မတူသော်လည်း ပေါင်းလုပ်လိုက်ကြရအောင်ပါ (ဟာဂျူလီ-ကသာ)
by ဒီမို ဖက်တီး on Saturday, November 26, 2011 at 12:17pm
Add caption |
ရှင်းရှင်းပြောရရင် အမေစုနဲ့ NLD ရဲ့အပေါ်မှာ ဘယ်သူမှ ရှိမနေစေချင်ဘူး၊အမေစုနဲ့ NLD ကိုလည်း လူလိမ်
မခံရစေချင်ဘူး၊တစ်ခါလိမ်ခံရရင် လိမ်တဲ့သူအပြစ်ပါ၊အဲ နှစ်ခါ သုံးခါ လေးငါးခါလိမ်ခံရရင်ဖြင့်အလိမ်ခံတဲ့သူ
အပြစ်ဆို့တဲ့ ခံစားချက်ကို ဦးစားပေးပြီး ကန့်ကွက်ခဲ့တာပါ၊
ဒါပေမယ့် ကျွန်တော်တို့ခံစားချက်သမားတွေဘက်က အရေးနှိမ့်သွားခဲ့ပါပြီ၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ?
ကျွန်တော်ကတော့ အမေစုနဲ့ NLD တို့ဆုံးဖြတ်လိုက်တဲ့ လုပ်ငန်းစဉ်အပေါ် အတတ်နိုင်ဆုံး အောင်မြင်အောင်
ဖြည့်ဆည်းပေးပါ့မယ်၊ ကိုယ်က NLD ပါတီဝင် မဟုတ်ပါဘူး၊ ဘယ်အဖွဲ့ဝင်မှလည်း မဟုတ်ပါဘူး ၊နောက်ဆုံး
အခုအချိန်အထိ စာပေနဲ့စာနယ်ဇင်းအဖွဲ့တောင် မ၀င်ပါဘူး၊လိုင်းရှင်းရှင်း နေချင်လို့ပါ၊
သို့သော် အမေစုနဲ့ NLD အောင်မြင်ရေးကိုတော့ လိုလားပါတယ်၊ဒါကြောင့် ကိုယ်လေးစားမြတ်နိုးတန်ဘိုးထား
ချစ်ခင်ရပါသော အမေစု၏ ဖြစ်ချင်သော ဆန္ဒကို အတတ်နိုင်ဆုံး ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကူညီသွားမယ်လို့
ဆုံးဖြတ်လိုက်ပါတယ်၊
ကျွန်တော်လိုပဲ NLD မှတ်ပုံတင်မှာ ရွေးကောက်ပွဲဝင်မှာကို ဆန့်ကျင်ခဲ့ကြတဲ့ လွတ်လပ်မှုမြတ်နိုးသူအားလုံးက
အမေစုနဲ့NLD အောင်နိုင်ရေးအတွက် မတူသော်လည်း ပူးပေါင်းကူညီဆောင်ရွက်သွားကြပါစို့လို့ တောင်းဆို
လိုက်ပါရစေခင်ဗျာ....။
ဟာဂျူလီ (ကသာ)
0 comments:
Post a Comment