ဘယ်သူ့အတွက် “စွမ်းရည်” လဲ ?
Rozoner King created a doc.
[By Khin Maung Nyo ]ခင်မောင်ညို(ဘောဂဗေဒ)
“စွမ်းရည်” ဆိုတာ ဘာကိုခေါ်တယ်လို့ သိရုံနဲ့ မပြီးသေးပဲ၊ ကိုယ့်မှာ၊ ကိုယ့်အဖွဲ့အစည်းမှာ၊ ကိုယ့်လူ့ဘောင်မှာ ဘယ်လိုစွမ်းရည်တွေ လိုအပ်နေသလဲဆိုတာကိုလည်း သိဖို့လိုပါသေးတယ်။ ဘာလုပ်တဲ့စွမ်းရည်လဲ၊ ဘယ်သူ့အတွက...် စွမ်းရည်လဲ၊ ဘယ်ပတ်ဝန်းကျင်အတွက် စွမ်းရည်လဲ၊ အဲဒီအမြင်ကိုရော လက်တွေ့အဖြစ်ဘယ်လိုပြောင်းလဲနို
မကြာသေးမီက အစိုးရဌာနတချို့က ဌာနရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဆွေးနွေးလာကြတာဟာ ဌာနတွေရဲ့ လေ့လာသုံးသပ်ဖော်ထုတ်နိုင်စွမ်း
\
သက်ဆိုင်ရာပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုယ်နှိုက်က သဘောပေါက်၊ လက်ခံ၊ တာဝန်ယူ၊ ပြုပြင်ပြောင်းလဲလိုစိတ်၊ ဘေးပယောဂ၊ ဖိအား၊ တွန်းအား တစုံတရာမပါ၊ တာဝန်ယူပြီဆိုရင်တော့ စွမ်းရည်မြင့်လာဖို့ လမ်းမှန်ပေါ်ရောက်ပြီလို့ ဆိုရမှာပါ။ အဲဒီလိုမဟုတ် ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက်၊ အထက်လူကြီး ဒါမှမဟုတ် အထက်အဖွဲ့အစည်းမှာပဲ တာဝန်ရှိတယ်လို့ ယူဆရင်တော့ စွမ်းရည်မမြင့်နိုင်သေးပါဘူး။ သင်တန်းတွေ၊ အစည်းအဝေးတွေမှာ ၀တ်ကျေတန်းကျေ လာတက်တဲ့သူတွေကိုကြည့်ရင် စွမ်းရည်မြှင့်ဖို့အရေး ဝေးသေးတယ်လို့ ဆိုရမှာပဲ။
ပြီးတော့ စွမ်းရည်ဆိုတာ တသမတ်တည်း တက်နေတာမျိုးမဟုတ်၊ တက်လိုက်-ကျလိုက်၊ သေနေလိုက်ဖြစ်တတ်ပါတယ်။ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ မက်လုံးပေးပုံပေးနည်းနဲ့ အဖွဲ့အစည်းတွေရဲ့ အလေ့အထအပေါ်မှာလည်း မူတည်ပါတယ်။ မကြာခဏပြောမိတဲ့ စကားတစ်ခွန်းကတော့ လူညံ့တွေကို မြှောက်စားတာဟာ၊ လူတော်တွေကို နှိပ်ကွပ်ထားတာနဲ့ အတူတူပါပဲ။
လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်တွေမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ တစုံတရာဖြစ်ပြီဆိုရင်လည်း စွမ်းရည်မြှင့်တင်ဖို့ အလားအလာကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။
မိတ်ဆွေတစ်ယောက်က သူကောက်ခံရရှိတဲ့ စာရင်းဇယားတွေအကြောင်း ပြောပြပါတယ်။ အမှန်အတိုင်း ကောက်ခဲ့လို့ပြောတော့ အရင်တုန်းက မှန်းချေတွေနဲ့ စာရင် နိမ့်ကျသွားတယ်တဲ့။ တချို့ကလည်း လျှော့ပြောတယ်။ တချို့ကလည်း လုံးဝမပြောဘူး။ သေချာတာကတော့ စာရင်းကောက်သူရဲ့ ဆန္ဒနဲ့ ဖြည့်စွက်ထားတာ လုံးဝမပါဘူးတဲ့။ ဒါလောက်ဆိုရင်ကို အတော်လေးတိုးတက်မှုရှိလာပြီလို့ ကျွန်တော်ကတော့ လက်ခံချင်တာပါပဲ။ ပိုပြီး အရေးကြီးတဲ့၊ သူ့ရဲ့ အထက်လူကြီးတွေနဲ့ အထက်အဖွဲ့အစည်းတွေလည်း လက်ခံချင်စိတ်၊ တာဝန်ယူလိုစိတ်နဲ့ စွမ်းရည်တွေ ရှိပါစေလို့ ဆုတောင်းရတာပါပဲ။
ကျွန်တော်တို့တတွေ မကြာခဏပြောသလို ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ခေါင်းဆောင်မှုအတော်လေး အရေးကြီးပါတယ်။ ခေါင်းဆောင်မှုဆိုတာ တကယ်တော့ အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ အားကောင်းမောင်းသန်တဲ့ နိုင်ငံရေးစိတ်စေတနာတွေရှိနေရင်
ဒီလိုပြောလို့ ခေါင်းဆောင်မှုတစ်ခုတည်းတင် အရေးကြီးတယ်လို့ မဆိုလိုပါ။ မျက်စေ့ဖွင့် နားဖွင့်ထားရင် သူလုပ်တာကိုယ်မြင်၊ ကိုယ်လုပ်တာ သူမြင်နဲ့ တယောက်ကအစ ၊ တရာဖြစ်သွားနိုင်ပါတယ်။ တီထွင်ဆန်းသစ်တဲ့ အဖြေတွေ၊ အများအကျိုးကျေးဇူးရှိစေမယ့် စွမ်းရည်တွေဟာ၊ တခြားသူတွေဆီကို ကူးစက်သွားနိုင်ပါတယ်။ ဒါပေမယ့် နေ့စဉ် ရုံးတက်ရုံးဆင်းကိစ္စတွေထဲမှာပဲ မြုပ်နေရင်တော့ စွမ်းရည် တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အပြန်အလှန်လေ့လာဆည်းပူးနိုင်၊ အသုံးချနိုင်တဲ့ အခြေအနေတွေ၊ တန်ဖိုးထားမှုတွေ၊ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးထားရပါမယ်။
(၂၄.၁၁.၂၀၁၁)
0 comments:
Post a Comment