မိဘနဲ့ သားသမီး ဆက်ဆံရေး
by Htoo Tint Naing on Friday, September 23, 2011 at 12:56pm
ဘုရား တရား သံဃာ မိဘ ဆရာ တွေဟာ အနန္တော အနန္တဂိုဏ်းဝင်ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဘာဖြစ်လို့ အဲလိုခေါ်တာလဲ မေးစရာရှိတယ်။ ကျေးဇူးရှိလို့ ပါ။ ဘယ်လိုကျေးဇူးရှိတာလဲ ထပ်မေးစရာ ရှိပြန်တယ်။ အကောင်း အဆိုး ၊ အကြောင်းအကျိုး ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိကိုပေးလို့ ။ ဟုတ်ပြီ။ ဒါဖြင့် ဘယ်လောက်အထိကျေးဇူးရှိသလဲ ? ၁ သင်္ချေ ဆိုတာ ၁ ရဲ့ နောက်မှာ သုညအလုံး ၁၄၀ ရှိတယ်။ အနန္တ ဆိုတာ အဲဒီ အသင်္ချေပေါင်းများစွာကိုခေါ်တာ။ အဲဒီ အနန္တ ပေါင်းများစွာကိုမှ အနန္တောလို့ ခေါ်တယ်။ ဒါကြောင့် ဘုရား တရား သံဃာ မိဘ ဆရာ တို့ ရဲ့ ကျေးဇူးဟာ အနန္တော အနန္တရှိတယ်။ ရေတွက်လို့ မရနိုင်လောက်အောင် ကျေးဇူးကြီးမားကြတယ်။
အဲဒါကြောင့် မိဘတို့ ရဲ့ ကျေးဇူးကို အလွယ်နည်းနဲ့ ဆပ်လို့ မရနိုင်ဘူး လို့ မြတ်စွာဘုရားကဟောကြားထားပါတယ်။ တစ်နည်းပြောရရင် ဤကမ္ဘာမြေပြင်တစ်ခုလုံးမှာ ရှင်ဘုရင် နှင့် မိဖုရားကြီး ဖြစ်အောင် မိဘနှစ်ပါးကို သားသမီးတွေကထားပေးကြတယ်။ အဲလိုထားပေးလို့ မိဘကျေးဇူးဆပ်တာ ကျေပြီလို့ မထင်လိုက်ကြပါနဲ့ တဲ့။ အဲဒီလောက်နဲ့ လည်း မကျေသေးပါဘူးတဲ့။ ဒါဖြင့် ဘယ်လိုကျေးဇူးဆပ်နည်းမျိုးနဲ့ မှ ကျေရာရောက်မှာလဲလို့ မေးစရာရှိလာပြန်ပါတယ်။ အောက်မှာဖော်ပြထားပါတယ်။
မိဘကျေးဇူးကိုကျေလည်အောင် ဆပ်နည်းကားရှိပါသေး၏။ ထိုနည်းမှာ သဒ္ဒါတရားမရှိသော မိဘများကို သဒ္ဒါတရားရှိလာအောင် ၊ နဂိုက ဘုရား တရားနှင့် အရိယာ သံဃာကိုမယံလျှင် ယုံလာအောင် ၊ နောက်ဘ၀ရှိကြောင်း အကုသိုလ်ပြုလျှင် ဆင်းရဲဒုက္ခရောက်ရမည့်အကြောင်း ၊ ကုသိုလ်ပြုမှချမ်းသာသုခရမည့်အကြောင်းများကိုမယုံလျှင် ယုံလာအောင် ၊ သီလမရှိလျှင် သီလရှိသူဖြစ်လာအောင် ၊ နှမြောစေးကပ်သူဖြစ်လျှင် နေရာတကာ မနှမြောအောင် ၊ ပညာမရှိလျှင် ပညာရှိလာအောင် ဟောပြောပေးနိုင်ပါမူ မိဘကျေးဇူးကိုကျေလည်အောင် ဆပ်ရာရောက်ပေသည်။
အဂုင်္တ္တိုရ် ၊ ဒုကနိပါတ် ၊ သမစိတ္တ၀ဂ် ၊ ဒုတိယသုတ်
နောက်တစ်ခုက မိဘတို့ ကို မြတ်စွာဘုရားရှင်က နာမည်သုံးမျိုးပေးထားသေးတယ်။ ဘာတွေလဲဆိုတော့ မိဘတို့ ကို ဗြဟ္မာ လို့ လည်းခေါ်တယ် ၊ လက်ဦးဆရာ လို့ လည်းခေါ်တယ် ၊ အလှုခံပုဂ္ဂိုလ် လို့ လဲခေါ်တယ်။ အဲဒီတော့ မိမိတို့ က ကိုယ့်မိဘတွေကို အိမ်မှာ ကျွေးမွေးစောင့်ရှောက် ပြုစုပူဇော်ထားတယ်ဆိုရင် အဲဒီအိမ်ကို ဗြဟ္မာ နှင့် ဆရာ ၊ အလှုခံပုဂ္ဂိုလ်အမြဲရှိနေသောအိမ်ပဲ လို့ အဂုင်္တ္တိုရ် ၊ တိကနိပါတ် ၊ ပဌမပဏ္ဏာသက ၊ ဒေ၀ဒူတ၀ဂ် ၊ ပထမသုတ် မှာ ဖွင့်ဆိုထားပါတယ်။
ဟုတ်ပြီ။ ဒါ သားသမီးတွေသိသင့်တဲ့မိဘတို့ ရဲ့ အကြောင်း နှင့် ကျေးဇူးဆပ်နည်း။ ကျွှန်တော်ဆွေးနွေးချင်တာက မိဘ နဲ့ သားသမီး ဆက်ဆံရေးအပိုင်းပါ။ ဒီခေတ်မှာ မိဘ နဲ့ သားသမီးတို့ အဆင်မပြေဖြစ်တာတွေလည်းရှိသလို အဆင်ပြေနေကြတဲ့ မိဘနဲ့ သားသမီးတွေလည်းအများကြီးပါ။ သားသမီးတွေ မိဘကို ကလန်ကဆန်လုပ်တာတွေလည်း ကျွှန်တော်တွေ့ ဘူး မြင်ဘူး ကြုံဖူးတယ်။ မိဘ နဲ့ သားသမီး ဆက်ဆံရေးကောင်းမွန်လာအောင် ဆောင်ရန် ရှောင်ရန်အချက်လေးတွေ ကျွှန်တော်စဉ်းစားမိသလောက် ကျွှန်တော်တွေးကြည့်မိသလောက် ၊ ကျွှန်တော်ခံစားမိသလောက် ပြောကြည့်ပါ့မယ်။
မိဘနဲ့ သားသမီး relationship သည် ပွင့်ပွင့်လင်းလင်း နဲ့ တိုင်တိုင်ပင်ပင်ရှိတဲ့ relationship ဖြစ်ရမယ်။ သားဖြင့် ဘာလုပ်မယ် ၊ သမီးဖြင့်ဘာလုပ်မယ် ဆိုပြီးတော့ မိဘကိုဦးစားပေးတိုင်ပင်တဲ့အလေ့အကျင့်ကိုလုပ်ရမယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် မိဘကိုအရိုအသေပေးတာနဲ့ တူတူပဲ။ လေးစားတာနဲ့ တူတူပဲ။ ဒီနေရာမှာ မိဘတွေကလည်း ခေတ်နဲ့ အညီ ဖြစ်သင့်ဖြစ်ထိုက် ၊ လုပ်သင့်လုပ်ထိုက်တာတွေကို သားသမီးတွေအတွက်နားလည်ပေးရမယ်။ ကိုယ့်ခေတ်ဟောင်းပေတံနဲ့ တစ်ချိန်လုံးလိုက်တိုင်းနေလို့ တော့မရဘူး။ အလုပ်မဖြစ်ဘူး။ ကိုယ်က ဒါလုပ်ချင်တယ် ၊ မိဘက ပိတ်တယ်။ မိဘက ဒါလုပ်စေချင်တယ် ၊ ကိုယ်ကမလုပ်ချင်ဘူး။ အဲဒါနဲ့ ကလန်ကဆန်တွေပြန်ပြော ၊ ပြသာနာတွေဖြစ်။ တစ်ချို့ နေရာတွေကျ မိဘတွေက ဗဟုသုတနည်းတဲ့လူတွေဆိုရင် အဆင်မပြေဖြစ်ကြပြန်ရော်။ အဲဒီအခါ သားတို့ ဘာဖြစ်လို့ ဒီလိုလုပ်တယ် ၊ သမီးတို့ ဘာဖြစ်လို့ ဒီလိုလုပ်တယ် ဆိုပြီး သားသမီးက အေးအေးဆေးဆေး အကျိုးသင့်အကြောင်းသင့်ပြန်ပြောပြရတယ်။ အဲဒီအခါ မိဘကလည်း "ဒါ ငါတို့ ကိုဆရာပြန်လုပ်နေတာပဲ။ ပြန်ခံပြောနေတာပဲ" ဆိုပြီး ထပွဲကြမ်းလို့ မရဘူး။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်လေးစားပြီးတော့ အသိအမှတ်ပြုပြီးတော့ သေသေချာချာစဉ်းစားဆုံးဖြတ်ရတယ်။
နောက်တစ်ချက်အနေနဲ့ ကျွှန်တော် ဘုန်းဘုန်းဦးဇောတိက ဟောကြားသော လမ်းပျောက်သူ တရားတော်နဲ့  ကိုးကားဖော်ပြချင်ပါတယ်။ ဘုန်းဘုန်းက ဒီလိုအဆိုရှိပါတယ်။
သားသမီးဆိုတာ မိဘအပေါ်အရမ်းမှီခိုတတ်တယ်။ မိဘက သားသမီးကို ချစ်ချစ်ခင်ခင်ဆက်ဆံတဲ့အခါ သားသမီးစိတ်ထဲမှာ Secure ဖြစ်နေတယ်။ သားသမီးတွေ တစ်ခါတစ်လေ တစ်ခုခုလုပ်လိုက်လို့ အမှားပါသွားရင် ကိုယ့်စိတ်တိုင်းကျမဖြစ်ခဲ့ရင် အော်လိုက် ငောက်လိုက် “သွား နင့်ကိုမချစ်တော့ဘူး။ ” လို့ ပြောကြည့် ၊ ကလေးတွေရဲ့ စိတ်ထဲမှာ ချက်ချင်းကို Secure မဖြစ်တော့ဘူး။ အဲဒီတော့ သားသမီးတွေအကြောက်ဆုံးက မိဘက မချစ်မှာပဲ။
ဟို…ငယ်ငယ်ကလေးတွေမှ မဟုတ်ဘူးနော်။ အသက်ကြီးတဲ့ ဥပမာ အသက် ၄၀ ၅၀ အရွယ်လူကြီးတွေလည်း သူတို့ မိဘတွေ မချစ်မှာကိုအရမ်းကြောက်တာ။ “အမေက ငါ့ကိုပိုမချစ်ဘူး။ ငါ့အထက်က အစ်ကို့ ကိုပိုချစ်တယ်။ ” ( အမေက ငါ့ကိုမချစ်ဘူး။ ငါ့ညီမလေးကိုပိုချစ်တယ်။) အဲလိုမျိုးတွေတွေးပြီးတော့ကို စိတ်မကောင်းဖြစ်တယ်။ ခံစားကြတယ်။ အဲဒီတော့ မိဘက ကိုယ့်ကိုပိုချစ်ဖို့ အရေးကိုပိုကြိုးစားချင်ကြတယ်။ မိဘက ကိုယ့်ကို မချစ်ဘူးဆိုရင် အင်မတန်အားငယ်တယ် ၊ စိတ်ဓာတ်ကျတယ်။
ဘုန်းဘုန်းရဲ့ အသိ ဒကာကြီးတစ်ယောက် ပြောတာ မှတ်ထားဘူးတယ်။ သူတစ်ခုခုလုပ်မယ်ဆိုတိုင်း မိဘကိုအရင်ပြောပြလေ့ရှိတယ်တဲ့။ “ဟာ ငါလည်းအသက်ကြီးနေပါပြီလေ။ ပြောစရာမလိုတော့ပါဘူး။” အဲလိုမျိုးဘယ်တော့မှ မတွေးဘူးတဲ့။ မိဘက နားမထောင်ချင်ရင်တော့ တစ်မျိုးပေါ့။ ကိုယ့်မိဘက ကိုယ့်ကို သိတယ် ၊ နားလည်တယ် ၊ တန်ဖိုးထားတယ် ဆိုရင် သိပ်အားရှိတယ်။ ဘာကျေနပ်မှုနဲ့ မှ မတူဘူး။အဲဒီတော့ မိဘနဲ့ သားသမီးရဲ့ relationship ဆိုတာ First relationship ။ အဲဒီ relationship သည် အင်မတန်ခိုင်မြဲတယ် ၊ အင်မတန်ကြီးမားတယ် ၊ ဘယ်တော့မှ ကုန်သွားပြီ ၊ ပြီးသွားပြီ ၊ ပြတ်သွားပြီ မရှိဘူး။ တစ်ခြား relationships တွေနဲ့ မတူဘူး။ သူတို့ က ပြီးသွားပြီ ၊ ပြတ်သွားပြီလို့ ပြောချင်ရင် ရနိုင်သေးတယ်။ မိဘနဲ့ သားသမီးကတော့ ဘယ်တော့မှ မရနိုင်ဘူး။
အဲဒီတော့ သားသမီးတွေက မိဘတွေသူတို့ ကိုမချစ်မှာအကြောက်ဆုံးပဲ။ ဘာဆိုင်လို့ လဲလို့ မေးချင်မေးပါလိမ့်မယ်။ ချစ်တာပေါ့ သားသမီးပဲ ဘယ်မိဘကမချစ်မှာလဲ ပြောပါလိမ့်မယ်။ ဟုတ်ပါတယ် ချစ်ပါတယ်။ ဒါပေမယ့် အမူအရာလေးနဲ့ တော့လုပ်ပြရမယ်။ အရိပ်အကဲလေးတော့လုပ်ပြရမယ်။ ဒါကလည်း မိဘ နဲ့ သားသမီး relationship ထဲမှာအရေးကြီးတဲ့အချက်တစ်ချက်ပဲ။ မိဘက ကိုယ့်ကိုချစ်ချစ်ခင်ခင် ဆက်ဆံတယ် ၊ ကိုယ့်လုပ်ရပ်တွေကို အသိအမှတ်ပြုတယ် ၊ ချီးကျူးတယ် ဆိုရင် သားသမီးတွေစိတ်ထဲကြည်နူးတယ် ၊ ၀မ်းသာတယ် ၊ ပျော်တယ်။ မိဘတွေက စိတ်ထဲမှာတစ်ကယ်မရှိရင်တောင် သားသမီးတွေအတွက် အသိအမှတ်ပြုတဲ့ပုံလေးတော့လုပ်ပြသင့်တယ်။ အဲဒါမှ သားသမီးလည်း စိတ်ချမ်းသာမှာ။ အဲလိုတွေမလုပ်ဘူးဆို သားသမီးက "အဖေ နဲ့ အမေက ငါဘာလုပ်လုပ် ကောင်းတယ်လည်းမပြောဘူး ဆိုးတယ်လည်းမပြောဘူး။ ဘာမှမပြောဘူး။ အတန်းထဲမှာ အဆင့် ၁ ရလို့ လည်းမချီးကျူးဘူး။ ဘယ်လိုကြီးလဲ ။" ဆိုပြီး စိတ်ထဲအားငယ်တတ်တယ်။ ပြသာနာက အဲဒါက စတာပဲ။ အဲဒီတော့ သားသမီးက ဘာလုပ်လုပ် ဘာဖြစ်ဖြစ် မိဘကို မတိုင်ပင်တော့ဘူး။ ပြသာနာတွေဖြစ်လာတဲ့အခါကျ မိဘက စိတ်တိုင်းမကျလို့ ပြောဆိုဆုံးမတဲ့အခါ "အဖေတို့ အမေတို့ က ကျွှန်တော်ပြောတာကို အရေးလုပ်လို့ လား ၊ ဘယ်နှစ်ခါများ သားကိုအသိအမှတ်ပြုဖူးလို့ လဲ ၊ ပြောတော့လဲ အဖတ်မလုပ်ကျပဲနဲ့ ကို " ဆိုပြီး ကလန်ကဆန်တွေလုပ်ကုန်ရော်။
မိဘတွေ အဲဒီနေရာမှာ အရှိန်အ၀ါတွေ သြဇာအာဏာတွေသွားသုံးရင် ပိုဆိုးသွားလိမ့်မယ်။ ပြောချင်တာက "ငါက မိဘ။ ငါလုပ်တာပဲနားထောင်။ ငါခိုင်းတာလုပ်။ နင့်ကိုကောင်းစေချင်လို့ ပြောတာ။ ပြန်မပြောနဲ့ " အဲဒါမျိုးတွေသွားပြောရင်ပိုဆိုးကုန်ရော်။ အဲဒီတော့ မိဘတွေကလည်း သားသမီးတွေအပေါ်မှာ မာန်မာနမကြီးပါနဲ့ ။ " ငါကမိဘပဲ။ ငါသိ ၊ ငါတတ် ၊ သားသမီးဆိုတာ ငါတို့ ပြောတာပဲ နားထောင်ရမယ်။ ငါတို့ စိတ်တိုင်းကျပဲ။ ငါတို့ ခိုင်းတာပဲလုပ်ရမယ် " ဆိုပြီးတော့ အဲလိုလုပ်လို့ မရဘူး။ သားသမီးက ကိုယ့်ကို ဘယ်လိုအလေးထားတယ်ဆိုတာကို အသိအမှတ်မပြုတော့ဘူး။ နားမထောင်တော့ဘူး။ ဂရုမစိုက်တော့ဘူး။ ငါမိဘ ၊ ငါလုပ်ရင် အကုန်ရတယ်ဆိုပြီး လုပ်ချင်ရာလုပ်တော့တာပဲ။ အဲလိုစိတ်မျိုးဝင်သွားရင် Psychic inflation လို့ ခေါ်တယ်။ အဲလို psychic inflation မျိုးလည်း ၀င်လို့ မဖြစ်ဘူး။ မ၀င်ရဘူး။ အဲလိုဆိုရင် မိဘ နဲ့ သားသမီး relationship သည်ကောင်းမွန်သော အဆင်ပြေသော relatinoship ဖြစ်မည်မဟုတ်။
အဲဒါက သားသမီးတစ်ယောက်ပဲ ရှိသေးတဲ့မိဘတွေကြုံရတဲ့အဖြစ်အပျက်။ သားသမီး ၂ ယောက် ၃ ယောက်ရှိတဲ့မိဘတွေကျတော့တစ်မျိုးကြုံတယ်။ ဘယ်လိုကြုံရလဲဆိုရင် " အဖေက ငါ့ကိုတော့ ဘာမှမပြောဘူး။ အငယ်မလေးကိုကျတော့ ချီးကျုးနေလိုက်တာ။ ရင်းရင်းနှီးနှီးဆက်ဆံနေလိုက်တာ။ ခေါ်တာကိုက အစ သမီးငယ်။ ငါ့ကျ ဖိုးသားတဲ့။ ခေါ်တာကိုက မတူတော့ဘူး။ အလတ်မကျ အကျီ င်္ဝယ်လာတယ်။ သားအတွက်ကျ ၀ယ်မလာဘူး။ အငယ်မ စာမေးပွဲအောင်တာလေးကျ လက်စွပ်ဝယ်ပေးတယ်။ သား ၅ ဘာသာဂုဏ်ထူးထွက်တာကျ ဘာမှမ၀ယ်ပေးဘူး။ " ဒါသားသမီးတွေစိတ်ထဲက ဖြစ်နေတဲ့ခံစားချက်တွေ။ အကြီးတွေ အငယ်တွေနဲ့ သွားသွားနှိုင်းပြီးဖြစ်လာတဲ့ခံစားချက်တွေ။ အဲဒီမျိုးအချိန်မှာ မိဘတွေက "ဟဲ့ နင်ကအကြီးလေ။ ဟိုကအငယ်တွေမို့ ဝယ်ပေးတာ။ နင့်ကိုဝယ်ပေးပြီးသားလေ။ " ဆိုပြီး နင် နင် နင် တွေနဲ့ ပြောလိုက်မိရင် သားသမီးက တစ်ခွန်းမကျန်ပြန်ပြောကုန်ရော်။ အဲဒီတော့ မိဘတွေကလည်း အကြီးဖြစ်ဖြစ် အငယ်ဖြစ်ဖြစ် သားသမီးတိုင်းကို မခွဲခြားပဲ အားလုံးအပေါ် ရင်းရင်းနှီးနှီးဆက်ဆံပြီး အသိအမှတ်ပြုကြောင်း ချစ်ကြောင်းပြရမယ်။ အခေါ်အဝေါ်က အစ သားသမီးတွေအတွက် သိပ်တန်ဖိုးကြီးတယ်။ သား လို့ ခေါ်တာနဲ့ နင် တို့ ဖိုးသားတို့ ဆိုပြီးခေါ်တာနဲ့ တောင်မတူဘူး။
ကလန်ကဆန်လုပ်ရခြင်းနောက်အချက်တစ်ချက်ကတော့ မိဘတွေဆုံးမမှုအားနည်းတာရယ် နဲ့ ဆုံးမမှုနည်းလမ်းအချို့ မကိုက်ညီတာရယ်ကြောင့်ဖြစ်တယ်။ တစ်ချို့ ကျ မိဘတွေကို မလေးစားတာလည်းပါတယ်။ ဘာလို့ မလေးစားရတာလဲဆိုရင် သူတို့ စိတ်ထဲမှာ အခဲမကြေဖြစ်နေတဲ့ကိစ္စတစ်ခုခုကြောင့်ပဲ။ "သူတောင် ဒီလိုလုပ်သေးတာပဲ ၊ ငါလည်းလုပ်တာဘာဖြစ်လဲ။ ငါတို့ ကို မလုပ်စေချင်ရင် သူတို့ လည်းမလုပ်နဲ့ ပေါ့။ " အဲဒီလိုတွေခိုင်းနှိုင်းပြောဆိုလာတတ်တယ်။ အဲဒီတော့ မိဘတွေကလည်း စံပြမိဘတွေဖြစ်ဖို့ လိုအပ်တယ်။
သားသမီးလေးတွေဖျင်းလာတာဟာ မိခင်တွေအလုပ်များလာလို့ ပဲ။ အနာဂတ်သားသမီးတွေဟာ လူတော်လူကောင်းများဖြစ်ဖို့ မိခင်လောင်းအမျိုးသမီးတွေက အလုပ်ကို ယောကျာင်္းများရဲ့ တစ်ဝက်လောက်သာ လုပ်သင့်တယ်။
အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
ဆရာတော်ကြီးအဆိုအရ မိခင်တွေပိုအရေးကြီးတယ်။ မိခင်တွေကလည်း သားသမီးတွေနဲ့ ပိုပြီး တရင်းတနှီး အနီးကပ်နေကြတယ်ဆိုတော့ သားသမီးတွေကလည်း မိခင်တွေကို ပိုခင်တွယ်တယ်။ အဲဒီတော့ ငယ်ငယ်ကတည်းက မိဘတွေ သားသမီးတွေကို အချိန်ပေးပြီး သေသေချာချာဆုံးမရမယ်။ ဆုံးမတဲ့အခါမှာလည်း နည်းစနစ်ကျကျ ၊ ဥပမာ ဘာဖြစ်ဖြစ် ရိုက်မယ် အော်မယ် ဆူမယ် ဆိုတာမျိုးတွေချည်းပဲတော့ လုပ်လို့ မရဘူး။ အကျိုးသင့် အကြောင်းသင့် သားသမီးစိတ်ထဲမှာစွဲသွားအောင် ဆုံးမသွန်သင်ပေးရမယ်။ တစ်ခြားသော ဆုံးမတဲ့နည်းလမ်းမျိုးတွေနဲ့ သားသမီးကို ဆုံးမရမယ်။ ကျွှန်တော့်ဖေဖေ ဆို ကျွှန်တော့်ကို ရိုက်လေ့မရှိဘူး။ ကျွှန်တော်အမှားလုပ်မိရင် ဖေဖေက Warning ၃ ခါအမြဲပေးတယ်။ ပထမ တစ်ခါမှားတာနဲ့ ဖေဖေက အကျိုးသင့် အကြောင်းသင့်ရှင်းပြတယ်။ နောက်မလုပ်ဖို့ သတိပေးတယ်။ နှစ်ခါမြောက်ကျတော့ ကျွှန်တော်ဘာဖြစ်လို့ ထပ်လုပ်လည်း မေးပြီး ရှေးနည်းတူ ဆုံးမပြန်တယ်။ သုံးခါပြည့်ရင်တော့ ဘာမှမပြောတော့ပဲ ၃ ချက်ရိုက်တယ်။ ကျွှန်တော့်ဘ၀မှာ ဖေဖေရိုက်တာ ၁ ခါပဲ ခံဖူးတယ်။
အဲဒီလို စည်းစနစ်ကျကျ ဆုံးမထားတဲ့အခါ မိဘတွေအပေါ်မှာ သားသမီးတွေက အလိုလိုလေးစားတဲ့စိတ် ၊ ရိုသေတဲ့စိတ် ၊ အထင်ကြီးတဲ့စိတ်တွေဖြစ်လာတယ်။ မိဘတွေအတွက် ဂုဏ်ယူတတ်လာတယ်။ အဲဒီတော့ မိဘစကားကိုနားထောင်တယ်။ ဘောင်အတွင်းက နေကြတယ်။
သားသမီးတွေအတွက်အရေးအကြီးအဆုံးကတော့ မိဘကို မစော်ကားမိဖို့ ပဲ။ အဲဒါလောက် အရေးကြီးတဲ့အချက်မရှိတော့ပါဘူး။ တစ်ချို့ သားသမီးတွေ မိဘကိုခေါ်တာ အိမ်က ဘဲကြီး ၊ အဖိုးကြီး ၊ တစ်ချို့ ဆို သောက်ကောင်ကြီး အဲလိုကိုခေါ်တာ ကျွှန်တော့်သူငယ်ချင်းထဲမှာရှိတယ်။ အဲဒါတွေကျ မိဘကိုစော်ကားတာ။ နောက် တစ်ချို့ က မိဘက တစ်ခွန်းပြော ကိုယ်လည်းတစ်ခွန်းပြန်ခံပြော။ မိဘက တစ်ချက်ဆို ကိုယ်ကလည်းတစ်ချက်။ "ထူးကြီးကလည်း ငါမှ အပိုပြန်မလုပ်တာ။ သူတစ်ချက်ဆို ကိုယ်လည်းတစ်ချက်ပဲပေါ့" လို့ ကျွှန်တော့်ကိုလာပြောတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းရှိပါတယ်။ "ထူးကြီးရာ ဘာမှမဖြစ်ပါဘူး။ အမေက အဲလိုပဲ။ ငါနဲ့ ရန်ဖြစ်နေကြ။ အော်နေ ငေါက်နေကြ။ နောက်တော့လည်းပြန်ကောင်းသွားတာပဲ" လို့ လည်း ကျွှန်တော်အပြောခံရဘူးတယ်။
မိဘဆိုတာ ရန်ဖြစ်တိုင်းကစားကောင်းတဲ့ လူမဟုတ်ဘူး။ ငါနဲ့ အမေနဲ့ က အဲလိုအမြဲချစ်နေကြ ဆို ဘယ်လောက်နားထောင်လို့ ကောင်းလိုက်မလဲ။ ပျော်ဖို့ ပီတိဖြစ်ဖို့ ကောင်းလိုက်မလဲ။ အဲလိုမှ မဟုတ်ပဲ ရန်ဖြစ်နေကြ ဆိုပြီးလုပ်နေရင် စော်ကားနေတာပဲ။ မိဘ ဆိုတာ ဘာကြီးဖြစ်နေဖြစ်နေ မိဘဟာ မိဘပဲ။ အနန္တော အနန္တဂိုဏ်းဝင်ဆိုတာ ဘယ်တော့မှ မမေ့သင့်ဘူး။ မိဘက မဟုတ်တာတွေလုပ်နေလို့ အနန္တော အနန္တဂိုဏ်းဝင် မဟုတ်ဘူး။ သူတို့ မဖြစ်သင့်ဘူး ၊ အဲဒါမျိုးတွေသွားပြောလို့ မရဘူး။ သူတို့ ကို အဆင့်သွားသတ်မှတ်ပေးလို့ မရဘူး။ သူတို့ လမ်းမှားနေရင် သူတို့ ဘာသာ သူတို့ သွားလိမ့်မယ်။ ကိုယ့်ဘက်က မိဘကို မစော်ကားမိဖို့ ပဲအရေးကြီးတယ်။ မိဘဆုံးဖြတ်ချက်တစ်ချို့ လွဲနေရင်လည်း လွဲနေတဲ့အကြောင်းကို သားသမီးက အေးအေးဆေးဆေး ပြေပြေလည်လည် နဲ့ ကောင်းကောင်းမွန်မွန် ပြန်ဖြေရှင်းပြရမှာ။ အဲလိုမှ မဟုတ် မိဘကလည်း အော် ၊ ကိုယ်ကလည်းပြန်အော် ဆို နှစ်ဘက်စလုံးပူပြီး အေးမှာမဟုတ်တော့ဘူး။
တစ်ချို့ မိဘတွေသည် ခေတ်ပညာသိပ်မကျွမ်းကျင်တာကတစ်ကြောင်း ၊ ဗဟုသုတနည်းတာကတစ်ကြောင်းဖြစ်တဲ့အတွက် သားသမီးတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သားသမီးတွေကိစ္စအုပ်ချုပ်ရာမှာ နည်းနည်းလွဲချော်မှုတွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလွဲချော်မှုဆိုတာ တမင်သက်သက် မကောင်းဖြစ်ပါစေ ဆိုပြီးတော့ မဟုတ်ပါဘူး။ ကိလေသာ ကင်းတဲ့ စိတ်ထား စိတ်မြတ် ၊ ဗြဟ္မာတွေအများဆုံးထားတတ်တဲ့ စိတ်လေးမျိုး ( မေတ္တာစိတ် ၊ ကရုဏာစိတ် ၊ မုဒိတာစိတ် ၊ ဥပေက္ခာစိတ် ) နဲ့ သားသမီးတွေကို ဆက်ဆံတဲ့အတွက်ကြောင့် အပြစ်ကင်းပါတယ် မေတ္တာကြီးပါတယ်။ ဒါတွေကို သားသမီးတွေသိနားလည်ပြီးတော့ မိဘကို ယဉ်ယဉ်ကျေးကျေး ပြေပြေလည်လည် အကျိုးသင့် အကြောင်းသင့်ပြန်ရှင်းပြတဲ့အခါ မိဘ နဲ့ သားသမီးကြား ပြေလည်တဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မိဘကိုစော်ကားတဲ့အပြစ်ကတော့ လွတ်လမ်းမရှိပါဘူး။ အဲဒီ အကုသိုလ်အကျိုးက ပေးကိုပေးမှာပါ။ ဇာတ်တော်တွေထဲမှာတော့ အဇာတသတ် ၊ ရှင်မဟာ မောဂ္ဂလာန် တို့ ဟာ ထင်ရှားတဲ့ဇာတ်တော်တွေပဲ။ မိဘကို စော်ကားမိလို့ ( သူတို့ ကျတော့ သတ်တာပေါ့ ) အကုသိုလ်ကံအကျိုးက ဘယ်လောက်ကြီးတယ်ဆိုတာ အားလုံးအထင်အရှားသိပြီးသားဖြစ်မှာပါ။ အဇာတသတ်ဟာလည်း ဖခင်ကိုသတ်တဲ့အကုသိုလ်ကံကြောင့် ငရဲမှာ နှစ်ပေါင်း ၈၄၀၀၀ ခံရမှာ။ ဒါပေမယ့် မြတ်စွာဘုရားထံမှာ သြဂါသနဲ့ ကန်တော့လိုက်တဲ့အတွက် ငရဲမှာ နှစ် ၈၀၀၀၀ ပဲ ခံရတော့မယ်။ ဒါ အမှားကို အမှားမှန်း အကုသိုလ်ကို အကုသိုလ်မှန်းသိလိုက်တဲ့အကျိုးကျေးဇူးပဲ။
ဇဋိလသူဌေးလောင်းကျတော့ သတိလက်လွတ်နဲ့ မြတ်စွာဘုရား နဲ့  ရဟန္တအရှင်သူမြတ်တစ်ပါးကိုစော်ကားမိတယ် ၊ ဒါပေမယ့် ချက်ချင်းပဲ ပြန်ဝန်ချတောင်းပန်ကန်တော့လိုက်တယ်။ အဲဒီလို ခဏလေး တစ်ခွန်းတည်း ပြောပြီး စော်ကားလိုက်မိတဲ့အကုသိုလ်ကံကြောင့် သူဌေးလောင်းဟာ ခုနှစ်ဘ၀တိတိရေမျှောခံရတယ်။ သူဌေးလောင်းဟာ သဒ္ဓါတရားကောင်းပြီးသား ပါရမီရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် ကယ်ဆယ်မယ့်သူပေါ်လာတယ်။ အဲဒါသည် ချက်ချင်းအမှားကိုသိပြီး အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ပြန်တောင်းပန်လိုက်တဲ့အတွက်ကြောင့် ယခုလိုအသက်ကယ်ဆယ်မဲ့ပုဂ္ဂိုလ်ပေါ်လာတာပဲ။ အဲဒီတော့ မြတ်စွာဘုရားနဲ့ တစ်ဂိုဏ်းတည်းထားတဲ့ မိဘကိုစော်ကားရင်လည်း ဘယ်လိုဖြစ်မယ်ဆိုတာကို အရိပ်အမြွက်လောက်တော့သိမယ်ထင်ပါတယ်။
“ကုသလာ ကုသလေ မနတိ၊ ဇာနာတီတိ မနုေဿာ”
ကုသိုလ်အကုသိုလ်ကို ခွဲခြားပြီးသိရမယ်တဲ့။ မသိရင် အဲဒါလူတောင် မဟုတ်ဘူးတဲ့။ မြတ်စွာဘုရားက အဲဒီလိုအမိန့် ရှိခဲ့တယ်။ အဲဒီတော့ သားများသမီးများ ဘယ်ဟာကုသိုလ် ဘယ်ဟာအကုသိုလ်ခွဲခြားသိတတ်ကြပါစေ။ ကျေးဇူးကိုကျေးဇူးမှန်း ၊ တန်ဖိုးကိုတန်ဖိုးမှန်းသိတတ်ကြပါစေ။ အဲဒါကြောင့် ကိုယ် မိဘကို ပြစ်မှားစော်ကားမိလိုက်တယ်လို့ သိလျှင်သိလိုက်ခြင်း ၀န်ချတောင်းပန်လိုက်ပါ။ ကန်တော့လိုက်ပါ။ မနောကံနဲ့ ပဲဖြစ်ဖြစ်ပါ။ ကိစ္စမရှိပါဘူး။ အဲလိုမှ မဟုတ်ပဲ ကိုယ့်အမှားကို အမှားမှန်းမသိ ၊ စော်ကားမိမှန်းမသိ ၊ အကုသိုလ်မှန်းမသိဆိုရင် အပြစ်ပိုကြီးပါတယ်။ ယနေ့ ကိုယ် ဒီလိုဒီအခြေအနေ ရောက်လာတာ ၊ နေနိုင်ထိုင်နိုင် စားနိုင်သောက်နိုင်တာဟာ မိဘကျေးဇူးဆိုတာသတိချပ်သင့်ပါတယ်။ ကျွှန်တော်တို့ လို လူငယ်တွေအနေနဲ့ ပိုပြီးတော့ သိတတ်သင့်ပါတယ်။
အထူးသဖြင့် မိခင်တွေဟာ သားသမီးတွေအပေါ်မေတ္တာစိတ်သိပ်ကြီးတယ်။ တစ်စုံတစ်ခုသော ကိလေသာမပါဘူး။ အရမ်းသန့် ရှင်းတယ်။ အဲဒါကို ပိဋကတ်တော်မှာဆိုထားတာတွေအများကြီးရှိတယ်။
မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော သားကို မိမိအသက်တမျှ အစဉ် စောင့်ရှောက်တယ်တဲ့။ သားတွေသမီးတွေကို ဘယ်လောက်ချစ်သလဲဆိုရင် သူ့ အသက်ပင်စွန့် လွတ်နိုင်ပါတယ်။ အဲဒါကို မြတ်စွာဘုရားက အပရိမာဏံ ဘာနဲ့ မှတိုင်းလို့ မရဘူးလို့ မိန့် တော်မူသွားပါတယ်။ အပရိမာဏမေတ္တာ နှိုင်းယှဉ်တိုင်းဆလို့ မရတဲ့မေတ္တာလို့ လည်း မိန့် တော်မူခဲ့ပါတယ်။ အဲဒီလို ကျေးဇူးတော် အနန္တနဲ့ ပြည့်စုံတဲ့ မိခင်ကို စော်ကားမိလိုက်ရင် အဲဒီ သားသမီး သွားမဲ့လမ်းက *ငရဲ* တစ်လမ်းပဲရှိမှာပဲ။ ရှင်မဟာမောဂ္ဂလာန် လို့ ရဟန္တတောင် ရှောင်လို့ မရဘူးဆိုတာလည်း ယနေ့ သားသမီးတွေ အမြဲဆင်ခြင်သင့်တယ်။
အဲဒီတော့ မိဘကို စိတ်ချမ်းသာအောင်ထားသင့်တယ်။ ကိုယ့်ကြောင့် မိဘ စိတ်ဆင်းရဲတယ် ၊ စိတ်ညစ်ရတယ် ၊ မျက်ရည်ကျရတယ် ဆိုတာလည်း တစ်နည်းအားဖြင့် မိဘကိုစော်ကားနေတာပဲ။ အဲဒါလည်း အပြစ်ကြီးတယ်။ အကုသိုလ်ကံထိုက်တာပဲ။ စိတ်ချမ်းသာအောင်ထားပါဆိုလို့ အရမ်းကြီးတကူးတက ထွေထွေထူးထူးမလုပ်နိုင်ရင်တောင် ဥပမာ ကျွှန်တော်တို့ လို အဝေးရောက်နေတဲ့လူငယ်တွေဆို မိဘဆီဖုန်းဆက်တဲ့အခါ "မေမေ နေကောင်းလား။ ကျန်းမာရဲ့ လား။ " ဆိုပြီး အစကလေးချီပြီးမေးလိုက်တာနဲ့ မိဘရင်ထဲမှာပြောမပြတတ်အောင် ၀မ်းသာသွားရတယ်။ ဒါမိဘတွေအသိဆုံးပဲနေမှာပါ။ မိဘစိတ်ထဲမှာကြည်နူးသွားတယ် ၊ ပီတိဖြစ်သွားတယ်ဆို ကိုယ်ကုသိုလ်ရတာပဲ။ အဲဒီလိုအသေးအမွားလေးတွေက အစဆင်ခြင်မှ မိဘနဲ့ သားသမီးဆက်ဆံရေးက သာယာမှာ။ စိုစိုပြေပြေရှိမှာ။ ခိုင်ခိုင်မာမာရှိမှာ။
စာလည်းတော်တော်ရှည်နေပြီဖြစ်တဲ့အတွက် အရှင်ဇနကာဘိဝံသရေးသားတဲ့ ဗုဒ္ဓဘာသာလက်စွဲစာအုပ်မှ ဆောင်ပုဒ်လေးတစ်ခု နဲ့ နိဂုံးချုပ်လိုက်ပါတယ်။
အလှူခံ ပုဂ္ဂိုလ်ထူး ၊ လက်ဦးတဲ့မြတ်ဆရာ
ထက်ကောင်းကင် ဗြဟ္မာမျိုး
တိုးလို့ မှတ်ပါ။
ထိုသူဟာ ဘယ်မှာနေငြား ၊ တခြား မောင်မရှာနှင့်
နောင်အခါ ပူဇော်ရမယ်
မိဘနှစ်ပါး။
Htoo Tint Naing
23-9-2011
4:44 am
မိဘ နှင့် သားသမီး ဆက်ဆံရေး (၂)
by Htoo Tint Naing on Friday, September 30, 2011 at 11:29am
ကျွှန်တော်ကိုယ်တိုင် စာရေးထားတဲ့အတိုင်းလိုက်နာနေပါတယ်။ အဲဒီအတွက်လည်း မေမေ နဲ့ ကျွှန်တော့်ရဲ့ ဆက်ဆံရေးဟာ ငယ်ငယ်လေးကတည်းက ယခုထိတိုင် ဘာအတိမ်းအစောင်း ၊ ပြသာနာတစ်စုံတစ်ရာ ၊ အထစ်အငေါ့မရှိခဲ့ဘူးပါဘူး။ ဒါ ကျွှန်တော်ကိုယ်တွေ့ ပါ။ ကျွှန်တော်က ကျွှန်တော် ကိုယ်တိုင်ကြုံတွေ့ နေရတဲ့အဖြစ်အပျက်လေးများ ၊ တွေ့ ကြုံ ခံစားခဲ့ရတာလေးများကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။ စေတနာ မေတ္တာထားပြီးတော့ အားလုံးကို သိစေချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ ထူးတင့်နိုင် စာရေးတာ မဟုတ်တာစိတ်ကူးယဉ်ပြီး နားထောင်ကောင်း ဖတ်လို့ ကောင်းအောင် ရေးနေတာ မဟုတ်ပါဘူး ဆိုတဲ့အကြောင်းကိုလည်း ထပ်လောင်းပြောကြားပါရစေ။
အခု ကျွှန်တော် ကိုယ်တိုင်တွေ့ ကြုံခံစားရတဲ့ မေမေ့မေတ္တာအကြောင်းလေးပြောပြချင်ပါတယ်။ ကျွှန်တော့်ဖေဖေဆုံးတာ ၂ နှစ်ရှိပါပြီ။ မေမေဟာ ဖေဖေ မဆုံးခင်ကတည်း မေမေ့မေတ္တာကို သူ့ သားတွေ သမီးတွေအပေါ်မှာ အပြည့်အ၀ထားခဲ့တာ ကျွှန်တော်အသိဆုံး။ အခု ဖေဖေ ဆုံးပြီးတော့ ပိုပြီးတောင် မေတ္တာထားတယ်လို့ ကျွှန်တော်ခံစားရတယ်။ ဖေဖေ ဆုံးတော့ မေမေစိတ်ထိခိုက်ပါတယ်။ ဒါပေမယ့် မေမေ တစ်ချက်ကလေး မညည်းပါဘူး။ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ကျွှန်တော်တို့ ရှေ့မှာမနေပြခဲ့ပါဘူး။ မေမေ စိတ်ဓာတ်တွေကျနေလို့ ၊ အလုပ်အကိုင်တွေအဆင်မပြေလို့ ကျွှန်တော်တို့ မောင်နှမသုံးယောက်ကို ယမယ်ရှာပြီး အော်တာ ငေါက်တာ ဆူတာ တစ်ခါမှ မရှိခဲ့ပါဘူး။ အမြဲတမ်း ကျွှန်တော်တို့ မောင်နှမ သုံးယောက်ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး စံပြ မိခင်အဖြစ်နေပြခဲ့တာပါ။ သူ့ သားသမီးတွေ လူတွေအလယ်မှာ မျက်နှာမငယ်စေရဘူး။ သားဘာလုပ်ချင်လဲ ၊ လုပ်ချင်တာအကုန်ဖြစ်စေရမယ်။ အကုန်လုံးလိုလေးသေးမရှိဖြည့်ဆည်းပေးခဲ့တာ။ ကျွှန်တော့်ကဗျာလေးထဲမှာရေးထားသလိုပေါ့ဗျာ။ သူဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ ၊ သူ့ သားဖြစ်ချင်တာ လုပ်ချင်တာကို အကုန်ဖြည့်ဆည်းပေးတာ။ ကျွှန်တော့်ကဗျာလေးကို မဖတ်ရသေးတဲ့ မိတ်ဆွေများ https://www.facebook.com/note.php?note_id=10150267459346628 မှာသွားဖတ်နိုင်ပါတယ်။ ဖတ်ကြည့်ပေးကြပါလို့ လည်း မေတ္တာရပ်ခံပါတယ်။ ကဗျာလေး နာမည်က အိုဘယ့်မေတ္တာ ပါ။
စက္က၀ါဠ သူစိဃရံ
အလွန်ကျယ်ပြန့် သော အတိုင်းအဆမရှိသော စကြာဝဠသည် မိဘမေတ္တာနှင့် နှိုင်းစာပါက အပ်နဖားလောက် ပမာဏသာရှိပေ၏။
မာတုပေါသကသုတ်
မိခင်မေတ္တာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ဖော်ပြပေးတဲ့ ဇာတ်တော်တစ်ခုကတော့ အားလုံးသိပြီးသားဖြစ်တဲ့ အဂုင်္လိမာလ ဇာတ်တော်ဖြစ်ပါတယ်။ အဂုင်္လိမာလ ရဲ့ မိခင် မန္တာနီ ပုဏ္ဏေးမကြီး ကို ဖခင် ပုဏ္ဏားကြီးက ဒီလောက်တားမြစ်တာတောင် သူ့ သားကို အသက်ဘေးမှလွတ်မြောက်စေလို့ တဲ့ ဇောနဲ့ "ငါ့ကိုလျှင် ငါ့သား သတ်လိုလျှင် သတ်ပစေတော့။ ငါ့သားကို မင်းက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းမှ ကင်းစေရာ" ဆိုပြီး ထမင်းထုပ်ရွက်ပြီးတော့ အင်္ဂုလိမာလရှိတဲ့ တောအုပ်ထဲကို ၀င်သွားတာတဲ့ဗျာ။ ဘယ်လောက် မိခင်တွေမေတ္တာကြီးမားလိုက်လဲဗျာ။ သားက လူဆိုးမို့ လို့ ၊ သူခိုးမို့ လို့ မေတ္တာမထားဘူးဆိုတာ လုံးဝမရှိဘူး။ မိဘတွေဟာ ကိုယ့်သားသမီး ဘာကြီးဖြစ်နေဖြစ်နေ အသက်ပေးပြီးချစ်တဲ့မိဘတွေချည်းပဲ။ အခုခေတ်မှာ သားသမီးတွေကသာ မိဘတွေအပေါ် အမြင်တစ်ချို့ လွဲနေကြတာ။ အခုနေများ မိဘအတွက် အသက်ပေးမလားမေးလိုက်ရင် ကိုကိုနဲ့ တိုင်ပင်လိုက်အုံးမယ်တို့ ၊ ချစ်ချစ်နဲ့ တိုင်ပင်လိုက်အုံးမယ်တို့ ဖြစ်ကုန်ကြမှာဗျာ။ မိဘတွေကတော့ အဲလိုမဟုတ်ပါဘူးဆိုတာ ဇာတ်တော်တွေထဲမှာ အားလုံးတွေ့ ကြတဲ့အတိုင်းပါပဲ။
သမုဒ္ဒေါ ပါတိကံ ယထာ
အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာသည် မိဘမေတ္တာ နှင့် နှိုင်းစာပါက မိုးရေတစ်စက်မျှလောက်သာဖြစ်ပေ၏။
မာတုပေါသကသုတ်
ကျွှန်တော့် အကြောင်းလေးနည်းနည်းပြောပါရစေ။ ကျွှန်တော့် ဖေဖေက အသည်း C ပိုးနဲ့ ဆုံးတာပါ။ ဖေဖေဟာ အရက်မသောက် ၊ ကွမ်းမစား ၊ ဆေးလိပ်မသောက် တဲ့လူတစ်ယောက်ပါ။ ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး မိဘအပေါ်အရမ်းသိတတ်တဲ့ ၊ မိသားစုအပေါ်အရမ်းသိတတ်တဲ့သူတစ်ယောက်ပါ။ ဘာဖြစ်လို့ C ပိုးရခဲ့လဲဆိုရင် တစ်ခါတုန်းက ဖေဖေ ဆေးရုံတက်ရပါတယ်။ အဲဒီမှာ သွေးလိုအပ်လို့ သွေးသွင်းရင်းနဲ့ C ပိုးပါလာတာလို့ မေမေက ကျွှန်တော့်ကိုပြောပြဖူးပါတယ်။
အဲဒါနဲ့ ကျွှန်တော်တို့ ဖေဖေ့ကို ဆေးစကုခဲ့ကြပါတယ်။ ရန်ကုန်မှာကုပါတယ်။ ဘန်ကောက်မှာ ကုပါတယ်။ အဲဒီနောက် ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ အသည်းတစ်ခြမ်းပေးမယ်ဆိုရင် ဖေဖေအသက်ရှင်နိုင်မှာပါတဲ့။ India မှာ အသည်းအစားထိုးသွားကုရမှာပါ။ ခန့် မှန်းခြေ သိန်း ၂၀၀၀ ကုန်ကျမယ်လို့ ဆရာဝန်ကြီးတွေကပြောပါတယ်။ အဲဒါနဲ့ မေမေက အိမ်ပြန်ရောက်လာပြီး ဖေဖေ့ ညီ ညီမ ၈ ယောက်ရှေ့မှာ ဆရာဝန်ကြီးပြောတဲ့အကြောင်းပြန်ပြောပြပါတယ်။ တိုင်ပင်ကြပါတယ်။ မေမေကလည်း သူ့ အသည်းကိုယူပါ။ ပေးပါ့မယ်။ ကျွှန်တော်ကလည်း အသက် ၁၉ နှစ်ပြည့်ပြီးဖြစ်တဲ့အတွက် ကျွှန်တော့်အသည်းကိုယူပါ။ ကျွှန်တော်ပေးပါမယ် ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် နောက်နေ့ ဆရာဝန်ကြီးနဲ့ ပြန်သွားတွေ့ တဲ့အခါ အသည်းအလှုရှင်သည် မိခင်တစ်ယောက်တည်းမှ မွေးဖွားလာသော မောင်နှမများသာဖြစ်ရပါမယ်ဆိုတဲ့အကြောင်းကို မေမေပြန်လာတော့ ကျွှန်တော့်ကိုပြောပြပါတယ်။ ကျွှန်တော်ဗျာ စိတ်မကောင်းဖြစ်လိုက်တာ။ လှုချင်ပါတယ်ဆိုတာတောင် ကျွှန်တော့်မှာ လှုခွင့်မရခဲ့ဘူး။ ဖေဖေ့ကိုကျေးဇူးဆပ်ခွင့်မရခဲ့ဘူး။ အရမ်းဝမ်းနည်းတယ်ဗျာ။
ကျွှန်တော် ဖေဖေကိုလွမ်းလို့ ရေးထားတဲ့ ကဗျာလေးကိုလည်း အားလုံးကို ဖတ်ရှုခံစားပေးစေချင်ပါတယ်ဗျာ။ https://www.facebook.com/note.php?note_id=10150099973066628 ကဗျာလေးနာမည်က ဒီဇင်ဘာအလွမ်းပါ။ ဖေဖေဆုံးတာ ဒီဇင်ဘာလမှာ မို့ လို့ ပါ။
ကျွှန်တော်က ဖေဖေ့ကိုလည်း သိပ်ချစ်တာ။ နောက် ဖေဖေ့ကိုသိပ်အားကျတာ။ ဖေဖေ့လို လူတစ်ယောက်ဖြစ်ချင်ခဲ့တာ ကျွှန်တော့်ရဲ့ ငယ်ငယ်ကတည်းက ဆန္ဒ။ ဖေဖေဟာ ငယ်ငယ်ကတည်းက ရဲရင့်တယ်။ ပြတ်သားတယ်။ အထူးသဖြင့် ကိုယ်ကျင့်တရားသိပ်ကောင်းတယ်။ လောကမှာ ကိုယ်ကျင့်တရားကောင်းဖို့ က ပထမ ဆိုတော့ ကျွှန်တော်မေမေ ဖေဖေ့ကိုရတာ သိပ်ကံကောင်းတယ်။ ဖေဖေရဲ့ ဥပတိဟာ တည်ကြည်တယ်။ ပြတ်သားတယ်။ ရဲရင့်တယ်။ သူဟာဘယ်အလုပ်ပဲလုပ်လုပ် သေချာပိုင်ပြီဆိုမှလုပ်တယ်။ အကွက်မြင်တတ်တယ်။ ကျွှန်တော်တို့ တစ်အိမ်လုံးကို သူဦးစီး ဦးဆောင်လုပ်ခဲ့တာ။ ဒီအခြေအနေ ဒီဘ၀ရောက်အောင် ဖေဖေပဲ ကြိုးစားလုပ်ကိုင်ခဲ့တာ။ ဖေဖေသာ မကြိုးစား အားမထုတ်ခဲ့ရင် ဒီနေ့ ထူးတင့်နိုင်လည်း ဒီဘ၀ ဒီအခြေအနေရောက်မှာမဟုတ်ဘူး။သိပ်ကျေးဇူးကြီးတယ်။ ဖေဖေ့ကို ပိုင်ဆိုင်ခွင့်ရတာလည်း ကျွှန်တော့်ဘ၀ရဲ့ အကြီးမားဆုံးပိုင်ဆိုင်မှုတွေထဲက တစ်ခုပဲ။ တစ်ခြားသူတွေ ရှေ့မှာ ကျွှန်တော့်ဖေဖေအတွက် ရဲရဲကြီး ဂုဏ်ယူတယ်။ ဖေဖေ့မှာ ဘာအပြစ်မှပြောစရာမရှိအောင် မိသားစုအတွက် အားလုံးအတွက် ပြည့်စုံတယ်။ ကျွှန်တော် ဒီမိဘနှစ်ပါးကို ပိုင်ဆိုင်ခွင့်ရလို့ ကျွှန်တော် တစ်သက် သေပျော်ပါပြီ။ ကျေးဇူးများသာ ဆပ်ခွင့်ရမယ်ဆို ပိုပြီးတောင် သေပျော်ပါသေးတယ်ဗျာ။
ပထ၀ီ ဝေဠုကပတ္တံ
ယူဇနာ နှစ်သိန်းလေးသောင်းအထုရှိသော မဟာပထ၀ီမြေကြီးသည် မိဘမေတ္တာနှင့် နှိုင်းယှဉ်လာပါက ၀ါးရွက်ငယ် တစ်မျှသာရှိသည်။
မာတုပေါသကသုတ်
နောက်တစ်ခုက မိဘနဲ့ စကားပြောတဲ့နေရာလည်း အရေးကြီးတယ်။ ကျွှန်တော်ဆို မေမေ့ကို "မေမေ" လို့ ခေါ်တယ်။ "အမေ" လို့ တောင်မခေါ်ဘူး။ "အမေ" လို့ ခေါ်လိုက်ရင် ကျွှန်တော့်စိတ်ထဲမှာ တင်းတင်းကြီး ခေါ်လိုက်သလို ခံစားရလို ။ "မေမေ" ဆိုတဲ့အခေါ်အဝေါ်လေးကျတော့ သိမ်မွေ့ တယ် ၊ နူးညံ့တယ် ၊ ပျော့ပြောင်းတယ် ၊ ရင်ထဲကိုအေးချမ်းသွားစေတယ်။ ကျွှန်တော့်အကြောင်းပြောရရင်တော့ ကျွှန်တော်ဆို မေမေနဲ့ တစ်ပတ် ၂ ခါလောက်ဖုန်းပြောဖြစ်တယ်။ မေမေနဲ့ ဖုန်းပြောရမယ်ဆို သိပ်ဝမ်းသာတာ။ ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ၊ မေမေ့အသံကြားလိုက်တော့ အားတက်သွားတယ်။ မေမေနဲ့ ဖုန်းပြောတိုင်း စိတ်ထဲအားရှိတယ်။ အဓိက က မေမေ့အသံကြားရုံလေးနဲ့ တင် အားရှိနေတာ။ တစ်ချို့ ကျ အဲလိုမဟုတ်ဘူး။ မိဘ ဆီကိုဖုန်းဆက်ရတာ ကိုယ့်ကောင်လေးတွေ ကောင်မလေးတွေဆီကို ဖုန်းဆက်ရတာလောက် စိတ်မ၀င်စားကြဘူး။ စိတ်မပါကြဘူး။ ၀တ်ကျေတန်းကျေ မို့ လို့ သာပဲ ဆက်နေပြောနေကြရတာ။ စကားပြောပြန်ရင်လည်း "အင်းပါ။ သိပါတယ်။ အမေကလည်း ဒါချည်းပဲပြောနေတာပဲ။ ဘယ်နှစ်ခါပြောနေမှန်းမသိဘူး။ အမေစိတ်ပူတာကိစ္စမရှိဘူး။ ဒါတွေချည်းခဏခဏပြောနေတော့ ကျွှန်တော့်က အနှောင့်အယှက်ဖြစ်တယ်။ စိတ်ညစ်တယ်။ " အဲလိုတွေပြန်ပြောကြတာ ကျွှန်တော်ကိုယ်တွေ့ ပါဗျာ ၊ တစ်ကယ်ကြုံဖူးတာပါ။ အတင်းကို ဖုန်းချဖို့ လုပ်နေကြတော့တာပါပဲ။ ၀မ်းနည်းစရာကောင်းလိုက်တာ။ ဘေးက ကျွှန်တော်တောင် ၀မ်းနည်းပါတယ်ဆိုတော့ ကာယကံရှင် မိခင်တွေ ဖခင်တွေ ဆို ဘယ်လိုနေမလဲဗျာ။
ကျွှန်တော်နဲ့ မေမေရဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခု ကျွှန်တော်ပြောပြပါအုံးမယ်။ ကျွှန်တော် မေမေ့ဆီကို ဖုန်းဆက်ရင်တော်တော်ပြင်ဆင်ရတယ်။ ကျွှန်တော့်စာထဲမှာရေးထားသလိုပေါ့ဗျာ ၊ ကျွှန်တော်က "မေမေ နေကောင်းလား။ ကျန်းကျန်းမာမာရှိရဲ့ လား " ဆိုပြီး ကျွှန်တော်ကမေးနေကျ ။ မေမေက သူ့ သားကိုဘယ်လောက်ချစ်သလဲဆိုတော့ ကျွှန်တော်က "Hello" ပဲပြောရုံရှိသေးတယ် ၊ မေမေက "သားလား ? သား နေကောင်းလား ? ခေါင်းတွေဘာတွေကိုက်သေးလား ? စာတွေကောလိုက်နိုင်ရဲ့ လား ? အားလုံးအဆင်ပြေလား။ " ဆိုပြီး သူကချည်းဆက်တိုက်ဦးအောင်မေးသွားတယ်။ မေမေ့ဆီကို ဖုန်းဆက်မယ်ဆိုတိုင်း "ငါ ဒီတစ်ခေါက်တော့ ဦးအောင်ပြောမယ် " ဆိုပြီးပြင်ဆင်ထားလိုက် ၊ မေမေက အရင်ဦးအောင်ပြောသွားလိုက်နဲ့ ။ ဘယ်လောက်ချစ်စရာကောင်းလိုက်လဲဗျာ။ မေမေ့မေတ္တာသိပ်ကြီးတယ်တာပဲ။ ဘယ်လောက်ပဲ အဆိုးတွေကြုံကြုံ ကျွှန်တော်ကတော့ ကိုယ့်ကိုကိုယ် ကံကောင်းတယ်ပဲသတ်မှတ်တယ်။ မေမေ့ရဲ့ သားဖြစ်လို့ ။ မေမေ့ကို ပိုင်ဆိုင်ရလို့ ။
သိရုနေ ဥန၀မ္မိကံ
ယူဇနာရှစ်သောင်းလေးထောင် အမြင့်ဆောင်ကာ မြင်းမိုရ်တောင်သည် မိဘမေတ္တာနှင့် နှိုင်းစာပါက နွားချို ပမာဏသာရှိပေ၏။
မာတုပေါသကသုတ်
ကျွှန်တော့်မေမေလည်း ကျွှန်တော့်ကို သူ့ အသက်လိုပဲချစ်တာ။ မိဘရဲ့ မေတ္တာကို သားသမီးက အဲဒီလိုခံစားရလေလေ သားသမီးက မိဘအပေါ် ပိုကြည်ညိုလေးစားစိတ်တွေနေ့ စဉ်နဲ့ အမျှ တစ်ဖွားဖွားဖြစ်လေပဲ။ အဲဒီအခါ မိဘနဲ့ သားသမီးဆက်ဆံရေးဟာ မေတ္တာတွေနဲ့ နွေးထွေးပြီးတော့ ကြည်နူးဖို့ ကောင်းတယ်။ အဲလိုဖြစ်လာတဲ့အခါ မိဘနဲ့ စကားပြောရမှာ ၊ ဥပမာ ကျွှန်တော်ဆို မေမေနဲ့ ဖုန်းပြောရမယ်ဆို သိပ်ဝမ်းသာတယ်။ ကြည်နူးတယ်။ မေမေ့အသံရဲ့ "သား" ဆိုတဲ့အသံလေးက ကျွှန်တော့်ရင်ထဲကိုအေးချမ်းသွားစေတယ်။ ဒါပေမယ့် ဒီနေ့ တစ်ချို့ လူငယ်တွေ ကျွှန်တော်တွေ့ နေရတယ်။ မိဘနဲ့ အဆက်အဆံမလုပ်ချင်ဘူး။ ဖြစ်နိုင်ရင် ကင်းကင်းရှင်းရှင်းနေချင်ကြတယ်။ ဆိုလိုတာက ကိစ္စအထွေအထူးမရှိဘူးဆို သားကလည်း အမေ့ဆီဖုန်းမဆက် ၊ သမီးကလည်း အမေ့ဆီဖုန်းမဆက်။ မေးထူးခေါ်ပြောလောက်ပဲ။ ခပ်တန်းတန်းပဲနေကြတယ်။ စကားမပြောကြဘူး။ လိုအပ်တဲ့နေရာမှ တစ်ခွန်း နှစ်ခွန်းပြောကြတယ်။ ကျွှန်တော်မေးကြည့်မိတယ် သူငယ်ချင်းတစ်ယောက်ကို။ သူက ဘာပြောလဲဆိုတော့ "ထူးကြီး ငါအမေ နဲ့ ဖုန်းပြောရင် အကြောမတည့်ဘူးကွ။ စကားများမှာ။ ငါသိတယ်" တဲ့။
ကျွှန်တော့်သူငယ်ချင်းပြောပုံကိုကြည့်လိုက်တာနဲ့  သူနဲ့ သူမိဘ ဆက်ဆံရေးကို ကျွှန်တော်အနည်းငယ်ခန့် မှန်းလို့ ရတယ်။ မိဘနဲ့ အဆက်အဆံမလုပ်ချင်ဘူး ၊ စကားမပြောချင်ဘူး ဆိုတာတွေဟာ မိဘ နဲ့ သားသမီးကြားထဲမှာ အဆင်မပြေမှုလေးတွေ ၊ ပဋိပက္ခလေးတွေ ၊ တစ်ချို့ ဆို မာနလေးတွေရှိနေတယ်။ ဘုန်းဘုန်းဦးဇောတိက က မထားအပ်သောမာန်မာနကို ခပ်တည်တည်နဲ့ သာ မောင်းထုတ်ပြစ်လိုက်ပါ လို့ အဆိုရှိပါတယ်။ သူများတစ်စိမ်းတွေနဲ့ တောင် မာန်မာနကို မထားအပ်သေးရင် မိဘနဲ့ ဆက်ဆံတဲ့အခါဆို သာတောင်ဆိုးပေါ့။
တစ်ချို့ က မိဘနဲ့ အဆင်မပြေဖြစ်နေတာကြာတော့ ပြန်ပြီး ကိုယ့်ဘက်က စ ပျော့ပြောင်းရမှာ ရှက်သလိုလို ကြောက်သလိုလိုဖြစ်နေကြတယ်။ လုပ်လိုက်ပါ။ ကိုယ့်ဘက်ကပဲ စပြီး မိဘကို ချစ်ချစ်ခင်ခင် ဆက်ဆံပြလိုက်ပါ။ လက်တွေ့ အကျိုးကို ခံစားကြည့်ကြပါ။ မိဘကလည်း ကိုယ့်သားသမီးက ကိုယ့်ကိုယုယတယ် ၊ ချစ်ကြောင်းတွေပြတယ် ၊ ကြင်ကြင်နာနာဆက်ဆံတယ်ဆိုရင် မိဘစိတ်ထဲမှာလည်း အားရှိနေတယ်။ အဲလိုပဲ သားသမီးကလည်း မိဘက ကိုယ့်ကိုချစ်ကြောင်းပြတယ် ၊ အသိအမှတ်ပြုတယ် ဆိုရင် စိတ်ထဲမှာ အားရှိနေတယ်။ အဲလို နှစ်ဦးနှစ်ဖက်အပြန်အလှန်အားရှိနေရင် မိဘနဲ့ သားသမီး ဆက်ဆံရေးသည်လည်း အားရှိနေမယ်။ နွေးထွေးနေမယ်။ ဘယ်တော့မှ ၊ ဘယ်လိုနည်းနဲ့ မှ မပြိုကွဲနိုင်ဘူး။ မိဘကလည်း "ငါ့နောက်မှာ ငါ့သား ငါ့သမီးရှိတယ်။" ဆိုပြီး အားရှိနေမယ်။ သားသမီးကလည်း ကိုယ်ဘယ်လောက်ပဲအဆင်မပြေဖြစ်နေဖြစ်နေ အားမငယ်ပဲ "ငါ့နောက်မှာ ငါ့ဖေဖေ နဲ့ ငါ့မေမေရှိတယ်။ " ဆိုပြီး ရင်ထဲမှာ အားအပြည့်နဲ့ ခေါင်းမော့နေနိုင်မယ်။
မိဘ နဲ့ သားသမီးဆက်ဆံရေးမပြေပြစ်ဘူး ၊ အမြဲကတောက်ကဆဖြစ်နေမယ် ၊ ရန်ဖြစ်နေမယ်ဆိုရင် အဲဒီသားသမီးရဲ့ ရှေ့ရေးဟာ မလွယ်ဘူး။ အခက်အခဲတွေများမယ်။ အဆင်မပြေဖြစ်ပြီဆိုကတည်း မိဘနဲ့ တွေ့ လိုက်တိုင်း positive thinking တွေမရှိတော့ဘူး။ မိဘကိုမြင်လိုက်တာနဲ့ ၊အသံကြားလိုက်တာနဲ့ Negative thinking တွေစပြီ။ အဲလိုနဲ့ ပဲ မိဘကို တစ်ဖြည်းဖြည်း စော်ကားဖို့ နီးလာတယ်။ ကျေးဇူးကိုသိမှ ကျေးဇူးရှိတာ။ သူတို့ က မိဘကျေးဇူးကို ကျေးဇူးမှန်းမသိတော့ ပစ်ပယ်လိုက်ဖို့ ၊ စော်ကားလိုက်ဖို့ ဝန်မလေးတော့ဘူး။ ဒီနေရာမှာ သားသမီးတွေတစ်ချက်မှတ်သားစေလိုတာက မိဘတွေကို ကိုယ်က တစ်ကယ် မေတ္တာစစ်နဲ့ ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တယ် ၊ တစ်ခါမှ မိဘဟာ ကိုယ့်ကြောင့် စိတ်ဆင်းရဲခြင်းမရှိခဲ့ရဘူး ၊ မိဘကို မစော်ကားခဲ့ဖူးဘူး။ အဲလိုမျိုးဆိုရင် မိဘနဲ့ ပတ်သတ်ပြီး သစ္စာမေတ္တာ အဓိဌာန်နိုင်တယ်။ အဲဒီ သစ္စာမေတ္တာ အဓိဌာန်ဟာ တစ်ကယ်ပဲ ထက်မြက်စူးရှတယ်။ ထိရောက်တယ်။ မိဘတွေကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကုသိုလ်ကံတွေ ၊ အကုသိုလ်ကံတွေရဲ့ အကျိုးတွေဟာ ချက်ခြင်းလက်ငင်း မဆိုင်းပဲ အကျိုးပေးနိုင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။
ကျွှန်တော်နာဖူးတဲ့ အောင်ဆန်းဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ ( မဟာကမ္မဠာနာစရိယ )ဟောကြားတော်မူသော မိဘကျေးဇူးဆပ်ဖူးပြီလား တရားတော်ထဲမှ အချို့ ကို ကောက်နုတ်ဖော်ပြချင်ပါတယ်။
သားကောင်းသမီးမြတ်တို့ ရဲ့ မိဘကျေးဇူးဆပ်နည်းကို မြတ်စွာဘုရားက သိင်္ဂါလသုတ်မှာဟောကြားထားတယ်။
ကျွေးမွေးမပြတ် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှုမျှဝေ၍
စောင့်လေမျိုးနွယ် ၊ ၀တ်ငါးသွယ်
ကျင့်ဖွယ် သားတို့ တာ။ ဆိုတဲ့ သားသမီးဝတ္တရားငါးပါး ကို သားသမီးတွေ မမေ့မလျော့ပဲ ဆောင်ရွက်ကြရမယ်။ မဆောင်ရွက်လျှင်ဝတ်ပျက်တယ်။ ၀တ်ပျက်လျှင် သီလပျက်တယ်။ သီလပျက်လျှင် အပယ်ကျမယ်။ အခြားအခြားသော ကုသိုလ်များက မလုပ်လျှင် ကုသိုလ်မရရုံပဲရှိမယ်။ အပြစ်မရှိဘူး။ ဒီ လုပ်ငန်းကတော့ မလုပ်လျှင် အပြစ်ရှိတယ်တဲ့။
သားသမီးဝတ်တွေမလုပ်လျှင်တောင် အပြစ်ရှိတယ်တဲ့။ မကျေရင်ဆို ဘယ်လောက်ဆိုးမလဲ။ မကျေတာထက် မိဘကိုပါ စော်ကားမိမယ်ဆို ဘယ်လောက်အထိကို ကြီးကြီးမားမား အပြစ်ဖြစ်နိုင်မလဲ။ တွေးတောင်မတွေးဝံ့ပါဘူးဗျ။ သားသမီးဝတ်တွေကျေတဲ့အခါ ကုသိုလ်လည်းရမယ် ၊ မိဘကျေးဇူးဆပ်ပြီးသားလည်းဖြစ်မယ် ၊ ယခုလက်ရှိဘ၀မှာပါ ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ နေရမယ်။ ဘယ်လောက်အကျိုးကျေးဇူးတွေများလိုက်သလဲ။ ကျေးဇူးဆပ်တယ်ဆိုတာ ပိုက်ဆံသိန်းသန်းချီပြီး မိဘကိုပေးနေမှ မဟုတ်ပါဘူး။ မိဘအနီးအနားမှာတစ်ချိန်လုံးနေပြီး ခြေစုပ်လက်နှယ်ပြုပြီးနေမှ ကျေးဇူးဆပ်တယ်မည်တယ်လို့ မဟုတ်ပါဘူး။ အခု ကျွှန်တော်တို့ လို့ အဝေးရောက်သားသမီးတွေအနေနဲ့ မိဘကို စိတ်ချမ်းသာအောင်ပြောမယ်၊ ဆိုမယ် ၊ မိဘကျေးဇူးကို အမြဲတမ်းရည်မှန်းပြီး မိဘကိုမေတ္တာပို့ ပေးနေမယ် ဆိုရင်လည်းပဲ ကုသိုလ်တွေဖြစ်နေတဲ့အတွက် ကျေးဇူးဆပ်နည်းတစ်မျိုးပါပဲ။ ကျေးဇူးဆပ်ရာရောက်နေတာပါပဲ။
အဲဒါကြောင့်သားသမီးတွေ သေသေချာချာပြန်စဉ်းစားစေလိုတယ်။ကိုယ် တစ်နေ့ တစ်နေ့ မိဘကို ဘယ်နှစ်ကြိမ်များသတိရဖူးလဲ ? ဖေဖေ နဲ့ မေမေ ကျန်းမာပါစေ ချမ်းသာပါစေ ဘေးအန္တရာယ်ကင်းရှင်းပါစေ သက်တော်ရာကျော်ရှည်ပါစေလို့ တစ်ကယ်ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ နေ့ တိုင်း ဆုတောင်းပေးဖူးပါသလား ? မေတ္တာရှင် (ရွှေပြည်သာ ) ဆရာတော်ရဲ့ စကားလေးကိုယူသုံးပြီးတော့ ကျွှန်တော့်စာလေးကို နိဂုံးချုပ်ပါရစေ။
အို........သားသမီးအပေါင်းတို့ 
မျက်ရည်မကျခင်သိစေချင်
Htoo Tint Naing
30-9-2011
2:57 am
ကျေးဇူးပါဘဲ အကိုရယ် ကျွန်တော်သိလိုစာမျိုးရှာနေတာကြာပြီအကို
ReplyDeleteကျွန်နော် က ရှမ်းပြည်က နယ်စပ်က မြို့တစ်မြို့ကပါ .ကျွန်တော့် ဘဝ
လည်း အကိုရဲ့စာဖတ်မိမှပဲ စိတ်ထဲက ကုလို့မရတဲ့ရောဂါဟာ ဆေး
တွေသလို ဖြစ်သွားတယ် တကယ်ပဲကျေးဇူးအများကြီးတင်ပါတယ် .
အကိုရဲ့ဘဝမှာအမြဲတမ်းပဲပျော်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်...