စစ်ပွဲတွေရပ်ပစ်! (ငြိမ်းချမ်းမှုကိုလိုလားသူ - ကျော်သူ)
by Lu Cifer on Saturday, November 26, 2011 at 12:28pm
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသောအလှတရားများပျက်စီးမှုကို ကာကွယ်ရေးအတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီးကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအားကန့်ကွက်မှုကိုအင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။
ယခုဒုတိယအကြိမ်မြောက် ကချင်ပြည်နယ်တွင် ငြိမ်းချမ်းမှုပျောက်ဆုံးနေမှု၊ စစ်ဘေးသင့်၍ စစ်ဘေးရှောင်ရှားနေရသောတိုင်းရင်းသားဒုက္ခသည် မိဘဆွေမျိုးညီအစ်ကိုမောင်နှမများတို့အားလူသားချင်းစာနာထောက်ထားမှုဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကူညီဖေးမပေးရန်အတွက် သမိုင်း ပေးတာဝန်တစ်ရပ် ဖြစ်ပေါ်လာခဲ့ပြန်တော့သည်။
ထို့ကြောင့် လူသားချင်းစာနာသောအားဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကျွန်တော်တို့ အနေဖြင့် စစ်ဘေးသင့် ရှောင်ရှားနေရသောတိုင်းရင်းသားဒုက္ခသည် ညီအစ်ကိုမောင်နှမများအားပထမအကြိမ်မြောက်မတည်လှူဒါန်းငွေအဖြစ် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိအားလှူဒါန်းရန် ဆုံးဖြတ်ချက်ချမှတ် လိုက်ပါတော့သည်။
ကျွန်တော်သည် တစ်ချိန်တုန်းကကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်း၊ မြစ်ကြီးနား၊ မြစ်ဆုံများတွင် “တိန်ကော့နော်ဂျာ” ရုပ်ရှင်ဇာတ်ကားလာရောက်၍ ရိုက်ကူးစဉ်ကခရစ်စမတ်(စ်) ပွဲတော်နှင့် ကြုံကြိုက် ကာခရစ်စမတ်(စ်) ပွဲတော်တွင် သီဆိုမေတ္တာပို့ကြသော “`ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူသောစာပိုဒ်အားခရစ်စမတ်(စ်)ပွဲတော် အကြိုအဖြစ် “ကချင်ပြည်နယ်တွင် ကောင်းချီးမင်္ဂလာရောက်စေသော်” ဟူ၍သီဆိုကာဘုရားသခင်ထံဆုတောင်းမေတ္တာပို့လိုက်ပါသည်။
တိုင်းရင်းသားညီအစ်ကိုမောင်နှမများဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ။
လက်နက်ကိုင်အဖွဲ့များအမြန်ဆုံး ငြိမ်းချမ်းမှုရကြပါစေ။
စစ်ပွဲတွေရပ်ပစ်!
ငြိမ်းချမ်းမှုကိုလိုလားသူ - ကျော်သူ (တိန်ကော့နော်ဂျာ)
နာရေးကူညီမှုအသင်း(ရန်ကုန်)
Credited to Ko Kyaw Thu:
https://www.facebook.com/photo.php?fbid=10150415705531698&set=a.10150415703666698.374661.174427511697&type=1&theater
0 comments:
Post a Comment