လူ နဲ့ ဦးနှောက် (သရော်စာ)
Posted by အလင်းနှစ် on November 24, 2011 at 8:10pm in စာတိုပေစများ
ဟိုရက်ပိုင်းလောက်က ဂျာနယ်တစ်စောင်မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတော့ ၀မ်းသာလိုက်
တာဗျာ ပြောကိုမပြောချင်ဘူး။ မပြောချင်ဘူးဆိုမှတော့ ပြောချင်တာ တစ်ပိုင်းသေနေလို့ပေါ့။ သတင်း
ကဒီလိုဗျ။ သေဆုံးနေတဲ့ ဦးနှောက် အစိတ်ပိုင်းနေရာမှာ ကွန်ပျူတာချပ်စ်ပြားလေးထည့်သွင်းလိုက်တာ
နဲ့ သေဆုံးနေတဲ့ ဦးနှောက် အစိတ်အပိုင်းတွေ ပြန်အလုပ်လုပ်လာပြီး ဦးနှောက်ပြန်ရှင်သန်လာမယ်တဲ့ဗျ။
ဒီတော့ ခင်ဗျားတို့ကပြောမယ်။ ဦးနှောက်သေတာကို ပြန်ရှင်အောင်လုပ်တာ မင်းက ဘာဝမ်းသာရတာလဲ။ မင်းက သေနေလို့လား (ဦးနှောက်)လို့။ အဲဒီလိုတော့ ဟုတ်ဘူးပေါ့။ ဒါပေမယ့်  ဆရာ
်သမားပဲစဉ်းစားကြည့်လေ။ သေနေတဲ့ ဦးနှောက်ကိုတောင် ရှင်အောင်လုပ်လို့ ရတယ်ဆိုမှတော့ အလင်းနှစ်
တို့လို ငတုံးတွေကိုလည်း IQတွေကောင်းလာအောင် လုပ်လို့ ရတော့မှာပေါ့ဗျ။ အဲဒါကြောင့် ပြောတာ။
အဲဒီ ချပ်စ်ပြားလေးသာမြန်မာပြည်ရောက်လို့ကတော့ ၀ယ်ကိုတပ်ဦးမှာလို့။
ပြီးတော့ ခင်ဗျားပဲစဉ်းစားကြည့်တော့၊ အဲဒ်ီချပ်စ်ပြားလေးတပ်လိုက်လို့ လူတွေအများကြီး
ဦးနှောက်ကောင်းသွားကြပြီဆိုပါတော့။ ဟော အခု ကမ္ဘာမှာဖြစ်နေတဲ့ စီးပွားပျက်ကပ်တွေ၊ နှူးကလီ
ယားပြဿနာတွေ၊ နောက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ကမ္ဘာကြီးပူနွေးလာမှုတွေအဲဒါတွေ၊ အဲ
ဒါတွေကို ခုလို လူတစ်ယောက်စ နှစ်ယောက်စနဲ့ စဉ်းစားနေကြတဲ့နေရာမှာ အားလုံးဝိုင်းပြီး စဉ်းစားကြ
တော့ အဖြေမြန်မြန်ထွက်သွားရော။
စကားစပ်မိလို့ ဟိုစီးပွားပျက်ကပ်အကြောင်းပါတော့ ပြောချင်လာပြန်ရော။ ကြုံတုန်းလေး
ကြွားရဦးမယ်။ ကျွန်တော်အလင်းနှစ်ကလည်း စီးပွားရေးပညာအဓိကနဲ့ အဝေးသင်ယူနီဗာစတီကြီးက
ဘွဲ့ရထားတဲ့ စီးပွားရေးပညာရှင်တစ်ယောက်ကိုးဗျ ဟဲဟဲ။ ဒီတော့ကာ ဟိုတလောက အစည်း အဝေး
လုပ်တဲ့ G-20 တို့ဘာတို့လောက် မဟုတ်တောင်မှ ကိုယ့်အိုးနဲ့ကိုယ့်ဆန်တန်ရုံတော့ စဉ်းစားရတာပေါ့

0 comments:
Post a Comment