ရှမ်းနိုင်ငံတော်(ရှမ်းနှင့် တရုတ်တို့၏ မှတ်တမ်းများမှ) အပိုင်း ၁၊၂
by Moenge Aung on Wednesday, November 16, 2011 at 11:08am
ရှမ်းနိုင်ငံတော်(ရှမ်း နှင့် တရုတ် တို့၏ မှတ်တမ်းများမှ) အပိုင်း ၁
၁။ တကောင်းဘုရင်ခေတ် (တရုတ်အခေါ် ချင်ချိုင်ဂို) .... တကောင်းဘုရင်ခေတ်သည် နှစ်ခေတ်စံ(ပုဂံ ၊ တကောင်း) ဖြစ်သည်။ တကောင်း (TA KONG) မြို့ဟောင်း၏ တည်နေရာမှာ နမ့်ကွေီ (NAM KIO) အလယ်ပိုင်း ၊ မန္တလေး မြောက်ဘက် ၁၂၇ မိုင်တွင်တည်ရှိသည်။ ထိုခေတ်က ဆင်များကို လယ်ယာထွန်ယက်ခြင်းနှင့် စစ်တလင်းတွင် အသုံးပြုခဲကြသည်။ ရှမ်းတို့သည် ထိုခေတ်အခါ ကတည်းကပင် ကိုယ့်ထီးကိုယ့်နန်း နှင့်ကိုယ်ပိုင်အုပ်ချုပ်နိုင်ခဲကြသည်။
၂။ တကောင်းမှပညာသည်များ လိုယန်သို့သွားခြင်း .... တရုတ်တော်ဝင်မှတ်တမ်း (KAW-TI-PAN-KYI) အရ၊ တရုတ်နယ်စပ် အပြင်ဘက်တွင် ဆန်ဂိုဟုခေါ်သော ရှမ်းနိုင်ငံတည်ရှိသည်။ တကောင်းဘုရင် ယုံရိုတာဝ် (YONG-YEO-TEO) သည် အေဒီ ၉၇ ၊ ၁၂၀ ၊ ၁၃၁ ခုနှစ်တို့တွင် လိုယန်မြို့ ရှိတရုတ်ဘုရင် လောဝ်ကူး ( LEO-KU) ထံသို့ ယာဉ်ကျေးမှုအဖွဲများနှင့် သံတမန်များ ကို သုံးကြိမ်တိုင်တိုင် စေလွှတ်ခဲ့သည်။ ထိုအဖွဲများသည် တရုတ်ဘုရင်အား လက်ဆောင်ပဏ္ဏာများဆက်သလေသည်။ တရုတ်ဘုရင်ကလဲ ၄င်းတို့အား လက်ဆောင်များ ပြန်လည် ပေးအပ်လေသည်။
၃။ တကောင်း-ပုဂံ .... အေဒီ ၂၃၃ ခုနှစ်တွင် ကယားတို့သည် တကောင်းပြည်ကို လာရောက် တိုက်ခိုက်ဖျက်စီးကြသည်။ ထိုအချိန်တွင် ဘုရင် ဆန်မူတာ (SAN-MU-DA) အုပ်စိုးနေချိန်ဖြစ်သည်။ ဘုရင် ဆန်မူတာသည် တကောင်းတွင် မင်းသားတစ်ပါးအား မင်းပြုစေလျက် တကောင်းနှင့် မနီးမဝေးဒေသတွင် ပုဂံဟုခေါ်သော မြို့သစ်တစ်မြို့ကိုတည်၍ မင်းပြုတော်မူ၏ ။ နောက်ပိုင်းတွင် ဗမာလူမျိုးတို့က ၄င်းဒေသကို အညာပုဂံဟုခေါ်ကြလေသည်။ တကောင်းမင်းဆက်သည် ပုဂံဒေသတွင် ဆက်လက်၍ မင်းပြုအုပ်စိုးခဲကြလေသည်။
၎။ ဗုဒ္ဓဘာသာနှင့် ရှမ်းလူမျိုးများ (အေဒီ ၅၆၅).... အေဒီ ၅၆၅ ခုနှစ်၌ ပုဂံတွင် စန်လေဆိုမွန် (SAN-LAY-SO MON) ဘုရင်အုပ်စိုးခဲ့သည်။ ထိုဘုရင် မင်းမြတ်ဦးဆောင်၍ ရှမ်းအင်ပါယာကို ချဲထွင်ခဲ့သည်။ ရှမ်းအင်ပါယာ ချဲ့ထွင်စဉ် တပါတည်း လယ်ယာမြေများကိုလည်း ချဲ့ထွင်ခဲ့သည်။ ဘုရင်မင်းမြတ်နှင်တကွ တိုင်းသူပြည်သားများသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်၍ ငါးပါးသော သီလတော်ကို စောင့်ထိန်းကြသည်။ ခိုးဆိုးလုယက်မှု မရှိစေရန်လည်း တာမြစ်ထားသည်။ လာရောက်ကျူးကျော် သူရန်မှကာကွယ်နိုင်ရန်အတွက်လဲ အတားအဆီးများ ဆောက်လုပ်ခဲ့သည်။
၅။ အဘိရာဇာ (အေဒီ ၈၅၀) .... ကုလားဘုရင် အဘိရာဇာသည် ကုလားပြည်မြောက်ပိုင်းတွင် စစ်ရှုံး၍ ရှမ်းပြည် တကောင်းတို့ တိမ်းရှောင်လာခဲ့သည်။ ၎င်းတို့သည် နမ့်ကွီး (ဧရာဝတိမြစ်) အနီးတွင် စခန်းချနေထိုင်ကြသည်။ ထိုဒေသကို ဟင်္သာတ (HONG-SA) ဟုခေါ်တွင်သည်။ စစ်မက်ဖြစ်ပွားခြင်းမရှိပဲ နောက်ပိုင်းတွင် တပေ (TA-PAY) သို့ပြောင်းရွှေ့နေထိုင်ကြသည်။ ၎င်းတို့သည် အဆို၊ အတီး၊ အက၊ နက္ခတ်ဗေဒ၊ တိုင်းရင်ဆေး အစရှိသော ပညာရပ် အမြောက်အများ သယ်ဆောင်လာခဲ့ကြသည်။ ထို့သို့ အဖိုးတန်လှသော ပညာရပ်များကြောင့် ဒေသခံရှမ်းလူမျိုးများ၏ အလေးပေးဆက်ဆံလိုခြင်းကို ခံကြရသည်။ ၎င်း၏လူများတိုက်တွန်းချက်အရ ကုလားဘုရင် အဘိရာဇာသည် တကောင်းသို့ပြောင်းရွှေ့နေထိုင်ခဲသည်။ ထိုအချိန်တွင် တကောင်းဘုရင် ရှမ်းမင်းသားသည် ဗန်ဂျွန်း (Viang Chon) မြို့သစ်သို့ပြောင်းရွေ့မင်းပြုရာ ကုလားဘုရင်က တကောင်းကို ဆက်လက်မင်းပြုလေသည်။
၆။မိုင်းမောဝ်လုံကိုးစံပီ .... အေဒီ ၅၆၇ - ၁၄၄၈ (ရှမ်းနှစ် ၆၆၁ -၁၅၄၂) ခွန်လူး ၊ ခွန်လှိုင်းညီနောင်နှစ်ပါးမှ မောဝ်ရှမ်း အင်ပါယာကို (မိုင်းမောဝ်) စတင်တည်ထောင်ခဲ့သည်။ (မှတ်ချက် ... ယင်းညီနောင် တို့မတိုင်ခင်က ၄င်းတို့၏ ဖခင်နှင့် ၄င်းတို့၏ ဘိုးတော်က စတင်တည်ထောင်ခဲခြင်းဖြစ်သည်။ ယခုမှာ စာအုပ်ပါအရေးအသားကို ပြင်ဆင်ခြင်းမပြုလိုသဖြင့် မူရင်းအတိုင်း ပြန်ဆိုထားခြင်းဖြစ်ပေသည်။) ယင်းမောရှမ်းအင်ပါယာ၏ မြို့တော်မှာ ရွှေလီမြစ်ချိုင့်ဝှမ်း တစ်နေရာတွင် တည်ရှိခဲ့သည်။ ထိုခေတ်ကရှမ်းတို့သည် နမ့်ကွီ (ဧရာဝတီမြစ်)၊ နမ့်ခုံး (သံလွင်မြစ်) မှအစပြု၍ ကျိုင်းတုံ၊ ကျိုင်းဆန်၊ ကျိုင်းမိုင် (ကျိန်းမိုင်) အထိ တိုင်အောင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့လေသည်။ ဘုရင် စဝ်ဦးတင် လက်ထက်တွင် နမ့်မေဟောင်ဟို ၊ နမ့်ပရမ္မာပုတ္တရ ထိ လွမ်းမိုးနိုင်ခဲ့သည်။ ထိုခေတ်သည် ရှမ်းလူမျိုးတို့၏ တန်ခိုးအာဏာ ထွန်းလင်းတောက်ပ ခဲ့သော ခေတ်ဖြစ်ခဲ့။to id="1" />
၇။ ခွန်လူ၊ ခွန်လှိုင် နယ်မြေချဲ့ထွင်ခြင်း .... ၄င်းညီနောင်နှစ်ပါး လက်ထက်တွင် စီးပွားရေးနှင့် လူညီးရေ တိုးတက်စည်ပင်ခဲ့သည်။ စစ်မက်များအား စေလွတ်၍ နယ်မြေများကို ချဲ့ထွင်ခဲ့သည် ။ နယ်မြေတစ်နေရာအားရလျှင် ၄င်းတို့၏ သားတော်တစ်ပါးအား စေလွတ်၍ အုပ်ချုပ်မင်းလုပ်စေခဲ့ကြသည်။ မောဝ်အင်ပါယာတွင် နေထိုင်ကြသော တိုင်းသူပြည်သားများအား တစ်နှစ်လျှင်တစ်ကြိမ် အခွန်ဘဏ္ဏာများ ဆက်သစေခဲ့သည်။
၈။ ခွန်လူ၊ ခွန်လှိုင် ပိုင်ဆိုင်သောနယ်မြေများ ... ခွန်လူ၏သားတော် အကြီး ခွန်လုံ သည် တကောင်းပြည်ကိုအုပ်စိုးသည်။ ခွန်ဖက မိုင်းယန်း နှင့် မိုင်းမိုကို အပိုင်ရပြီး နှစ်စဉ်မြင်းဆက်သရသည်။ ခွန်ကူးက လမ်းပန်း နှင့် ကျိုင်းရှဲန်ကို အပိုင်ရပြီး ဆင်ဆက်သရသည်။ ခွန်ကိုဝန်ဖ က မိုင်းယော ကို အပိုင်ရပြီး နှစ်စဉ် ရွှေ ဆက်သရသည်။ ခွန်လှက ကြာလိင်နယ်ကို အပိုင်ရပြီး ရေကြက် ဆက်သရသည်။ ခွန်ကျာ့ က အာဝနယ်ကို အပိုင်ရပြီး နှစ်စဉ် ကျောက်မျက်ရတနာ ဆက်သရသည်။ ခွန်ဆူက မိုင်းယု ကို အပိုင်ရသည်။

0 comments:
Post a Comment