတွေကို နားလည်ရသည်၊ ယဉ်ကျေးမှုတွေကို မြင်တွေ့ရသည်။ ပုဂံသည်
နူးညံ့လှပသည်။ စေတနာတွေကို နားလည်ရသည်။ မေတ္တာတရားကို ခံစားရသည်။ အထီးကျန်မှုတွေကိုလဲရယူနိုင်သည်
တွေကိုလည်းဖြစ်ပေါ်စေသည်။ ပုဂံသည် ပုဂံနှင့်တူသဖြင့်သာ လှပနေပါသည်...........။
ပုဂံ၏ နေ၀င်ချိန်များကို ထိုင်ကြည့်နေပါက ၀င်လုဆဲ နေရောင်အောက်တွင် ခန့်ငြားထည်ဝါသော စစ်သည်တော်
များ၊ ဆင်များ၊ မြင်းများ၊ တံခွန်များ၊ အရောင်တ၀င်းဝင်း ထွက်နေသော ဓါးလှံများကိုလည်း ပန်းပွါးတဖွါးဖွါးဖြင့် တွေ့မြင်နိုင်သည်.......
လရောင်အောက်တွင်လည်း ရွှေခြေကျင်းများ တချွင်ချွင်ဖြင့် ပျော်ရွှင်နေကြသော ပြည်သူများကို မြင်တွေ့နိုင်သည်၊ နံနက်ခင်းတွင်လည်း
ဆွမ်းအုပ်များ၊ ယွန်းချိုင့်ကြီးများ၊ ခေါင်းပေါင်းများဖြင့် ဘုရားကျောင်းကန်သွားနေကြသူများက
ရွှေရောင်လွှမ်းနေခဲ့သည်။ လွှမ်းနေဆဲဖြစ်သည်၊ လွှမ်းနေဦးမည်သာဖြစ်ပါသည်။ ပုဂံကို မြင်တွေ့ရခြင်းဖြင့် ရာဇ၀င်ထဲသို့ ရောက်ရှိခဲ့သည်။
ပီတိဖြစ်သည်၊ ပျော်ရွှင်သည်၊ ကျေနပ်ခဲ့သည်..... ပုဂံ၏ အငွေ့အသက်များ ရစ်ပတ်နှောင်ဖွဲ့ခဲ့သည်.....
ဖြစ်နိုင်လျှင်ပုဂံသို့ တစ်ခေါက်သွားပါ..... ပုဂံကို ရှုမြင်ခံစားပါ..... ပုဂံအငွေ့အသက်များရစ်ပတ်
နှောင်ဖွဲ့ပါ......ဤသို့
ဆိုလျှင် သင်သည် မြန်မာနိုင်ငံသားဖြစ်ရခြင်း၏ တန်ဘိုးကို သင်နားလည်လာပါမည်.......။
`` ကျွန်ုပ်တို့သည် ရပ်နေသည်ဖြစ်စေ၊ လဲလျောင်းနေသည်ဖြစ်စေ....ကျွနု ပ်တို့၏ အောက်တွင် အဘိုး၊ အဘွားတို့၏ အသွေးအသားများ မြှုပ်နှံထားခဲ့သည်´´
written by ကွန်ဆူးမား
ဆိုလျှင် သင်သည် မြန်မာနိုင်ငံသားဖြစ်ရခြင်း၏ တန်ဘိုးကို သင်နားလည်လာပါမည်.......။
`` ကျွန်ုပ်တို့သည် ရပ်နေသည်ဖြစ်စေ၊ လဲလျောင်းနေသည်ဖြစ်စေ....ကျွနု
written by ကွန်ဆူးမား
0 comments:
Post a Comment