ညီမျှမှုမရှိသော ပညာရေး စိန်ခေါ်မှု
Friday, 11 November 2011 12:26
စောပြည့်ညို
ကမ္ဘာ့ခေါင်းဆောင်များ ပြောလေ့ရှိသော စကားမှာ နိုင်ငံတနိုင်ငံ၏ အရေးကြီးဆုံးသော အရာမှာ ပညာရေး ဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း ပညာရေးနှင့်ဆိုင်သော နိုဘယ်ဆု မရှိသည်ကို စိတ်မကောင်းဖွယ်ရာ အဖြစ်တွေ့ရသည်။
သို့ရာတွင် နိုဘယ်ဆုကဲ့သို့ အဆင့်အတန်းရှိသော ပညာရေးဆိုင်ရာ ဆုတစ်ခုကို ချီးမြှင့်ခဲ့သည်။ ကမ္ဘာ့ပညာရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ( World Innovation Summit for Education-WISE) ကို ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့ပြီး ဆင်းရဲသား သန်းပေါင်းများစွာသော လူသားများအတွက် ပညာရေး ကိုဆောင်ကြည်းပေးခဲ့သည့် Sir Fazle Hasan Abed ဆိုသူအား အမေရိကန် ဒေါ်လာ ၅၀၀၀၀၀ ငါးသိန်းချီးမြှင့်ခဲ့သည်။ Sir Fazle သည် ကမ္ဘာ့တိုက်ကြီးများရှိ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရန်နှင့် ပညာရေးဖြင့် မိမိခြေထောက်ပေါ် ရပ်တည်နိုင်ရန် ကူညီခဲ့သောသူဖြစ်သည်။
၁၉၇၂ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် Bangladesh Rural Advancement Committee-BRAC ကိုဖွဲ့စည်းကာ ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင်BRAC သည် ကမ္ဘာ့အကြီးဆုံး အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည်။ BRAC သည် ကမ္ဘာတ၀ှမ်းရှိ နိုင်ငံ ၁၀ နိုင်ငံတွင် ကျောင်းများ ဖွင့်လှစ်ကာ စာသင်ကြားပေးနေပြီး ကလေးငယ် ၁၀ ဆယ်သန်းကျော်ကို ပညာသင်ကြားပေးခဲ့ပြီး ဖြစ်သည်။
"ဖွံ့ဖြိုးမှု အနည်းဆုံး လူ့အဖွဲ့အစည်းနှင့် လက်တွဲလုပ်ဆောင်ရာတွင် ကြီးမားသော အခက်အခဲ ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပညာရေး၏ စိန်ခေါ်ချက်မှာ ဆင်းရဲသောတိုင်းပြည်များတွင် ခက်ခဲကြောင်း၊ အကြီးမားဆုံး ပြသနာမှာ တန်းတူမှုမရှိခြင်း၊ မိသားစုဝင်ငွေနှင့် ပညာရေးဆိုင်ရာ ရလဒ်ကွာဟမှုကြောင့် ဖြစ်သည်" Sir Fazle မှဆုလက်ခံအပြီးတွင် ပြောဆိုခဲ့သည်။
"ချမ်းသာတဲ့ မိသားစုက မွေးလာတဲ့ကလေးက၊ ဆင်းရဲတဲ့ မိသားစုက မွေးလာတဲ့ ကလေးထက် ပညာရေး အခွင့်အလမ်း ပိုများတယ်၊ ဒီလိုမညီမျှ မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ကလေးတိုင်းက ပညာရေးကို တန်းတူရသင့်တယ်" ဟုပြောဆိုခဲ့သည်။
ကမ္ဘာ့နိုင်ငံများ အနေဖြင့် ပညာရေးတွင် ငွေပိုမိုသုံးစွဲရန် တိုက်တွန်းခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တဦးချင်း ချမ်းသာကြွယ်ဝမှုနှင့် လူ့အဖွဲ့အစည်း တခုလုံး တိုးတက်မှုသည် ပညာရေးနှင့် တိုက်ရိုက်ဆက် စပ်နေကြောင်း တင်ပြခဲ့သည်။
၁၉၇၀ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုတိုက်ခတ်ခဲ့သော ဆိုင်ကလုံးမုန်းတိုင်းကြောင့် လူအမြောက်အမြား သေကြေမှုကို တွေ့မြင်ရပြီးနောက် Sir Fazle ၏အတွေးအခေါ် ပြောင်လဲကာ လူသားကောင်းကျိုးအတွက် ဘ၀ကိုမြှုတ်နှံခဲ့သည်။
WISE သို့တက်ရောက်လာသည့် ဗြိတိန် ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒွန်ဘရောင်းမှလည်း ကမ္ဘာကျော် နည်းပညာ ကော်ပေါ်ရိတ်ကြီးများအား ဆင်းရဲသော နိုင်ငံများရှိ ပညာရေးလုပ်ငန်းများ တွင်ပိုမို ကူညီကြရန် တိုက်တွန်းခဲ့သည်။
စောပြည့်ညို
Sources; Fairness challenge from first global education 'laureate'
--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
0 comments:
Post a Comment