Thursday, November 24, 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ တည်ထောင်လိုသူ ဦးဆောင်အဖွဲ့သစ်ဖွဲ့

by Yangon PressInternational on Thursday, November 24, 2011 at 11:25pm
New party founder lists from NLD revealed
နိုဝင်ဘာ ၂၄၊ ၂၀၁၁ (YPI)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ဦးဆောင်အဖွဲ့သစ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ဝင်တဦးကပြောသည်။

“အခုမှတ်ပုံတင် အသစ်တင်တဲ့ပါတီ မှာ ဦးဆောင်အဖွဲ့သစ် ဖွဲ့စည်းလိုက်ပါတယ် ဒီအဖွဲ့ကနေ အောင်နိုင်ရေး အဖွဲ့တွေဖွဲ့စည်းသွားပြီး ကြားဖြတ်ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ် ”ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်မေ၀င်းမြင့်ကပြောသည်။


အဆိုပါ လူ ၂၁ ဦးစာရင်းတွင် ပထမမူအရ ၁၉၈၈ ကတည်း ကစတင်တည်ထောင်ခဲ့သူ သုံးဦးဖြစ်သူ ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းတင်နှင့် တိုးချဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဟံသာမြင့်၊ ဦးဉာဏ်ဝင်းနှင့် ဒေါက်တာ ဒေါ်မေ၀င်းမြင့်တို့လည်း ပါဝင်လာသည်ဟု သိရှိရသည်။
ကျန် ၁၅ ဦးတွင် တိုင်းနှင့် ပြည်နယ်များမှ ၁၄ ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မှ ဦးမျိုးညွန့်တို့ပါဝင်သည်။

ပြည်နယ်နှင့်တိုင်းမှပါဝင်သူ ၁၄ ဦးမှာ
၁။ ကချင်ပြည်နယ်မှ ဦးဒါလဆိုင်း
၂။ ချင်းပြည်နယ် မှ ဦးဇိုပွဲ
၃။ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေါ်ခင်သန်းလှိုင်
၎ ။ မန္တလေးတိုင်းဒေသကြီးမှ ဒေါ်အုန်းကြည်
၅။ ရှမ်းပြည်နယ် မှ ဒေါက်တာဒေါ်သန်းငွေ
၆။ ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုး
ရ။ ရခိုင်ပြည်နယ်မှ ဦးကျော်ခိုင်
၈။ မကွေးတိုင်းဒေသကြီးမှ ဒေါ်ခင်စောဌေး
၉ ။ ပဲခူးတိုင်းတိုင်းဒေသကြီးမှ ဒေါ်လှလှမိုး
၁၀။ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်
၁၁။ မွန်ပြည်နယ်မှဒေါ်ခင်ထွေးကြွယ်
၁၂ ။ တနသာင်္ရီတိုင်းဒေသကြီးမှ ဒေါ်ခင်အေးမူ
၁၃ ။ ဧရာဝတီတိုင်းဒေသကြီးမှ ဦးခင်ဇော်လင်း
၁၄ ။ ရန်ကုန်တိုင်းဒေသကြီးမှ ဦးစိုးဝင်း (ညီနောင်ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီမှ) တို့ဖြစ်သည်။


ယခုစာရင်းနှင့် ပတ်သက်၍  ဦးဆောင်အဖွဲ့သစ် စာရင်းတွင်ပါဝင်သည့်  ဦးဝင်းတင်ကမူ
“’ဒါကတော့တရားဝင်ပါတီ တည်ထောင်လိုသူများရဲ့စာရင်းသက်သက်ပါ ”ဟု မှတ်ချက်ပေးသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...