Saturday, November 26, 2011

ကွန်မြူနစ်ပန်းတိုင်သို့

by Wai Maw on Saturday, November 26, 2011 at 9:48am

ဆိုဗီယက်ခေါင်းဆောင်ကြီး ဘရက်ဇညက်က “ကွန်မြူနစ်စနစ်သို့ ချီတက်နေရာ မည်မျှကွာဝေးနေသေးသည် ကို ကွန်ပျူတာဌာနအား တွက်ချက်ခိုင်းလိုက်သည်။
ကွန်ပျူတာပညာရှင်များ ဒေတာ အချက်အလက်များကိုစုစည်းကာ ကွန်ပျူတာနှင့်တွက်ချက်လေသည်။ ကွန်ပျူတာတွက်ချက်နေရာ တစ်ရက်၊နှစ်ရက်၊သုံးရက် စသဖြင့် ကြာမြင့်စွာ အချိန်ယူတွက်ချက်နေပြီး နောက်ဆုံး၌ ၁၈ ကီလိုမီတာသာ ကွာဝေးတော့ကြောင်းအဖြေထွက်လာသည်။
ကွန်ပျူတာပညာရှင်များသည် တအံ့တသြဖြစ်သွားသည်။ တစ်ခုခုတော့ မှားယွင်းနေပြီဟုယူဆ လိုက်ကြ သည်။ ကွန်ပျူတာပရိုဂရမ်ထဲသို့ အချက်အလက်များပြန်ထည့်လိုက်ပြီး အဖြေရှာကြည့်ပြန်သည်။
သို့သော် ၁၈ ကီလို မီတာဟူသော အဖြေသာထွက်လာသည်။ ကွန်ပျူတာဌာနတွင် ကာလကြာမြင့်စွာကပင် တာဝန်ထမ်းဆောင်နေ သော သန့်ရှင်းရေးအလုပ်သမားကြီးက ၀င်ပြောလိုက်သည်။
“ခဏနေကြပါအုံး၊ အဖြေကမမှားပါဘူး။ မှန်တာမှ သွေးထွက်အောင်ကို မှန်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲဘော်ကြီး ဘရက်ဇညက်က ပြောထားတယ်လေ။ ငါးနှစ်စီမံကန်းတစ်ခု ပြီးတိုင်း ပြီးတိုင်း ကွန်မြူနစ်ပန်းတိုင် ဆီသို့ ခြေတစ်လှမ်း တိုးသွားပြီတဲ့”
နိုင်ငံရေးဟာသကဏ္ဍ

ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၀

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...