Friday, November 11, 2011

မသူတော်ပိန်းပါတဲ့ ဖြူဖြူကျော်သိန်းသို့ ဖိုးသိကြားမှ အိပ်ဖွင့်ပေးစာ

by ဖိုး သိကြား on Saturday, November 12, 2011 at 12:16pm


အသားတော် နက်မှောင်စို
ညိုတိုတို မျက်နှာပေးနဲ့
မြင်မြင်သမျှ စိတ်ပျက်အောင်လှပါတဲ့
မဖြူဖြူ...

မင်းရဲ့ငြူစူ ကြောင်အူအူနဲ့
ပြောခဲ့တဲ့စကားအတိုင်း
ဖိုးသိကြားတယောက်
ဟိုမရောက်ဒီမရောက်လို့ပဲဆိုချင်ဆို
မင်းကိုတော့ မေတ္တာမပိုနိုင်ဘူး..


သက်တမ်းကဖြင့် ၁၀နှစ်ရှိသေးဘူး
အရူးချီးပန်း စကားတွေနဲ့
ပရိတ်သတ်ကို စော်ကား
စီနီယာတွေကိုမလေးမစား
တေးသွားတွေမှာ ပါဖောင့်မန့်စခဲ့သူလို့
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ပိန်းပါတဲ့
ဖြူဖြူကျော်သိန်းရေ...

မပြုံးဘဲဝါးလုံးကွဲသာ ရယ်လိုက်ချင်ပါရဲ့
ဟား..ဟား..ဟား..ဟား..
ကြွားချက်ကတော့ 9လောက်ရှိတယ်
တကယ်မသိသေးရင်မှတ်ထား
ဇာတ်ဆရာရဲ့အလိုကျ
အမေရိကားရောက်သွားတဲ့ အေးချမ်းမေတယောက်
ပါဖောင်းမန့်လမ်းကို လျှောက်တုန်းက
မင်း.ဘယ်ရောက်နေသလဲ..
မကြည့်ဖူးရင် ပြန်မေးကြည့်
ဖိုးသိကြားတောင် ကလေးအတွေးနဲ့
မှတ်မိနေသေး.. အဟေး..ဟေး

သန်းပေါင်းများစွာသောပရိတ်သတ်တဲ့ဗျာ
ထိုအထဲမှာ ကလေးတွေပေါ
ခွေးတွေရောနေတာကော
ထည့်မပြောဘူးလားခင်ဗျ
ကြည့်လိုက်သမျှ မျက်စိနောက်ရပါတဲ့
မဖြူဖြူ...

အိမ်ကအောက်နက် ဂုတ်ကျားတို့များ
တရားသံသာ မနာရင်နေမယ်
စင်ပေါ်ပတ်ခုန် လေးဘက်စုံရပ်
ခလုတ်တိုက်လဲတဲ့ သူတို့ဟီရိုးဆိုရင်
ဟာမိုနီတောင် လိုက်ကြပါသေး
စိတ်ကြိုက်တေးတွေထင်ပါရဲ့..

တယောက်စကား တယောက်နားမှာ
မခါးရအောင် မောင်တို့ဆိုစေ
ပျားသကာသို့ ချိုလှစေတဲ့
ကြားဖူးပါသလား
ခါးတမာလို စကားဆိုပါတဲ့
မဖြူဖြူ...

ဖိုးသိကြားနဲ့ စိတ်ချင်းဟပ်တဲ့
သန်းပေါင်းများစွာသော ပရိတ်သတ်ဟာ
မင်းရဲ့ထော်လော်ကန့်လန့်စကားမှာ
ဇော်ကန့်လန့်တွေ ဖြစ်ကြရမှာလား
မှားသွားပြီ.. အကြီးကြီးကိုမှားသွားပြီ..။

ပရိတ်သတ်ရဲ့ ရွေးချယ်မှုမှာ
ငြင်းပိုင်ခွင့် ရှိလို့လား
အနုပညာရှင်ကြီးရယ်
ညစ်ကျယ်ကျယ်အပြောအောက်မှာ
တို့တွေက ဟိုမရောက်ဒီမရောက်တဲ့လား..ဟဟ

ဒီမှာဖြူဖြူ မင်းသိထားဖို့
နောက်ဆုံးစကား မှတ်ချက်ထားခဲ့မယ်
နောက်များဆင်ခြင် သတိယှဉ်လို့
စကားအရာ လိမ်မာပါစေ..။

ဒီအချိုးသာ ဆက်သွားပါက
မင်းရဲ့ပရိတ်သတ် အခြားတဘက်မှာ
ရပ်တည်သွားလိမ့်မယ်ဆိုတာ
သဘောပေါက်..

ဖိုးသိကြား(ဟိုမရောက်ဒီမရောက်)



ဖြူဖြူကျော်သိန်းရဲ့ စကားအောက်မှာ ဟိုမရောက် ဒီမရောက် ဖြစ်ခဲ့ရသည့် သန်းပေါင်းများစွာသော ပရိတ်သတ်ကိုယ်စား ဖိုးသိကြားမှ ပြန်လည်ရင်ဖွင့်လိုက်ပါ၏..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(12/11/2011)

  1 comment:

  1. အ၀တ်စားက ကြောင်ကြောင် အိုင်တင်က သိုင်းချမယောင် အလိုလေး မာန က ထောင်ထောင်
    ငါ့အဆိုကြိုက်မှ လူလား ငါ့မကြိုက်က ဟိုမရောက်ဒီမရောက်လူတန်းစား
း-ဝ
    ကောင်းပါလေ့ အူကြောင်ကြား
    မင်းကိုတော့ အမေရိကားက လက်မခံဗျား...
    မင်းအတွက် ဗီဇာပိတ်ထား

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...