Wednesday, November 23, 2011

မြန်မာ-အမေရိကန် ဆက်ဆံရေး ယခုထက် ပိုကောင်းရန်လိုကြောင်း အမေရိကန်သမ္မတ အိုဘားမား ပြောကြား

by Moenge Aung on Thursday, November 24, 2011 at 6:15am
Envoy News

မြန်မာ-အမေရိကန် ဆက်ဆံရေးသည် ယခုသွားနေသော ဆက်ဆံရေးထက် ပိုကောင်းသော ဆက်ဆံရေးဆီသို့ သွားရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက  နိုဝင်ဘာ ၁၆ တွင် ပြောကြားသည်။ အမေရိကန်သမ္မတသည် သြစတြေးလျနိုင်ငံသို့ ရောက်ရှိစဉ် အဆိုပါနိုင်ငံ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပေါ်ထွန်းစနိုင်ငံ ဖြစ်ကြောင်း၊ ပြည်သူကို အခြေခံသော အဖွဲ့အစည်း၊ ပြည်သူအကျိုးပြု အဖွဲ့အစည်းများမှ တစ်ဆင့် ပြည်သူအတွက် အစိုးရဖြစ်အောင် စွမ်းဆောင်ရန်လိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းရန် အတွက် အစိုးရဖြစ်အောင် စွမ်းဆောင်ရန်လိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းရန်အတွက် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စများကို ရှင်းလင်းစွာ ဆက်လက် ပြောဆိုသွားမှာဖြစ်ကြောင်း သမ္မတအိုဘားမားက ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ပြန်လည် လွတ်မြောက်လာခြင်းများအပေါ် ကြိုဆိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
 ပြီးခဲ့သော နိုဝင်ဘာ ၁၄ ရက်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာမာ့စ်တိုနာက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများ ဖယ်ရှားရန်အတွက် မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီရေးနှင့် နိုင်ငံပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့် လုပ်ဆောင်သွားရန် လိုကြောင်း၊ အစိုးရနှစ်ရပ်ကြား အပြုသဘောဆက်ဆံရေး တိုးတက်သည့် လက္ခဏာများ တွေ့မြင်လာရကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ထည့်သွင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ က ထွက်ခွာသွားရာ အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ အိုဘားမားလည်း တက်ရောက်ရန် ရှိကြောင်း၊ နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံရန် မျှော်လင့်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာပြည် ခရီးစဉ်တွင် ပြောကြားခဲ့သည်။

 အေသင်မီဒီယာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...