ကျေးဇူးပုံပြင်လေးပါ (ဗဟုသုတရအောင်ပို့ပေးလိုက်တာပါ)
မာမာ
တစ်လုပ်စားဘူးသူ့ကျေးဇူး" ဆိုတဲ့ စကားရှိတယ်မလား . . . ဘယ်လောက်ပဲ အသေးအဖွဲလေးပဲဖြစ်ဖြစ်. . . ကိုယ့်ကို ကောင်းကျိုးပြုဖူးရင် ဒါ ဟာ ကျေးဇူးပဲ. . . နောက်ပြီးတော့ ကျေးဇူးဆိုတာပြန်ဆပ်ကောင်းပါတယ် ဒါနဲ့ပတ်သက်ပြီး ဒီပုံပြင်လေးကို တစ်ခုရှိုပါတယ်. . .
ဒီပုံပြင်လေးကတော့ ကျေးဇူးသေးသေးလေးတွေကို လိုက်ဆပ်ရတဲ့ မိန်းမကြီး တစ်ယောက်အကြောင်းပါ. . . အဲဒီမိန်းမကြီး နာမည်က ဒေါ်ကျေးဇူးလို့ပဲ ထားလိုက်ပါတော့ . . . သူက သူများကျေးဇူးကို သိပ်ပြီး သိတတ်တာကိုး . . . ဒေါ်ကျေးဇူးက မုန့်ဟင်းခါးချက်တဲ့နေရာမှာ နာမည်ကြီးပဲတဲ့ . . . သူတို့နေတဲ့ ရွာနဲ့ အနီးပတ်ဝန်းကျင် ရွာတန်းရှည် တစ်လျှောက်လုံးမှာ အလှူမှာ ရှိပြီဆိုရင် ဒေါ်ကျေးဇူးက လိုက်ပြီး မုန့်ဟင်းခါးချက်ပေးနေကျပါ. . . .
မုန့်ဟင်းခါးချက်ရင်လည်း အားလုံး အစအဆုံးကို သူ့လက်သူ့ခြေလုပ်ရမှ စိတ်တိုင်းကျတာ ဒီတော့ သူတစ်ယောက်တည်း ပင်ပန်းတာပေါ. . . ဒါပေမယ့် သူ့လက်ရာကိုစားပြီးရင် တသသ ဖြစ်သွားရတာကြီးပါပဲ. . .
ဒီလိုနဲ့တစ်နေ့တော့ ဒေါ်ကျေးဇူး နေမကောင်းဖြစ်ပါလေရော . . . . ကျောက်ကပ် အားနည်းတဲ့ရောဂါဖြစ်ပြီး ခြေလက်တွေမသယ်နိုင်လို့ အိပ်ရာထဲဗုန်းဗုန်း လဲတော့တယ်. . . ဒါနဲ့ဒေါ်ကျေးဇူးက သူ့အိမ်နားက ဘမောင်ဆိုတဲ့ လူတစ်ယောက်ကို ဆေးဆရာသွားပင့်ပေးဖို့ အကူအညီတောင်းတယ် . . .
ဘမောင်က "ဆေးဆရာက ဘယ်ရွာမှာနေမှန်းမသိသေးဘူး ကြီးဒေါ်ရဲ့ ရွာထဲက ငတိုးက ဟိုစပ်စပ် ဒီစပ်စပ်ဆိုတော့ သူ့ကိုမေးကြည့်ပြီး မရရအောင် စုံစမ်းပေးမယ်" လို့ပြော သတဲ့. . .
ဒေါ်ကျေးဇူးလည်း "အေးကွယ် ၊ ကျေးဇူးပါပဲ ငါနေကောင်းရင် မင်းနဲ့ငတိုးကို မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြောသတဲ့ . . . .
တော်၂ကြာတော့ ငတိုးရောက်လာပြီး . . . "ဆေးဆရာနေတဲ့ နေရာကို သူမလို့ စိန်လှဆိုသူကို လှည်းနဲ့ တစ်ဆင့်ခိုင်းထားတယ် ဒေါ်ကြီးစိတ်အေးအေးသာနေလို့ "ပြောပြန်တယ်.
ဒေါ်ကျေးဇူးလည်း "အေးကွယ် ၊ ကျေးဇူးပါပဲ ငါနေကောင်းရင် ဘမောင်ရယ် ၊ နင်ရယ်၊ စိန်လှရယ်ကို မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြောပြန်သတဲ့ . . . .
တော်၂ကြာတော့ စိန်လှဟာ လှည်းနဲ့ရောက်လာပြီး "ကြီးဒေါ်ရေ ကျုပ်တော့ ဟိုဘက်ရွာကပြန်လာခဲ့ပြီ ဆေးဆရာ မတွေ့လို့ ဟိုဘက်ရွာက အောင်ဘုကို လှည်းပေးပြီး ဆက်ရှာခိုင်းထားတယ် ခုကျုပ် သူကြီးကိုပြောပြီး ကျန်တဲ့ရွာသားတွေအားလုံးကို ပါ လှည်းနဲ့ထွက်ရှာဖို့ နှိုးဆော်ခိုင်းထားတယ် " လို့ပြောသတဲ့ . . .
ဒေါ်ကျေးဇူးလည်း "အေး. . ကျေးဇူးပါပဲ ငါနေကောင်းလာမှ သူကြီးရော ရွာသားတွေရာ အားလုံးဖိတ်ပြီး မုန့်ဟင်းခါး ချက်ကျွေးမယ် "လို့ ပြန်ပြောသတဲ့ . . . .
ခဏကြာတော့ သူကြီးကိုယ်တိုင်ရောက်လာတယ် . . . "ကဲ ကျုပ်နှမကြီးရေ ဘာမှမပူနဲ့က . . . . ဟိုဘက်ရွာက သူကြီးတွေအားလုံးကို ကျုပ်စာပို့ပြီး အကူအညီတောင်းထားတယ် ဆေးဆရာကို တွေ့မှာပါ "လို့ပြောသတဲ့.
ဒေါ်ကျေးဇူးလည်း " ဟုတ်ကဲ့သူကြီး . . ကျွန်မ နေကောင်းလာမှပဲ သူကြီးရော၊ ရွာသားအားလုံးရော ဟိုဘက်ရွာက သူကြိးတွေကိုရော မုန့်ဟင်းခါး ချက်ကျွေးရမယ် " လို့ ပြောပြန်သတဲ့ . . . .
ညနေစောင်းတော့ ရွာတန်းရှည်တစ်ခုလုံးက သူကြီးတွေအားလုံး ဒေါ်ကျေးဇူးအိမ်ကို ရောက်လာကြတယ် . . .အားလုံးက "ကျုပ်တို့ရွာတိုင်းက ရွာသားတွေကို ဆေးဆရာရှာပြီး . . ပင့်ခိုင်းလိုက်ပြီ မကြာခင်ရောက်လာပါလိမ့်မယ် "လို့ပြောတော့ . . . .
ဒေါ်ကျေးဇူးလည်း "ဟုတ်ကဲ့ ၊ ကျွန်နေကောင်းလာမှပဲ ရွာတန်းရှည် တစ်ခုလုံးကို မုန့်ဟင်းခါး ချက်ကျွေးရဦးမယ်" လို့ ပြောပြန်သတဲ့ . . . .
ညဘက် မိုးစုံးစုံးချုပ်ခါနီးမျာ ပဲ ဆေးဆရာရောက်လာပါတယ် သူ့နောက်မျာ တော့ ဆေးဆရာပင့်လာတဲ့ . . ရွာသားတွေအုပ်စုလိုက်နဲ့ လှည်းတွေဆိုတာလည်း တန်းစီလို့တဲ့ . . .
ဆေးဆရာကဆေးကုပေးလိုက်တော့ ဒေါ်ကျေးဇူးလည်း နေကောင်းရော ဆိုပါတော့ . . . . နောက်တစ်နေ့မှာ တော့ ဒေါ်ကျေးဇူး ချွေးတစ်လုံးလုံးနဲ့ဟောဟဲလိုက်ေ အာင် မုန့်ဟင်းခါး ချက်နေရပါပြီ . . ..
ရွာတန်းရှည် တစ်ခုလုံးစားဖို့ ဆိုတော့ စဉ်းစားကြည့်ပေရော့ . . . .
မုန့်ဟင်းခါးကျွေးပွဲလည်း ပြီးရော ဒေါ်ကျေးဇူးခမျာ ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ရာထဲ ဗုန်းဗုန်းလဲရော . . . ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ အကူအညီမတောင်းတော့ပါဘူး . . . သူ့ဘာသူ တိတ်တိတ်လေး သေသွားသတဲ့ .
--
အားလုံးပျော်ရွင်ပါစေ

ဆေးဆရာကဆေးကုပေးလိုက်တော့ ဒေါ်ကျေးဇူးလည်း နေကောင်းရော ဆိုပါတော့ . . . . နောက်တစ်နေ့မှာ တော့ ဒေါ်ကျေးဇူး ချွေးတစ်လုံးလုံးနဲ့ဟောဟဲလိုက်ေ
မုန့်ဟင်းခါးကျွေးပွဲလည်း ပြီးရော ဒေါ်ကျေးဇူးခမျာ ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ရာထဲ ဗုန်းဗုန်းလဲရော . . . ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ အကူအညီမတောင်းတော့ပါဘူး . . . သူ့ဘာသူ တိတ်တိတ်လေး သေသွားသတဲ့ .
--
အားလုံးပျော်ရွင်ပါစေ
မာမာ
0 comments:
Post a Comment