Thursday, November 10, 2011

တိုက်ဆိုင်လိုက်တာ

by So Min Oo on Friday, November 11, 2011 at 12:47am
 
လူတစ်ယောက်က စားသောက်ဆိုင် တစ်ခုရဲ့ဘားမှာထိုင်ပြီး ဝိုင်နီ တစ်ခွက် မှာပါတယ်။

သူ့နံဘေးကမိန်းမက ကျွန်မလည်း အဲဒါပဲမှာလိုက်တာလို့ ပြောတော့ သူက "ကျွန်တော် ကတော့ ပျော်စရာကြုံလို့ ဂုဏ်ပြုတဲ့အနေနဲ့သောက်မှာ"လို့ ဆိုပါတယ်။

အမျိုးသမီးကလည်း"တိုက်ဆိုင်လိုက်တာရှင်။ကျွန်မလည်း ပျော်စရာရှိနေလို့ ဝိုင်နီမှာ သောက်တာ "လို့ဆိုတော့ အမျိုးသားက ဘာများလဲလို့ မေးတော့"ကျွန်မတို့လင်မယားက အိမ်ထောင်ကျတာကြာပြီ။ ဒါပေမယ့် ကလေးမရဘူး။ ဒီနေ့ ဆရာဝန်က ကျွန်မမှာ ကိုယ်ဝန် ရှိနေပြီလို့ ပြောလိုက်တာနဲ့ ပျော်နေတာ"လို့ ဆိုပါတယ်။

အဲဒီအခါမှာအမျိုးသားက "တိုက်ဆိုင်လိုက်တာဗျာ။ကျွန်တော်က ကြက်မွေးမြူရေး လုပ်တာ ပါ။ ကျွန်တော့ကြက်မတွေ ဥမဥတာကြာပြီ။ ဒီနေ့ ကြက်မတွေ ဥပြန်ဥလို့ ပျော်နေတာ" လို့ဆိုတော့ အမျိုးသမီးက"ရှင်က ဘယ်လိုနည်းလမ်း သုံးလိုက်လို့တုံး"လို့ မေးပါတယ်။

ဒီတော့သူက "ကျွန်တော်လား၊ ကြက်ဖတွေလဲလိုက်တယ်လေ။ ခင်ဗျားရော"လို့ မေးလိုက် တော့ အမျိုးသမီးက "အို၊ တိုက်ဆိုင်လွန်း လိုက်တာရှင်"တဲ့။

မြန်မာတိုင်း(မ်)

ခဏဖြစ်ဖြစ် ရယ်မောနိုင်ကြပါစေ
စိုးမင်းဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...