Saturday, November 12, 2011

ပညာအခြေပြု လူ့အဖွဲ့အစည်းဖြင့် နိုင်ငံတော်ကို ကာကွယ်ကြပါစို့

by ကြယ် စင် လင်း on Sunday, November 13, 2011 at 12:15pm
ကျနော်တို့ တောရွာတွေမှာ.. ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ဟာ တိုင်းပြည်အတွက် အဓိက နေရာကနေ ပါဝင်နေတယ်ဆိုရင် မမှားနိုင်ပါဘူး... ကျေးလက်ဒေသတွေမှာ မူလတန်းကျောင်း မရှိသေးတဲ့ ကျေးရွာတွေ အများကြီးရှိနေပါသေးတယ်... မူလတန်းကျောင်း ရှိရင်တောင်မှ.. ရွာခံ ကျောင်းဆရာ မဟုတ်ရင် အဲ့ဒီရွာမှာ ကြာကြာမခံပါဘူး.. ကျေးရွာမှာ အနေဆင်းရဲ အစားဆင်းရဲ တဲ့အတွက် ကျောင်း ပြောင်းသွားတတ်ကြပါတယ်.. ဆရာ ဆရာမ တွေကိုလည်း အပြစ်မပြောသာပါဘူး... အဲ့သလို ဆရာဆရာမ ခက်ခဲတဲ့ နေရာတွေမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ အခရာကျလှပါတယ်.. ဘုန်းတော်ကြီးကျောင်းမှာ သင်တာဖြစ်လို့.. ဆရာ ပြောင်းသွားမှာ မစိုးရိမ်ရပါဘူး..နောက်ပြီး ကလေးတွေအတွက်.. ငယ်စဉ်ကာလမှာ ကာယ ဥာဏ စာရိတ္တ ပိုင်းမှာ ဘုန်းတော်ကြီးကျောင်းတွေက အများကြီးပေးစွမ်းနိုင်ပါတယ်... ကျေးလက်မှာဆိုရင်  နေ့ကျောင်းသားနဲ့ ညအိပ်ကျောင်းသားဆိုပြီးရှိပါတယ်..
နေ့ကျောင်းသားကတော့... အရွယ်ငယ်တဲ့ ကလေးတွေနဲ့ မိန်ခလေးတွေ ဖြစ်ပြီး.. ညအိပ် ကျောင်းသား တွေကတော့... အရွယ်နဲနဲကြီးတဲ့ ယောင်္ကျာလေး ကျောင်းသားတွေနဲ့ ကိုရင်ငယ်လေးတွေ ဖြစ်ပါတယ်.. ဘုန်းတော်ကြီး ကျောင်းတွေက ဘာတွေများ သင်ပေးလို့လဲကွာလို့ မေးစရာရှိပါတယ်... မနက်မိုးလင်းတာနဲ့... ဘုရားဆွမ်းတော်ကပ်ရတယ်.. ဘုရားရှိခိုးရတယ်ပေါ့...ဘုရားရှိခိုးတဲ့နေရာမှာ ကြီးစဉ်ငယ်လိုက် တန်းစီပြီးထိုင်ရတယ်.. ရှေ့ဆုံးတန်းက ကိုရင်ငယ်လေးတွေ.. ဒုတိယတန်းမှာတော့ ယောင်္ကျားလေးတွေနဲ့ မိန်းခလေးတွေကတော့ နောက်ကပေါ့.. အဲ့ဒီမှာ စပြီး သူတို့ သင်ခွင့်ရတာက ညီညီညာညာနဲ့ စုပေါင်းလုပ်ဆောင်ရတဲ့ အသိကို စတင်သင်ကြားခွင့်ရပါတယ်...ဘုရားဆွမ်းတော်တင်ပြီးရင်.. မုန့်ဝေပါတယ်.... မုန့်ဝေရင် ဘုန်းတော်ကြီးကနေ ပြီး.. အမည်ကို တစ်ယောက်ချင်းခေါ်ပြီးဝေပါတယ်... တစ်ယောက်ချင်း သွားပြီးယူရပါတယ်.. အသက်ငယ်တဲ့ကလေးတွေလည်း ကိုယ်တိုင်လာယူရပါတယ်.. အဲ့ဒီမှာ ဘာကို သင်ပေးလဲဆိုတော့.. လူအများ အလယ်မှာ ရဲရဲဝံ့ဝံ့ နဲ့ သွားရဲလာရဲအောင် သတ္တိကို မွေးဖွားပေးလိုက်ပါတယ်...မုန်းစားပြီးတဲ့ အခါမှာ နားချိန်ပေးလိုက်ပါတယ်.. ဆော့ကစားကြပါတယ်... ကလေးဘ၀ ဆိုတာ များများဆော့လေ ဥာဏ်ကောင်းလေ ပါပဲ... ဘုန်းကြီးကျောင်းမှာ လူများတော့..အပေါင်းအသင်းတွေလည်း ငယ်ငယ်မှာကတည်းက များနေပြီးသားဖြစ်နေမှာပါ... ငယ်စဉ်ဘ၀မှာ အထီးကျန်မှုတွေ မခံစားရတော့ဘူးပေါ့..နောက်ပြီး အပြင်က စာသင်ကျောင်းတွေလို ဂုဏ်ပကာသနတွေ မရှိတဲ့အတွက် အားလုံးက သူငယ်ချင်းတွေဆိုတဲ့ အသိကို တခါတည်းသင်ပေးလိုက်ပါတယ်...နားချိန်ပြီးပြန်တော့ စာသင်ချိန်ရောက်လာပါတယ်.. အသက်အရွယ်လိုက် စာတွေကို အတန်းသတ်မှတ်ထားပါတယ်... ဗျည်းအက္ခရာ အဆင့်.. ကဗျာ အဆင့်.. ဘုရားရှိခိုးအဆင့်.. လောက နီတိ အဆင့်.. ပရိတ်ကြီး  အဆင့် နောက်ပြီး ဂဏန်းသင်္ချာ ၊ ရတု၊ အင်္ဂလိပ်စာ စသဖြင့် ထောင့်ပေါင်းစုံကနေ သင်ပေးတာပါ... သင်ပေးတဲ့အခါမှာလည်း... ရုပ်စုံတွေ နဲ့ ပျော်စရာဖြစ်အောင်သင်ပေးကြပါတယ်.. . နေ့လည် နေ့ခင်းမှာဆိုလည်း အိပ်ချိန်ဆိုတာ ရှိပါတယ်... နေ့လည်စာ စားပြီးတာနဲ့ နေ့လည်း ၁ နာရီလောက်ထိကို အိပ်ချိန်ပေးတတ်ပါတယ်... ၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ စာပြန်သင်ပါတယ်...  ၃ နာရီကနေ ၅ နာရီလောက်ထိတော့.. အားကစားပေါ့... ညနေ ၅ နာရီမှာတော့.. အိမ်မပြန်ခင် စုပေါင်းပြီး ဘုရားရှိခိုးရပါတယ်... ဒါကြောင့်  ကလေးတွေ ဟာ ကာယ ပိုင်းမှာေ၇ာ ဥာဏပိုင်းမှာရော ပြောစရာမလိုသလို... စာရိတ္တအတွက်လည်း ပြည့်စုံနေပြီးသားဖြစ်ပါတယ်... အသင်းအဖွဲ့နဲလုပ်ဆောင်တဲ့အလေ့အကျင့်တွေ... ဆရာသမားမိဘကို ရိုသေရမယ် ဆိုတဲ့ အသိတွေ.. သူငယ်ချင်းအပေါင်းအသင်းကို ချစ်ခင်လေးစာတတ်တဲ့အသိတွေ... အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်လိုတဲ့ အသိစိတ်တွေဟာ... ကျောက်ဆိုင်ကျောက်သားလို ခိုင်ခိုင်မြဲမြဲ တည်ရှိနေနိုင်ပါတယ်...  ကျနော်တို့ အစ်ကို မောင်နှမတွေလည်း.. နောင်လာနောက်သား ညီငယ်ညီမငယ်တွေအတွက်... ကိုယ့်နေထိုင်ရာပတ်ဝန်းကျင်းမှာ ရေခံမြေခံကောင်းသော ပညာအခြေပြု လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့... တတ်စွမ်းသလောက်လေး ကူညီပြီးတည်ဆောက်ကြစေချင်ပါတယ်... အခြေခံပညာကျောင်းတွေ အားကောင်းမှ နိုင်ငံကာကွယ်ရေး အားကောင်းလာမှာပါ... ပညာရေးဟာ... နိုင်ငံကာကွယ်ရေးအတွက် ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ...နိုင်ငံတကာမှာရောက်နေတဲ့ အစ်ကိုအမတွေနဲ့ ညီတွေ ညီမတွေကိုလည်း တခါတည်း တောင်းဆိုချင်တာက.. ကိုယ့်ရဲ့ ဇာတိမွေးရပ်မြေကို ဘယ်တော့မှ မေ့မသွားကြပါနဲ့...တတ်နိုင်သလောက်လေးနဲ့...ကိုယ့်ရဲ့ဇာတိမှာ ပညာတတ်လူငယ်မျိုးဆက်လေးတွေ ပေါ်ပေါက်လာအောင်... တတ်နိုင်သလောက်လေး ဖေးမ ကူညီရင်း.. အနာဂတ် ပညာ ကမ္ဘာကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်း နှိုးဆောက်ရင်းဖြင့်....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...