Wednesday, November 23, 2011

ဟင်းလင်းပွင့် ပညာမျှော်စင် (သို့မဟုတ်) ဆမ်မျှူရယ် ဟန်တင်တန် အပိုင်း(၁)

 (ဆရာလင်းထက်ဇော် ဘာသာပြန်မူရင်း- Wave Magazine)-

by Peace Ful on Wednesday, November 23, 2011 at 6:59pm
ပထမအတွေ့ 

ဆမ်ဟန်တင်တန်ကို ပထမဆုံးအကြိမ်တွေ့ ဖူးစဉ်က ကျွန်တော် သူ့ တပည့် မဟုတ်သေးပါ။ ထိုစဉ်က ကျွန်တော်မှာ ယေးလ် တက္ကသိုလ်တွင် ပညာသင်ကြားနေသော ဘွဲ့ ကြိုကျောင်းသားတစ်ဦးသာ ဖြစ်ပါသည်။ အချိန်မှာ ယေးလ်မှာ သင်္ချာပါမောက္ခ ဆာဂျီလန်း၏ ထူးထူးခြားခြား တိုက်ပွဲတစ်ခုနှင့် ချိန်ခါသင့်တိုက်ဆိုင်နေချိန် ဖြစ်သည်။ ပါမောက္ခဆာဂျီက ဆမ်တစ်ယောက် အမျိုးသားသိပ္ပံ အကယ်ဒမီ တွင် ပါဝင်ခွင့် မရစေရန် အပြင်းအထန်တိုက်ပွဲဝင်နေသည်။ ဤသို့ သော အရပ်ရပ်အခြေအနေက ကျွန်တော့စိတ်ဝင်စားမှုကို သိမ်းပိုက်သွားတော့ရာ ကျွန်တော့မှာ ဟန်တင်တန် နှင့်သာ တွေ့ ဆုံမေးမြန်းဖို့ အကြောင်းဖန်လာတော့သည်။


ကျွန်တော်တို့ တွေ့ ဖြစ်ကြတော့ ဆမ်မှာ ထင်ထားသည်ထက်ပို၍စိတ်မသက်မသာဖြစ်နေဟန်ရှိသည်။ အမှန်စင်စစ် ပါမောက္ခဆာဂျီက သူ့ ကို သဲကြီးမဲကြီး တိုက်ခိုက်နေသည်မှာ သူ့ အကြောင်းနှင့်သူ ဖြစ်သည်။ သင်္ချာဆရာ၏အမြင်တွင် ဆမ်မှာ သိန်းငှက်ကြီးတစ်ကောင်ဖြစ်နေသည်။ (နိုင်ငံခြားရေးပေါ်လစီနှင့်ပတ်သက်လျှင် သဘောထားတင်းမာသူဟုဆိုလိုသည်။) ဗီယက်နမ်စစ်ပွဲကာလက ဆမ်တစ်ယောက် စာတမ်းတွေ အမြောက်အမြားရေးခဲ့သည်။ ထိုအထဲတွင် အစိုးရသို့ တင်သော အစီရင်ခံစာနှစ်စောင်ပါသလို၊ ' နိုင်ငံခြားရေးရာ' မဂ္ဂဇင်းတွင်လည်း ဆောင်းပါးနှစ်ပုဒ် ရေးခဲ့သည်။ တစ်ချိန်တွင်၊ ဤစာများကြောင့် ဆမ်ကို စစ်ရာဇ၀တ်ကောင်အဖြစ် စွဲချက်တင်နိုင်စရာရှိသည် ယူဆသဖြင့်၊ ဆာဂျီက သူ့ ကို အမျိုးသားသိပ္ပံအကယ်ဒမီ အဖွဲ့ ဝင်မဖြစ်စေလိုခြင်း ဖြစ်သည်။ တကယ်တော့ ဆမ်မှာ ဗီယက်နမ်စစ်နှင့်ပတ်သက်လျှင် သဘောထားတင်းမာသူဖြစ်ပြီး သူ့ သဘောထားအမှန်မှာ ငြိမ်းချမ်းရေးဘက်တော်သားဖြစ်ပါသည်။ "အမေရိကန် ပြည်ထောင်စုအနေနှင့် ဗီယက်နမ်ကိစ္စတွင် စစ်ရေးထက်နိုင်ငံရေး မဟာဗျူဟာကိုသာ ပိုအားပြုသင့်သည်"ဟု အခိုင်အမာဆိုခဲ့သူဖြစ်သည်။ သို့ သော် ပါမောက္ခဆာဂျီက သူ့ ကိုနားမလည်။ သူ့ စာတွေကြောင့် သူ့ အပေါ် ဥပါဒါန်ရောက်နေသည်။
အသေးစိတ်မမှတ်မိတော့သည့်တိုင် ကျွန်တော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ကြက်သေ သေနေမိသည်ကို ယနေ့ ထက်တိုင် သတိရနေပါသေးသည်။ ပါမောက္ခဆမ်နှင့် စကားပြောနေရင်းကပင် စိတ်ထဲက အလိုလို ရေရွတ်နေမိသည်။ 'ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်ပါသလဲ။ ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းလိုက်ပါသလဲ......"။ ပါမောက္ခဆမ်ဟန်တင်တန်မှာ ပေါ်လစီရေးရာ ဒီဘိတ်များကို သဘောထားကြီးကြီးဖြင့် ၀င်နွှဲနိုင်သူမျိုးဖြစ်သည်။ ပုဂ္ဂိုလ်ရေးမပါ၊ ကျယ်ပြန့် သော သဘောတရားရေးနယ်ပယ်တွင် ဘောင်ခတ်နိုင်သူဖြစ်သည်။ အဆိုတစ်ရပ်နှင့် ပတ်သက်လျှင် ဘာကခိုင်မာစေသည်၊ ဘာကြောင့်အားနည်းရသည် ဆိုသည်မျိုးကို အကျအန ရှင်းပြနိုင်စွမ်းသူဖြစ်ပါသည်။

ကျောင်းဆရာ "ဟန်တင်တန်"

နောင်နှစ်နှစ်ခန့် ကြာသောအခါ Ph.D ကျောင်းသားတစ်ယောက်အဖြစ် ကျွန်တော် ဟားဗတ်သို့ ရောက်သွားသည်။ သည်တွင် ကျွန်တော့်ဆရာ ဟန်တင်တန်နှင့် ပြန်လည်ဆုံဆည်းခွင့်ရခဲ့သည်။ ထိုစဉ်မှစ၍ ဆရာ့ပညာရိပ်တွင် ခိုလှုံခွင့်ရခဲ့ပါသည်။ ယနေ့ ဟားဗတ်တက္ကသိုလ်တွင် ပါမောက္ခဟန်တင်တန် အထိမ်းအမှတ်ပွဲများကျင်းပနေကြသောအခါ၊ အမေးပုစ္ဆာတစ်စုံက ကျွန်တော့်အသျိအာရုံတံခါးကို တဒေါက်ဒေါက် လာခေါက်နေတော့သည်။ "ကျွန်တော်တို့ အနေနှင့် ပါမောက္ခဟန်တင်တန်ကို ဘာကြောင့် တန်ဖိုးထားသင့်ပါသနည်း။" "သူ့ စာတွေကို ဘာကြောင့်ဖတ်သင့်ပါသနည်း။ "

အဖြေများစွာရှိနိုင်သည့်တိုင်၊ ကျွန်တော်တစ်ဦးချင်းအနေနှင့်ဆိုရလျှင်၊ ပါမောက္ခဆမ် ကိုယ်စားပြုသော အမြင်တစ်ခုကြောင့်ဟု ဖြေချင်ပါသည်။ "လူမှုရေးသိပ္ပံဆိုသည်မှာ "လွတ်ကိန်းရှင်" နှင့် "မှီကိန်းရှင်" ဆိုသောကိန်းရှင်ကြီးနှစ်ခု၏ အဆက်အစပ်ပင်ဖြစ်သည်" ဟု သူက ဖွင့်ဆိုပြသည်။ ကျွန်တော့်အတွက်တော့ အရိုးစွဲအောင် ခိုင်မာသွားစေသည့် ကျွန်တော်ချစ်သော ဘာသာရပ်၏ "သံခိပ် ဖွင့်ဆိုချက်ပင် ဖြစ်တော့သည်။ ကျွန်တော့်ဆရာ မကြာခဏပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။"မင်းအနေနဲ့ လွတ်ကိန်းရှင်ကြီးကြီးနဲ့ မှီကိန်းရှင်ကြီးကြီး ရှာဖို့ လိုလိမ့်မယ်ကွ။ ပြောရရင်ကွာ ပြဿနာကြီးကြီးကို ရှင်းပြဖို့ ၊ အကြောင်းရင်းရှာဖို့ လိုလိမ့်မယ်ကွ။ ပြောရရင်ကွာ ပြဿနာကြီးကြီးကို ရှင်းပြဖို့ ၊ အကြောင်းရင်း ကြီးကြီးနဲ့ စရမဲ့သဘောပေါ့။ အရေးမပါတဲ့ အသေးအဖွဲလေးတွေနဲ့ ရှင်းပြနေရင် ဘယ်သူက ဂရုစိုက်မှာလဲ။ ဥပမာ- ပြင်သစ်တော်လှန်ရေးအကြောင်း ရှင်းပြမယ်ဆိုပါတော့။ သာမန်အကြောင်းလေးတွေ ၁၉ခု၊ အခု ၂၀ နဲ့ ရှင်း၊ ဘယ်သူကမှ အလေးထားကြမှာမဟုတ်ဘူး။ အေး-အကြောင်းရင်းကြီးကြီး တစ်ခုကိုသာ ကိုင်လိုက်၊ ဘ၀င်ကျသွားပါလိမ့်မယ်။ "အိုကေ"ပေါ့။

တစ်ခါကလည်း၊ သူ ကျွန်တော့်ကို ယခုလို ပြောဖူးသည်။ "လောကကြီးက တယ်ရှုပ်ထွေးတာပဲ" လို့ များ မညည်းလေနဲ့  ကိုယ့်လူရေ။ အဲသလို အမြင်ရှိရင် မင်းဘယ်တော့မှ လူမှုသိပ္ပံ ပညာရှင် ဖြစ်မှာ မဟုတ်ဘူး။ လောကကြီး ရှုပ်ထွေးတာ လူတိုင်းသိတာပဲလေ။ လူမှုသိပ္ပံရဲ့အလုပ်က အရှုပ်ကိုရှင်းဖို့ ၊ ပြီးတော့ အနှစ်ထုတ်ပြဖို့ ............။" ဤသည်ပင် ပါမောက္ခဟန်တင်တန်က၊ သူ့ ကျောင်းသားများ၏ ရင်ထဲ အသည်းထဲသို့ စွဲနေအောင် ထည့်ပေးလိုက်သော လူမှုသိပ္ပံ ပညာရှင် တစ်ဦး၏ တာဝန်ဖြစ်ပါသည်။

ကျမ်းပြုဆရာ "ဟန်တင်တန်"

လူ့ သဘာဝက ဆံခြည်မျှင် သွေးကြောလေးတွေကိုသာ ရွေးလိုကြသည်(အလွယ်ကြိုက်သည်)။

Peace Ful  စာကူးရေးပေးနေရင် ဖဘ ကြောင်သွားလို့  နှစ်ပိုင်းခွဲပြီးတင်ပေးပါ့မယ်။ ကျမတော့ တော်တော် သဘောကျတယ်။ မူရင်းရေးသားသူက Fareed Zakaria ပါ။ မူရင်းဖတ်ချင်ရင်တော့ http://www.foreignpolicy.com/articles/2011/01/05/remembering_samuel_huntington ဒီလင့်မှာ ဖတ်နိုင်ပါတယ်ရှင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...